29th SEP 2024 - Evening Daily News by Radio NUG

 


၂၀၂၄ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ချင်းပြည်နယ် အောက်တိုဘာ ရက်နေ့မနက်မိုးမလင်းခင်အချိန် မြေပြို၊ ရေကြီးနိုင် ကြောင်း အထူးမိုးလေဝသသတင်း ထုတ်ပြန်

📌 ၂။ ကန့်ဘလူနယ်ကို စစ်တပ်က ရက်ဆက် ဗုံးကြဲတိုက်ခိုက်တာကြောင့် နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား၇ ဦးသေဆုံးပြီး ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရ

📌 ၃။ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အကြောက်တရားနဲ့အကူအညီမဲ့နေတာကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေး နေဆဲလို့ MNDAA ပြော

📌 ၄။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ခန့်ထားရေး ယင်းမာပင်ပြည်သူများ ဆန္ဒပြတောင်းဆို


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်

🚩 ၂။ ဗန်မော်ဘက်ကို စစ်အင်အားဖြည့်ဖို့ ဧရာဝတီမြစ်အတိုင်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကိုတိုက်ခိုက်ရာမှာ ABSDF ပါဝင်

🚩 ၃။ ရွှေပြည်သာ စက်မှုဇုန်အနီးမှာ ဆိုင်ကယ်တွေဖမ်းနေတဲ့ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက် 

🚩 ၄။ မြိုင် ညောင်ဂျစ်ပင်ရွာက ပျူစောထီးတွေ ကင်းပုန်းထွက်လာချီန်မှာ မိုင်းနင်းမိပြီး ဦး သေဆုံးကာ သေနတ်နဲ့ခဲယမ်းများ သိမ်းဆည်းရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ချင်းပြည်နယ် အောက်တိုဘာ ရက်နေ့မနက်မိုးမလင်းခင်အချိန် မြေပြို၊ ရေကြီးနိုင် ကြောင်း အထူးမိုးလေဝသသတင်း ထုတ်ပြန်


စက်တင်ဘာ ၂၉ရက်


စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့နယ်နှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်များတွင် အောက်တိုဘာလ ရက်နေ့ မနက်တစ်နာရီကနေ ၂ရက်နေ့ မနက်တစ်နာရီအထိ ၂၄နာရီ အတွင်း မိုးရေချိန် ၆လက်မမှ ၈လက်မခွဲခန့်အထိ မိုး အလွန်များများရွာသွန်းနိုင်ကြောင်း ECMWF MODEL Detail Forecast ကိုကိုးကားပြီး အရပ်ဘက်မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနက်ဖြန်စက်တင်ဘာလကုန် ၃၀ ရက်မှစပြီး အောက်တိုဘာလ ၄ရက်နေ့အထိ ကလေးမြို့နယ်အတွင်း မြစ်သာမြစ်ရေတက်လာနိုင်ခြင်းအပါအဝင်နယ်နိမိချင်းကပ်လျှက် တည်ရှိနေတဲ့ ချင်းပြည်နယ်မြောက်ပိုင်းတွင်လည်းမိုးအလွန်များပြီး တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရယ်များဖြစ်ပေါာနိုင်တယ် လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အနောက်ဘက်မှ ရွှေ့လျားလာသောလေပွေလှိုင်းများ၏အရှိန်ကြောင့်လည်း ကောင်း၊ အပူပျံတက်တိမ်အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်း ကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသော လေအေးများတွေ့ဆုံမှု ကြောင့် လည်းကောင်း -၁၀-၂၀၂၄ ရက်နေ့မှ -၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ အချိုဒေသများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြို ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေ ထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည် တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ရန်အကြံပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ကန့်ဘလူနယ်ကို စစ်တပ်က ရက်ဆက် ဗုံးကြဲတိုက်ခိုက်တာကြောင့် နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား၇ ဦးသေဆုံးပြီး ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရ


စက်တင်ဘာ ၂၉ရက်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ဦးသေဆုံးခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ရက်ဆက် တိုက်ခိုက်မှုအတွင်း ကန့်ဘလူမြို့နယ် စံပါယ်နံ့သာရွာ၊ ရေရှင်ကြီးရွာနဲ့ အောင်တိုင်းလယ် ရွာက ကလေးငယ်တဦးအပါအဝင် အရပ်သားပြည်သူ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

စံပါယ်နံ့သာရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်စခန်းက ရေရှင်ကြီးရွာကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီး လုံးကြဲချခဲ့ရာ ရေရှင်ကြီးရွာက အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ခရီးသွားပြည်သူတဦး သေဆုံးခဲ့သလို အောင်တိုင်းလယ်ကျေးရွာကိုလည်း အဲဒီနေ့မှာပဲ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အသက်၅၀ ကျော် အရွယ် ဒေါ်ရွှေ ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် အဲဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့တဲ့ မိုင်တောတိုက်က အမျိုးသမီး တဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့မနက်ပိုင်းမှာလည်း စံပါယ်နံ့သာရွာ အထိုင်စခန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးသီး လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ မှန်နီပင်ရွာက အသက် ၃၅ နှစ်အရွယ် မအိအိခိုင်နဲ့ အသက် ၂၅ နှစ်အရွယ် မအိအိနိုင်တို့ ညီအစ်မ ဦး အသက် ၅၀ အရွယ် ဒေါ်လှော်နဲ့ အသက် နှစ်အရွယ် ကလေးငယ် မဖူးဝေအပါအဝင် စုစုပေါင်း အပြစ်မဲ့ ပြည်သူ ဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

ဒါကြောင့် ၂ရက်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၃ရွာက အပြစ်မဲ့ပြည်သူ ဦး သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ 

စံပါယ်နံ့သာရွာ အထိုင်စခန်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာ၊ စစ်ကြောင်းထိုး နေတာတွေကြောင့် စံပါယ်နံ့သာရွာ အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေကပြည်သူတွေ ထွက်ပြေး တိမ်းရှောင်တိမ်းနေရ တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အကြောက်တရားနဲ့အကူအညီမဲ့နေတာကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေး နေဆဲလို့ MNDAA ပြော


စက်တင်ဘာ ၂၉ရက်


လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အကြောက်တရားနဲ့အကူအညီမဲ့နေတာတွေ မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့နေတာ ကြောင့် ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေဆဲလို့ MNDAA ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ပတ်သက်လို့ ကိုးကန့်တပ်မတော်- MNDAA က ပြောဆိုလိုက်တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေထဲမှာ ကိုးကန့်တပ်မတော်- MNDAA အုပ်ချုပ်နေတဲ့ အထူးဒေသ ဧရိယာမှာဆိုရင် အခုစက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ကြိမ် ရှိခဲ့ပြီး အရပ်သား ဦးထက်မနည်းသေဆုံးကာ ၄၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

အခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေဟာ တိုင်းတာလို့မရနိုင် အောင် ကြီးမားလွန်းတယ်လို့လည်း MNDAA က ပြောပါတယ်။

စစ်ကောင်စီဟာ ဩဂုတ်လ ၃ဝ ရက်ကစပြီး စက်တင်ဘာ ၂၈ ရက်ညပိုင်းအထိ လာရှိုးမြို့ကို အကြိမ်ကြိမ် လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တာရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စက်တင်ဘာ ၂၈ ရက် မနက်အစော နာရီခွဲမှာ သိန္နီခရိုင်တွင် သံလွင်လျင်ဟုန်ဒေသ နောင်မွန်မြို့နယ်ကို လေကြောင်းကနေ ဗုံးအသေး ၁ဝ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး နေအိမ်နဲ့ လမ်းတွေပျက်စီးခဲ့တယ်လို့သိရပါတယ်။ 

ဒါ့အပြင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်လို့ခေါ်တဲ့ ကိုးကန့်တပ်- MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကိုလည်း အဲဒီနေ့ည၈ နာရီခွဲကျော်အချိန်မှာ ထပ်မံဗုံးကြဲခဲ့ရာ ရပ်ကွက် ရပ်ကွက်ရုံးနဲ့ ရုံးအနီးမှာရှိတဲ့ ကားဝပ်ရှော့ပေါ် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အပျက်အစီးများခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က လူမှုကွန်ယက်စာမျက်နှာကတဆင့် အသိပေးထားပါတယ်။

ကိုးကန့်တပ်မတော်-MNDAA အနေနဲ့ စက်တင်ဘာ ၂၈ ရက်ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို ဒီနေ့ စက်တင်ဘာ ၂၉ မနက် ၁၁ နာရီအထိ ထုတ်ပြန်ပြောဆိုတာ မရှိသေးပေမယ့် စက်တင်ဘာ ၂၈ ရက် မနက် ၂နာရီခွဲအချိန်က နောင်မွန်မြို့နယ် တိုက်ခိုက်ခံရမှုမှာ အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ရပ်တွေဟာ လူမဆန်စွာနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူတွေကိုလားရှိုးမြို့ပြည်သူ့ဆေးရုံမှာ အရေးကြီးလူနာအဖြစ်  ကုသပေးနေတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ခန့်ထားရေး ယင်းမာပင်ပြည်သူများ ဆန္ဒပြတောင်းဆို


စက်တင်ဘာ ၂၉ရက်


မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိရေး စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက စျေးတခုမှာ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက ဒီနေ့ စက်တင်ဘာ ၂၉ မနက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါ တယ်။

တော်လှန်ပြည်သူတွေဟာ ဦးကျော်မိုးထွန်းရုပ်ပုံပါတဲ့ တီရှပ်တွေဝတ်ဆင်ပြီး မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကမ္ဘာကုလသမဂ္ဂမှာ ဆက်လက်နေရာထားရှိရေး ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါဆန္ဒပြသပိတ်ကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေနဲ့ လူငယ့်အားမာန်သပိတ် ကော်မတီဝင်တွေ ပူးပေါင်းပါဝင် ချီတက်ဆန္ဒပြခဲ့ရာမှာ စျေးသူ၊စျေးသားတွေနဲ့ ဒေသပြည်သူတွေ ပူးပေါင်းဝန်းရံခဲ့ကြတယ် လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်


စက်တင်ဘာ ၂၉ရက်


မန္တလေးမြို့တော် နန်းတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုန်း လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့က ပြောပါတယ်။ 

စီမံမှုနဲ့ Shadow Mandalay အဖွဲ့က ဒီနေ့ စက်တင်ဘာ ၂၉ ရက် မနက် နာရီခွဲအချိန်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဒါဟာ BWM အဖွဲ့ရဲ့ ၂၂ ကြိမ်မြောက် စစ်ဆင်ရေးအဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့လည်း အသိပေးပေးထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ လုံးအောင်မြင်ခဲ့ပြီး လုံးစလုံး လပခအတွင်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဟာ ကား ၂စီး နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ တော်လှန်ရေးရဲဘော်တွေကို လိုက်ရှာနေတာကိုတွေ့ရတယ်လို့ BWM အဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

မန်းလေးမြို့ခံတွေအဆိုအရ ပေါက်ကွဲသံတွေဟာ အလွန်ပြင်းထန်တာကြောင့် အိမ်တွေပါတုန်သွားတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပြီးတဲ့ နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ကောင်စီအတွက် အဓိကအားထားရတဲ့နေရာဖြစ်လာတယ်လို့ BWM အဖွဲ့ က ဆိုပါတယ်။

စစ်ကောင်စီဟာ ရှမ်းမြောက်စစ်ဆင်ရေးမှာ ဆုံးရှုံးခဲ့ရတာတွေနဲ့ သိက္ခာကျခဲ့တာတွေကို အဖတ်ဆည်နိုင်ဖို့ တရုတ်အစိုးရ အကူအညီနဲ့ မြောက်ပိုင်းအဖွဲ့တွေကို အပစ်ရပ်စေဖို့ ဖိအားပေးခဲ့သလို တဖက်မှာလည်း ရန်နိုင်မင်းစစ်ဆင်ရေးလို့ ကြွေးကြော်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အစွမ်းကုန် အင်အားဖြည့်တင်းထားတယ်လို့လည်း BWM အဖွဲ့က ဆိုပါတယ်။  

ဒါကြောင့် BWM အဖွဲ့နဲ့ ရန်သူဖြစ်တဲ့ စစ်ရှုံးကောင်စီရဲ့ လေတပ်စခန်းတွေအပြင် တော်လှန်ရေးအတွက် သက်ရောက်မှု ကြီးမားတဲ့ အခြားစစ်ရေးပစ်မှတ်ကြီးတွေကို ရှာဖွေဖော်ထုတ် တိုက်ခိုက်နေတယ်လို့လည်း အသိပေးထားပါတယ်။ 

တိုင်းစစ်ဌာနချုပ်တွေဟာ သက်ဆိုင်ရာဒေသအလိုက် ရန်သူ့တပ်ရင်းတပ်ဖွဲ့တွေကို အမိန့်ပေးနေတဲ့ ပင်မစစ်ရေးဗဟိုချက် တွေဖြစ်နေတာကြောင့် ရန်သူစစ်ကောင်စီရဲ့ Chain of Command ကို ဖြတ်တောက်ဖြိုခွဲနိုင်ဖို့ရည်ရွယ်ပြီး ခုလို တိုင်းစစ်ဌာနချုပ်တွေကို ရွေးချယ်တိုက်ခိုက်ရတာလို့ BWM အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီစစ်ဆင်ရေးမှာပါဝင်သူတွေအားလုံးဘေးကင်းပြီး စစ်ကောင်စီဘက်က ထိခိုက်မှုကို BWM အဖွဲ့က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

BWM နဲ့ မဟာမိတ်အဖွဲ့တွေဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တတိယအကြိမ်မြောက် တိုက်ခိုက်တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာတကြိမ်၊ အခုနှစ် စက်တင်ဘာ ရက်နေ့မှာတကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၂။ ဗန်မော်ဘက်ကို စစ်အင်အားဖြည့်ဖို့ ဧရာဝတီမြစ်အတိုင်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကိုတိုက်ခိုက်ရာမှာ ABSDF ပါဝင်


စက်တင်ဘာ ၂၉ရက်


ကချင်ပြည်နယ်ထဲက ဗန်းမော်မြို့ကို စစ်အင်အား၊ ခဲယမ်းနဲ့ ရိက္ခာဖြည့်တင်းဖို့  ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ် ရေယာဉ်နဲ့ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်ရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF စစ်ကြောင်းလည်းပါဝင်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်လာပါတယ်။

ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ် ရေယာဉ်နဲ့ သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ ပူးပေါင်းတပ် တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ပတ်သက်လို့ ABSDF စစ်ကြောင်းက စက်တင်ဘာ ၂၈ ညမှာ ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီစစ်သင်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်ရာမှာ တပ်ပေါင်းစုနှင့်အတူ ABSDF အမှတ် စစ်ကြောင်းပါဝင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီရုပ်သံမှာ စစ်သင်္ဘောတွေကိုပစ်ခတ်နိုင်ဖို့ လက်နက်ကြီးကျည်ဖြည့်နေတာ မြစ်ကြောင်းအတိုင်း ဖြတ်သန်းလာတဲ့ စစ်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို လက်နက်ကြီကျည်ထိမှန်တဲ့မြင်ကွင်းတွေကို တွေ့ရပါတယ်။

စစ်သင်္ဘောတွေကို ပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ တိုက်ပွဲမှာရှုံးနိမ်သွားတဲ့ စစ်ကောင်စီတပ်တွေထံက သိမ်းဆည်းရရှိ ခဲ့တဲ့ လက်နက်ကြီးတွေဖြစ်တယ်လို့ သိရပါတယ်။ 

မန္တလေးကနေ ဗန်းမော်ဘက်ကို ဧရာ၀တီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်တွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထီးချိုင့်မြို့နယ်နဲ့ ရွှေကူ-ဗန်းမော်ကြားမှာ ကြားဖြတ်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တွေအဆိုအရ စက်တင်ဘာလဆန်းပိုင်းမှာ ထီးချိုင့်မြို့နယ်အတွင်း စစ်တပ်ရေယာဉ် ၂စင်းကို ပျက်စီး အောင် တိုက်ခိုက်နိုင်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်က ရွှေကူ-ဗန်းမော်ကြားမှာ စစ်ကောင်စီ သင်္ဘောနဲ့ရေယာဉ် စင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ရွှေပြည်သာ စက်မှုဇုန်အနီးမှာ ဆိုင်ကယ်တွေဖမ်းနေတဲ့ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက် 


စက်တင်ဘာ ၂၉ရက်


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် ၁၀ ရပ်ကွက်နဲ့ စက်မှုဇုံကြားမှာ ဆိုင်ကယ်မောင်သူတွေကို ဖမ်းဆီးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ BLACK TIGER UG Team က ပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၈ ရက် နာရီခွဲခန့်အချိန်က ရွှေပြည်သာမြို့နယ် အမှတ် ၁၀ ရပ်ကွက်နဲ့ စက်မှုဇုန်ကြားမှာ ဆိုင်ကယ် မောင်းနေသူတွေကိုဖမ်းပြီး ဖုန်းတွေကိုစစ်ဆေးကာ ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြင်းအားမြင့် မိုင်း လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ 

ပြင်းအားမြင့် မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးတွေနဲ့ရာအိမ်မှူးတွေ ထိခိုက်မှုရှိတယ်လို့သိရပေမယ့် အတိအကျသိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။ 

ဒီတိုက်ခိုက်မှုကို BLACK TIGER UG Team ကရဲဘော်တွေနဲ့ ရွှေပြည်သာမြို့နယ် -ပကဖ ရဲဘော်တွေပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘေးအန္တရာယ် စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝေးဝေးနေပေးကြဖို့တိုက်တွန်းထားပြီး  စစ်ကောင်စီ ကလုပ်မယ့် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် သန်ခေါင်းစာရင်းကောက်ယူရာမှာ ကူညီပေးနေတဲ့ ထောက်တိုင်တွေကို  ဆက်လက်အရေးယူသွားမယ်လို့ BLACK TIGER UG Team က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မြိုင် ညောင်ဂျစ်ပင်ရွာက ပျူစောထီးတွေ ကင်းပုန်းထွက်လာချီန်မှာ မိုင်းနင်းမိပြီး ဦး သေဆုံးကာ သေနတ်နဲ့ခဲယမ်းများ သိမ်းဆည်းရရှိ


စက်တင်ဘာ ၂၉ရက်


မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် ညောင်ဂျစ်ပင်ရွာက ပျူစောထီးတွေ ကင်းပုန်းထွက်လာချိန်မှာ နင်းမိုင်းတွေ နင်းမိပြီး ဦးသေဆုံးကာ သေနတ်တလက်နဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

မြိုင်မြို့နယ် တွင်းမပျူကျေးရွာကနေ ညောင်ဂျစ်ပင်ပျူစောထီးကျေးရွာဘက်ကို အင်အား ၃၀၀ ခန့်ပါတဲ့စစ်ကြောင်း စက်တင်ဘာ ၂၇ ရက် မနက် နာရီခန့်အချိန်က ထွက်ခွာလာချိန်မှာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေက ဆွဲမိုင်းနဲ့ တိုက်ခိုက်ဖို့ အသင့်စောင့်နေပေမယ့် အကြမ်းဖက်စစ်သားတွေက ဆွဲမိုင်းကြိုးတွေဖြတ်တောက်သွားတဲ့အတွက် မနက် ၁၁ နာရီအချိန်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ အဲဒီစစ်ကြောင်းကို ထပ်မံတိုက်ခိုက်နိုင်ဖို့ ရှေ့ကနေကြိုတင်နေရာယူပြီး စောင့်နေ ပေမယ့် ညောင်ဂျစ်ပင်ပျူရွာက စစ်ကောင်စီတပ်ဖွဲ့က ၆၀ မမနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် နင်းမိုင်း၊ တိုက်မိုင်းတွေထောင်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း ပြောပါတယ်။

အဲဒီနောက် နာရီခွဲခန့်အချိန်မှာ ညောင်ဂျစ်ပင်ရွာက ပျူစောထီး ၁၀ ဦးခန့် ကင်းပုန်းဝပ်ဖို့ထွက်လာချိန်မှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ နင်းမိုင်းတွေထိပြီး ဦးသေဆုံးသွားတဲ့အတွက် ဒဏ်ရာရသေဆုံးသူတွေကို သယ်ပြီး ညောင်ဂျစ်ပင်ပျူရွာထဲ ပြန်ဝင်သွားကြတယ်လို့ သိရပါတယ်။

နင်းမိုင်းကွဲတဲ့နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၂၈ ရက်က နယ်ရှင်းလင်းရာမှာ ပျူစောထီးတွေ ကိုင်တဲ့ G-3 သေနတ်တလက်၊ ကျည် ၃၄ တောင့်၊ MA ကျည်ဘောက်ခုနဲ့  ပွိုင့် ၅၆ ကျည် ၃၆၂ တောင့် သိမ်းဆည်းရရှိခဲ့ တယ်လို့လည်း သိရပါတယ်။ 

ညောင်ဂျစ်ပင်ပျူစောထီးရွာကိုရောက်နေတဲ့ အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းလည်း စက်တင်ဘာ  ၂၈ ရက်နေ့ မနက် နာရီခွဲအချိန်မှာ ယာဉ်တန်းနဲ့ ပခုက္ကူမြို့ တပ်မ ၁၀၁ ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ တော်လှန်ရေးတပ် တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ဧရာဒေါင်းပြောက်ကြားတပ်ဖွဲ့၊ BLY ပြောက်ကျားတပ်ဖွဲ့နဲ့ Black Cobra Force -ကမ္မတပ် ပေါင်းစုတို့ ပူးပေါင်းစီစဉ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment