ရွှေတိဂုံဘုရားကို ဘုရားဖူးလာရောက်သူတွေက ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြ
ခွာညို (Radio NUG) နိုဝင်ဘာ ၁၇၊ ၂၀၂၄
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ကို တက်ရောက် ဘုရားဖူးခဲ့ကြသူတွေ နည်းပါးခဲ့ပေမယ့် တက်ရောက်လာကြသူ ဘုရားဖူးတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပြီး တိုင်းပြည်အတွင်း ဘေးဒုက္ခရောက်တွေကနေ ကင်းဝေးစေဖို့ ဆုတောင်းခဲ့ကြပါတယ်။
ဒီဆုတောင်းနဲ့ပတ်သက်ပြီး ဘုရားဖူး လာရောက်သူ အမျိုးသမီးကြီးတစ်ဦးက အခုလို ပြောပါတယ်။
“အမေကြီး မြန်မြန်လွတ်ပါစေ ဆုတောင်းဖြစ်တယ်။ နောက်ပြီးတော့ တိုင်းပြည် စစ်လက်နက်ဘေးက ကင်းဝေးပါစေ ဆုတောင်းဖြစ်ပါတယ်။ သူတော်ကောင်းအပေါင်းတို့ သွားတဲ့လူတွေလည်း သွားကြသလို၊ ပြန်တဲ့လူတွေလည်းပြ န်ကြ။ လက်ရှိ နေတဲ့လူတွေလည်း ကျန်းမာ၊ ချမ်းသာပါစေ။ အားလုံး အမျှအမျှအမျှ၊ သာဓု၊ သာဓု၊ သာဓု နေ့တိုင်း အာစိဏ္ဏကံ ကုသိုလ်ခေါ်ပါတယ်။”
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီး အကျဥ်းချခံထားရတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၉ နှစ်ရှိပြီဖြစ်ပြီး ကျန်းမာရေးအရ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရမယ့် အရွယ်ကို ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ လက်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံစွာ မရရှိမှာကို နိုင်ငံသူ၊ နိုင်ငံသားတွေက စိုးရိမ်နေကြရပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့ ဆုတောင်းနေကြတာ ဖြစ်ပါတယ်။ အကျဥ်းကျခံနေရတဲ့ ပြည်သူ့ခေါင်းဆောင်နဲ့အတူ ပြည်သူပြည်သားတွေမှာလည်း အကြမ်းဖက် စစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် နေ့စဥ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။ ဒီအတွက်လည်း ဆိုင်ကယ်မစီးရ၊ လူမစုရ စတဲ့ ဖိနှိပ်မှုများစွာနဲ့ ရင်ဆိုင်နေရတဲ့ ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်က လူငယ် တစ်ဦးကလည်း အဖိနှိပ်ခံ နိုင်ငံသူနိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းရှင်းဖို့ ဆုတောင်းခဲ့တယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံကြီး အမြန်ဆုံးအေးချမ်းပါစေ၊ နောက် ပြည်သူ၊ ပြည်သားတွေ ဘေးအန္တရာယ် ကင်းရှင်းပြီး အသက် အန္တရာယ် ကင်းရှင်းပါစေပေါ့။ သတ္တဝါလေးတွေ ကျန်းမာ၊ ချမ်းသာပြီးတော့ အဓိကတော့ အသက်အန္တရာယ် ကင်းရှင်းဖို့ပဲ”
အကြမ်းဖက်စစ်တပ်က ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့အစိုးရထံက အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့တဲ့အပြင် တနိုင်ငံလုံးကို အကြမ်းဖက် တိုက်ခိုက်ပြီး မြန်မာ့လူဦးရေ ၆.၆ သန်းဟာ နေရပ်ကို စွန့်ခွာ ထွက်ပြေးနေရပြီး အရပ်သား ၈,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

(Photo - ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့က ရွှေတိဂုံစေတီတော်သို ဘုရားဖူးလာရောက်သူများအားတွေ့ရစဥ်...)
No comments:
Post a Comment