11th JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ မိတ်ဖက်အဆင့်ထက် ကျော်လွန်တဲ့ မဟာမိတ် အဆင့်အတန်းအထိ/ ခိုင်မာကျစ်လစ်အောင် တည်ဆောက်ကြဖို့ ယာယီသမ္မတပြော

📌 ၂။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာကျန်းမာပါစေကြောင်း နိုင်ငံခြားရေးဝန်ကြီးဆုမွန်ကောင်းတောင်း၊ ဝန်ကြီး၏ သြစတြေးလျခရီးစဥ်တွင် လူထုတွေ့ဆုံပွဲများဆက်တိုက်ကျင်းပမယ်

📌 ၃။ ဒေါ်အောင်ဆန်းစုကြည် (၇၉) နှစ်မြောက် မွေးနေ့ပွဲအကြိုနှင့် မစ္စတာ ရှောင်တာနယ် စာအုပ် မိတ်ဆက်လက်မှတ်ရေးထိုးပွဲသို့ ဝန်ကြီး ဦးထင်လင်းအောင်တက်ရောက်

📌 ၄။ ပြည်သူတို့ရဲ့ ကိန္နရာဆေးရုံကနေ လူနာပေါင်း တစ်သောင်းခွဲကျော်ကို ကြည့်ရှုပေးနိုင်ခဲ့

📌 ၅။ KNDF တစ်ခုလုံးအနေနဲ့ လုပ်တဲ့ "One More Strike" ဟာ နောက်တစ်လှိုင်းထပ်လာဖို့ ပြင်ဆင်နေတဲ့ Project ဖြစ်တယ်လို့ဆို

📌 ၆။ မြန်မာစစ်အုပ်စုအား ILO Constitution, Article 33 နှင့် အညီ အမြန်ဆုံး အရေးယူရန် စုဝေးတောင်းဆိုခဲ့ကြ


၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မေလအတွင်း စကစဘက်ကဗိုလ်မှူး () ဦးအပါအဝင် တပ်သားနှင့်ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

🚩 ၂။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံး  ကန်ပိုင်တည်လမ်းမပေါ် ကျန်ရှိနေသေးတဲ့စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း () နေရာက () နေရာကို KIA သိမ်းပိုက်

🚩 ၃။ မြင်းမူမြို့နယ်၊ အလ္လကပ္ပ ရွာအရှေ့ဘက်ရှိ  စကစ စုပေါင်းဂိတ်စန်းကို "Shar Htoo WAW" နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့်  ကျဲချ တိုက်ခိုက်

🚩 ၄။ ကျောက်မဲမြို့နယ်၊ ကျောက်မဲကြီးအုပ်စု၊ ပန်လော့ကျေးရွာနေ ဒေသခံတစ်ဦး မှိုသွားရှာစဥ် စစ်ကောင်စီထောင်ထားသည့်မိုင်းအား နင်းမိပြီး ပေါက်ကွဲကာ ခြေထောက်တစ်ဖက် ပြတ်ထွက်

🚩 ၅။ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စကစတပ်များက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ ရွာများကို နေ့စဥ် မီးရှို့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ မိတ်ဖက်အဆင့်ထက် ကျော်လွန်တဲ့ မဟာမိတ် အဆင့်အတန်းအထိ/ ခိုင်မာကျစ်လစ်အောင် တည်ဆောက်ကြဖို့ ယာယီသမ္မတပြော


ဇွန်လ (၁၁) ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၈ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလကအခုလို ပြောကြားလိုက်ပါတယ်။

"နွေဦးတော်လှန်ရေးအတွင်းက တော်လှန်ရေးအင်အားစုတွေ အချင်းချင်းစုဖွဲ့မှုဟာ တူတာတွေကို ပေါင်းလုပ်၊ မတူတာတွေကို ခွဲလုပ် ဆိုတဲ့ မိတ်ဖက်အဆင့်ထက် ကျော်လွန်နိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ မိတ်ဖက်အဆင့်ထက် ကျော်လွန်တဲ့ မဟာမိတ် အဆင့်အတန်းအထိ/ ခိုင်မာကျစ်လစ်အောင် တည်ဆောက်ကြဖို့ အထူးလိုအပ်ပါတယ်။ မဟာမိတ်စုဖွဲ့မှုဆိုတာဟာ ယုံကြည်မှုအရလည်း ပဋိညာဉ် ခိုင်ခိုင်မာမာ ရှိသလို၊ ပေါင်းစည်း လုပ်ဆောင်မှုမှာလည်း အလွှာလိုက် ကျစ်လစ်စွာ စုပေါင်းလုပ်ဆောင်တဲ့ သဘောတွေ ရှိပါတယ်။ ဒါ့အပြင် ဆက်ဆံရေးသဘောမှာလည်း အပေါ်ယံသဘောမျိုး မဟုတ်ဘဲနဲ့ နက်ရှိုင်းစွာ / ကျယ်ပြန့်စွာ ချိတ်ဆက်ထားတဲ့ ဆက်ဆံရေးဖြစ်တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ တည်ဆဲတော်လှန်ရေး အရှိန်အဟုန်ကို လက်တွေ့ကျကျ မြှင့်တင်နိုင်ဖို့ အတွက် မဟာမိတ်စုဖွဲ့မှု ကို ခိုင်မာကျစ်လစ်အောင် ဆက်လက်တည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ်" လို့ ယာယီသမ္မတက ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံသဘောတူညီချက်တွေကို လက်တွေ့ကျကျ ရယူနိုင်ဖို့လည်း အထူးလိုအပ်တယ်လို့ ယာယီသမ္မတက ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။


========================


📌📌 ၂။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာကျန်းမာပါစေကြောင်း နိုင်ငံခြားရေးဝန်ကြီးဆုမွန်ကောင်းတောင်း၊ ဝန်ကြီး၏ သြစတြေးလျခရီးစဥ်တွင် လူထုတွေ့ဆုံပွဲများဆက်တိုက်ကျင်းပမယ်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာကျန်းမာပါစေကြောင်း ဇွန်လ (၁၁) ရက်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

"ဇွန်လ မိုးစက်တွေနဲ့အတူ လွမ်းဆွတ် သတိရနေရမယ့် မွေးနေ့ နီးကပ်လို့ လာခဲ့ပြန်ပေါ့။ ဘာပဲဖြစ်ဖြစ် ကမ္ဘာမြေ နဲ့ နိုင်ငံတော်အတွက် အန်တီ ချစ်တဲ့ ပြည်သူတွေအတွက် ကျန်းမာပါစေ" လို့ ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို နိုင်ငံတကာမှာလည်းအသီးသီးကျင်းပခဲ့ပြီး ကျန်းမာရေးအတွက်ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါသေးတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ သူမရဲ့သြစတြေးလျခရီးစဥ်တွင် လူထုတွေ့ဆုံပွဲများ ဆက်တိုက်ကျင်းပသွားမယ်လို့လည်း သိရှိရပါတယ်။

ဇွန်လ (၁၃) ရက်နေ့တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်တွင် လူထုနှင့်တွေ့ဆုံသွားမှာဖြစ်ပြီး ဇွန်လ (၃၀) ရက်နေ့တွင်လည်း သြစတြေးလျရှိ NUG ရုံးတွင် တွေ့ဆုံပွဲ ထပ်မံကျင်းပသွားမှာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် သြစတြေးလျနိုင်ငံသို့ အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေပြီး သြစတြေးလျအစိုးရဘက်မှတာဝန်ရှိသူတို့အပါအဝင်လွှတ်တော်အမတ်များနဲ့လည်းတွေ့ဆုံမှုတို့ရှိခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။


========================


📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည် (၇၉) နှစ်မြောက် မွေးနေ့ပွဲအကြိုနှင့် မစ္စတာ ရှောင်တာနယ် စာအုပ် မိတ်ဆက်လက်မှတ်ရေးထိုးပွဲသို့ ဝန်ကြီး ဦးထင်လင်းအောင်တက်ရောက်


အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် Potomac တွင် ဒေါ်အောင်ဆန်းစုကြည် (၇၉) နှစ်မြောက် မွေးနေ့ပွဲအကြိုနှင့် မစ္စတာ ရှောင်တာနယ်၏ An Unlikely Prisoner  မူရင်းစာအုပ် မိတ်ဆက်လက်မှတ်ရေးထိုးပွဲကို ဇွန်လ () ရက် ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် တက်ရောက်ကာ အမှာစကားပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါပွဲသို့ မစ္စတာ ရှောင်တာနယ်နှင့် ဇနီး မစ္စ Ha Vu ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အဲ့ဒီနောက် ပွဲအခမ်းအနားတွင် တော်လှန်တေးသီချင်းများကို ဂီတပညာရှင်များက သီဆိုခဲ့ပြီး သံဃာတော်များက ဆုတောင်းမေတ္တာပို့သခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ ပြည်သူတို့ရဲ့ ကိန္နရာဆေးရုံကနေ လူနာပေါင်း တစ်သောင်းခွဲကျော်ကို ကြည့်ရှုပေးနိုင်ခဲ့


ပြည်သူတို့ရဲ့ကိန္နရာ ဆေးရုံကနေ လူနာပေါင်း (၁၅၅၈၂) ဦးကို ကြည့်ရှုပေးနိုင်ခဲ့တယ်လို့ "မမများနဲ့ပွဲကမယ်" ကမ်ပိန်းကနေ ဇွန်လအတွင်းမှာအသိပေးဖော်ပြလိုက်ပါတယ်။

"မနှစ်က ဇူလိုင်တုန်းက (၁၀) ရက်တာပြုလုပ်ခဲ့တဲ့ ကိန္နရာ ပြည်သူ့ဆေးရုံတည်ဆောက်ရေးအတွက် ပြည်သူ့အားတွေနဲ့ ကျပ် သိန်း (၄၀၀၀) ကျော် ရှာဖွေပေးနိုင်ခဲ့ကြတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ အခုဆို ကိန္နရာပြည်သူ့ဆေးရုံဟာ တည်ဆောက်ပြီးစီးလို့ ပြည်သူ့အသက်တွေကို ကယ်တင်ပေးနိုင်နေခဲ့တာဟာ () လတာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး လူနာပေါင်း (၁၅၅၈၂) ဦးကို ကြည့်ရှုပေးနိုင်ခဲ့ပြီလို့ မှတ်တမ်းအရ သိရှိရပါတယ်" လို့ ဆိုပါတယ်။

ကိန္နရာပြည်သူ့ဆေးရုံ တည်ဆောက် အကောင်အထည်ပေါ်နိုင်ရေးအတွက် ပါဝင်ပေးခဲ့ကြတဲ့ Dove KK ဆေးအဖွဲ့၊ ရန်ပုံငွေ ရှာဖွေပေးခဲ့ကြတဲ့ နိုင်ငံတကာမှ Fundraiser များ၊ ဉာဏအားဖြင့် ပရောဂျက်အောင်မြင်ရေးကို အားထုတ်ကြိုးပမ်းခဲ့ကြသည့် WLMF IT, Design, Finance, HR and Treasury Team member များ၊ ငွေစီးဆင်းမှူအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ Interim Executive Council of Karenni State မှ ဆရာခွန်ဘီထူး၊ စာရင်းအဖွဲ့နှင့် အထွေထွေအဖွဲ့သားများ၊ KSCC မှ တာဝန်ရှိသူများ၊ နောက်ဆုံးနှင့် (အထူး) ကတော့ ကိန္နရာပြည်သူ့ဆေးရုံကြီး အထမြောက်ပေါ်ပေါက်လာဖို့ ထည့်ဝင်လှူဒါန်းပေးခဲ့ကြတဲ့ ပြည်သူအယောက်စီတိုင်းကို အလေးနက် ဦးညွတ်ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၅။ KNDF တစ်ခုလုံးအနေနဲ့ လုပ်တဲ့ "One More Strike" ဟာ နောက်တစ်လှိုင်းထပ်လာဖို့ ပြင်ဆင်နေတဲ့ Project ဖြစ်တယ်လို့ဆို


KNDF တစ်ခုလုံးအနေနဲ့ လုပ်တဲ့ "One More Strike" ဟာနောက်တစ်လှိုင်းထပ်လာဖို့ ပြင်ဆင်နေတဲ့ Projectဖြစ်တယ်လို့ Global Yaw Funding က ဇွန်လ (၁၁) ရက်မှာ အသိပေးဖော်ပြထားပါတယ်။

"အခု KNDF တစ်ခုလုံးအနေနဲ့ လုပ်တဲ့ 'One More Strike' ဟာ နောက်တစ်လှိုင်းထပ်လာဖို့ ပြင်ဆင်နေတဲ့ Project ဖြစ်တယ်။ စခတွေဘက်ကလည်း ဒီ Project ဟာ ဘာအတွက် ဖြစ်မလဲဆိုတာ သိတယ်။ မအောင်မြင်အောင် ကျရှုံးအောင် နည်းမျိုးစုံနဲ့ ဖျက်လိုဖျက်ဆီးလုပ်နေတယ်။ ဒီ Project ကို အားဖြည့်ဖို့ နည်းလမ်းအစုံရှိတယ်။ Page ကနေ တိုက်ရိုက်ကူနိုင်တယ်။ Project Post တွေကို RCS နည်းနဲ့ ကူနိုင်တယ်။ သူတို့ရည်ရွယ်ချက် အထမမြောက်သွားအောင် ဝိုင်းကူညီအားဖြည့် ဝန်းရံပေးဖို့ အထပ်ထပ်တောင်းဆိုပါရစေ" လို့ ဖော်ပြထားပါတယ်။

၁၁.၁၁ စစ်ဆင်ရေးနောက်ပိုင်းမှာ မြို့ () မြို့အပါအဝင် ကရင်နီရဲ့ (၉၀) ရာခိုင်နှုန်းသော နယ်မြေများကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

လွိုင်ကော်မှာ စခန်း (၁၂) ခု၊ ဒီမောဆိုမှာ စခန်း (၁၃) ခု၊ ဖရူဆိုမှာ စခန်း () ခု၊ဘောလခဲမှာ စခန်း () ခု၊ ဖားဆောင်းမှာ စခန်း () ခု၊ ရှားတောမှာ စခန်း () ခု၊ ဖယ်ခုံမှာ စခန်း (၁၇) ခု၊ မယ်စဲ့မှာ စခန်း () ခုနဲ့ စုစုပေါင်း စခန်း (၆၅) ခုကို သိမ်းဆည်းနိုင်ခဲ့ပြီး တပ်ဆုတ်လက်နက်ချခဲ့တဲ့ စခန်းစုစုပေါင်း (၁၆) ခုအထိ ရှိခဲ့ပါတယ်။ 


========================


📌📌 ၆။ မြန်မာစစ်အုပ်စုအား ILO Constitution, Article 33 နှင့် အညီ အမြန်ဆုံး အရေးယူရန် စုဝေးတောင်းဆိုခဲ့ကြ


(၁၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကျင်းပလျက်ရှိသည့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၊ ကမ္ဘာ့ကုလသမဂ္ဂရုံး (the Palace Nations) ရှေ့ရှိ Broken Chair တွင် ဇွန်လ (၁၀) ရက်နေ့က မြန်မာနိုင်ငံနှင့် ပတ်သက်၍ စည်းလုံးညီညွတ်သော လှုပ်ရှားမှု အထိမ်းအမှတ်နေ့အဖြစ် နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်များမှ အထွေထွေအတွင်းရေးမှူးများ၊ ညီလာခံ တက်ရောက်လာသည့် အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူများနှင့် အလုပ်သမားရေးရာရှေ့နေများ စုဝေး၍ မြန်မာစစ်အုပ်စုအား ILO Constitution, Article 33 နှင့် အညီ အမြန်ဆုံး အရေးယူရန် စုဝေး တောင်းဆိုခဲ့ကြပါတယ်။

Building and Wood Workers International (BWI) အပါအဝင် ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ်များ (Global Unions) က စီစဉ်သည့် အဆိုပါ လူထုစုဝေးတောင်းဆိုပွဲသည် စစ်အစိုးရ၏ ဒီမိုကရေစီ အင်အားစုများနှင့် အလုပ်သမားသမဂ္ဂများအား ဖိနှိပ်ဖြိုခွဲနေမှုများအပေါ် ရှုတ်ချခဲ့ကြကြောင်း၊ (၁၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၃) ကို အခြေခံ၍ မြန်မာစစ်အုပ်စုအား အရေးယူရေးဆိုင်ရာ အစီအမံများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခြင်းဖြင့် ILO စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို အလျင်အမြန် အကောင်အထည်ဖော်ပေးရန် တောင်းဆိုခဲ့ကြကြောင်း၊ မြန်မာနိုင်ငံရှိ အလုပ်သမားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှု အရေးတကြီး လိုအပ်နေခြင်းကို အလေးပေးဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါစုဝေးတောင်းဆိုပွဲတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အသီးသီးမှ အထွေထွေအတွင်းရေးမှူး ()ဦးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားရေးရာ ရှေ့နေများ အပါအဝင် အင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး  - မြန်မာနိုင်ငံတွင် အလုပ်သမားသမဂ္ဂများနှင့် လူနည်းစုများအပေါ် အကြမ်းဖက်ဖိနှိပ်မှုများ အပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများအားလုံး ရပ်တန့်ကာ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေး၊ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ သို့မဟုတ် အာဏာရှင်အား ဆန့်ကျင်ကန့်ကွက်မှုများ ကြောင့် ဖမ်းဆီးခံထားရသော အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များအားလုံးကို ချက်ချင်းလွှတ်ပေးရေး၊ အဓမ္မစစ်မှုထမ်းစေခြင်းနှင့် ကလေးစစ်သားစုဆောင်းခြင်းအပါအဝင် အဓမ္မလုပ်အားပေးခိုင်းစေမှုများ အားလုံးကို ရပ်တန့်ရေး စတဲ့ အချက်များကို ဖိလစ်ပိုင်၊ ဂျပန် အပါအဝင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေက ညီလာခံ၌ တိုက်တွန်းခဲ့ကြပါတယ်။

အလားတူ ထိုနေ့ညနေပိုင်းတွင် မြန်မာ့ဒီမိုကရေစီအရေး၊ အလုပ်သမားအရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ သီးခြား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ညီလာခံတက်ရောက်လာသည့် ILO အဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊  နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ 

အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်များက အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်မှုနှင့် စစ်အုပ်စု၏ ပြည်သူအပေါ် အကြမ်းဖက်ဖိနှိပ်မှု လုပ်ရပ်များ၊ အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေး ဒီမိုကရေစီ အင်အားစုများက နိုင်ငံဧရိယာ၏ ၆၀ ရာခိုင်နှုန်းကျော် နယ်မြေစိုးမိုးထိန်းချုပ် ထားနိုင်မှုအခြေအနေနှင့် စစ်ကောင်စီအနေဖြင့် ထိန်းချုပ်နယ်မြေ ကျဉ်းမြောင်းလာသည့် အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေမှုနှင့် ဝန်ဆောင်မှုပေးနေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံ၌ လူသားမျိုးနွယ်အပေါ် လူမျိုးတုန်းသတ်ဖြတ်နေမှုများ ကျူးလွန်နေသော အကြမ်းဖက်စစ်တပ်၏ အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ သည် ILO စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) စစ်ဆေးတွေ့ရှိချက်တွင် အထင်အရှားပေါ်လွင်နေပြီး အဆိုပါကျူးလွန်မှုများအတွက် စစ်အုပ်စုအား တာဝန်ခံရန်နှင့် ထိရောက်သည့် အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင် (COI)က တိုက်တွန်းထားသည့် အတိုင်း စစ်အုပ်စုအား နောက်အကြိမ် ညီလာခံ၊ အစည်းအဝေးများထိ မစောင့်ဘဲ ယခုညီလာခံတွင် ILO Constitution, Article 33 နှင့်အညီ ချက်ချင်းအရေးယူရန်၊ ပြည်သူလူထုကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များကို ယခုညီလာခံ၌ အသိအမှတ်ပြုပေးရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ရှိနေသရွေ့ အလုပ် သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ပြည်သူတစ်ရပ်လုံးသည် မည်သည့်အခြေခံ အခွင့်အရေးမျှ ရရှိနိုင်မည် မဟုတ်ကြောင်း၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရ NUG အား အသိအမှတ်ပြု၍ ILO သုံးပွင့်ဆိုင်ယန္တရား လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်စေခြင်းဖြင့် မြန်မာနိုင်ငံ၌ အခြေခံအခွင့်အရေးများ မြှင့်တင်ကာကွယ်စောင့်ရှောက် ပေးနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒါ့အပြင် အဆိုပါနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက အလုပ်သမားကိုယ်စားလှယ်အဖြစ် တင်သွင်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အုပ်ချုပ်မှုအဖွဲ့ (Governing Body) တွင် Worker Deputy Member အဖြစ် (၂၀၂၄-၂၀၂၇) ခုနှစ် သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခြင်းခံရကြောင်း သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မေလအတွင်း စကစဘက်ကဗိုလ်မှူး () ဦးအပါအဝင် တပ်သားနှင့်ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ မေလအတွင်း တပ်သားနှင့်ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြတယ်လို့ ဇွန်လ (၁၁) ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အရာရှိအဆင့် ဗိုလ်မှူး () ဦး၊ ဗိုလ်ကြီး () ဦး၊ ဗိုလ် () ဦးနှင့် ဒုရဲအုပ် () ဦး အပါအဝင် တပ်သားနှင့် ရဲ  (၄၅) ဦး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလာခဲ့ခြင်းဖြစ်ပါတယ်။ 

အဆိုပါ (၄၅) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူများလည်းရှိပြီး လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

မေလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၄) လက်နှင့်ခဲယမ်း မီးကျောက်များ ရရှိခဲ့ပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုသည့် တပ်သားနှင့်ရဲများအနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople သို့မဟုတ်  နီးစပ်ရာ PDF ပကဖများနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း အသိပေးထားပါတယ်။


========================


🚩🚩 ၂။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံး  ကန်ပိုင်တည်လမ်းမပေါ် ကျန်ရှိနေသေးတဲ့စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း () နေရာက () နေရာကို KIA သိမ်းပိုက်


ဇွန်လ (၁၁) ရက်နေ့ မနက် (၄း၀၀) နာရီဝန်းကျင်လောက်က ဆဒုံး  ကန်ပိုင်တည် ကားလမ်းတစ်ကြောမှာရှိတဲ့ ဝါရှောင်ကျေးရွာအနီး (၁၃) မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင် (Bum Tawng) ပြည်သူ့စစ်စခန်း၊ ဒိန်ဂါတပ်စခန်းနဲ့ ဆဒုံး ဗျူဟာကုန်းနေရာတွေကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။

ထို့နောက် မနက် () နာရီလောက်မှာ တပ်စခန်း () နေရာကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံး  ကန်ပိုင်တည်လမ်းမပေါ်မှာ ကျန်ရှိနေသေးတဲ့စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း () နေရာအနက်မှ () နေရာကို KIA က သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်ရှိ စကစတပ်စခန်းများ တခုပြီးတခု ကျရှုံးလျက် KIA တပ်တော်က သိမ်းပိုက်လျက်ရှိပါတယ်။


========================


🚩🚩 ၃။ မြင်းမူမြို့နယ်၊ အလ္လကပ္ပ ရွာအရှေ့ဘက်ရှိ  စကစ စုပေါင်းဂိတ်စန်းကို "Shar Htoo WAW" နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့်  ကျဲချ တိုက်ခိုက်


ဇွန်လ () ရက်နေ့ ညနေ (၅း၀၀) နာရီမှ ညနေ (၅း၃၀) နာရီအချိန်အထိ မြင်းမူမြို့နယ်၊ အလ္လကပ္ပ ရွာအရှေ့ဘက်ရှိ အကြမ်းဖက် စကစ တပ်၊ ရဲ နှင့် ပျူစောထီများ အခြေချနေထိုင်သည့် ဂိတ်စန်းကို "Shar Htoo WAW" နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5 kg AIR BOMB လုံး ကျဲချ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်သား () ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို   စစ်ကိုင်းခရိုင် ဒရုန်းတပ်ရင်း - SDDFနှင့် ညီနောင် မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် () တပ်ရင်း မြင်းမူ ပကဖ၊ URBAN HUNTER FORCE (UHF) လျှပ်တပြတ် စွန်ညို၊ Meikhtila Special Defense Force နှင့် Black Eagle တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ ကျောက်မဲမြို့နယ်၊ ကျောက်မဲကြီးအုပ်စု၊ ပန်လော့ကျေးရွာနေ ဒေသခံတစ်ဦး မှိုသွားရှာစဥ် စစ်ကောင်စီထောင်ထားသည့်မိုင်းအား နင်းမိပြီး ပေါက်ကွဲကာ ခြေထောက်တစ်ဖက် ပြတ်ထွက်


တအာင်းပြည် တပ်မဟာ () စစ်ဒေသ ကျောက်မဲမြို့နယ်၊ ကျောက်မဲကြီးအုပ်စု၊ ပန်လော့ကျေးရွာနေ ဒေသခံတစ်ဦး မှိုသွားရှာစဥ် စစ်ကောင်စီထောင်ထားသည့်မိုင်းအား နင်းမိပြီး ပေါက်ကွဲကာ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပြီး လက်နှင့်ခန္ဓာကိုယ်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဇွန်လ () ရက်နေ့ နံနက် (၅း၃၀) နာရီဝန်းကျင်တွင် ဦးစိုင်းသန်းဦး အသက် (၄၁) နှစ်သည် စစ်ကောင်စီတပ်စခန်းအနီး မှိုသွားရှာနေစဥ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့သည့် ဦးစိုင်းသန်းဦးအား ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကာ ဆေးဝါးကုသမှု ခံယူလျက်ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စကစတပ်များက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ ရွာများကို နေ့စဥ် မီးရှို့


ဇွန် (၁၀) ရက်နေ့တွင် ခမရ (၁၅) စခ တပ်ထဲမှ ဟောင်ဝစ်ဇာဖြင့် နံနက်ပိုင်းတွင် () လုံး၊ ညနေပိုင်းတွင် () လုံး၊ နွားထိုးကြီး၊ စက်ြာတောင်ဘက်ဦးတည် ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ထို့အပြင် နွားထိုးကြီးမြို့နယ်အတွင်းမှ ရွာများကို စကစတပ်များမှ နေ့စဉ်မီးရှို့နေရာ တပတ်ခန့်ရှိပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကလည်း ဖော်ပြပါတယ်။

အကြမ်းဖက် စကစတပ်နဲ့ လက်အောက်ခံအဖွဲ့များဟာ တနိုင်ငံလုံးမှာ အရပ်သားနေအိမ်နှင့် အဆောက်အအုံပေါင်း ကိုးသောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment