12th OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်သူလူထုရဲ့ ရေဘေးဒုက္ခနဲ့ပတ်သက်ပြီး ဝိုင်းဝန်းကူညီကြတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်အသီးသီးနဲ့ အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ကြောင်း ယာယီသမ္မတပြော

📌 ၂။ စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (,၂၂၂) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ NUGက ပံ့ပိုးပေးနိုင်ခဲ့

📌 ၃။ ကလေးဒေသခံပြည်သူတို့ကသံအမတ်ကြီးဦးကျော်မိုးထွန်းနှင့်အတူရပ်တည်ကြောင်း လူထုထောက်ခံပွဲကျင်းပ

📌 ၄။ စစ်တပ်အာဏာသိမ်းပြီးကစ၍ ဆင်းရဲနွမ်းပါးမှုနှစ်ဆဖြစ်လာတဲ့ မြန်မာနိုင်ငံကို ဒေါ်လာ ၁၂၁. သန်း သြစတြေးလျက ပေးအပ်ပံ့ပိုးမည်

📌 ၅။ စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရသော ကိုပိုင်ဖြိုးမင်း(ဒီရေ)နှင့် ကိုရှိန်းဝေအောင်တို့အတွက် ဘေးကင်းလုံခြုံမှုနှင့် အခြေခံလူ့အခွင့်အရေး ရရှိနိုင်ရေးအပေါ် အလေးအနက်ထား အာရုံစိုက်ပေးရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ကိုတောင်းဆို

📌 ၆။ AAထိန်းချုပ်မှုအောက်ရှိ ဒေသများတွင် ဝါကျွတ်-တန်းဆောင်မုန်း အခါကြီး ရက်များအတွင်း ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် ရပ်ရွာများတွင် မီးထွန်းပွဲတော် ကျင်းပပြုလုပ်ခြင်းများကို သတိနှင့် လုပ်ရန်၊ လူစုလူဝေးလုံးဝ" မပြုလုပ်ရန် နိုဗာ()စစ်ဒေသ ထုတ်ပြန်

📌 ၇။ အောက်တိုဘာလ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၃) ဦး စုစုပေါင်း (၂၂) ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကိုင်း တပ်မ 33မှ မုံရွာ နမခသို့ ဆင်းလာသော သံပြားကား 4စီးအား ကြားဖြတ်တိုက်ခိုက်

🚩 ၂။ ဂန့်ဂေါမြို့ သန်းခေါင်စာရင်း ကောက်ယူနေသော ထွေအုပ်ရုံးနှင့် လဝကရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

🚩 ၃။ ရေဦးမြို့ ဂါဝီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်

🚩 ၄။ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးများအပါအဝင် (၁၂)ဦးခန့် သေဆုံး

🚩 ၅။ မုံးစီမြို့နယ် ရေပူစမ်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ()ဦး ထိခိုက်ဒဏ်ရာရ

🚩 ၆။ မင်းလှမြို့နယ်မှ အင်အား ၁၀၀ ၀န်းကျင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ၀င်ရောက် လှည့်လည်ပြီး ပစ္စည်းများ ခိုးယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ပြည်သူလူထုရဲ့ ရေဘေးဒုက္ခနဲ့ပတ်သက်ပြီး ဝိုင်းဝန်းကူညီကြတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်အသီးသီးနဲ့ အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ကြောင်း ယာယီသမ္မတပြော


အောက်တိုဘာ၁၁ရက်

Radio NUG

ပြည်သူလူထုရဲ့ ရေဘေးဒုက္ခနဲ့ပတ်သက်ပြီး ဝိုင်းဝန်းကူညီကြတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်အသီးသီးနဲ့ အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။


"လက်ရှိ ကြုံနေရတဲ့ ပြည်သူလူထုရဲ့ ရေဘေးဒုက္ခနဲ့ပတ်သက်ပြီး ဝိုင်းဝန်းကူညီကြတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်အသီးသီးနဲ့ အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပြည်တွင်းမှာလည်း ပြည်သူမှ ပြည်သူသို့ ကူညီတဲ့ ကူညီကယ်ဆယ်ရေး လှုပ်ရှားမှုတွေကို အမြောက်အမြား တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာရောက် မြန်မာအသိုင်းအဝိုင်းကလည်း လက်လှမ်းမှီသမျှ အဝေးကနေ ကူညီလုပ်ဆောင်တာတွေရှိလို့ ဝမ်းသာကြောင်း၊ ပီတိဖြစ်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ခေါင်းဆောင်တွေနဲ့ ဝန်ကြီးဌာနအသီးသီးက ရဲဘော်၊ ရဲဘက်တွေကလည်း ရေဘေးကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး ဝိုင်းဝန်း ချိတ်ဆက် လုပ်ဆောင်ပေးကြတာရှိလို့ အားလုံးကို တစ်ပါတည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်"လို့ ယာယီသမ္မတကပြောပါတယ်။


လက်ရှိမှာသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ရှောင်ရန်ဆောင်ရန်အချက်များအပါအဝင် ရာသီဥတုဆိုင်ရာ မိုးလေဝသ သတင်းများကိုလည်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (,၂၂၂) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ NUGက ပံ့ပိုးပေးနိုင်ခဲ့


အောက်တိုဘာ ၁၁ရက်

Radio NYG

စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (,၂၂၂) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံNUGက ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အောက်တိုဘာ၁၁ရက်မှာ သတင်းထုတ်ပြန်ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (,၂၂၂) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူ အလှူငွေဖြစ်သည့် ငွေကျပ် (,၂၂၂) သန်းကို  နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၁၀၁,၃၆၀) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၃၆၆.) သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၂၅၇) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၄၄၆) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅၉.) သန်း၊ CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.) သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.) သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက်  ငွေကျပ် (၇၂၁.) သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၆၆.) သန်း စက်တင်ဘာလအတွင်း ပြည်နယ်နှင့်တိုင်းဒေသအလိုက် ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူ ဦးရေ (၇၄၁,၆၀၄) ဦးအတွက် ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


တော်လှန်ရေးကာလ () နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူကြောင်းဖော်ပြပါတယ်။


========================


📌📌 ၃။ ကလေးဒေသခံပြည်သူတို့ကသံအမတ်ကြီးဦးကျော်မိုးထွန်းနှင့်အတူရပ်တည်ကြောင်း လူထုထောက်ခံပွဲကျင်းပ


အောက်တိုဘာလ(၁၁)ရက်

Radio NUG

ကလေးဒေသခံပြည်သူတို့က သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့်အတူရပ်တည်ကြောင်း လူထုထောက်ခံပွဲကို အောက်တိုဘာလ ၁၁ရက်မှာ ကျင်းပခဲ့ပါတယ်။


ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့်၊ ဒေသခံပြည်သူနှင့်အတူ ပူးပေါင်းကာ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ ရပ်တည်ကြောင်း လူထုထောက်ခံပွဲ တရပ်ကိုကျင်းပခဲ့တယ်လို့ ဖော်ပြပါတယ်။


ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုကိုငြိမ်ခံမနေပဲ၊ စစ်အာဏာရှင်စနစ်ကို "ကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်ကာ " တော်လှန်ရေးမီးစာ အမြင့်ဆုံးသို့မြှင့်တင်ကာ၊ ရရာကဏ္ဍ အသီးသီးမှ ပါဝင်တိုက်ပွဲဝင်နိုင်ရန် တိုက်တွန်းအပ်တယ်လို့လည်း ဆိုပါတယ်။


========================


📌📌 ၄။ စစ်တပ်အာဏာသိမ်းပြီးကစ၍ ဆင်းရဲနွမ်းပါးမှုနှစ်ဆဖြစ်လာတဲ့ မြန်မာနိုင်ငံကို ဒေါ်လာ ၁၂၁. သန်း သြစတြေးလျက ပေးအပ်ပံ့ပိုးမည်


အောက်တိုဘာ ၁၁ 

Radio NUG 


မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်ကစ၍ ဆင်းရဲနွမ်းပါးမှုနှစ်ဆဖြစ်လာပြီး ပြင်းထန်တဲ့ရာသီဥတုဖြစ်စဥ်တွေကို အကြုံတွေ့ရဆုံး ကမ္ဘာ့ဒုတိယနိုင်ငံဖြစ်လာကာ အကြပ်အတည်း ပိုမိုဆိုးရွားလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ ကျားမ တန်းတူညီမျှမှုက ပြန်လည်နိမ့်ကျသွားပြီး အမျိုးသမီးများနဲ့ မိန်းကလေးငယ်များရဲ့ လူ့အခွင့်အရေးတွေက စိုးရိမ်ဖွယ်အခြေအနေ ရောက်လာတာကြောင့် ဒီနှစ်မှာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာ ၁၂၁. သန်းကို သြစတြေးလျက ပေးအပ်ပံ့ပိုးမှာ ဖြစ်ကြောင်း ဩစတြေးလျသံရုံးက International Day Of The Girl Child ထုတ်ပြန်ချက်နဲ့အတူ သတင်းထုတ်ပြန်ပါတယ်။


ကူညီပံ့ပိုးမှုတွေက ရောက်ရှိဖို့ ခက်ခဲတဲ့ ဒေသတွေ၊ ပဋိပက္ခဒဏ်ခံ ဒေသတွေရှိ ထိခိုက်လွယ် လူထု၊  အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအတွက် အစဥ်အမြဲ အထူးပြုထားပြီး ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးမှုအပါအဝင် အရေးတကြီး လိုအပ်ချက်တွေနဲ့ ဆက်လက်လိုအပ်မြဲကဏ္ဍတွေအတွက် ဦးစားပေးထားပါတယ်လို့ ဖော်ပြထားပါတယ်။


အထူးသဖြင့် အမျိုးသမီးများနဲ့ မိန်းကလေးငယ်များဟာ ဆင်းရဲနွမ်းပါးမှု၊ ရာသီဥတုပြောင်းလဲမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ မြန်မာနိုင်ငံမှာဆိုရင် ပဋိပက္ခတွေရဲ့သက်ရောက်မှုကို ပိုမိုရင်ဆိုင်ခံစားရတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရသော ကိုပိုင်ဖြိုးမင်း(ဒီရေ)နှင့် ကိုရှိန်းဝေအောင်တို့အတွက် ဘေးကင်းလုံခြုံမှုနှင့် အခြေခံလူ့အခွင့်အရေး ရရှိနိုင်ရေးအပေါ် အလေးအနက်ထား အာရုံစိုက်ပေးရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ကိုတောင်းဆို


အောက်တိုဘာ၁၁ရက်

Radio NUG

စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရသော ကိုပိုင်ဖြိုးမင်း(ဒီရေ)နှင့် ကိုရှိန်းဝေအောင်တို့အတွက် ဘေးကင်းလုံခြုံမှုနှင့် အခြေခံလူ့အခွင့်အရေး ရရှိနိုင်ရေးအပေါ် အလေးအနက်ထား အာရုံစိုက်ပေးရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ကိုတောင်းဆိုလိုက်ပါတယ်။


အောက်တိုဘာ၁၁ရက်မှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြပါတယ်။


မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ လူ့အခွင့် အရေးအပြည့်အဝ ရရှိရေးတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားလျက်ရှိသော ကိုပိုင်ဖြိုးမင်း (ဒီရေ) နှင့် ကိုရှိန်းဝေအောင် တို့ကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် အောက်တိုဘာလ၊ () ရက်နေ့ ညနေပိုင်း တွင် ဖမ်းဆီးခဲ့ကြောင်း မိမိတို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် သိရှိရတယ်လို့ဖော်ပြပါတယ်။


ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားမှုများ လုပ်ဆောင်နေသော လူငယ်နှစ်ယောက်အနေဖြင့် ၎င်းတို့၏ ဒီမိုကရေစီတည်ဆောက်ရေးနှင့် တရားမျှတမှုပြန်လည်ရရှိရေး လုပ်ရပ်များကြောင့် လက်ရှိအခြေအနေတွင် စစ်ကောင်စီ၏ အသက်အန္တရာယ်ထိခိုက်နိုင်လောက်သည်အထိ နှိပ်စက်မှုကို ကြုံရနိုင်တယ်လို့ဖော်ပြပါတယ်။


ကိုပိုင်ဖြိုးမင်း (ဒီရေ) နှင့် ကိုရှိန်းဝေအောင်တို့အနေဖြင့် ထိုကဲ့သို့သော အသက်သေစေလောက်နိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရနိုင်ကြောင်း မိမိတို့အနေဖြင့် လွန်စွာ စိုးရိမ်ရပြီး ထိုအခြေအနေများကြောင့် အပြည်ပြည်ဆိုင်ရာ သံရုံးများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့အနေဖြင့် အဆိုပါ လူငယ်နှစ်ဦး၏ ဘေးကင်းလုံခြုံမှုနှင့် အခြေခံလူ့အခွင့်အရေး ရရှိနိုင်ရေးအပေါ် အလေးအနက်ထား အာရုံစိုက်ပေးရန် မိမိတို့အနေဖြင့်တောင်းဆိုအပ်တယ်လို့ ဆိုပါတယ်။


========================


📌📌 ၆။ AAထိန်းချုပ်မှုအောက်ရှိ ဒေသများတွင် ဝါကျွတ်-တန်းဆောင်မုန်း အခါကြီး ရက်များအတွင်း ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် ရပ်ရွာများတွင် မီးထွန်းပွဲတော် ကျင်းပပြုလုပ်ခြင်းများကို သတိနှင့် လုပ်ရန်၊ လူစုလူဝေးလုံးဝ" မပြုလုပ်ရန် နိုဗာ()စစ်ဒေသ ထုတ်ပြန်


အောက်တိုဘာ ၁၁ 

Radio NUG 

အာရက္ခတပ်တော် AA ထိန်းချုပ်မှုအောက်ရှိ ဒေသများတွင် ဝါကျွတ်-တန်းဆောင်မုန်း အခါကြီး ရက်များအတွင်း ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် ရပ်ရွာများတွင် မီးထွန်းပွဲတော် ကျင်းပပြုလုပ်ခြင်းများကို သတိနှင့် လုပ်ရန်၊ လူစုလူဝေးလုံးဝ" မပြုလုပ်ရန် နိုဗာ()စစ်ဒေသမှ သတင်းထုတ်ပြန်ပါတယ်။


လူအရေအတွက် အများအပြား စီးနင်းလိုက်ပါသည့် ကားများဖြင့် မြို့ထက်များ၌ လှည့်ပတ်ခြင်း၊ တစ်မြို့ နှင့် တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ ကားများဖြင့် ဆောင်းဘောက်များဖွင့်ပြီး ကခုန်အော်ဟစ်ခြင်းများ မပြုလုပ်ရန်၊ လူစုလူဝေးဖြစ်စေတဲ့ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုး၊  ဇာတ်သဘင်နှင့် လောင်းကစားကျင်းပခြင်းများ မပြုလုပ်ရန်၊ ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူအတန်း ပြုလုပ်ခြင်းများအား လူစုလူဝေး များစွာဖြင့် မပြုလုပ်ရန်၊ မြို့၊ ရွာများအတွင်း ဆောင်းဘောက်များ ဆူညံစွာဖွင့်ခြင်း၊ လူမှုပတ်ဝန်းကျင်ကို အသံ၊ အပြုအမူများဖြင့် အ‌နှောက်အယှက်ဖြစ်စေတဲ့ လုပ်ရပ်များ မပြုလုပ်ရန် စည်းကမ်းချက်များ ထုတ်ပြန်ထားပါတယ်။


အထက်ပါစည်းကမ်းများအား တိကျစွာလိုက်နာရန် လိုကြောင်း၊ နားလည်သဘောပေါက်ရန် ရှင်းလင်း ပြောကြားရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများမှ ပြည်သူများလိုက်နာခြင်း ရှိမရှိ စောင့်ကြည့်ကြပ်မတ်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ အလစ်ငိုက်ချောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် လုပ်ရပ်များကြောင့် မလိုလားအပ်သည့် အစုလိုက်အပြုံလိုက် အသက်သေဆုံးမှုများ မဖြစ်စေရေး ကာကွယ်တားဆီးနိုင်ရန်အတွက် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။


========================


📌📌 ၇။ အောက်တိုဘာလ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၃) ဦး စုစုပေါင်း (၂၂) ဦး သေဆုံးခဲ့


အောက်တိုဘာ၁၁ရက်

Radio NUG

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၃) ဦး စုစုပေါင်း (၂၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။


အဆိုပါ (၂၂) ဦးစလုံးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရခြင်းဖြစ်ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် () ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ () ဦး ပါဝင်တယ်လို့သိရပါတယ်။


အောက်တိုဘာလ ရက်နေ့၊ ၁၁ နာရီ ၁၀ မိနစ်ကျော်ခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့၊ အမှတ်() ရပ်ကွက်၊ ရွာသစ်ဈေးအနီး () လမ်းမကြီးနှင့် () လမ်းမကြီးကြားရှိ နေအိမ်များပေါ်သို့ အကြမ်းဖက်စစ်အုပ်စု၏ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၃ ဦး ဗုံးစထိမှန်၍ သေဆုံးခဲ့ကြရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်ကိုင်း တပ်မ 33မှ မုံရွာ နမခသို့ ဆင်းလာသော သံပြားကား 4စီးအား ကြားဖြတ်တိုက်ခိုက်


အောက်တိုဘာ ၁၁ 

Radio NUG 

အောက်တိုဘာလ ၁၀ရက်နေ့တွင် စစ်ကိုင်း တပ်မ33မှ  မုံရွာ နမခသို့  ထွတ်လာသော သံပြားကာ 4စီးအနက်  ရှေ့2စီးအား မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌  ပြောက်ကြားပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BRAVE HEART ARMY-BHA မှ သတင်းထုတ်ပြန်ပါတယ်။


အတွင်းသတင်းပေးပို့ချက်အရ ၁ဦး သေပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိတယ်လို့ သိရပါတယ်။


သံပြားကာကားမှာလည်း တိုက်ပွဲအနီးတွင် တစ်စီးမှာ ထိုးရပ်ခဲ့ပြီး မုံရွာ နမခမှ စစ်ကူထွက်လာသော သံပြားကာကား နှစ်စီးဖြင့် လာရောက်ဆွဲသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA မှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFGနှင့် လက်တွဲညီညီ တိုက်ခိုက်ခဲ့ပြီး စခကင်းပုန်းများနှင့် ကားပေါ်ပါလာသော စခများမှာ လက်နက်ကြီး-လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း  ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဂန့်ဂေါမြို့ သန်းခေါင်စာရင်း ကောက်ယူနေသော ထွေအုပ်ရုံးနှင့် လဝကရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်


အောက်တိုဘာ ၁၁ 

Radio NUG 


အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဂန့်ဂေါမြို့ အကြမ်းဖက် စစ်သားများ တပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် သန်းခေါင်စာရင်းလိုက်လံ ကောက်ယူနေသော လဝကရုံးတို့ကို ဒရုန်းဖြင့် ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ဦး ထိခိုက်မှုရှိကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ - Hyper UAV Force မှ သိရပါတယ်။


နောက်ဆက်တွဲသတင်း စုံစမ်းနေဆဲဖြစ်ပြီး တရားမဝင်ရွေး‌ကောက်ပွဲကို ရသလောက်အင်အားနဲ့ တားဆီးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် ဂန့်ဂေါမြို့အခြေစိုက်  ခလရ ၅၀ တပ်ရင်းမှ ပြည်သူများနေထိုင်ရာ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၃။ ရေဦးမြို့ ဂါဝီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်


အောက်တိုဘာ ၁၁ 

Radio NUG 

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဂါဝီ စစ်ဆေးရေးဂိတ်ကို လှုပ်ရှားတပ်ခွဲ () မှ ရဲဘော်များက ၄၀ မမ ဗုံးသီးများ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force (FRF) တပ်ဖွဲ့မှ သိရပါတယ်။


ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၄။ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးများအပါအဝင် (၁၂)ဦးခန့် သေဆုံး


အောက်တိုဘာ ၁၁ 

Radio NUG 


အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (:၃၀)ဝန်းကျင်အချိန်တွင် မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား အကြမ်းဖက် စစ်ကောင်စီသည်  အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သတင်းထုတ်ပြန်ပါတယ်။


 မတ္တရာမြို့နယ် စစ်ဘေးရှောင်များ ရှိရာ ဝေါစုရွာ အောင်မင်္ဂလာသုခဘုန်းကြီးကျောင်းထဲသို့ မွန်းလွဲ၁၂နာရီ၂၅အချိန်တွင် တံတားဦးတက် J-fighter 1စီးဖြင့် ပေါင် ၂၀၀ ဗုံသီး ၁လုံးနှင့်ကြဲချပြီး စက်သေနတ်အကြီးဖြင့် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့်  အသက် ၁၀နှစ်ခန့် ကလေး ၁ဦး အပါဝင် ပြည်သူ ၉ဦး သေဆုံးကာ သံဃာ ၃ပါးပျံလွန်တော်မူခဲ့ပြီး ၅ဦးထက်မနည်း စိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။


အလားတူ ညနေပိုင်းအချိန်တွင်လည်း မိတ္ထီလာတက် J-fighter 2စီးဖြင့် တုန်ကုန်းရွာနှင့် ယမ်းကုန်းရွာ အနီးတဝိုက်သို့ လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားတယ်လို့ အတည်ပြုထားပါတယ်။


ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား ပြုလုပ်ခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့် လုံးဝမသက်ဆိုင်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်‌ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


မတ္တရာမြို့နယ်ထဲသို့ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်၍ ယမ်းကုန်းရွာထဲရှိ ပြည်သူပိုင် အိမ်များကို ထပ်မံ မီးရှို့ခဲ့ပါတယ်။


========================


🚩🚩 ၅။ မုံးစီမြို့နယ် ရေပူစမ်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ()ဦး ထိခိုက်ဒဏ်ရာရ


အောက်တိုဘာ ၁၁ 

Radio NUG 

အောက်တိုဘာလ ၁ဝ ရက်နေ့ နံနက်(:၃၀)အချိန်တွင် မုံးစီးမြို့နယ် ရေပူစမ်းကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ()လုံး လာရောက်ကြဲချခဲ့ပြီး အရပ်သား ()ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ အဆောက်အဦးတစ်ချို့ ပျက်စီးသွားခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။


၎င်းနေရာသည် မုံးစီးမြို့နယ်နှင့် တာမိုးညဲမြို့နယ် ပြည်သူများ၏ အပန်းဖြေစခန်းတစ်ခုသာဖြစ်ပြီး စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူလူထုကို ဦးတည်ကာ ဂျက်ဖိုက်တာဖြင့် လာရောက်ကျဲချ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ မင်းလှမြို့နယ်မှ အင်အား ၁၀၀ ၀န်းကျင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ၀င်ရောက် လှည့်လည်ပြီး ပစ္စည်းများ ခိုးယူ


အောက်တိုဘာ ၁၁ 

Radio NUG 


မင်းလှမြို့နယ်အတွင်းရှိ ကပစ ၁၀ (ကုန်းကြီး) ကပစ (မလွန်) နှင့် သရက်မြို့နယ်အတွင်းရှိ ကပစ ၁၂ (သရက်) တို့မှ အင်အား ၁၀၀ ၀န်းကျင်ဖြင့် စုပေါင်းဖွဲ့စည်းကာ ပြည်သူလူထုအား လိုက်လံ ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် မင်းတုန်းမြို့နယ်အတွင်းရှိ ကျောက်ဖျာလည် / တိုင်တား / သမင်ကတုတ် / ခုန်တိုင်ကျင်း/မြုံး၀ ကျေးရွာများသို့ ၀င်ရောက် လှည့်လည်ပြီး လက်နက်ကြီး လက်နက်ငယ်များ ပစ်ဖောက်သောင်းကျန်းကာ ပြည်သူလူထု၏ ရွှေ၊ ငွေ၊ ကြက်နှင့် စားသောက်ကုန်များ၊ အ၀တ်စားများပါမကျန် ခိုးယူသွားခဲ့ကြောင်း မင်းတုန်းမြို့နယ်ပကဖမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါကျေးရွာများ အားလုံးမှ ခိုးယူခံရသော ဆုံးရှုံးတန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၇၀၀ ၀န်းကျင် ရှိတယ်လို့ သိရပါတယ်။


အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၁၀ ရက်နေ့ ညနေ နာရီအချိန်တွင် မင်းတုန်းမြို့နယ် ကျောက်တိုင်ကျေးရွာ အကြမ်းဖက်စစ်ကောင်စီ စခန်းသို့ ဆုတ်ခွာသွားပြီး ထိုမှတဆင့် ၎င်းတို့ မိခင်တပ်ရင်းများသို့ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အောက်တိုဘာလ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနှစ်တွင် မင်းတုန်းမြို့နယ်အတွင်းရှိ ကျောက်ဖျားလည်ကျေးရွာသို့ ၀င်ရောက်ကာ ပြည်သူလူထုရဲ့ နေအိမ်များအား မွှေနှောက်ဖျက်ဆီးပြီး ရွှေ၊ ငွေများအား ခိုးယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ချဉ်းကပ်၀င်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်‌ကောင်စီ တပ်ဖွဲ့၀င် ဦး ထိမှန်ပြီး ဒဏ်ရာများရရှိသွားကြောင်း သိရပါတယ်။ 


မင်းတုန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများကြောင့်  ထွက်ပြေးတိမ်းရှောင်ရသည့် အချိန်များတွင် ရွှေငွေနှင့် အရေးကြီးစာရွက်စာတမ်းများအား အဓိကထားပြီး  ကိုယ်နှင့်မကွာ ယူဆောင်သွားကြပါရန်နှင့် ဆေးဝါး၊ ရိက္ခာ၊ သတင်းဆိုင်ရာ လိုအပ်ချက်များရှိပါက မင်းတုန်းပကဖအား ဆက်သွယ်ပေးကြပါရန် ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment