19th Dec 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။မြန်မာနိုင်ငံဟာ လူသားခြင်းစာနာထောက်ထားမှုအကူအညီ လိုအပ်မှုအဆိုးဆုံး အခြေအနေကို ကြုံတွေ့ နေရတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးပြော

📌 ⁨⁨⁨⁨၂။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ မွန်တပ်ဖွဲ့ ဖွဲ့ ပေါင်းစည်းဖို့ သဘောတူ

📌 ⁨⁨⁨⁨၃။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူရှစ်ထောင်ကျော်ထဲတွင်အမျိုးသမီးတထောင်ကျော်ပါဝင်တယ်လို့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနထုတ်ပြန်

📌 ⁨⁨⁨⁨၄။ မန္တလေးမြို့လယ်က ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ပိဿာကျော်ပါသွား 

📌 ⁨⁨⁨⁨၅။ထိုင်းနိုင်ငံ စမွတ်ဆာခွန်မှာရှိတဲ့ စက်ရုံတခုမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ မြန်မာလုပ်သားတွေကို ထိုင်းရဲနဲ့ နယ်မြေလုံခြုံရေးအဖွဲ့က ရိုက်နှက်ဖမ်းဆီး 


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨အမ်းနဲ့ ဂွမြို့က စစ်ကောင်စီစခန်းတွေကို AA တရစပ်ထိုးစစ်ဆင်တိုက်ခိုက်

🚩၂။ မောင်တော နခခ က ထွက်ပြေးတဲ့ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုး ကိုယ့်မိုင်းကိုယ်နင်းမိပြီးသေဆုံး 

🚩၃။ ရပ်စောက် ကျောက်ဂူဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံး

🚩 ၄။ ပဲခူးတိုင်းအတွင်း မီးနဂါးတော်လှန်ရေးတပ်ဖွဲ့တိုက်ခိုက်၍ စကစဘက်ကခုနစ်ဦးသေဆုံးခဲ့

🚩 ၅။ အမှတ် ၁၀၀၈ တပ်ရင်း -SSRY တပ်ခွဲ() Cobra forceတွင် တာဝန်ထမ်းဆာင်ရန် တပ်သားသစ်(၃၀)ခေါ်ယူမည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။မြန်မာနိုင်ငံဟာ လူသားခြင်းစာနာထောက်ထားမှုအကူအညီ လိုအပ်မှုအဆိုးဆုံး အခြေအနေကို ကြုံတွေ့ နေရတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးပြော


ဒီဇင်ဘာ၁၉ရက်


မြန်မာနိုင်ငံဟာလူသားခြင်းစာနာထောက်ထားမှုအကူအညီ လိုအပ်မှု အဆိုးဆုံး အခြေအနေကို ကြုံတွေ့ နေရတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဇင်ဘာ၁၉ရက်မှာ ဆိုရှယ်မီဒီယာမှ တဆင့်ပြောကြားလိုက်ပါတယ်။

"မိခင်တိုင်းပြည် အခြေအနေက ကိုယ့်တသက်နဲ့တကိုယ်တော့ လူသားခြင်းစာနာထောက်ထားမှုအကူအညီ လိုအပ်မှု အဆိုးဆုံးအခြေအနေကို ကြုံတွေ့နေရတယ်။ တိုင်းပြည်နဲ့ ပြည်သူကတော့ စုတ်ပြတ်သတ်ပြီး လူတစ်စုတစ်ဖွဲ့ တစ်မိသားစုကတော့ အာဏာငန်းဖမ်းလို့မဝသေးဘူး။ ဒီအခြေအနေဆိုးကနေ အမြန်ဆုံးလွတ်မြောက်ဖို့ အားကုန်ရုန်းကြယုံမှတပါး အခြားမရှိ"လို့ ဝန်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး စားနပ်ရိက္ခာမလုံလောက်မှု အခြေအနေ ကြုံတွေ့နေရပြီး ပြည်သူလူထုဟာ အရှိန်မြင့်လာတဲ့ ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနဲ့ ဘေးအန္တရာယ်တွေကြောင့် အခြေခံစားဝတ်နေရေး ပြေလည်ဖို့ ရုန်းကန်နေကြရတယ်လို့ UN OCHA Myanmarက ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန်နည်းပါးခဲ့တာကြောင့် အကူအညီပေးဖို့လျာထားခဲ့တဲ့ လူဦးရေ ဒသမ သန်းထဲက လူဦးရေ ဒသမ သန်းဟာ ဘာအကူအညီမှ မရရှိခဲ့ဘူးလို့ သိရပါတယ်။

၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ လူဦးရေ ဒသမ သန်းကိုအရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေပေးဖို့ စီစဉ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ မွန်တပ်ဖွဲ့ ဖွဲ့ ပေါင်းစည်းဖို့ သဘောတူ


ဒီဇင်ဘာ၁၉ရက်


စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် မွန်လက်နက်ကိုင်တပ်ဖွဲ့ ခု ပေါင်းစည်းပြီး မွန်လက်နက်ကိုင် တပ်မတော် တရပ်ဖွဲ့စည်းဖို့ သဘောတူညီထားတယ်လို့ မွန်လက်နက်ကိုင် ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၁၉ မှာ ပူးတွဲကြေညာလိုက်ပါတယ်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော်- MLA မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD မွန်ပြည် ကာကွယ် ရေးတပ်- MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ်-MSRF တို့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို မနေ့ ဒီဇင်ဘာ ၁၈ ရက်က တော်လှန်ရေးနယ်မြေတနေရာမှာပြုလုပ်ခဲ့ပြီး အခုလို သဘောတူညီမှုရခဲ့တာလို့ သိရပါတယ်။

ဒီအစည်းအဝေးကနေ မွန်တော်လှန်ရေးတပ်တွေအားလုံးပါတဲ့ တခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေး အကောင်အ ထည်ဖော်ဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုပေါ်ထွန်းလာရေး ပထမအဆင့်အနေနဲ့ တပ်ဖွဲ့ ဖွဲ့ ပူးတွဲ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ သဘောတူညီခဲ့တယ် လို့ အသိပေးထားပါတယ်။

မွန်တော်လှန်ရေးလက်နက်ကိုင်တပ်များအားလုံး ဗျူဟာမြောက်ပေါင်းစည်းဖို့ ပြည်တွင်း၊ပြည်ပက မွန်ပြည်သူတွေ တိုက်တွန်းတောင်းဆိုမှုတွေရှိနေချိန်မှာ အခုလို မွန်တပ်ဖွဲ့ ဖွဲ့ ပေါင်းစည်းဖို့ သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

မွန်တော်လှန်ရေးတပ်တွေဟာ ကရင်အမျိုးသားအစည်းအရုံး-KNU ပြည်သူ့ကာကွယ်ရေးတပ်-PDF နဲ့ပေါင်းပြီး စစ်ရေး ဖော်ဆောင်နေတာတွေရှိတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူရှစ်ထောင်ကျော်ထဲတွင်အမျိုးသမီးတထောင်ကျော်ပါဝင်တယ်လို့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနထုတ်ပြန်


ဒီဇင်ဘာ၁၉ရက်


နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူရှစ်ထောင်ကျော်ထဲတွင် အမျိုးသမီးတထောင်ကျော် ပါဝင်တယ်လို့ အမျိုးသမီး လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီဇင်ဘာ၁၉ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ၊ ၂၀၂၄ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူ အမျိုးသမီးဦးရေ ပြစာရင်းစုစုပေါင်း ၁၇၈၁ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ကအမျိုးသမီးများအများဆုံးပါဝင်ခဲ့ပါတယ်။

အကြမ်းဖက်စကစတပ်ဟာ နယ်မြို့များမှာ အရပ်သား၊စစ်သားမခွဲခြားဘဲ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများဆက်တိုက်ရှိနေခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨၄။ မန္တလေးမြို့လယ်က ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ပိဿာကျော်ပါသွား 


ဒီဇင်ဘာ၁၉ရက်


မန္တလေးမြိုတော် စည်ပင်နယ်နမိတ်ထဲမှာပါတဲ့ မဟာအောင်မြေမြို့နယ်က ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ပိဿာကျော်ပါသွားတယ်လို့ ဒေသတွင်းသတင်းတွေကဆိုပါတယ်။ 

မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက် ၇၇ လမ်း ၃၆ လမ်းနဲ့ ၃၇လမ်းကြားက ရွှေစင်အကယ်ဒမီရွှေဆိုင် မနေ့ ဒီဇင်ဘာ ၁၈ ရက် ညနေ နာရီခွဲဝန်းကျင်အချိန်မှာ ဓားပြတိုက်ခံရတာလို့ သိရပါတယ်။

ဆိုင်ရှင်အပါအဝင် ဝန်ထမ်းတွေရှိနေတဲ့အချိန်မှာ ဆိုင်ကယ် စီးနဲ့ရောက်လာတဲ့ သေနတ်သမားတွေက ဓားပြတိုက်သွား တာဖြစ်ပြီး ရွှေ ပိဿာဝန်းကျင်ပါသွားကာ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ စုံစမ်းနေဆဲသာရှိသေးတယ်လို့လည်း ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။  

ဓားပြတိုက်မှုဖြစ်ပြီးချိန်မှာ စစ်အုပ်စု ရောက်ရှိလာပြီး ရွှေဆိုင်ကိုစစ်ဆေးခဲ့သလို ဓားပြတိုက်ခံရတဲ့ရွှေဆိုင်အနီးမှာရှိတဲ့ အိမ်တွေကနေ CCTV မှတ်တမ်းတွေ တောင်းခံသွားတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှုတွေ မကြာခဏဖြစ်နေရာ အခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့မနက်ကလည်း  ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရသလို မေလ ၃၁ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ်မှာ ရှိတဲ့ မန်းမြို့ဈေးအတွင်းကရွှေဆိုင်တဆိုင် ဓားပြတိုက်ခံခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၅။ထိုင်းနိုင်ငံ စမွတ်ဆာခွန်မှာရှိတဲ့ စက်ရုံတခုမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ မြန်မာလုပ်သားတွေကို ထိုင်းရဲနဲ့ နယ်မြေလုံခြုံရေးအဖွဲ့က ရိုက်နှက်ဖမ်းဆီး 


ဒီဇင်ဘာ၁၉ရက်


ထိုင်းနိုင်ငံ စမွတ်ဆာခွန်မှာရှိတဲ့ စက်ရုံတခုက မြန်မာအလုပ်သမား ၃၀၀ ခန့် အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့် သက်တမ်းတိုးရာ ရာမှာ ထိုင်းဘတ် တသောင်းအထိ ကောက်ခံနေတဲ့အတွက် သင့်တင့်မျှတတဲ့စျေးနှုန်းလျှော့ချပေးရေး ငြိမ်းချမ်းစွာ ဆန္ဒပြ နေချိန်မှာ ထိုင်းရဲနှင့်နယ်မြေလုံခြုံရေးအဖွဲ့က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင် အုန်းရိုင်နယ်မြေ ဖိကဆင်လမ်းမကြီးဘေးက စက်ရုံမှာ မြန်မာအလုပ်သမားတွေ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့အခြေအနေမှာ စက်ရုံပိုင်ရှင်က ထိုင်းရဲနဲ့ နယ်မြေလုံခြုံရေးအဖွဲ့တွေကို ခေါ်ယူကာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေကို အတင်းအကျပ် ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ တာကြောင့် မြန်မာအလုပ်သမား ဦး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းစွာတောင်းဆိုနေတဲ့ အလုပ်သမားတွေအပေါ် ထိုင်းရဲနဲ့ နယ်မြေလုံခြုံရေးအဖွဲ့တွေခေါ်ပြီး ကြမ်းတမ်း စွာ ကိုင်တွယ်တာဟာ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားနေသူ အေအေစီ ကိုရဲမင်းက ဒေသတွင်းသတင်းဌာန အချို့ကို ပြောထားပါတယ်။ 

အခြားစက်ရုံတွေက အလုပ်သမားတွေ အလုပ်ရှင်တွေနဲ့ညှိနှိုင်းတောင်းဆိုရာမှာ အဆင်ပြေပြေ အေးအေးခမ်းချမ်းပြီးဆုံး သွားပေမယ့် အခုစက်ရုံက ပိုင်ရှင်ကဟာ အထောက်အထားအပြည့်အစုံရှိတဲ့ အလုပ်သမားတွေအပါ် လူ့အခွင့်အရေးရော အလုပ်သမားအခွင့်အရေးရော ချိုးဖောက်တာဖြစ်တာဖြစ်တဲ့အတွက် လက်ခံလို့မရဘူးလို့ ဆိုပါတယ်။ 

မြန်မာစစ်ကောင်စီဟာ မြန်မာအလုပ်သမားတွေဆီက အခွန်ကောက်ခံရရှိရေး ထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်း လုပ်ဆောင် နေတဲ့အတွက် မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံတွင်း နေထိုင် အလုပ်လုပ်ခွင့် သက်တမ်းတိုးရေးမှာ စျေးနှုန်းကြီးမြင့်မှုတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ⁨⁨အမ်းနဲ့ ဂွမြို့က စစ်ကောင်စီစခန်းတွေကို AA တရစပ်ထိုးစစ်ဆင်တိုက်ခိုက်


ဒီဇင်ဘာ၁၉ရက်


ရခိုင်ပြည် အမ်းမြို့နဲ့ ဂွမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တရစပ် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

မောင်တောနဲ့ တောင်ကုတ်မြို့က အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအားလုံးကို တခုမကျန်သိမ်းပိုက်လိုက်ပြီးနောက် အမ်း နဲ့ ဂွမြို့က ရန်သူ့စစ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲသတင်းတွေကိုအသိပေးရာမှာ အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသက စစ်ကောင်စီစခန်းတွေအနက် နပခဌာနချုပ် တိုင်းစစ်စစ်ရုံးထဲက နေရာအချို့သာ ကျန်ရှိတော့ပြီး တိုင်းစစ်ရုံးထဲက အင်အားရာချီခန့်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့က AA ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေတယ်လို့ဆိုပါတယ်။

ရခိုင်ပြည် အမ်းဒေသမှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ ရခိုင်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ရုံးအတွင်း ကျန်ရှိနေတဲ့ အင်အားရာချီရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခုခံကာကွယ်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်ရိုးမတောင်တန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲရှိရာနေရာတွေကို အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်နေတာကြောင့် တိုင်းစစ်ရုံးအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာနေရာမှာ ပေါက်ကွဲပြီး သေဆုံး၊ ဒဏ်ရာရတာတွေရှိနေတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဟာ လေကြောင်းကနေလည်း မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသလို မြေပြင်ကလည်း လက်နက်ကြီးတွေနဲ့  ပစ်ခတ်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

အခုလိုတိုက်ပွဲပြင်းထန်နေချိန်မှာပဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်းကျင်မှာ လက်နက်ချ အလင်းဝင်လာသူတွေ ရှိနေဆဲ လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လက်နက်ချ အညံ့ခံ အလံဖြူထောင်သူတိုင်းရဲ့အသက်ကို အာရက္ခတပ်တော်က အာမခံကြောင်းအသိပေးထားပြီးစောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ် မိသားစု၊ ဆွေမျိုးတို့နဲ့ စောစော တွေ့ဆုံရလိမ့်မယ်လို့ ရက် ဆက်တိုက် ထုတ်ပြန်ပြောဆိုထားပါတယ်။ 

အလားအတူ ဂွမြို့တွင်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေပြီး စစ်သားအလောင်းတွေနဲ့ လက်နက်ခဲယမ်း အမြောက် အမြား ထပ်မံသိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။


========================


🚩🚩၂။ မောင်တော နခခ က ထွက်ပြေးတဲ့ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုး ကိုယ့်မိုင်းကိုယ်နင်းမိပြီးသေဆုံး 


ဒီဇင်ဘာ၁၉ရက်


ရခိုင်ပြည် မောင်တောမြို့နယ် အမှတ် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ- က ထွက်ပြေးနေတဲ့ အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုး ဘင်္ဂလားဒေ့ရှ်ဘက် ထက်ပြေးဖို့ကြိုးစားချိန်မှာ စစ်တပ်ကထောင်ထားတဲ့မိုင်း ပြန်နင်းမိပြီး သေဆုံးသွားတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။ 

မောင်တောမြို့က တခုတည်းကျန်နေတဲ့ နခခ-၅ကို ရခိုင့်တပ်တော်က ဒီဇင်ဘာ ရက်မှာ အပြီးသတ်သိမ်းနိုင်ခဲ့ရာမှာ အမှတ်-၂၂ ခြေမြန်တပ်မဌာနချုပ် တပ်မ -၂၂ က တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးအပါအဝင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့ရာ ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာ ၁၇ရက်နေမှာ  အသေဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

သူ့ကို မောင်တောမြို့နယ် ရွှေဇားကပ္ပကောင်းချောင်းအနီးက ပုစွန်ကန် တဲအတွင်းမှာ သေဆုံးနေတဲ့အနေအထားနဲ့ ဖမ်းဆီး ရမိခဲ့တာဖြစ်ပြီး အခေါက်ရွှေတုံးနဲ့ ရွှေထည်တွေအပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်အနဲ့အတူ တွေ့ရှိခဲ့တာလို AA က အသိပေးထားပါတယ်။

တပ်မမှူးဟာ အကြမ်းဖက်စစ်တပ်နဲ့ ခေတ်အဆက်ဆက် ပူးပေါင်းလာခဲ့ကြတဲ့ ဒေသခံမွတ်ဆလင်တွေ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့် ရခိုင့်တပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကမ်းခြေစောင့် တပ်တွေရဲ့ ဝိုင်းရံပိတ်ဆို့ရှာဖွေမှုကြောင့် လွတ်မြောက်ဖို့ အခွင့်အရေးမရတော့ဘဲ ကိုယ်ထောင်ထားတဲ့မိုင်း ကိုယ်ပြန်နင်းပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ရတာလို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီး အောင်နေမျိုးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ပြီး အခုနှစ် ဇန်နဝါရီ ရက်နေ့ကပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပ်မတော်ဆိုင်ရာ စွမ်းဆောင်ရည် ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ စစ်မှုထမ်းကောင်း တံဆိပ် ချီးမြှင့်ခြင်းခံထားရသူလို့ သိရပါတယ်။


========================


🚩🚩၃။ ရပ်စောက် ကျောက်ဂူဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံး


ဒီဇင်ဘာ၁၉ရက်


ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြာင်းတိုက်ခိုက် မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတဦးသေဆုံးခဲ့ရတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA တပ်ဖွဲ့က ပြောပါတယ်။

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ ကျောက်ဂူအမြောက်တပ်- အမတ ၃၄၉ အနီးမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ မနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ နာရီခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထမင်းပေါင်းကျေးရွာက အရပ်သားတဦး အသက်ဆုံးရှုံးခဲ့ရတာလို့ အသိပေးထားပါတယ်။ 

တိုက်ပွဲဟာ မနက်ပိုင်းကတည်းစတင်ခဲ့တာဖြစ်ပြီး ညနေပိုင်းမှ စစ်ကောင်စီဘက်က တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်နေချိန်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းတောင်နဲ့ ရှမ်းမြောက်ဒေသကို ဆက်သွယ်ထားတဲ့ ကျောက်ဂူရွာအဝင်တံတား ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။ 

ဒီတံတားဟာ ရပ်စောက်-‌ဗထူး-အင်တော-ကျောက်ဂူ-နောင်ချို-နမ့်လန်-လားရှိး-ကျောက်မဲ စတဲ့မြို့တွေကို ဆက်သွယ် ထားတဲ့ လမ်းပိုင်းက အရေးပါတဲ့ တံတားတစင်းလို့ သိရပါတယ်။

 အခုလို စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်တာ လက်နက်ကြီးတွေအသုံးပြုတိုက်ခိုက်နေတဲ့အပြင် တိုက်ပွဲ တွေ ဆက်ဖြစ်နိုင်တဲ့အနေအထားရှိနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးတဲ့နေရာမှာ မနေကြဖို့၊ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကို ဂရုပြုကြဖို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေနေထိုင်ရာ ကျောက်ဂူဒေသက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေပြီး ဒီဇင်ဘာ ၁၀ ရက်နေ့က ကျောက်မီးခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို  ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပဲခူးတိုင်းအတွင်း မီးနဂါးတော်လှန်ရေးတပ်ဖွဲ့တိုက်ခိုက်၍ စကစဘက်ကခုနစ်ဦးသေဆုံးခဲ့


ဒီဇင်ဘာ၁၉ရက်


ပဲခူးတိုင်းအတွင်း မီးနဂါးတော်လှန်ရေးတပ်ဖွဲ့တိုက်ခိုက်၍ စကစဘက်ကခုနစ်ဦးသေဆုံးခဲ့ကြောင်း ဒီဇင်ဘာ၁၉ရက်မှာ ပဲခူးခရိုင်အမှတ်၃ PDFတပ်ရင်း ၃၇၀၃က အတည်ပြုဆိုပါတယ်။

"မီးနဂါးတော်လှန်ရေးအဖွဲ့ဟာ ဒီဇင်ဘာ၉ရက်နေ့မှာ ဗိုလ်ကြီးတဦးနဲ့ စကစဒေါက်တိုင်တဦးကိုဖမ်းဆီးခဲ့ပြီး ၁၃ညမှာ ညောင်လေးပင်မြို့အနီးစကစကင်းစခန်းကိုဝင်စီးတိုက်ခိုက်ရာ စကစအကြမ်းဖက်၂ ဦးသေဆုံးပြီး မောင်းပြန်တလက်ရရှိခဲ့ပါတယ်။ ၁၅ရက်မနက်မှာ ရွှေကျင်ညောင်လေးပင်လမ်းပေါ်ရှိ ဂိတ်စခန်းတခုကိုထပ်မံစီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ရရှိခဲ့ပြီး စကစ၅ဦးသေဆုံးကာ စကစတချို့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်လို့ဆိုပါတယ်။

 အဆိုပါတိုက်ခိုက်မှုအတွင်းတော်လှန်ရေးရဲဘော်များအထိခိုက်မရှိအောင်မြင်မှုရခဲ့ပြီးယခုအခါ PDFတပ်ရင်း ၃၇၀၃အဖြစ်ဆက်လက်ရပ်တည်နေတယ်လို့ဆိုပါတယ်။


========================


🚩🚩 ၅။ အမှတ် ၁၀၀၈ တပ်ရင်း -SSRY တပ်ခွဲ() Cobra forceတွင် တာဝန်ထမ်းဆာင်ရန် တပ်သားသစ်(၃၀)ခေါ်ယူမည်


ဒီဇင်ဘာ၁၉ရက်


အမှတ် ၁၀၀၈ တပ်ရင်း -SSRY တပ်ခွဲ() Cobra forceတွင် တာဝန်ထမ်းဆာင်ရန် တပ်သားသစ်(၃၀) ခေါ်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာ၁၉ရက်မှာ အမှတ် ၁၀၀၈ တပ်ရင်း -SSRY တပ်ခွဲ()က အသိပေးကြေညာပါတယ်။

အမှတ် ၁၀၀၈ တပ်ရင်း -SSRY တပ်ခွဲ() Cobra force တွင် တာဝန်ထမ်းဆာင်ရန်တပ်သားသစ်(၃၀)ခေါ်ယူမှာဖြစ်ပါတယ်။ယခု တပ်သားသစ်(၃၀)ကို ရှေ့တန်းတိုက်ခိုက်ရေးအတွက် ခေါ်ယူတာဖြစ်တယ်"လို့ဆိုပါတယ်။

လျှောက်ထားလိုသူများအနေနဲ့ ကျန်းမာရေး လုံးဝကောင်းမွန်သူ၊တော်လှန်ရေး တကယ်လုပ်ချင်စိတ်ရှိသူ၊ရှေ့တန်းကို အချိန်မရွေးသွားနိုင်သူ၊အမိန့်နာခံမှုအားကောင်းသူ ဖြစ်ရမယ်လို့ဆိုထားပါတယ်။


⁨⁩ ⁨အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment