11th JUN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၃။ ကိုရီးယား တရားရေးဌာနသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က မြန်မာနိုင်ငံသားများ အရေးနှင့်ပတ်သက်၍တောင်းဆိုစာပေးပို့

📌 ၄။ အကြမ်းဖက်စစ်ကောင်စီမှ စစ်တွေမြို့နယ်၊ ကြွီတဲမြစ်ကမ်းနားတလျှောက်ရှိ ကျေးရွာများအား ()ရက်အတွင်း ဖြိုဖျက်သွားမည်ဖြစ်ကြောင်းအမိန့်ထုတ်

📌 ၅။ မြန်မာနိုင်ငံက လူဦးရေ ၁၈ ဒသမ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေ

📌 ၆။ကလစ်ကာ တစ်သောင်း စုကာနွှဲ ပြည်သူ့မိခင် မွေးနေ့ပွဲ " ကမ်ပိန်းတွင် ပါဝင်ဖို့ ဖိတ်ခေါ်


၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်လျက်ရှိသော "မိုးဦးလက်ဆောင် ကျည်(၅၀၀၀)" ကမ်ပိန်းဖွင့်ပွဲ အခမ်းအနားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေတက်ရောက်

🚩 ၂။ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို ပြန်ပို့

🚩 ၃။ ပဲခူးတိုင်းအစပ် သပြေကန်စစ်ဆေးရေးဂိတ်နှင့် မုပ္ပလင်စစ်ဆေးရေးဂိတ်အနီး စကစများတပ်စွဲရာနေရာအားဝေဟင်မှတိုက်ခိုက်

🚩 ၄။ မုဒုံတွင် စစ်ကောင်စီ အမြှောက်တပ်မှ မော်တော်ယာဉ်ကို NMSP-AD က ကြားဖြတ် တိုက်ခိုက်

🚩 ၅။ မုပ္ပလင်တွင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဦး ဒဏ်ရာရ

🚩 ၆။ မတူပီ အမ်ဆွေး ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ တီးတိန်-တွန်းဇံ လမ်းပေါ်ရှိ ဇလွေး ချောင်းကူးတံတားကို ဗုံးခွဲဖျက်ဆီး

🚩 ၇။ လမြန်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန် ခါနန် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲ

🚩 ၈။ မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာတွင် ပြည်သူ့အိမ်()လုံးကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီး

🚩 ၉။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဇွန်လ ၁၀ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၂/၂၀၂၄)ကို ဇွန်လ၁၀ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှတက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ ရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဇွန် ၁၀ရက်။ 

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၂/၂၀၂၄)ကို ဇွန်လ ၁၀ရက် မနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အစည်းအဝေးအား (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ကြောင်း သိရှိရပါတယ်။


========================


📌📌 ၃။ ကိုရီးယား တရားရေးဌာနသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က မြန်မာနိုင်ငံသားများ အရေးနှင့်ပတ်သက်၍တောင်းဆိုစာပေးပို့


ဇွန်လ၁၀ရက်။

ကိုရီးယား တရားရေးဌာနသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က မြန်မာနိုင်ငံသားများ အရေးနှင့်ပတ်သက်၍တောင်းဆိုစာပေးပို့ခဲ့ပါတယ်။


ဇွန်လ၁၀ရက်မှာ ကိုရီးယားနိုင်ငံရှိ NUGကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းသည်ဇွန်လ၁၀ရက်မွန်းလွဲပိုင်းက ကိုရီးယားအစိုးရ တရားရေးဌာနသို့ လူကိုယ်တိုင် သွားရောက်၍ "မြန်မာနိုင်ငံသားများအရေး"နှင့် ပတ်သက်သော တောင်းဆိုစာကို ပေးပို့ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါစာတွင် မိခင်နိုင်ငံသို့ ပြန်မရနိုင်သေးသော မြန်မာနိုင်ငံသားများ၊ အဖမ်းဆီးခံနေရသူများအား လူသားချင်းစာနာသောအားဖြင့် စောင့်ရှောက်ပေးရန် ဖော်ပြထားပြီး၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကိုလည်း ဖော်ပြထားတယ်လို့သိရပါတယ်။


ကိုယ်စားလှယ်ရုံးသည် နိုင်ငံခြားရေးဌာနနှင့် တရားရေးဌာနသို့ မြန်မာနိုင်ငံသားများ အရေးအတွက် အစဉ်မပြတ် ပြောကြားတောင်းဆိုလျက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီမှ စစ်တွေမြို့နယ်၊ ကြွီတဲမြစ်ကမ်းနားတလျှောက်ရှိ ကျေးရွာများအား ()ရက်အတွင်း ဖြိုဖျက်သွားမည်ဖြစ်ကြောင်းအမိန့်ထုတ်


ဇွန်လ (၁၀) ရက်။

အကြမ်းဖက်စစ်ကောင်စီမှ စစ်တွေမြို့နယ်၊ ကြွီတဲမြစ်ကမ်းနားတလျှောက်ရှိ ကျေးရွာများအား ()ရက်အတွင်း ဖြိုဖျက်သွားမည်ဖြစ်ကြောင်းအမိန့်ထုတ်လိုက်တယ်လို့သိရပါတယ်။


ဇွန်လ၁၀ရက်မှာ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)ကစကစရဲ့လုပ်ရပ်ကိုဆိုပါတယ်။


ရခိုင်ပြည် အကြမ်းဖက်စစ်ကောင်စီအစိုးရမှ စစ်တွေမြို့နယ်၊ ကြွီတဲမြစ်ကမ်းနားတလျှောက်ရှိ  ကျေးရွာများဖြစ်သည့် ပလ္လင်ပြင်ကျေးရွာ၊ အောင်ဒိုင်ကျေးရွာ၊ ကျက်တောပြင်ကျေးရွာ၊ ကြွီတဲပိုက်ဆိပ်ကြီးကျေးရွာ၊ ကြွီတဲပိုက်ဆိပ်ချေကျေးရွာ၊ ကြွီတဲကျေးရွာ၊ အုန်းရေဖော်ကျေးရွာ၊ ရေချမ်းပြင်ကျေးရွာများအား လာမည့်ဇွန်လ၁၀ရက်နေ့မှစ၍ ၁၄ရက်နေ့အထိ ()ရက်အတွင်း ဖြိုဖျက်ပေးရမည်ဟု စစ်ကောင်စီ၏ ဝန်ထမ်းများမှ ကျေးရွာများသို့ လာရောက် ပြောဆိုခဲ့ကြောင်း သိရတယ်လို့ဖော်ပြပါတယ်။


ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကြွီတဲကျေးရွာများအား ဇွန်လ၁၀ရက်နေ့တွင် ပြောင်းရွှေ့ရန် ပြောကြားခဲ့သော်လည်း ရခိုင်ပြည်စစ်ကောင်စီ ဝန်ကြီးချုပ် ထိန်လင်းမှ ဗျိုင်းဖြူရွာဖြစ်စဉ်ကဲ့သို့ မဖြစ်စေရန်အတွက် ဇွန်လ၁၀ ရက်နေ့မှ စ၍  အချိန်()ရက်ခန့် ပေးလိုက်ကြောင်း သိရပါတယ်။


ပြောင်းရွှေ့ခံရမည့် ရွာသားများအား ()ရက်ပြည့်သည့်နေ့တွင် စစ်ကောင်စီ၏ စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သယ်ကားများဖြင့် ရွှေ့ပြောင်းသယ်ယူပေးမည်ဟု စည်ပင်ဝန်ထမ်းများမှ ပြောကြား ခဲ့ကြောင်းသိရပြီး လက်ရှိတွင် ကျေးရွာသားတချို့မှာ မိမိတို့အစီအစဉ်ဖြင့် ပြောင်းရွေ့လျှက်ရှိကြောင်း သိရပါတယ်။


ပျားလယ်ချောင်းကျေးရွာ၊ သင်းပုန်းတန်းကျေးရွာ၊ မောင်နီပြင်ကျေးရွာများကိုလည်း ဆက်လက်၍ ဖြိုဖျက်သွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံက လူဦးရေ ၁၈ ဒသမ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေ


ဇွန်လ၁၀ရက်။

မြန်မာနိုင်ငံက လူဦးရေ ၁၈ ဒသမ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေတယ်လို့ ဇွန်လ၁၀ရက်မှာUN OCHA Myanmarကဖော်ပြပါတယ်။


မြန်မာနိုင်ငံဟာ ပြင်းထန်နေဆဲ လက်နက်ကိုင်ပဋိပက္ခ၊ များပြားလှတဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေနဲ့ အရပ်သားကာကွယ်စောင့်ရှောက်မှုလိုအပ်ချက်စတဲ့ ဆိုးရွားနေတဲ့ဘေးကျပ်နံကျပ် ကာလတစ်ခုကို ရင်ဆိုင်နေရပြီး လူဦးရေ ၁၈ ဒသမ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေတယ်လို့ဖော်ပြပါတယ်။


လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုံ့ပြန်ရေးလုပ်ငန်းစီမံချက်ဟာ နှစ်ဝက်ကာလရောက်လာတဲ့အချိန်မှာ ၁၂ ရာခိုင်နှုန်းမျှသာ ရန်ပုံငွေရရှိသေးတယ်လို့လည်းဆိုပါတယ်။


လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ စံချိန်တင်မြင့်တက်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေထဲကမှ သုံးပုံတစ်ပုံဟာ ကလေးငယ်တွေဖြစ်ကြတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၆။ကလစ်ကာ တစ်သောင်း စုကာနွှဲ ပြည်သူ့မိခင် မွေးနေ့ပွဲ " ကမ်ပိန်းတွင် ပါဝင်ဖို့ ဖိတ်ခေါ်


ဇွန် ၁၀ရက်။

Radio NUG

ကလစ်ကာ တစ်သောင်းစုကာနွှဲ ပြည်သူ့မိခင် မွေးနေ့ပွဲ " ကမ်ပိန်းတွင် ပါဝင်ဖို့ Tha Din App က ဖိတ်ခေါ်ထားပါတယ်။


ပြည်သူတွေဟာ ကောက်ရိုးမီးလို မဟုတ်ကြောင်း၊ နိုင်ငံ့အရေးဟာ ကိုယ့်အရေးအဖြစ် ခံယူထားပြီး လိုချင်တဲ့ ပန်းတိုင်ဆီ ဘယ်လိုအခက်အခဲရှိရှိ အရောက်သွားနေကြောင်း ဒေါ်အောင်ဆန်းစုကြည် သိရှိဝမ်းမြောက်စေဖို့ ရည်ရွယ်ပြီး ကမ်ပိန်းလေးလုပ်ဖို့ စိတ်ကူးပုံဖော်ဖြစ်တာဖြစ်ကြောင်း သိရပါတယ်။


နေ့စဉ် သုံးစွဲသူ တစ်သောင်းအထက်ရှိမှသာ ထိထိရောက်ရောက် ထောက်ပို့နိုင်မှာဖြစ်ပြီး ပြည်တွင်းက VPN တွေကို ပိတ်ထားတဲ့အတွက် ပြည်ပရောက်နေသူတွေအနေနဲ့ Digital Strike တွေမှာ ပါဝင်ပေးစေလိုကာ နေ့စဉ် // ပုဒ်လောက် ဖတ်ပေးရင် ရကြောင်း ဖော်ပြထားပါတယ်။


ကမ်ပိန်းမှာ ပါဝင်သူများအနေနဲ့ ကမ်ပိန်းပိုစ့်တွေကို RCS လုပ်ပေးခြင်း၊ App ထဲက သတင်းတွေကို Share ပေးခြင်းနဲ့ App ကို နေ့စဉ်သုံးပေးခြင်းတို့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။


ကမ်ပိန်းမှာ ပါဝင်သူတိုင်းကို ဆရာမ နုယဉ်ရဲ့ အမေစုပုံနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာလေး ထုတ်ပေးမှာ ဖြစ်ပါတယ်။


Tha Din app စတင်ချိန်ကစပြီး တစ်ရက်ကို ကလစ်ကာ ၃၀၀၀၀ ဝန်းကျင်နဲ့ တစ်လကို ဒေါ်လာ ၂၀၀,၀၀၀ နီးပါး၊ တော်လှန်ရေးအတွက် ၂နှစ်ခွဲကျော်ကာလအတွင်းမှာ သိန်း နှစ်သောင်းခွဲဝန်းကျင် ထောက်ပို့နိုင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်လျက်ရှိသော "မိုးဦးလက်ဆောင် ကျည်(၅၀၀၀)" ကမ်ပိန်းဖွင့်ပွဲ အခမ်းအနားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေတက်ရောက်


ဇွန်လ ၁၀ရက်။

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်လျက်ရှိသော "မိုးဦးလက်ဆောင် ကျည်(၅၀၀၀)" ကမ်ပိန်းဖွင့်ပွဲ အခမ်းအနား ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေတက်ရောက်ခဲ့ပါတယ်။


ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်လျက်ရှိသော "မိုးဦးလက်ဆောင် ကျည်(၅၀၀၀)" ကမ်ပိန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ၉ရက်ညနေ()နာရီတွင် ကျင်းပခဲ့ပါတယ်။


ဖွင့်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးမောင်မောင်ဆွေ၊ ပဲခူးခရိုင်ပကဖ တာဝန်ခံများ၊ မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပမှ ထောက်ပို့အဖွဲ့အစည်းများ၊ ထောက်ပို့ရဲဘော်များ တက်ရောက်ခဲ့ကြပြီး ကမ်ပိန်းအောင်မြင်ရေးနှင့် အကြံပြုချက်ချက်များ၊ ဆွေးနွေးမှုများ၊ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြပါတယ်။


Kawa PDF အနေနဲ့ ရဲဘော်တွေရဲ့ နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးကိစ္စတွေအတွက် တတ်နိုင်သမျှ ပြင်ဆင်လုပ်ဆောင်ထားပြီး  စစ်ဆင်ရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ ကျည်တွေ ဖြည့်ပေးနိုင်ဖို့ "မိုးဦးလက်ဆောင် ကျည်(၅၀၀၀)" ကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၂။ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို ပြန်ပို့


ဇွန် ၁၀ရက်။ 

Radio NUG

ရခိုင်ပြည်နယ်တွင် AA တိုက်ခိုက်မှုများကြောင့် ထွက်ပြေးသွားသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဇွန်လ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။


ဇွန်လ ရက်နေ့ နံနက် နာရီအချိန်ခန့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို တင်ဆောင်လာသော ဘတ်စ်ကား လေးစီးသည် ကော့ဘဇားရှိ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (BIWTA) ဆိပ်ခံတံတားသို့ ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံမှ လာခေါ်သော ရေတပ်သင်္ဘောဖြင့် နံနက် ၁၀ နာရီခန့်တွင် မြန်မာပြည်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နှင့် အုပ်ချုပ်ရေးအာဏာပိုင်များ၏ အဆိုအရ သိရပါတယ်။


မြန်မာနိုင်ငံမှ ရေတပ်သင်္ဘောသည် ဇွန်လ ရက်နေ့ နံနက်ပိုင်းတွင် ကော့စ်ဘဇားသို့ ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်ခေါ်ယူရန် နှစ်နိုင်ငံ ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။


အခြားတစ်ဖက်တွင်လည်း မြန်မာစစ်ကောင်စီက မြန်မာအကျဉ်းထောင်များအတွင်း အကျဉ်းကျခံနေရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၅ ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ အပြန်အလှန်အားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။


ရခိုင်ပြည်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို ထွက်ပြေးလျက်ရှိရာ ယခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး၊ ဧပြီလတွင် မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲ ၂၈၈ ဦး၊ ယခု ဇွန်လအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦး ကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။


========================


🚩🚩 ၃။ ပဲခူးတိုင်းအစပ် သပြေကန်စစ်ဆေးရေးဂိတ်နှင့် မုပ္ပလင်စစ်ဆေးရေးဂိတ်အနီး စကစများတပ်စွဲရာနေရာအားဝေဟင်မှတိုက်ခိုက်


ဇွန်လ ၁၀ရက်။

ပဲခူးတိုင်းအစပ် သပြေကန်စစ်ဆေးရေးဂိတ်နှင့် မုပ္ပလင်စစ်ဆေးရေးဂိတ်အနီး စကစများတပ်စွဲရာနေရာအားဝေဟင်မှတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၁၀ရက်မှာ စစ်ရေးသတင်းကို PDF - Khayanကအတည်ပြုဖော်ပြပါတယ်။


"ပဲခူးတိုင်းအစပ် သပြေကန်စစ်ဆေးရေးဂိတ်နှင့် မုပ္ပလင်စစ်ဆေးရေးဂိတ်အနီး စကစများတပ်စွဲရာနေရာအား ညီနောင်EROများနှင့်ပူးပေါင်း၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ - တို့မှ ပြင်းအားမြင့်ဗုံးသီးဖြင့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။


လက်ရှိမှာ စကစတပ်များဟာ တိုင်းနှင့်ပြည်နယ်နေရာအများစုတွင်အထိနာကျရှုံးနေပြီး အရေးပါသည့်မြို့ကြီးများအနီးအထိ တော်လှန်ရေးတပ်ဖွဲ့များက အနီးကပ်တိုက်ခိုက်လျက်ရှိနေပါတယ်။


========================


🚩🚩 ၄။ မုဒုံတွင် စစ်ကောင်စီ အမြှောက်တပ်မှ မော်တော်ယာဉ်ကို NMSP-AD က ကြားဖြတ် တိုက်ခိုက်


ဇွန်လ ၁၀ ရက်။

Radio NUG

စစ်ကောင်စီ အမြှောက်တပ်မှ ထွက်ခွာလာတဲ့ မော်တော်ယာဉ်ကို မွန်ပြည်သစ်ပါတီ (AD)အဖွဲ့က မုဒုံမြို့နယ်၊ ရောင်းဒေါင်း ကျေးရွာအနီး၊ မော်လမြိုင် - သံဖြူဇရပ် ကားလမ်းပေါ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။


ဇွန်လ ရက်နေ့ ညနေ နာရီခွဲခန့်မှာ စစ်ကောင်စီရဲ့ အမတ (၃၁၈) တပ်ရင်းမှ အရာခံ ဗိုလ်တင်ဝင်းဦးစီးပြီး အင်အား ၁၀ ဦး လိုက်ပါလာတဲ့ ဟိုက်ဂျက်ကား တစ်စီးကို မွန်ပြည်သစ်ပါတီ (AD) တပ်ဖွဲ့ဝင်များက လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။


မိနစ် အနည်းငယ်ကြာတဲ့ အဆိုပါ ပစ်ခတ်မှုအတွင်း အရာခံဗိုလ် တင်ဝင်း သေဆုံးသွားခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် MA 1 တစ်လက်၊ ကျည်ဘောက် သုံးခု နဲ့ 5.56 ကျည် ၁၁၅ တောင့်နဲ့ စစ်သုံးပစ္စည်း တချို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ NMSP AD က ထုတ်ပြန်ထားပါတယ်။


ပစ်ခတ်မှုအတွင်း မော်လမြိုင် ကနေ သံဖြူဇရပ်ဘက်ကို (ကုန်မပါ) မောင်းနှင်လာတဲ့ ၁၂ ဘီး ကားတစ်စီးမှ ယာဉ်မောင်းဖြစ်သူ ကိုချစ်ရင်ထူး (၃၄ နှစ်)ကို ကျည်ထိမှန်ခဲ့ပြီး သံဖြူဇရပ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရှိရပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း ကမာဝက်မြို့၊ နယ်မြေရဲစခန်းမှ စခန်းမှုးဖြစ်သူ မောင်းနှင်းလာတဲ့ ကားကို NMSP-AD မှ ကွမ်လှာနှင့် ရောင်းဒေါင်းကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။


========================


🚩🚩 ၅။ မုပ္ပလင်တွင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဦး ဒဏ်ရာရ


ဇွန်လ ၁၀ ရက်။

Radio NUG

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ တောရကျောင်း ပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF)က သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ ညနေ နာရီ ၄၀ မိနစ်ခန့်မှာ အင်အား ၂၆ ဦးခန့်ဖြင့် မုပ္ပလင် တောရကျောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ရဲ ပူးပေါင်းအဖွဲ့ကို ၄၀ မမများဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် အရပ်သား အမျိုးသမီးတစ်ဦးလည်း ၄၀ မမ ကျည် အစစင်ပြီး ခြေသလုံးရှပ်ထိ ဒဏ်ရာရသွားတယ်လို့ သိရတာကြောင့် လွန်စွာ စိတ်မကောင်း ဖြစ်မိတယ်လို့ KRF က အသိပေးထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) KNU/KNLA နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ မတူပီ အမ်ဆွေး ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ တီးတိန်-တွန်းဇံ လမ်းပေါ်ရှိ ဇလွေး ချောင်းကူးတံတားကို ဗုံးခွဲဖျက်ဆီး


ဇွန် ၁၀ရက်။ 

Radio NUG

မတူပီမြို့နယ် အမ်ဆွေးကျေးရွာကို ဇွန်လ ၁၀ရက် မနက် နာရီ အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် လူနေအိမ် လုံး ပျက်စီးသွားပြီး ပြည်သူလူထု ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ 


မတူပီမြို့ရှိ စကစစခန်းတွေကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မယ်လို့ သတင်းထွက်ပေါ်လာပြီးနောက် မြို့နေပြည်သူများနှင့် မြို့အနီးအနားရှိ ရွာမှ ပြည်သူများ ဘေးလွတ်ရာကို ရှောင်နေကြတယ်လို့ သိရပါတယ်။


အလားတူ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီတပ်များမှ တီးတိန်မြို့နှင့် တွန်းဇံမြို့ကို ဆက်သွယ်ထားသည် လမ်းမပေါ်ရှိ ဇလွေးချောင်းကူး တံတားကို အမြောက်ဖြင့် ပစ်ခတ်ဖျက်ဆီးလိုက်တာကြောင့် ကျိုးကျသွားတယ်လို့ ဒေသမီဒီယာ တစ်ခုဖြစ်သော The Tedim Post ဖော်ပြချက်အရ သိရပါတယ်။ 


တီးတိန်မြို့အတွက် ကလေး-တီးတိန် လမ်းမပြီးရင် အရေးကြီးတဲ့ လမ်းနှစ်သွယ် ဖြစ်တဲ့ တီးတိန်-ရိဒ် လမ်းမကြီးနှင့် တီးတိန်-တွန်းဇံ လမ်းမကြီးကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း သိရှိပါတယ်။


========================


🚩🚩 ၇။ လမြန်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန် ခါနန် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲ


ဇွန်လ ၁၀ရက်။

Radio NUG

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် ခါနန် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲသွားလို့ ဘုရားကျောင်းဆောင် အားလုံး ထိခိုက်ပျက်စီးသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ဇွန်လ ၁၀ ရက်နေ့ ညနေ နာရီခွဲဝန်းကျင်မှာ လမြန်ရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်တာမရှိဘဲ အကြောင်းမဲ့ဗုံးကြဲချသွားတာ ဖြစ်တယ်လို့ သိရပါတယ်။


ဝိုင်းမော်မြို့နယ် ခါးရှီ(ခရှီ)ကျေးရွာမှာလည်း စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေပြီး ဟူးကောင့်ချုင့်ဝှမ်းဒေသ ပယင်းမှော်ဒေသမှာရှိတဲ့ လပူခမှော်အနီးရေကန်တောင်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်စခန်းနေရာကို KIA ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၈။ မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာတွင် ပြည်သူ့အိမ်()လုံးကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီး


ဇွန် ၁၀ရက်။

Radio NUG

ဇွန်လ ၁၀ရက်နေ့ မနက်()နာရီခန့်အချိန်တွင် မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်မှ အင်အား(၅၀)ကျော်ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ မအူဂိတ်မှ တောင်ဘက်သို့ ထွက်လာပြီး မနက်()နာရီအချိန်တွင် မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာသို့ သေနတ်များ ပစ်ဖောက်ကာ စတင်ဝင်ရောက်လာခဲ့ပြီးနောက် မနက်()နာရီအချိန်တွင် ရွာအလယ်မှ ပြည်သူ့နေအိမ်()လုံးအား မီးရှို့ဖျက်ခဲ့စီးကာ ကျန်တစ်အိမ်မှာ မီးကူးကာ အနည်းငယ်လောင်ကျွမ်းခဲ့ရကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီတပ်သားများဟာ နေအိမ်များမီးရှို့ပြီး ခဏအကြာ မနက်()နာရီကျော်ခန့်တွင် မအူဂိတ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး မုံရွာမြို့အတွင်းသို့ ကားနှစ်စီးဖြင့် ဝင်ရောက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၉။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


ဇွန်လ ၁၀ ရက်။

Radio NUG

ကရင်အမျိုးသားအစည်းအရုံး၊ KNU အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ် လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ စစ်ကြောင်းက ထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် ပြည်သူ ဦး ခြေထောက်ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီ ခွဲခန့်မှာ သူဌေးကုန်းရွာမှ ကိုသက်ရှည် အသက် (၃၅) နှစ်ဟာ ခြံဝင်းထဲ အမှိုက်လှဲနေရင်း စစ်ကောင်စီက ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။


ထို့အပြင် ဇွန်လ ရက်နေ့ မနက် နာရီခွဲ အချိန်မှာ သရက်တိုက်ကျေးရွာမှ အသက် ၈၅ နှစ်အရွယ်ရှိ ဒေါ်တင်မြ လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။


အလားတူ ဇွန်လ ရက်နေ့နဲ့ ရက်နေ့ များမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ထွနီကုန်း ကျေးရွာနဲ့ ကြိတ်ခါးကုန်းကျေးရွာမှ အသက် ၁၅ နှစ်မှ ၅၅ နှစ်ကြား ဒေသခံ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

KNU ရဲ့ထုတ်ပြန်ချက်အရ ဇွန်လ ရက်နေ့မှ ရက်နေ့အတွင်း ခလယ်လွီထူခရိုင်အတွင်းက ကျေးရွာများကို ပစ်မှတ်ထားပြီး နေ့စဉ်ရက်ဆက် အကြိမ်များစွာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment