20th OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရသည့်ဖြစ်ရပ်ကို ကန့်ကွက် ရှုံ့ချကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

📌 ၂။ အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တွေ့ဆုံ

📌 ၃။ ပြင်သစ်၊ စပိန်နှင့် ဂျာမဏီအစိုးရတို့က လူမဆန်သော အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်းဖော်ပြထားသော်လည်း လက်တွေ့မှာ ထောက်ပံ့ပေးနေ

📌 ၄။ စက်တင်ဘာလအတွင်း နိုင်ငံအလိုက် ထောက်ပို့တပ်သားဦးရေ၊ ထောက်ပို့ငွေပမာဏ အများဆုံး နိုင်ငံတွေ ထုတ်ပြန် 

📌 ၅။ စက်တင်ဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ ၂၀ ထုတ်ပြန်

📌 ၆။ ဝမ်ဟိုင်း ဌာနချုပ်သို့  ရှောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများကို  SSPP/SSA မှ ကူညီပေး


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စံပြ‌ကျေးရွားအနီးရှိ စကခ(၁၉)လက်အောက်ခံ ခမရ(၅၈၈)စစ်ကောင်စီ၏ ယာယီအထိုင်စခန်းအား တိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

🚩 ၂။ မန္တလေး-မြင်းခြံ လမ်းပိုင်းပေါ်ရှိ ကုက္ကဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်

🚩 ၃။ ပျူရွာများသို့ ရိက္ခာ‌ပို့ပေးသည့် ကားများကို ဖမ်းဆီး

🚩 ၄။ မရမ်းကုန်းမြို့နယ် စစ်တပ်ဝင်း အဝင်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်

🚩 ၅။ မောင်တောမှာ စစ်ကောင်စီနေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ဦး ဒဏ်ရာရ

🚩 ၆။ ကိုင်းရွာမှ ကိုယ်ဝန်ဆောင်မိခင် ဦး အပါအဝင် ပြည်သူ ဦးကို  သတ်ဖြတ်ခဲ့သော စစ်တပ်စစ်ကြောင်းကို  လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် 

🚩 ၇။ ကျောက်ဆည်တွင် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းတဲ့ အမှုပွဲစား လုပ်နေသူ ဦး ပစ်ခတ်ခံရပြီး သေဆုံး

🚩 ၈။ ကျုံဒိုးမြို့နယ်၌ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ()ဦး သေဆုံးခဲ့ရပြီး နေအိမ် () လုံးနှင့် ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့ရ

🚩 ၉။ နောင်ချိုမြို့ကို နေ့လယ်ပိုင်းတွင် ထပ်မံဗုံးကျဲ ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရသည့်ဖြစ်ရပ်ကို ကန့်ကွက် ရှုံ့ချကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်


အောက်တိုဘာ ၁၉ 

Radio NUG

အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးအား ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိုကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပျက်ပြားစေမည့် အကြမ်းဖက်လုပ်ရပ်များ၊ အကာအကွယ်ပေးရမည့် သံတမန်ဆိုင်ရာအဆောက်အအုံအား တိုက်ခိုက်သည့် လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


ထိုဖြစ်ရပ်‌ကြောင့် လူမျိုးရေး အမုန်းတရား ပဋိပက္ခ ဖြစ်ပွားမည်ကိုလည်း အထူးပင် စိုးရိမ်မိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အစဥ်တစိုက်ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ ခုနှစ် ဧပြီလကတည်းက အိမ်နီးချင်းနိုင်ငံများအပေါ် သဘောထားကြေညာချက်ကို ထုတ်ပြန်ထားသကဲ့သို့၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် စပ်လျဥ်းသည့် မူဝါဒကို ထုတ်ပြန်ကြေညာထားပြီး ဖြစ်တာကြောင့် ထုတ်ပြန်ထားသည့် မူဝါဒသဘောထားများအတိုင်း ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံ ဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုတယ်လို့ ဖော်ပြထားပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်သကဲ့သို့၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရေး၊ ကောင်းမွန်သောဆက်ဆံရေး၊ ပြည်သူ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဥ်တစိုက်ဦးတည်သွားမည်ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံများ၏ ပုံရိပ်ကို ထိခိုက်စေမည့် ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များကို ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တွေ့ဆုံ


အောက်တိုဘာ ၁၉ 

Radio NUG

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန၏ Deputy Director General , Principal Director for Asia, Oceania ed Antarctica. Directorate General for Globalization ဖြစ်သူ Ms. Alessandra Schiavo နှင့် အခြားအစိုးရတာ၀န်ရှိသူများအား အီတလီနိုင်ငံ ရောမမြို့ရှိ နိုင်ငံခြားရေး နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ရုံးခန်းတွင် တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ NUG သဘောထားကို ဆွေးနွေးခဲ့ရာတွင် အကြမ်းဖက်စစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပခွင့်ရှိသည့် အာဏာ၊ လုပ်ပိုင်ခွင့်မရှိကြောင်း၊ ယခုကြိုးပမ်းနေမှုသည် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး စစ်မှန်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလမ်းကြောင်းကို သွားနိုင်မည်မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာမှုနှင့် တစ်ဖက်တွင်လည်း အကြမ်းဖက်စစ်အုပ်စု၏ နယ်မြေဆုံးရှုံးမှု၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုအခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


ပြည်ထောင်စု၀န်ကြီးက နိုင်ငံတကာအနေဖြင့် ယခုထက်ပိုမိုအရေးယူဆောင်ရွက်မှုကို လိုအပ်နေကြောင်း၊ အခြားကြီးမားသော ကမ္ဘာ့ဖြစ်ရပ်များကြောင့် မြန်မာ့အရေးကို မမေ့လျော့စေလိုကြောင်း၊ အာဆီယံအပါအဝင် တစ်ကမ္ဘာလုံးက အကြမ်းဖက်စစ်အုပ်စုကို မှန်ကန်ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဆထက်တပိုး လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။


နိုင်ငံခြားရေးရာ တာ၀န်ရှိသူများဘက်ကလည်း အီတလီနိုင်ငံအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို အမြဲတမ်း စိတ်ဝင်တစား စောင့်ကြည့်လေ့လာကာ လိုအပ်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန်အတွက် အီတလီနိုင်ငံအနေဖြင့်ဖြစ်စေ ဥရောပသမဂ္ဂ အဖွဲ့၀င်နိုင်ငံများအနေဖြင့် ဖြစ်စေ ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း  ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးသည် အီတလီနိုင်ငံ အောက်လွှတ်တော် ကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် ဥရောပကောင်စီ လွှတ်တော်အမတ် ဖြစ်သူ Hon. Piero Fassino နှင့် အီတလီနိုင်ငံ ရောမမြို့ရှိလွှတ်တော်အဆောက်အဦ ဧည့်ခန်းမ၌ အောက်တိုဘာ (၁၈ )ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ အကြမ်းဖက်စစ်အုပ်စု၏ အာဏာ၊ နယ်မြေ၊  စိတ်ဓါတ် ကျရှုံးသော အခြေအနေများနှင့် ဒီမိုကရေစီ အင်အားစုများအကြား လက်တွဲလုပ်ဆောင်နေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ် Hon. Piero Fassino မှလည်း အီတလီအောက်လွှတ်တော် အတွင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တရပ် ထုတ်ပြန်နိုင်ရန်အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ပြင်သစ်၊ စပိန်နှင့် ဂျာမဏီအစိုးရတို့က လူမဆန်သော အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်းဖော်ပြထားသော်လည်း လက်တွေ့မှာ ထောက်ပံ့ပေးနေ


အောက်တိုဘာ ၁၉ 

Radio NUG


ပြင်သစ်၊ စပိန်နှင့် ဂျာမဏီအစိုးရများအနေဖြင့် စစ်အုပ်စုထံ လက်နက်စီးဆင်းမှုကို ရပ်တန့်ရေးဆောင်ရွက်ရန် ကတိကဝတ်များ ပြုခဲ့ကြသော်လည်း လက်တွေ့တွင်မူ AviChina တွင် Airbus ဆက်လက်ရင်းနှီးမြှုပ်နှံမှု၊ AVIC နှင့် ကုမ္ပဏီခွဲများတွင် ပါဝင်ပတ်သက်မှုများကို ခွင့်ပြုပေးထားခြင်းသည် လူမဆန်သော အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်းဖော်ပြထားသော်လည်း ထောက်ပံ့ပေးနေကြောင်း သိသာစွာမြင်တွေ့ရတယ်လို့ Justice For Myanmar မှ သတင်းထုတ်ပြန်ပါတယ်။


ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးသည် " ပြည်သူများအပေါ် လုပ်ဆောင်နေသည့် အကြမ်းဖက်ဖြိုခွင်းမှုနှင့် ဆိုးရွားသောရာဇဝတ်မှုများကို ရှုတ်ချခဲ့ပြီး၊ ပြင်သစ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ တရားဝင်မှုရှိသော သဘောဆန္ဒများကို ပံ့ပိုးကူညီရာတွင် မိမိတို့၏ ဥရောပနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ လုံ့လထုတ် ကြိုးပမ်းမှုများကို မနားမနေ ဆက်လက်လုပ်ဆောင်သွားမည်" ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။


စပိန် အစိုးရသည် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူမျာအပေါ် လုံခြုံရေးအဖွဲ့များ ကျူးလွန်သည့် အကြမ်းဖက်မှုများကို အပြင်းထန်ဆုံး ရှုတ်ချခဲ့ပြီးမြန်မာစစ်အုပ်စုသည် ၎င်းတို့၏ တပ်မတော်နေ့ အထိမ်းအမှတ်ကို ကျင်းပနေစဉ် ၎င်းတို့ကာကွယ်ရမည့် ပြည်သူလူထု၏ ရန်သူတော် ဖြစ်လာခဲ့သည်ဟု ရေးသားခဲ့ကာ  ယင်းရာဇဝတ်မှုများအတွက် ကျူးလွန်သူများအား တရားဥပဒေရှေ့မှောက်တွင် အရေးယူနိုင်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ လုပ်ဆောင်သွားမည်ဟုလည်း ရေးသားဖော်ပြခဲ့ပါတယ်။


အလားတူပင် ဂျာမဏီအစိုးရကလည်းအကြမ်းဖက်မှုများရပ်တန့်ရေး၊ ဒီမိုကရေစီနည်းကျ တရားဝင်မှုရရှိထားသည့် အဖွဲ့အစည်းများ ပြန်လည်ဖော်ဆောင်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးရေးတို့ကို တောင်းဆိုခဲ့ပါတယ်။


၎င်းအစိုးရများသည် စစ်အုပ်စုထံ လက်နက်စီးဆင်းမှု ရပ်တန့်အောင် ဆောင်ရွက်မည်ဟု ကတိကဝတ်ပြုခြင်းများ လုပ်ဆောင်ခဲ့ကြသော်လည်း၊ လက်တွေ့တွင် ၄င်းတို့ပိုင် Airbus နှင့် မြန်မာစစ်တပ်ကို တစိုက်မတ်မတ် ထောက်ပံ့နေသည့် တရုတ် AVIC တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်နေမှုများကို မသိကျွိုးကျွံ နှုတ်ဆိတ်နေခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အထူးသဖြင့် တရုတ်ကာကွယ်ရေးကဏ္ဍနှင့် Airbus အကြား ဆက်နွှယ်မှုများ၊ AVIC နှင့် Airbus အကြား ဆက်နွှယ်မှုများကို အသေးစိတ်စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည့်အစား  Airbus နှင့် AVIC တို့အကြား ပိုမိုနက်ရှိုင်းသည့် ဆက်ဆံရေးများ ရရှိလာစေရန် အားပေးကူညီခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ စက်တင်ဘာလအတွင်း နိုင်ငံအလိုက် ထောက်ပို့တပ်သားဦးရေ၊ ထောက်ပို့ငွေပမာဏ အများဆုံး နိုင်ငံတွေ ထုတ်ပြန် 


အောက်တိုဘာ ၁၉ 

Radio NUG


စက်တင်ဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံအလိုက် ထောက်ပို့တပ်သားဦးရေ၊ ထောက်ပို့ငွေပမာဏ အများဆုံး နိုင်ငံတွေကို PRF - People's Revolution Supply Family မှ ထုတ်ပြန်ပါတယ်။


စက်တင်ဘာလအတွင်း ထောက်ပို့တပ်သားဦးရေ အများဆုံးကို မြန်မာနိုင်ငံက ရရှိခဲ့ပြီး ထောက်ပို့ငွေပမာဏ အများဆုံးကို စင်ကာပူနိုင်ငံက ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။


ဒုတိယနှင့် တတိယ ရရှိခဲ့တဲ့ ထောက်ပို့တပ်သားဦးရေနိုင်ငံတွေက စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ဖြစ်ပြီး ဒုတိယနှင့် တတိယ ထောက်ပံ့နိုင်ခဲ့တဲ့ နိုင်ငံတွေက မြန်မာနှင့် အမေရိကန် နိုင်ငံတို့ ဖြစ်ကြပါတယ်။ 


စက်တင်ဘာလအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက်  ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နှာများမှတဆင့် ပြန်လည်တင်ပြသွားမယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ စက်တင်ဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ ၂၀ ထုတ်ပြန်


အောက်တိုဘာ ၁၉ 

Radio NUG


စက်တင်ဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့  ၂၀ ကို PRF - People's Revolution Supply Family မှ ထုတ်ပြန်ပါတယ်။


ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ ငါးဖွဲ့တွင် CSC Citizen Support Center We are One နွေဦးရောင်ခြည်၊ One-to-One CDM Campaign နှင့် OFP FR တို့ ဖြစ်ကြပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များထဲမှာ ပြည်တွင်းပြည်ပ Fundraiser များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပြီး ဒီတာဝန်ကို ပါဝင်ထမ်းဆောင်ပေးကြတဲ့ Fundraiser များ အားလုံးကို လေးစားဂုဏ်ပြုအပ်တယ်လို့ ဖော်ပြထားပါတယ်။


ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ ကျောချင်းကပ် ခွန်အားဖြည့်ရင်း ဒီတော်လှန်ရေးမှာ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၆။ ဝမ်ဟိုင်း ဌာနချုပ်သို့  ရှောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများကို  SSPP/SSA မှ ကူညီပေး


အောက်တိုဘာ ၁၉ 

Radio NUG


အောက်တိုဘာလ ၁၈ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့်  စားသောက်ကုန်ပစ္စည်းများကို နောက်ထပ်တစ်ကြိမ်  သွားရောက်ကူညီခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ သတင်းထုတ်ပြန်ပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များမှ ဝမ်ဟိုင်းမြို့ SSPP/SSA ဌာနချုပ်သို့ ထွက်ပြေး တိမ်းရှောင်ရောက်ရှိ ခိုလှုံကြသည့်   စစ်ဘေးရှောင်ပြည်သူ  အယောက် (၁၁၃)ဦး အတွက် လိုအပ်သည့် စားသောက် ကုန်ပစ္စည်းများ၊ ကျပ်သိန်း ၃၀ ( သိန်းသုံးဆယ်)ကျော် တန်ဖိုးရှိ ဆန်၊ ဆား၊ ဟင်းချိုမှုန့်၊ ခရမ်းချည်သီး၊ ကုလားပဲ ဆီ၊ ကြာဇံ၊ အာလူးနှင့် ကြက်သွန်နီများကို  သွားရောက် ကူညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အုပ်ချုပ်ရေးနယ်မြေအတွင်းသို့  ထွက်ပြေးခိုလှုံ  ရောက်ရှိကြသည့် စစ်ဘေးရှောင်ပြည်သူများ  ၆၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့ထိ ရရှိထားသည့် စာရင်းအရ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်  ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စံပြ‌ကျေးရွားအနီးရှိ စကခ(၁၉)လက်အောက်ခံ ခမရ(၅၈၈)စစ်ကောင်စီ၏ ယာယီအထိုင်စခန်းအား တိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


အောက်တိုဘာ ၁၉ 

Radio NUG


မွန်ပြည်နယ်၊ ရေးမြို့ ရေး - သံဖြူဇရပ် ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီး တပ်စွဲထားသော ခမရ (၅၈၈) မှ စကစယာယီအထိုင်စခန်းအား တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲအမှတ်() ဗျူဟာ (၃၃) စစ်ဆင်ရေးနယ်‌မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မ‌တော် ဒေါနတပ်ရင်းနှင့်အတူ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်များက အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်(:၃၀) မိနစ်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။


နံနက် (:၄၅)မိနစ်အချိန်တွင် ရန်သူစခန်းကုန်းမှ ကင်းလှည့်ရန်ဆင်းလာသော ရန်သူ စကစနှင့် မျက်နှာချင်းဆိုင်တွေ့ကာ နှစ်ဖက်ထိတွေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ခလရ ၁၀၆ မှ ၈၁မမဖြင့် ၄ကြိမ် လက်နက်ကြီးပစ်ကူပေးခဲ့၍ ၃လုံးစံပြကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း ရန်သူစကစဘက်မှ ဗိုလ်ကြီးလှိုင်ဝင်းထွဋ် အပါအဝင် ၅ဦး သေဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြာင်း သိရှိရပြီး သေဆုံး၊ ဒဏ်ရာရ စစ်‌ကောင်စီတပ်သားများအား လူနာတင်ယာဉ် ၄စီးဖြင့် ရေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ သယ်‌ဆောင်သွားကာ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဘက်မှ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ၂ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။


တိုက်ပွဲအတွင်း ရန်သူဘက်မှ MA1 တစ်လက် MA 2 တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တော်လှန်ရေးပူပေါင်း မဟာမိတ်တပ်ဖွဲ့များတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေးတပ်ခွဲ၊ ဒေါနတပ်ခွဲ() ရေးပျောက်ကျားတပ် YGFတပ်ခွဲ၊ ဗျူဟာ (၃၃) အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် MSRF KNLA တပ်ရင်း(၂၇) မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့  (NMSP - AD) မြန်မာနိုင်ငံလုံးဆိုင်ရာ   ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တပ်ရင်း ၁၊ YPDF တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ မန္တလေး-မြင်းခြံ လမ်းပိုင်းပေါ်ရှိ ကုက္ကဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်


အောက်တိုဘာ ၁၉ 

Radio NUG


အောက်တိုဘာလ ၁၈ ရက် ညနေ  ၄နာရီ အချိန်တွင် မန္တလေး-မြင်းခြံ လမ်းပိုင်းပေါ်တွင် အထိုင်ချတပ်စွဲထားသော ကုက္ကဲစခန်းသည် လမ်းသွားလမ်းလာ ပြည်သူများအပေါ် မတရား အခွန်ကောက်ခံနေသောကြောင့် Freedom Revolution Force (FRF) Burmese Guerilla Force (BGF) နှင့် Local People Defense Force 35 ပူပေါင်းမဟာမိတ်အဖွဲ့တို့မှ  40mm () လုံး ပစ်ခတ်ခဲ့ကြောင်း Freedom Revolution Force (FRF)မှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ ပစ်ခတ်မှုသည် စခန်းအတွင်း ထိမှန်သဖြင့် စကစများမှ ပြန်လည်ပစ်ခတ်သောကြောင့် ()ဘက်ထိတွေ့တိုက်ပွဲ မိနစ်(၂၀)ခန့် ဖြစ်ပွားခဲ့ကာ ရန်သူဘက်မှ အထိခိုက်ကို စုံစမ်းဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် စကစများ နောက်မှ လိုက်လာကာ ရွာသာယာရွာအား မီးရှို့နေကြောင်း သိရပါတယ်။


========================


🚩🚩 ၃။ ပျူရွာများသို့ ရိက္ခာ‌ပို့ပေးသည့် ကားများကို ဖမ်းဆီး


အောက်တိုဘာ ၁၉ 

Radio NUG 


အောက်တိုဘာလ ၁၉ရက်နေ့တွင် သရက်ကွ ပျူရွာသို့ ရိက္ခာပို့မည့် light truck ကား နှစ်စီးကို ဖမ်းဆီးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ အနောက်ပိုင်းဇုံမှ သတင်းထုတ်ပြန်ပါတယ်။


ဆန်အိတ် အလုံး ၅၀၊ ဆား 50 kg တစ်အိတ်၊ ပို့ဆောင်သည့် ကားသမားများနှင့်အတူ ကြားဖြတ်၍ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကားပိုင်ရှင်နှင့် ကားသမားများအား လိုအပ်သည်များ စစ်ဆေးမေးမြန်း၍ ပြန်လွှတ်ခဲ့ပြီး ရိက္ခာများအား သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။


ပခုက္ကူမြို့ အခြေစိုက် တပ်မ(၁၀၁)မှ ပြည်သူပိုင်ကားများအား  ပျူရွာများသို့ ရိက္ခာများ ပို့ရန် ဖမ်းဆီးချောဆွဲထားခြင်း ဖြစ်ပါတယ်။


ယခု mission အား မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစုများမှ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မရမ်းကုန်းမြို့နယ် စစ်တပ်ဝင်း အဝင်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်


အောက်တိုဘာ ၁၉ 

Radio NUG


အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် စွယ်တော်လမ်းထောင့်ရှိ အကြမ်းဖက် စစ်တပ်ဝင်း အဝင်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း  God's Hand Forces (GHF) မှ သတင်းထုတ်ပြန်ပါတယ်။


ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို God's Hand Forces (GHF) အဖွဲ့က " M 043 စစ်ဆင်ရေး " တစ်စိတ်တစ်ဒေသအဖြစ် အဌမ အကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ မောင်တောမှာ စစ်ကောင်စီနေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ဦး ဒဏ်ရာရ


အောက်တိုဘာ ၁၉ 

Radio NUG


အောက်တိုဘာ ၁၉ ရက်နေ့ မနက် နာရီကျော်ခန့်တွင် မောင်တောမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီနေဗီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခမင်းသမီး မီဒီယာမှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီနေဗီက ပစ်ခတ်တဲ့ လက်နက်ကြီးက မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာမှ ဒေသခံတစ်ဦးနှင့် မောင်တောမြို့၊ ကညင်တန်းရပ်ကွက်မှ ဒုညောင်ပင်ကြီးရွာသို့ စစ်ဘေးရှောင်နေသူ ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ကိုင်းရွာမှ ကိုယ်ဝန်ဆောင်မိခင် ဦး အပါအဝင် ပြည်သူ ဦးကို  သတ်ဖြတ်ခဲ့သော စစ်တပ်စစ်ကြောင်းကို  လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် 


အောက်တိုဘာ ၁၉ 

Radio NUG 


ပခုက္ကူမြို့နယ်၊ ကိုင်းရွာမှ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းကို ရော့ကတ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Cobra One မှ သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာလ ၁၇ ရက်နေ့က ပခုက္ကူမြို့နယ်၊ ကိုးပင်ရွာမှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ကိုင်းရွာအတွင်းသို့ ဝင်ရောက်ပြီး ကိုယ်ဝန်သည်အမျိုးသမီး တစ်ဦး အပါအဝင် အမျိုးသမီး ဦး၊ အမျိုးသား ဦးတို့ကို ရက်ရက်စက်က် သတ်ဖြတ်ကာ အင်ပင် ကျေးရွာရှိ အကြမ်းဖက်စစ်တပ် စခန်းအတွင်းသို့ ဝင်ရောက်သွားတယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် အောက်တိုဘာလ ၁၇ ရက်နေ့ နာရီအချိန်ခန့် အင်ပင်ကျေးရွာအတွင်းမှ ထပ်မံ ထွက်ခွာလာသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရော့ကတ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အင်ပင်ကျေးရွာအတွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Cobra One BaNyein တပ်ဖွဲ့ The Red Revolters နှင့် Young Force - UG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ကျောက်ဆည်တွင် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းတဲ့ အမှုပွဲစား လုပ်နေသူ ဦး ပစ်ခတ်ခံရပြီး သေဆုံး


အောက်တိုဘာ ၁၉ 

Radio NUG


အောက်တိုဘာ ၁၈ ရက်နေ့ နာရီခန့်တွင် ကျောက်ဆည်မြို့နယ် ပွတ္တိုင်ရွာတွင် နေထိုင်သော  စစ်တပ်နှင့် ပေါင်းပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းတဲ့ အမှုပွဲစား လုပ်နေသူ ဦး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မြေအောက် တော်လှန်ရေးအဖွဲ့မှသိရပါတယ်။


သေဆုံးသွားသော ချယ်ရီဝင်းသည် စစ်မှူထမ်းနဲ့ ပက်သတ်ပြီး ကျေးရွာအတွင်း ခြိမ်းခြောက်ခြင်း၊ စစ်တပ်နှင့် ပေါင်း၍ အမှုပွဲစား လုပ်ခြင်းနှင့် သန်းခေါင်စာရင်း ကောက်ယူမှုများကို နောက်ကွယ်မှ ပံ့ပိုးပေးနေသူ တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။


အမှုပွဲစား ချယ်ရီဝင်းက မြို့နယ်မှူး၊ တိုင်းမှူးနှင့် နယ်ထိမ်းရဲများကို တိုက်ရိုက်ဆက်သွယ်ထားသော ဖုန်းပြောဆိုမှုများ ရှိတဲ့ဖုန်းကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ ကျုံဒိုးမြို့နယ်၌ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ()ဦး သေဆုံးခဲ့ရပြီး နေအိမ် () လုံးနှင့် ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့ရ


အောက်တိုဘာ ၁၉ 

Radio NUG 


ကျုံဒိုးမြို့နယ်အတွင်း အောက်တိုဘာလ (၁၈) ရက်နေ့ နေ့လည် (၁၂:၄၅) မိနစ်အချိန်ဝန်းကျင်၌ (စကခ-၁၂) လက်အောက်ခံ (ခမရ-၂၃၁) တပ်ရင်း လက်အောက် တပ်သစ်အမြှောက်ကုန်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပြည်သူလူထုများ နေထိုင်ရာကျေးရွာများအတွင်းသို့ ပစ်မှတ်ထား ပစ်ခတ်ခဲ့ရာ တောင်ကြာအင်း ကျေးရွာအတွင်းသို့ () လုံးနှင့် မြောက်ကြာအင်းကျေးရွာအတွင်းသို့ () လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မြောက်ကြာအင်းကျေးရွာနေ ဦးဖိုးအို (၇၁) နှစ် မှာ လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ရသလို မြောက်ကြာအင်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲသော လက်နက်ကြီးများကြောင့် ကျေးရွာနေ ဦးဖိုးသိန်း (၇၀) နှစ်လည်း ကျည်စထိမှန် ဒဏ်ရာရရှိကာ ဒေါ်သိန်းလုံ၏ နေအိမ် () လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒေါ်အေးဝင်း၏ ကွမ်းသီးပင်များလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ တပ်မဟာ ()အတွင်း တပ်စွဲထားသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လူသားမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိမှန်သေဆုံး ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းများလည်း ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရသည့်အပြင် ၎င်းတို့၏ ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများလည်း ထိမှန် ပျက်စီးခဲ့ရပါတယ်။


========================


🚩🚩 ၉။ နောင်ချိုမြို့ကို နေ့လယ်ပိုင်းတွင် ထပ်မံဗုံးကျဲ ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရ


အောက်တိုဘာ ၁၉ 

Radio NUG


နောင်ချိုမြို့ ပါဟတ်ရပ်ကွက်အတွင်း အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ်(၂း၀၅)မိနစ်အချိန်တွင်  စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ပေါင်(၅၀၀)ဗုံး တစ်လုံးနှင့် ပေါင်(၃၀၀)ဗုံး နှစ်လုံး  ()ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။


ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါဟတ်ရပ်ကွက်ရှိ နေအိမ် (၁၀)လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နံနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အသက် ()နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သားအဖ ()ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment