15th AUG 2024 - Morning Daily News by Radio NUG

 

၂၀၂၄ သြဂုတ်လ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တိုင်းရင်းသားအားလုံးပါဝင်ပြီး သွေးစည်းညီညွတ်တဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် အောင်မြင်နေတာဖြစ်တယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ လေကြောင်းရန် ကင်းဝေးဖို့ ကျောင်းလုံခြုံရေး ပရိုပရမ်ကို NUG ဝန်ကြီးဌာန ငါးခု ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိ

📌 ၃။ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်လှစ်


၂၀၂၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နိုင်ငံသစ် ထူထောင်ရန် မရှိဘဲ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို လိုလားဟု စစ်သုံ့ပန်းများကို MNDAA က  ရှင်းပြ

🚩 ၂။ နွားထိုးကြီးနယ်နှင့် တောင်သာနယ်ထဲကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ နွားထိုးကြီး ဆူးရစ်ကုန်းရွာမှ ဆရာတော် ဗုံးထိ

🚩 ၃။ သီပေါတွင် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် () ရက်အတွင်း အရပ်သား ၁၁ ဦး သေဆုံး

🚩 ၄။ ဖားကန့် လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော်တပ်စခန်းကို စစ်တပ်က လေကြောင်းနဲ့  (ကြိမ် ဗုံးကြဲ

🚩 ၅။ ကန်ပက်လက်တွင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် () နှစ်အရွယ် ကလေးငယ် () ဦး အပါအဝင် () ဦး သေဆုံး

🚩 ၆။ စလင်းမြို့နယ်က ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့

🚩 ၇။ တပ်ကုန်းရွာသစ် (ပျူရွာ) နဲ့ ပင်တောင်ပျူရွာ တို့ကို ဒရုန်း၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၈။ ရွှေဘိုတွင် စစ်ကောင်စီတပ်နဲ့ တရက်အတွင်း တိုက်ပွဲ () ကြိမ် ဖြစ်ပွားခဲ့

🚩 ၉။ နွားထိုးကြီးနယ်နှင့် တောင်သာနယ်ထဲကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ နွားထိုးကြီး ဆူးရစ်ကုန်းရွာမှ ဆရာတော် ဗုံးထိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ တိုင်းရင်းသားအားလုံးပါဝင်ပြီး သွေးစည်းညီညွတ်တဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် အောင်မြင်နေတာဖြစ်တယ်လို့ ယာယီသမ္မတပြောကြား


သြဂုတ်လ (၁၄) ရက်မှာ ပြည်သူသို့အောင်စကား ကောက်နုတ်ချက်ကို ယာယီသမ္မတ၏ လူမှုကွန်ရက်အကောင့်မှ အခုလို ပြန်လည်ဖော်ပြခဲ့ပါတယ်။

"ဒီတော်လှန်ရေးမှာ အံ့သြဖို့ကောင်းတာ တိုင်းရင်းသားအားလုံး ပါတယ်။ ဗမာလူထုအားလုံးလည်းပါတဲ့ သွေးစည်းညီညွတ်တဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် အောင်မြင်နေတာဖြစ်ပါတယ်" လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် ပြည်သူလူထုမှာ တော်လှန်ရေးအောင်မြင်ဖို့ကို စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ကာ တော်လှန်ရေးအောင်မြင်ဖို့ အစွမ်းကုန် ပါဝင်နေတယ်လို့ယာယီသမ္မတက ပြောပါတယ်။


========================


📌📌 ၂။ လေကြောင်းရန် ကင်းဝေးဖို့ ကျောင်းလုံခြုံရေး ပရိုပရမ်ကို NUG ဝန်ကြီးဌာန ငါးခု ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိ


သြဂုတ်လ (၁၄) ရက်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့်  ပြည်သူ့ဆက်ဆံ‌ရေးယူနစ်တို့က ပူးပေါင်းကျင်းပသော "ညီညွတ်သောတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးဆီသို့"  သတင်းစာရှင်းလင်းပွဲတွင် ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်က အခုလို ပြောပါတယ်။

"ကြားကာလ ပညာသင်ကြားရေးမှာ စစ်ကောင်စီဟာဆိုလို့ရှိရင် ကလေးတွေရဲ့ကျောင်းတွေကို မညှာတာလေယာဥ်နဲ့ ပစ်ခတ်တာ လုပ်ဆောင်တာမို့လို့ ကျောင်းလုံခြုံရေးပရိုပရမ်ကို အထူးတလည်ဝန်ကြီးဌာန ငါးခုပူးပေါင်းပြီးမှ ဆောင်ရွက်လျက်ရှိတယ်။ကျောင်းတွေမှာ ဗုံးခိုကျင်းတူးတာတို့၊ လေယာဥ်လာရင် ဘယ်ကိုသွားရမလဲ လေ့ကျင့်ခန်းလုပ်တာကအစပေါ့။ ရှေးဦးသူနာပြုကအစ ဆေးအိတ်ဝေတာကအစ ကျောင်းတွေမှာ ကျမတို့ လုပ်ဆောင်လျက်ရှိပါတယ်" လို့ ဒုဝန်ကြီးက ဆိုပါတယ်။

NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ကြားကာလပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုံခြုံရေးကို မြေပြင်နှင့် အွန်လိုင်းတွင်ပါ အထူး ဂရုပြုဆောင်ရွက်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်လှစ်


ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ (၁၄) ရက် နေ့တွင် ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။

အခမ်းအနားကို ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်ရှိ School of Medical Sciences (SMS), School of Nursing Sciences (SNS), School of Technology (SOT), School of Economics (SOE), School of Agriculture (SOA) နှင့် School of Arts and Sciences (SAS) တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဒုတိယအဓိပတိမှ အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဘော့လုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် နှင့် ကြက်တောင် တို့ပါဝင်ပြီး ယနေ့ သြဂုတ်လ ၁၄ ရက်နေ့မှ စတင်၍ ကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ယှဥ်ပြိုင်ကစားနေကြပြီဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ နိုင်ငံသစ် ထူထောင်ရန် မရှိဘဲ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို လိုလားဟု စစ်သုံ့ပန်းများကို MNDAA က  ရှင်းပြ


၎င်းတို့၏ရပ်တည်ချက်နှင့်ပတ်သက်၍ ထိန်းသိမ်းထားသော စစ်သုံ့ပန်းများအား ရှင်းပြခဲ့ကြောင်းကို MNDAA က အခုလို သတင်းထုတ်ပြန်ပါတယ်။

"နိုင်ငံသစ်ထူထောင်ရေးကို မလိုလားပါ။ တိုင်းရင်းသားအားလုံး စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးနဲ့ ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရာတွင် ကျွန်တော်တို့ တက်ကြွစွာ ပါဝင်ပါမည်။ ကျွန်တော်တို့၏ အမျိုးသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးသည် ဗမာလူမျိုးကြီးဝါဒကို ဆန့်ကျင်သည်။ တော်လှန်ရေး အောင်မြင်ပြီးနောက် ကျွန်ုပ်တို့သည် ဟန်လူမျိုးကြီးဝါဒကို ဘယ်တော့အခါမှ ကျင့်သုံးမည် မဟုတ်။ MNDAA တပ်ဖွဲ့သည် တိုင်းရင်းသားလူမျိုးစုအားလုံး၏ အဆင့်အတန်း မခွဲခြားဘဲ တန်းတူညီမျှရေး ထောက်ခံအားပေးပြီး တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးဆန္ဒနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးကို အပြည့်အ၀ လေးစားသည်" ဟု MNDAA မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုထားပါတယ်။

လူမျိုးကြီးဝါဒကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး လူမျိုးစုအားလုံး တန်းတူညီတူ ညီတူမျှတူ၊ လွတ်လပ်၊ ဒီမိုကရက်တစ်၊ ယဉ်ကျေးပြီး သာယာဝပြောသော ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ရန် တွန်းအားပေးသူများဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး တပ်မတော်ကို နိုင်ငံတော်အစိုးရက  ကွပ်ကဲအုပ်ချုပ်စေရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများ တည်ရှိရာ ပြည်နယ်များ သို့မဟုတ် အထူးအုပ်ချုပ်ရေးဒေသများတွင် လွတ်လပ်သော အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဘဏ္ဍာရေးစနစ်များရှိပြီး ဥပဒေပြုရေးအာဏာကို လွတ်လပ်စွာ ကျင့်သုံးရန် ထောက်ခံ အားပေးကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

လတ်တလော လားရှိုးမြို့သိမ်းတိုက်ပွဲတွင်  ထောင်နှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း၊  MNDAA က   စစ်သုံ့ပန်းများအတွက် ဦးစားပေး ကောင်းမွန်စွာဆက်ဆံရေး မူဝါဒဖြင့်  စစ်သုံ့ပန်းများ၏ အသက်ဘေးကင်းရေးနှင့် အခြေခံအသက်မွေးဝမ်းကြောင်း အာမခံချက်၊ ဒဏ်ရာရ စစ်သုံ့ပန်းများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုသမှုများ ပေးအပ်ကာ စစ်သုံ့ပန်းများ၏ အယူဝါဒဆိုင်ရာ ပညာရေး၊ လမ်းညွှန်မှုနှင့် အသွင်ပြောင်းရေးတို့ကို လုပ်ဆောင်ပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ နွားထိုးကြီးနယ်နှင့် တောင်သာနယ်ထဲကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ နွားထိုးကြီး ဆူးရစ်ကုန်းရွာမှ ဆရာတော် ဗုံးထိ


နွားထိုးကြီးနယ်နှင့်တောင်သာနယ်ထဲကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ နွားထိုးကြီး ဆူးရစ်ကုန်းရွာမှ ဆရာတော် ဗုံးထိမှန်ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက Radio NUG ကို သြဂုတ်လ (၁၄) ရက်မှာ ဖြေကြားပါတယ်။

"နွားထိုးကြီးရော တောင်သာရော ကြဲတယ်လို့ သိပါတယ်။ နွားထိုးက အောင်ပန်းကုန်း ဆူးရစ်ကုန်း၊ တောင်သာက မြင်းခြံတောင်သာ လမ်းဘေးက ဆည်ကုန်းပါတယ်။ တခြားထိတာတွေ ရှိပါအုံးမယ်" လို့ ပြောပါတယ်။

သြဂုတ်လ (၁၄) ရက်ညပိုင်းမှာ စကစလေတပ်ဟာ နွားထိုးကြီးနယ်၊ ဆူးရစ်ကုန်းရွာကို ဗုံးကျဲ၍ ရွာကျောင်းဆရာတော်ထိခဲ့တယ်လို့ ကနဦး သိရပြီး (၈း၃၀) ခန့်ကလည်း တောင်သာမြို့ မြောက်ဘက် ဆည်ကုန်းကျေးရွာတွင် တိုက်ပွဲမရှိပဲ ပြည်သူ့နေအိမ်တစ်လုံးပေါ်သို့ စကစက လေယာဥ်နဲ့ ဗုံးသီးချခဲ့တယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ (တောင်သာ) က ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ သီပေါတွင် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် () ရက်အတွင်း အရပ်သား ၁၁ ဦး သေဆုံး


ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ () ထိန်းချုပ်ထားတဲ့ သီပေါမြို့တွင် စစ်ကောင်စီရဲ့ နေ့စဉ် လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် () ရက်အတွင်း အရပ်သား (၁၁) ဦး သေဆုံးပြီး (၁၂) ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ () ရက်မှ (၁၃) ရက်နေ့ထိ ငါးရက်အတွင်း သီပေါ မြို့နယ်က ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာ နှင့် နမ့်ပေါ့ချောင်း ကျေးရွာတို့ကို စစ်ကောင်စီက နေ့စဉ် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတို့ကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် မှုများကြောင့် အမျိုးသား () ဦးနဲ့ အမျိုးသမီး () ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ထို့အပြင် သီလရှင် ပါးနဲ့ ကလေးငယ် ဦး အပါအဝင် ဒေသခံ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကာ ဒေသခံ ပြည်သူများ ကျောက်မဲမြို့၊ နမ့်လန်၊ ပန်လုံဘက်ကို စစ်ဘေးရှောင် နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း (ရမခ) အပါအဝင် မြို့များစွာကို စွန့်လွှတ်ခဲ့ရကာ စစ်ရှုံးနေတာကြောင့် ရှုံးမဲမဲပြီး ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက် ဆောင်ရွက်နေကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ TNLA က ဆိုထားပါတယ်။


========================


🚩🚩 ၄။ ဖားကန့် လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော်တပ်စခန်းကို စစ်တပ်က လေကြောင်းနဲ့  (ကြိမ် ဗုံးကြဲ


ဖားကန့်မြို့နယ်အတွင်း KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော်တပ်စခန်း  နေရာကို စစ်တပ်က လေကြောင်းနဲ့ (ကြိမ်တိတိလာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KNG သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဖားကန့်မြို့မှ (မိုင်ဝန်းကျင်မှာရှိတဲ့ လမောင်ကုန်း ဗျူဟာမြောက်တပ်စခန်းနဲ့ ဖားကန့်မြို့ကနေ (၁၀မိုင်ဝန်းကျင်အကွာမှာရှိတဲ့ တောမှော်တပ်စခန်းကို KIA ပူးပေါင်းတပ် ဩဂုတ်လ (၁၄) ရက်နေ့ မနက် (နာရီဝန်းကျင်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မနက် (၁၀နာရီ (၃၆မိနစ်ဝန်းကျင်မှာတော့ စစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ (ကြိမ်တိတိ လာရောက်ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

လမောင်ကုန်း ဗျူဟာမြောက်တပ်စခန်းဟာ စစ်ရေးအရ မဟာဗျူဟာကျတဲ့ စခန်းဖြစ်ပြီး တောမှော်တပ်စခန်းက နှစ်ဖက်စလုံးရဲ့ ကာကင်းစခန်းချထားတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ တိုက်ပွဲဇုန်အနီးမှာရှိတဲ့ ပြည်သူတွေဟာ ဒီမနက်  နာရီဝန်းကျင်ကနေ ထွက်ပြေးတိမ်းရှောင်နေကြရပြီလို့‌ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ကန်ပက်လက်တွင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် () နှစ်အရွယ် ကလေးငယ် () ဦး အပါအဝင် () ဦး သေဆုံး


ဩဂုတ်လ (၁၃) ရက် နေ့လယ် (၀၁း၄၈) အချိန်မှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသ အုပ်ချုပ်မှုနယ်မြေရှိ ဆက်ချောက်ကျေးရွာ၊ စာသင်ကျောင်းကို ဦးတည်ပြီး စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းပတ်ဝန်းကျင်က လူနေအိမ် () လုံး လုံးဝပျက်စီးခဲ့ကာ () လုံးမှာ တစိတ်တပိုင်း ပျက်စီးခဲ့တယ်လို့ ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထို့ပြင် အသက် () နှစ်အရွယ် ကလေးငယ် () ဦးနဲ့ အသက် (၄၂) နှစ်အရွယ် အမျိုးသမီး () ဦးတို့ အသက် ဆုံးရှုံးခဲ့ရပြီး အသက် () အရွယ်နဲ့ (၁၂) နှစ်အရွယ် ကလေး () ဦး အပါအဝင် ဒေသခံ () ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဆတ်ချောက် ကျေးရွာဟာ အိမ်ခြေ ၅၀ ခန့်သာရှိတဲ့ ရွာငယ်လေး ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ပါဘဲ အခုလို အရပ်သား ပြည်သူများကို ဦးတည် လေကြောင်းတိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၁) ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ကျေးရွာက စာသင်ကျောင်းကို ဦးတည်ပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ အသက် (၇၈) နှစ်အရွယ် အမျိုးသမီး () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၆။ စလင်းမြို့နယ်က ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်းရှိပေါက်မကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပူးပေါင်းတိုက်ထုတ်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် တပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။

သြဂုတ်လ ၁၃ ရက် မနက် ၉နာရီ ခန့်မှာ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ မိမိတို့ ထိန်းချုပ်နယ်မြေ ပေါက်မကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းကို ရောက်ရှိ လာတာကြောင့် စတင် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ထိုနောက် မင်းဘူးခရိုင် အမှတ် () တပ်ရင်းနဲ့ မင်းဘူး တပ်ရင်း () မိုးကြိုး ပြောက်ကျားအဖွဲ့၊ စလင်း ပကဖ၊ ဒေါင်းစစ်အောင် Local PDF တို့က ပူးပေါင်းစောင့်ကြို တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ် အထိနာခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်း ပြန်လည် ဆုတ်ခွာချိန်မှာ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ တာကြောင့် အရပ်သား ပြည်သူ () ဦး မစိုးရိမ် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ တပ်ကုန်းရွာသစ် (ပျူရွာ) နဲ့ ပင်တောင်ပျူရွာ တို့ကို ဒရုန်း၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်


မကွေးတိုင်း၊ ပေါက်မြို့နယ်က တပ်ကုန်းရွာသစ်(ပျူရွာ) နဲ့ ပင်တောင်ပျူရွာ တို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက Drone နဲ့ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

တပ်ကုန်းရွာသစ် (ပျူရွာ) အခြေစိုက် ပျူစောထီးစခန်းနဲ့ ကင်းစခန်းတွေကို Fix Win Drone ဖြင့် ဗုံးသီး အလုံး (၄၀) အသုံးပြုကာ အဓီက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပျူခေါင်းဆောင် နေအိမ် အပါအဝင် နေအိမ် () လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် တပ်ကုန်းရွာ ပျူစောထီး () ဦး သေဆုံးခဲ့ကာ () ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ အတွင်းသတင်းအရ သိရကြောင်း ဖော်ပြထားပါတယ်။

အလားတူ ပေါက်မြို့နယ် တောင်ပိုင်း၊ ပင်တောင်ပျူရွာ ကိုလည်း Drone ဗုံးသီး (၁၀) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး () ဦး ဗုံးစထိမှန်ကာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ယခု တိုက်ခိုက်မှုကို နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ် စစ်ကြောင်း () Black Eagle Drone Force URBAN UNDERGROUND REVOLUTION FORCE(UURF-YSO) ပေါက်တောင်ပိုင်း နဂါး ပြောက်ကျား တပ်ဖွဲ့၊ Rocket Fighter (RFPPDF) တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၈။ ရွှေဘိုတွင် စစ်ကောင်စီတပ်နဲ့ တရက်အတွင်း တိုက်ပွဲ () ကြိမ် ဖြစ်ပွားခဲ့


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ဩဂုတ်လ (၁၃) ရက်နေ့ တရက်အတွင်း စစ်ကောင်စီတပ်နဲ့ () ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က () ဦး သေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၁၅) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ (၁၃) ရက်၊ မနက် () နာရီခန့်က ရွေဘိုမြို့နယ်၊ ရှားတောရွာ ဘေးက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သရက်ခြံထဲ အရောက်မှာ (၁၅) မိနစ်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မနက် (၉း၃၀) ခန့်မှာလည်း အောင်ချမ်းသာရွာအနီး ဆန်စက်အဟောင်းမှာ ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ (၄၅) မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် ညနေ (၄း၂၅) ခန့်မှာလည်း () နာရီကြာ ထိတွေ့မှု ထပ်မံ ဖြစ်ပွားခဲ့ပြီး ညနေ () နာရီခန့်မှာလည်း () နာရီခွဲခန့်အကြာ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် ရွှေဘိုမြို့ထဲ တပ်ပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က () ဦး သေဆုံးခဲ့ပြီး () ဦး ဒဏ်ရာရခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်း၊ Eagle Guerrilla Force ဗိုလ်ကောက်ရိုး kpg ရွှေဘိုခရိုင် အမှတ် - ၁၅ တပ်ရင်း၊ တပ်ခွဲ () Fight For Freedoom နဂါးမင်း၊ တောကျီးကန်း ခွတ်ဒေါင်းရာဇာ၊ တာနောယက္ခ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရှိရပါတယ်။


========================


🚩🚩 ၉။ နွားထိုးကြီးနယ်နှင့် တောင်သာနယ်ထဲကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ နွားထိုးကြီး ဆူးရစ်ကုန်းရွာမှ ဆရာတော် ဗုံးထိ


နွားထိုးကြီးနယ်နှင့်တောင်သာနယ်ထဲကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ နွားထိုးကြီး ဆူးရစ်ကုန်းရွာမှ ဆရာတော် ဗုံးထိမှန်ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက Radio NUG ကို သြဂုတ်လ (၁၄) ရက်မှာ ဖြေကြားပါတယ်။

"နွားထိုးကြီးရော တောင်သာရော ကြဲတယ်လို့ သိပါတယ်။ နွားထိုးက အောင်ပန်းကုန်း ဆူးရစ်ကုန်း၊ တောင်သာက မြင်းခြံတောင်သာ လမ်းဘေးက ဆည်ကုန်းပါတယ်။ တခြားထိတာတွေ ရှိပါအုံးမယ်" လို့ ပြောပါတယ်။

သြဂုတ်လ (၁၄) ရက်ညပိုင်းမှာ စကစလေတပ်ဟာ နွားထိုးကြီးနယ်၊ ဆူးရစ်ကုန်းရွာကို ဗုံးကျဲ၍ ရွာကျောင်းဆရာတော်ထိခဲ့တယ်လို့ ကနဦး သိရပြီး (၈း၃၀) ခန့်ကလည်း တောင်သာမြို့ မြောက်ဘက် ဆည်ကုန်းကျေးရွာတွင် တိုက်ပွဲမရှိပဲ ပြည်သူ့နေအိမ်တစ်လုံးပေါ်သို့ စကစက လေယာဥ်နဲ့ ဗုံးသီးချခဲ့တယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ (တောင်သာ) က ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment