20th MAY 2024 - Evening Daily News by Radio NUG

 


၂၀၂၄ မေလ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးတခုတည်းမဟုတ်ဘဲ ဘဏ္ဍာရေး၊နိူင်ငံခြားရေးလည်းစစ်မျက်နှာဖွင့်တိုက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား

📌 ၂။ လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသားများကို အကျဉ်းထောင်မှ  ကောင်းမွန်စွာ မကျွေးမွေးနိုင်တော့ပဲ ဆန်၊ငါးပိနှင့်ဆားကြမ်းကိုသာ ကျွေးလျက်ရှိ

📌 ၃။ ထိန်းချုပ်နယ်မြေအတွင်း လူထုဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီဘက်တော်သား လုပ်မယ်ဆိုရင် အရေးယူမည်

📌 ၄။ လန်ဒန်မြို့လယ်ရှိ The Comedy Store ရုပ်ရှင်ရုံ The Broken Dreams နှင့် သတ္တိနှင့် ပွင့်လန်း ချစ်သောပန်းများ တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ပြပွဲ အောင်မြင်စွာကျင်းပ


၂၀၂၄ ခုနှစ် မေလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အညာက စစ်ရေးအောင်မြင်မှုနဲ့ နယ်မြေစိုးမိုး ထိန်းချုပ်မှုတွေဟာ ပြည်သူလူထုရဲ့ ပါဝင်မှုနဲ့အတူ အမှတ်၁စစ်ဒေသမှူးရဲ့ အနီးကပ်ကွပ်ကဲပေါင်းစပ်ပြီး ပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးအသိပေး

🚩 ၂။ ဂန့်ဂေါမြို့ ခရိုင်ရဲစခန်းမှ ရဲတစ်ဦး လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်

🚩 ၃။ ဝက်ခေါက်စိန်ရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စကစ တပ်စခန်းကို စီးနင်းတိုက်ခိုက်၊ စကစ တွေ ထွက်ပြေးပြီး လက်နက်တွေ သိမ်းဆည်းရမိ

🚩 ၄။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း၊ရေကြောင်းမှ တိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်းထိုးမှုများကြောင့်တနင်္သာရီဒေသရှိကျေးရွာ ရွာမှ အရပ်သားပြည်သူ ၅၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရ 

🚩 ၅။ ယင်းမာပင်မြို့နယ် အောင်ဇေယျတပ်ကုန်း ရဲတပ်ရင်း၂၈အနီး စကစတပ်များကိုရှင်းလင်း၍လက်နက်၆လက်ရလာတဲ့ရဲဘော်များကို ငွေကျပ်ငါးသိန်းချီးမြှင့်ပေးအပ်

🚩 ၆။ မိုင်းသင်တန်း အပတ်စဉ် (/၂၀၂၄) အား အောင်မြင်စွာ ဖွင့်လှစ်သင်ကြား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးတခုတည်းမဟုတ်ဘဲ ဘဏ္ဍာရေး၊နိူင်ငံခြားရေးလည်းစစ်မျက်နှာဖွင့်တိုက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား


မေလ၂၀


နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးတခုတည်းမဟုတ်ဘဲ ဘဏ္ဍာရေး၊နိူင်ငံခြားရေးလည်းစစ်မျက်နှာဖွင့်တိုက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်က

မေလ၁၉ရက် ကိုရီးယားနိူင်ငံတွင်ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့တာဖြစ်ပါတယ်။


"ဒီတော်လှန်ရေးရဲ့စစ်မျက်နှာသည် လက်နက်ကိုင်တော်လှန်ရေးတခုတည်းမဟုတ်ဘူး။ဘဏ္ဍာရေးလည်းစစ်မျက်နှာ၊နိူင်ငံခြားရေးလည်းစစ်မျက်နှာပဲ။နိူင်ငံတကာကို ဘယ်လောက်ပဲ ဒါကြီးကမတရားဘူးပြောပြောအသိအမှတ်ပြုချင်ပြုနေမှာပဲ။အခုမင်းအောင်လှိုင်ကရွေးကောက်ပွဲလုပ်ဖို့စီစဥ်နေတယ်။၂၀၂၅ ဇူလိုင်နောက်ပိုင်းလောက်လုပ်ဖို့ရှိနေတယ်။အဲဒီရွေးကောက်ပွဲဟာ ဘယ်လိုမှတရားမျှတစရာအကြောင်းမရှိဘူး။ဒါပေမယ့် မင်းအောင်လှိုင်နဲ့ပုလဲနံပသင့်တဲ့နိူင်ငံတချို့ကဒါကိုတရားသည်ဖြစ်စေ၊မတရားသည်ဖြစ်စေအသိအမှတ်ပြုမှာပဲ။ကျနော်တို့ဟာ ရန်သူရဲ့ခြေလှမ်းကိုအမြဲတွက်ချက်နေရတယ်။ဘဏ္ဍာရေးဆိုလည်းရန်သူဘယ်ကပိုက်ဆံအများဆုံးဝင်သလဲပေါ့"လို့ဝန်ကြီးကဆိုပါတယ်။


စကစဝင်ငွေရလမ်းဖြစ်သော မြန်မာဘီယာအားမသောက်သုံးရန် ကမ်ပိန်းဆင်နွှဲခဲ့ရာ လက်ရှိမှာ မြန်မာဘီယာရောင်းအားကျဆင်း၍ စကစအထိနာခဲ့ကြောင်း၊စကစကို ပြည်သူလူထုမှ ကံသုံးပါးလုံးနှင့်ပါဝင်တော်လှန်နိူင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ကဆိုပါတယ်။


========================


📌📌 ၂။ လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသားများကို အကျဉ်းထောင်မှ  ကောင်းမွန်စွာ မကျွေးမွေးနိုင်တော့ပဲ ဆန်၊ငါးပိနှင့်ဆားကြမ်းကိုသာ ကျွေးလျက်ရှိ


မေလ၂၀


လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသားများကို အကျဉ်းထောင်မှ  ကောင်းမွန်စွာ မကျွေးမွေးနိုင်တော့ပဲ ဆန်၊ငါးပိနှင့်ဆားကြမ်းကိုသာ ကျွေးလျက်ရှိတယ်လို့မေလ၂၀ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကအသိပေးဖော်ပြပါတယ်။


လက်ရှိအချိန်တွင် အကျဉ်းထောင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပင်လျှင် ရိက္ခာကို ချွေတာစားသောက်နေကြရသည်ဖြစ်သည့်အတွက် လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသားများကို အကျဉ်းထောင်မှ ပုံမှန်ကျွေးရန် သတ်မှတ်ထားသည့် ထမင်း၊ပဲဟင်းနှင့် တပတ်စာ အသားဟင်း ()တုံးကိုပင် ကောင်းမွန်စွာ မကျွေးမွေးနိုင်တော့ပဲ ဆန်၊ငါးပိနှင့်ဆားကြမ်းကိုသာ ကျွေးလျက်ရှိပါတယ်လို့ PPNMကဖော်ပြပါတယ်။


အချိန်ကာလအားဖြင့် ()လကျော်သည်အထိ ဆန်အကြမ်းနှင့်ငါးပိအနည်းငယ်ကိုသာ အသက်မသေအောင် အားပြုစားသောက်နေကြရသည့် နိုင်ငံရေးအကျဉ်းသားများဟာ ဗီတာမင်ဓာတ်ပြည့်ဝသည့် အစားအသောက်များကို ကောင်းစွာစားသောက်ရမှု မရှိခြင်း၊အချုပ်ခန်းပြင်ပတွင် သွားလာချိန် လွန်စွာနည်းပါးပြီး  ကိုယ်လက်လှုပ်ရှားအားကစားများလုပ်ခွင့်ကန့်သတ်ခံထားရသည့်အတွက် လက်ရှိအချိန်တွင် ကိုယ်ခန္ဓာများ ချိနဲ့လျက်ရှိပြီး အချို့နိုင်ငံရေးအကျဉ်းသား၊အကျဥ်းသူများမှာ ထောင်အခေါ်တုတ် ဆွဲခြင်း (လေဖြတ်ရောဂါဝေသနာကဲ့သို့) ဝေဒနာကို ခံစားနေရသူ များပြားလာတယ်လို့အသိပေးဆိုပါတယ်။


အကျဉ်းထောင်အတွင်း စားသောက်ရေးပြတ်လတ်မှုကို အချိန်ကြာမြင့်စွာ ခံကြရမည်ဆိုလျင် လက်ရှိကျန်းမာရေး ချို့ယွင်းလာသူများသည် အာဟာရပြတ်လတ်၍ အချိန်မရွေး သေဆုံးသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကဆိုပါတယ်။


========================


📌📌 ၃။ ထိန်းချုပ်နယ်မြေအတွင်း လူထုဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီဘက်တော်သား လုပ်မယ်ဆိုရင် အရေးယူမည်


မေ ၂ဝ Radio NUG


မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD) ဟာ သူတို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားအောက်မှာ လုပ်ကိုင်ခဲ့သည့်တိုင်အောင် ပြည်သူတွေကို ဝန်ဆောင်မှုပေးနေရတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို မူလအတိုင်း ဆက်လက်ထားရှိမယ်လို့ ပြောဆိုလိုက်တယ် မောင်း သတင်းဌာနက ဖော်ပြထားပါတယ်။


ဒါပေမယ့် ကိုယ့်ရဲ့ အဓိက တာဝန်ကို လုပ်ဆောင်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီ ဘက်တော်သားအနေနဲ့ လုပ်ကိုင်နေမယ်ဆိုရင်တော့ အရေးယူမှုတွေ ရှိလာမှာဖြစ်ပါတယ်။ NMSP-AD ၃လပြည့်အနေနဲ့ ကျင်းပတဲ့ အွန်လိုင်းတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ NMSP-AD ရဲ့ ပြောခွင့်ရသူ နိုင်ဗညားမွန်က မောင်းကို အခုလို ပြောခဲ့တယ်လို့ သိရပါတယ်။


မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ရဲ့ အွန်လိုင်းတွေ့ဆုံပွဲကို မေလ ၁၉ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၃လတာအတွင်း နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုတွေအကြောင်း ရှင်းပြခဲ့ကြပါတယ်။ အွန်လိုင်းတွေ့ဆုံပွဲကို မွန်သံဃာတော်တွေအပါအဝင် ပြည်တွင်းပြည်ပက မွန်အဖွဲ့အစည်းပေါင်း ၃ဝ နဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


NMSP-AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့တဲ့အဖွဲ့ဖြစ်ပြီး ၃လတာအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။


========================


📌📌 ၄။ လန်ဒန်မြို့လယ်ရှိ The Comedy Store ရုပ်ရှင်ရုံ The Broken Dreams နှင့် သတ္တိနှင့် ပွင့်လန်း ချစ်သောပန်းများ တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ပြပွဲ အောင်မြင်စွာကျင်းပ


မေလ၂၀


မေလ ၁၈ ရက်နေ့တွင် လန်ဒန်မြို့လယ်ရှိ The Comedy Store ရုပ်ရှင်ရုံ The Broken Dreams နှင့် သတ္တိနှင့် ပွင့်လန်း ချစ်သောပန်းများ တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို အောင်မြင်စွာ ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါပွဲအခမ်းအနားသို့ယူကေရောက် တော်လှန်ရေး မိသားစုများ လာရောက်အားပေးကြည့်ရှုခဲ့ကြပြီး NUG ယူကေကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုမှ တက်ရောက်၍ တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံစကားပြောကြားခဲ့ပါတယ်။


The Broken Dreams နှင့် သတ္တိနှင့် ပွင့်လန်း ချစ်သောပန်းများ တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ပြပွဲကိုနိူင်ငံအသီးသီးတွင်လည်းပြသလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အညာက စစ်ရေးအောင်မြင်မှုနဲ့ နယ်မြေစိုးမိုး ထိန်းချုပ်မှုတွေဟာ ပြည်သူလူထုရဲ့ ပါဝင်မှုနဲ့အတူ အမှတ်၁စစ်ဒေသမှူးရဲ့ အနီးကပ်ကွပ်ကဲပေါင်းစပ်ပြီး ပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးအသိပေး


မေလ၂၀ရက်


အညာက စစ်ရေးအောင်မြင်မှုနဲ့ နယ်မြေစိုးမိုး ထိန်းချုပ်မှုတွေဟာ ပြည်သူလူထုရဲ့ ပါဝင်မှုနဲ့အတူ အမှတ်၁စစ်ဒေသမှူးရဲ့ အနီးကပ်ကွပ်ကဲပေါင်းစပ်ပြီး ပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မေလအတွင်း အမှတ် () စစ်ဒေသမှူးအကြောင်း ပြောကြားရာမှာ ထည့်သွင်းပြောပါတယ်။


"အမှတ် စစ်ဒေသမှူးဆိုတော့ သူက မြန်မာပြည်မြောက်ခြမ်းတခုလုံးရဲ့ စစ်ရေးတာဝန်ကို ထမ်းပိုးခဲ့တဲ့ သူလို့ ဆိုရပါမယ်။။အမှတ်()စစ်ဒေသမှာ အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း မကွေးတိုင်းတို့ ပါဝင်ပါတယ်။ဒီကနေ့ အညာက စစ်ရေးအောင်မြင်မှုနဲ့ နယ်မြေစိုးမိုး ထိန်းချုပ်မှုတွေဟာ သူ့အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ပြည်သူလူထုရဲ့ ပါဝင်မှုနဲ့အတူ သူ့ရဲ့အစီအမံ သူရဲ့အနီးကပ်ကွပ်ကဲမှု ပေါင်းစပ်ပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။သူပြုစုပျိုးထောင်ပေးခဲ့တဲ့ အညာဒေသက ရာနဲ့ချီတဲ့ PDFတပ်ရင်းတွေဟာ ဒီကနေ့ တိုက်ရိုက်ခိုက်ရည် ကောင်းပြီး အားကိုးရတဲ့ တပ်ရင်းတွေ ဖြစ်နေပါပြီ"လို့ဆိုပါတယ်။


ဒူကဘာခေါင်လွန်းကို ကျွန်တော်က ဗိုလ်ချုပ်လို့ ခေါ်ပြီးသူက ဦးနှောက်လည်း ကောင်းသလို စိတ်ကောင်းလည်း ရှိတဲ့သူဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။


ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်နှင့် အမှတ် () စစ်ဒေသ၏ စစ်ဒေသမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်း (Ruhkyau Hkawng Lum) သည် ၂၀၂၄ခုနှစ် မေလ ၁၃ ရက်နေ့ ညနေ ၆း၂၃ နာရီအချိန်တွင် နာမကျန်းဖြစ်နေရာမှကွယ်လွန်ခဲ့ပါတယ်။


========================


🚩🚩 ၂။ ဂန့်ဂေါမြို့ ခရိုင်ရဲစခန်းမှ ရဲတစ်ဦး လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်


မေ ၂၀ Radio NUG


မေလ ၁၉ရက်နေ့တွင် ဂန့်ဂေါခရိုင်၊ဂန့်ဂေါ မြို့နယ်၊ ဂန့်ဂေါမြို့ ခရိုင် ရဲစခန်းမှ ရဲတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း Federal Revolution Force-Gangaw က သတင်းထုတ်ပြန်ပါတယ်။


ဂန့်ဂေါမြို့ ခရိုင် ရဲစခန်းမှ ရဲ လုပ်သက် နှစ် ရှိသူ ရဲတပ်သား ကျော်ဇင်ထွန်း ကိုယ်ပိုင်နံပါတ် -281163 မှ Senthang Revolution Force Battalion -2 Company-3 (FRF-Gangaw) သို့ ဆက်သွယ်လာပြီး FRF(Gangaw) အဖွဲ့ မှ  နယ်မြေခံပကဖ နှင့် ပူးပေါင်းကာ 7.62 ကျည် 63 တောင့် / 5.56 ကျည် 22 တောင့် 9mm ကျည် 7 တောင့် နှင့် အတူအလင်း၀င်လာခြင်းကို  ကြိုဆို လက်ခံခဲ့တယ်လို့သိရပါတယ်။


အလင်းဝင်ရောက်လာသူ ရဲတပ်သား ကျော်ဇင်ထွန်း အား  လွတ်မြောက်နယ်မြေကို ပို့ထားပြီး စစ်သား ရဲများ အနေဖြင့် ပြည်သူလူထုရင်ခွင်ထံသို့ အသာ တကြည် အလင်းဝင်ရောက်ကြရန် တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ ဝက်ခေါက်စိန်ရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စကစ တပ်စခန်းကို စီးနင်းတိုက်ခိုက်၊ စကစ တွေ ထွက်ပြေးပြီး လက်နက်တွေ သိမ်းဆည်းရမိ


မေ ၂၀ Radio NUG


မေ ၁၉ ရက်မှာ ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ဝက်ခေါက်စိန် ကျေးရွာ စာ သင်ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စကစ တပ်တွေ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်ငူခရိုင်  အမှတ် ၃၅၀၁ တပ်ရင်း ဘုရင့်နောင့်စစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။


စာသင်ကျောင်းအတွင်း ကတုတ်ကျင်းတွေတူးကာ အခိုင် အမာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းအတွင်းမှ ၆၀ မမ ၁၀ လုံး နဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင်  အမှတ် ၃၅၀၁ တပ်ရင်း ဘုရင့်နောင့်စစ်ကြောင်းမှ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း၊ရေကြောင်းမှ တိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်းထိုးမှုများကြောင့်တနင်္သာရီဒေသရှိကျေးရွာ ရွာမှ အရပ်သားပြည်သူ ၅၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရ 


မေလ၂၀


အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း၊ရေကြောင်းမှ တိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်းထိုးမှုများကြောင့်တနင်္သာရီဒေသရှိကျေးရွာ ရွာမှ အရပ်သားပြည်သူ ၅၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရကြောင်းကို မေလအတွင်း ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ကအသိပေးဆိုပါတယ်။


စစ်ကောင်စီတပ်သည် တနင်္သာရီဒေသ၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကနက်သီရိကျေးရွာသို့ မေလ ၈ရက်နေ့မှစတင်ကာ ကြည်း၊ ရေ၊ လေတို့ဖြင့် ထိုးစစ်ဆင်နေပြီး အနီးနားပတ်ဝန်းကျင်ကျေးရွာများသို့လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ကနက်သီရိကျေးရွာသို့လေကြောင်းတိုက်ခိုက်မှု၊ ရေကြောင်းမှ တိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်းထိုးမှုများကြောင့် ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ စသောကျေးရွာ ရွာမှ အရပ်သားပြည်သူ ၅၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရပါတယ်လို့ဖော်ပြပါတယ်။


ပဲဒက်စခန်းသိမ်းတိုက်ပွဲဖြစ်ပွားချိန်မှစ၍ ပဲဒက်၊ ကျောက်ဆည်၊ ပိတောက်၊ ပေတခက်၊ ဆင်စွယ်ချောင်း၊ သရက်တောင်ကြီး၊ ဆင်မတန်း၊ အောက်သရက်ချောင်း စသောကျေးရွာများမှလည်း စစ်ဘေးရှောင်နေကြရဆဲဖြစ်တယ်လို့ဆိုပါတယ်။


သရက်ချောင်းမြို့နယ်တခုလုံးတွင် စစ်ဘေးရှောင်ဦးရေစုစုပေါင်းမှာ ယခုဆိုလျှင် ၈၀၀၀ ဝန်းကျင်ခန့် ရှိနေပြီဖြစ်ပြီး အကူအညီလိုအပ်နေသောစစ်ဘေးရှောင်ဦးရေမှာ ၅၀၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၅။ ယင်းမာပင်မြို့နယ် အောင်ဇေယျတပ်ကုန်း ရဲတပ်ရင်း၂၈အနီး စကစတပ်များကိုရှင်းလင်း၍လက်နက်၆လက်ရလာတဲ့ရဲဘော်များကို ငွေကျပ်ငါးသိန်းချီးမြှင့်ပေးအပ်


မေလ၂၀


ယင်းမာပင်မြို့နယ် အောင်ဇေယျတပ်ကုန်း ရဲတပ်ရင်း၂၈အနီး စကစတပ်များကိုရှင်းလင်း၍လက်နက်၆လက်ရလာတဲ့ရဲဘော်များကို ငွေကျပ်ငါးသိန်းချီးမြှင့်ပေးအပ်ခဲ့ပါတယ်။


မေလ၁၇ရက်ယင်းမာပင်မြို့နယ် အောင်ဇေယျ တပ်ကုန်း ရဲတပ်ရင်း၂၈ သီတဂူဘုန်းကြီးကျောင်းအနီးမနက်၆နာရီခွဲမှာ စကစတပ်များကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆင်ရေးဆင်နွှဲခဲ့ပါတယ်။


အဆိုပါတိုက်ပွဲတွင်စကစတပ်ဘက်က၆ဦးသေဆုံးကာလက်နက်၆လက်သိမ်းဆည်းရရှိခဲ့ပါတယ်။


စစ်ဆင်ရေးကို ယင်းမာပင်မြို့နယ် DBTFနဂါးညီနောင်အထူးတပ်ဖွဲ့နှင့်ယင်းမာပင်မြို့နယ်ချိုမိုင်မိုင်တို့ပူးပေါင်းခဲ့ပါတယ်။


ထို့နောက် လက်နက်၆လက်ရလာတဲ့ ရဲဘော်တွေကို ULF ထောက်ပို့အမေစုနိုင်မှ ငါးသိန်းကျပ် ချီးမြင့်ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၆။ မိုင်းသင်တန်း အပတ်စဉ် (/၂၀၂၄) အား အောင်မြင်စွာ ဖွင့်လှစ်သင်ကြား


မေ၂၀ Radio NUG


မိုင်းသင်တန်း(/၂၀၂၄)ကို ပခုက္ကူခရိုင် အမှတ်() တပ်ရင်း စိုးမိုးနေရာတစ်ခုတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ်()တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သင်တန်းဖွင့်လှစ်ရခြင်းရခြင်းရဲ့ ရည်ရွယ်ချက်မှာ တော်လှန်ရေး၏ အစကာလများကို ပြန်သုံးသပ်ကြည့်လျှင် လက်လုပ်မိုင်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြု၍ စကစ၏ ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ခြင်း ၊စကစထောက်တိုင်များအား ခြိမ်းခြောက်ခြင်း၊ လုံခြုံရေးအတားအဆီးအဖြစ် ကာကွယ်ခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း၊ ထိုသို့ မိုင်းများကို အသုံးပြုရာမှ မတော်တဆ ထိခိုက်ပေါက်ကွဲမှုများကြောင့် ကိုယ်လက်အင်္ဂါ ပျက်စီးဆုံးရှုံးသွားသော ၊အသက်ပေးသွားသော ရဲဘော် ကြယ်ပွင့်များစွာလည်း ရှိခဲ့ခြင်း၊ မိုင်းမတော်တဆဖြစ်ရပ်များကို လေ့လာကြည့်လျှင် ပေါ့ဆမှုများကြောင့် ဖြစ်ရခြင်းထက် ခေတ်မှီလုံခြုံသော အဆင့်မှီမိုင်းများ မထုတ်လုပ်နိုင်ခြင်း၊ ကိုင်တွယ်အသုံးပြုနိုင်သော မိုင်းပညာရပ်များ မတတ်မြောက်ခြင်း၊ တတ်မြောက်ထားသော်လည်း ကျွမ်းကျင်မှုရှိအောင် သီးသန့်တာဝန်ပေး လေ့လာ၊ လုပ်ကိုင်စေခြင်းတို့ မရှိခြင်းကြောင့် ဖြစ်ပျက်ခဲ့ရခြင်းတို့ကြောင့် မိုင်းပညာရပ်တို့ကို နားလည်တတ်ကျွမ်းစေရန် နှင့် တတ်မြောက်သော ပညာရပ်ဖြင့် ပြည်သူကို အလုပ်အကျွေးပြုနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် အဆိုပါသင်တန်းတွင် တပ်ရင်းရှိ ရဲဘော်များအပြင် ရပ်ကျေးမှ ကာကွယ်ရေးရဲဘော်များ တက်ရောက်သင်ကြားခဲ့ပြီး အတွေ့အကြုံပြည့်ဝသော မိုင်းဆရာများမှ မိုင်းထုတ်လုပ်နည်း၊ထောင်နည်း၊ဖြုတ်နည်း အပါအဝင် သိသင့်၊တတ်သင့်သော မိုင်းပညာရပ်များကို စာတွေ့ လက်တွေ့နှစ်ရပ်ဖြင့် ပေါင်းစပ်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။


ထိုသင်တန်းမှဆင်းလာသော အမြဲတမ်းရဲဘော်များအား အထူးမိုင်းတပ်သားများအဖြစ် သီးသန့်တာဝန်ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလတစ်လျှောက် စိတ်ပါဝင်စားစွာ လေ့လာ၍ ထူးချွန်သော သင်တန်းသားများကိုလည်း ဆုချီးမြှင့်ခြင်းများ ပြုလုပ်၍ မိုင်းသင်တန်း အပတ်စဉ်(/၂၀၂၄) ဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment