16 Feb 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ α€–ေα€–ော်ဝါα€›ီα€œ ( ၁၆ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ြို့ထဲ ပြα€Š်α€žူတွေ ဝင်ခွင့်ပြု


မင်းတပ်α€™ြို့ထဲ ပြα€Š်α€žူတွေ ဝင်ခွင့်ပြုပြီα€œို့ မင်းတပ်α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ α€–ေα€–ော်ဝါα€›ီ ၉ α€›α€€်α€”ေ့တွင် α€€ြေα€Šာα€žα€Š်။

α€€ျα€”ော်တို့ ထုတ်ပြα€”်ထားα€žα€œိုပါပဲ။ တစ်ပတ်α€™ှာ ၂ α€›α€€် ဝင်ခွင့်ပြုα€™α€š်။ α€™ြို့α€žိα€™်းတိုα€€်ပွဲα€™ှာ ပါဝင်ခဲ့α€α€š်ဆိုတဲ့ ထထောα€€်ထထားα€”ဲ့ α€…α€”α€…်တကျ ပြα€”်α€œα€€်ခံα€žွားα€–ို့ α€›ှိပါα€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့ တာဝန်α€›ှိα€žူα€€ ပြောα€žα€Š်။

မင်းတပ်α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€›ဲ့ ထုတ်ပြα€”်ချα€€်ထဲα€™ှာတော့ α€™ြို့ထဲ ပြα€”်α€œα€Š်ဝင်α€›ောα€€်α€™α€š့် ပြα€Š်α€žူတွေα€œိုα€€်α€”ာα€–ို့ ထချα€€် ၁၂ ချα€€်α€”ှင့် α€€ုα€”်α€…α€Š်တင်ဆောင်ပြီး α€™ြို့α€–ြတ်α€žα€”်းα€™α€š့် α€šာဉ်α€™ောင်းတွေα€œိုα€€်α€”ာα€–ို့ ထချα€€် ၉ ချα€€် ပါဝင်α€žα€Š်။


========================


πŸ“ŒπŸ“Œ ၂။ ချင်းα€…α€…်α€˜ေးα€›ှောင်တွေထတွα€€် α€…α€…်α€€ောင်α€…ီခန့်ဝန်α€€ြီး ငွေα€œα€€်ခံ


α€™ြα€”်α€™ာα€”ိုင်ငံထနှံ့ α€œေα€€ြောင်းα€—ုံးα€€ြဲα€–ို့ ထမိα€”့်ပေးα€”ေတဲ့ α€…α€…်α€€ောင်α€…ီα€€ α€”ေရပ်α€…ွα€”့်ခွာ တိα€™်းα€›ှောင်α€”ေα€žူတွေထတွα€€်ဆိုပြီး α€žူခန့်ထားတဲ့ တိုင်းα€’ေα€žα€€ြီးα€”ှင့် ပြα€Š်α€”α€š်ဝန်α€€ြီးချုပ်တွေα€€ို ငွေပေးခဲ့α€žα€Š်။

α€–ေα€–ော်ဝါα€›ီ ၁၂ α€›α€€်α€”ေ့ α€”ေပြα€Š်တော်α€™ှာ ပြုα€œုပ်α€žα€Š့် α€‘α€…α€Š်းထဝေးထပြီးတွင် ထခုα€œိုပေးခြင်းα€–ြα€…်α€žα€Š်။

α€…α€…်α€€ောင်α€…ီထုတ်ပြα€”်ချα€€်ထဲα€™ှာတော့ α€…α€…်α€˜ေးတိα€™်းα€›ှောင်α€žူ တစ်ဦးα€€ို တစ်α€œ α€€ျပ် ၂၀,၀၀၀ α€”ှုα€”်းα€žα€်α€™ှတ်ပြီး ၂၀၂၅ တစ်α€”ှα€…်α€œုံး ပေးα€žွားα€™α€Š်α€Ÿု ထုတ်ပြα€”်α€žα€Š်။

α€…α€…်α€€ောင်α€…ီပေးα€žော α€…α€…်α€˜ေးα€›ှောင်ထောα€€်ပံ့ငွေα€€ို α€…α€…်α€€ောင်α€…ီခန့်ချင်းပြα€Š်α€”α€š်ဝန်α€€ြီး α€’ေါα€€်တာ ဝုα€”်ဆုα€”်းထန် α€€ိုα€š်တိုင် α€žွားα€›ောα€€်α€œα€€်ခံα€žော်α€œα€Š်း ထမှα€”်α€α€€α€š် α€…α€…်α€˜ေးα€›ှောင်ဦးα€›ေ α€˜α€š်α€œောα€€်ထတွα€€်α€–ြα€…်α€žα€Š်α€€ို α€™α€žိရပေ။

α€…α€…်ခေါင်းဆောင်ကတော့ ထဲα€’ီα€”ေ့ တွေ့ဆုံပေးထပ်ပွဲα€™ှာထခုα€€ောα€€်α€šူα€›α€›ှိα€žα€Š့် α€…ာရင်းα€™ှာ မပါα€žေးα€žူတွေထတွα€€်α€œα€Š်း တင်ပြα€œာရင် ထပ်ပေးα€™α€Š်α€Ÿု ပြောα€žα€Š်။

α€œူ့ထခွင့်ထရေးထကြောင်း α€›ေးα€žားα€–ော်ပြα€”ေα€€ြα€žα€Š့် α€žα€α€„်းα€™ျားထရ၊ ထာဏာα€žိα€™်းα€€ာα€œα€‘α€ွင်း ချင်းပြα€Š်α€™ှာ α€…α€…်α€˜ေးဒဏ်α€žα€„့် ပြα€Š်α€žူဦးα€›ေ ၂ α€žိα€”်းα€€ျော် α€›ှိα€α€š်α€Ÿု ၂၀၂၄ α€’ီဇင်α€˜ာα€œα€€ α€–ော်ပြα€€ြα€žα€Š်။


========================


πŸ“ŒπŸ“Œ ၃။ ၂၀၂၅ α€™ှာ ချင်းပြα€Š်ထတွင်း α€…α€…်α€€ောင်α€…ီကင်းစင်α€›ေး ပထမဦးα€…ားပေးα€œို့ ချင်းα€œဲα€”်းα€€ောင်α€…ီပြော


၂၀၂၅ ခုα€”ှα€…်α€Ÿာ α€™ြα€”်α€™ာတစ်α€”ိုင်ငံα€œုံးα€™α€Ÿုတ်α€žော်α€œα€Š်း ချင်းပြα€Š်α€™ှာ α€…α€…်α€€ောင်α€…ီကင်းစင်α€›α€”် ထဓိα€€ α€›α€Š်α€™ှα€”်းချα€€်α€–ြα€…်α€žα€Š်α€Ÿု ချင်းα€œဲα€”်းα€€ောင်α€…ီ ထတွင်းα€›ေးα€™ှူး - ၁ α€†α€œိုင်းထက်α€”ီα€€ ပြောα€žα€Š်။

၂၀၂၅ α€–ေα€–ော်ဝါα€›ီ ၆ α€›α€€်α€”ေ့ ပြုα€œုပ်α€žα€Š့် ချင်းα€œဲα€”်းα€€ောင်α€…ီ၏ α€žα€α€„်းα€…ာα€›ှင်းα€œα€„်းပွဲတွင် ထဆိုပါ α€™ျှဝေα€™ှုα€€ို ပြုα€œုပ်α€žα€Š်။

၂၀၂၅ α€Ÿာ တစ်α€”ိုင်ငံα€œုံးα€™α€Ÿုတ်α€žော်α€œα€Š်း α€€ျα€”ော်တို့ ချင်းပြα€Š်α€™ှာ α€…α€…်α€€ောင်α€…ီကင်းစင်α€›ေးထတွα€€် α€™α€Ÿာα€—ျူα€Ÿာα€”α€Š်းα€•α€Šာ α€€ျα€€ျ α€œုပ်ဆောင်α€™α€Š်α€Ÿု α€†α€œိုင်းထက်α€”ီα€€ ပြောα€žα€Š်။

ချင်းပြα€Š်α€›ှိ α€™ြို့ပေါင်း ၂၀ ဝန်းα€€ျင်ထနက် ၇ α€™ြို့α€€ို α€žိα€™်းပိုα€€်ထားα€žα€Š်α€Ÿု ချင်းα€œဲα€”်းα€€ောင်α€…ီ ၂၀၂၅ α€–ေα€–ော်ဝါα€›ီ ၂ α€›α€€် ထုတ်ပြα€”်ချα€€်တွင် α€–ော်ပြα€žα€Š်။

တဖက်α€™ှာချင်းα€Šီα€”ောင်α€€α€œα€Š်း ခရိုင်ထဆင့် မင်းတပ်၊ မတူပီထပါထဝင် α€€ျင်α€’ွေးα€™ြို့၊ α€€α€”်ပက်α€œα€€်α€™ြို့α€”ှင့် α€™α€€ွီထိα€™်α€”ူးα€™ြို့တို့α€€ို α€…α€…်ဆင်α€›ေးα€–ော်ဆောင်ပြီး α€žိα€™်းပိုα€€်ထားα€žα€Š်။

ထို့α€€ြောင့် ချင်းပြα€Š်တွင် တော်α€œှα€”်α€›ေးထင်ထားα€…ုα€™ျားα€€ α€Ÿားခါး၊ ထန်α€α€œα€”်၊ တီးတိα€”်α€”ှင့် α€œα€€်α€›ှိချင်းα€Šီα€”ောင်α€™ြို့α€žိα€™်း α€…α€…်ဆင်α€›ေးα€–ော်ဆောင်α€”ေα€žα€Š့် α€–α€œα€™်းα€™ြို့α€™ျားα€€ို တိုα€€်ခိုα€€်α€žိα€™်းα€šူα€›α€”် α€œုပ်ဆောင်α€”ေα€žα€Š်။

α€Ÿားခါးတွင် α€…α€…်α€—ျူα€Ÿာ၊ α€α€œα€› ၂၆၆၊ α€–α€œα€™်းတွင် α€α€œα€› α‚α†αˆ၊ တီးတိα€”်တွင် α€α€œα€› ၂၆၉ α€”ှင့် ထန်α€α€œα€”်တွင် α€α€œα€› α‚α†αˆ၊ ၂၆၉ တို့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့α€€ွပ်α€€ဲα€™ှုထောα€€်တွင် α€›ှိα€”ေα€žα€Š်။


========================


πŸ“ŒπŸ“Œ ၄။ α€…α€…်ခေါင်းဆောင်α€”ဲ့ ထပေါင်းထပါတချို့ α€–α€™်းဝရမ်းထုတ်


α€…α€…်ခေါင်းဆောင် မင်းထောင်α€œှိုင်α€”ှင့် α€’ုα€…α€…်ခေါင်းဆောင် α€…ိုးဝင်းထပါထဝင် α€…α€…်တပ်ထရာα€›ှိ ၂၃ ဦးα€€ို ထာဂျင်တီးα€”ားတရားα€›ုံးα€€ α€–α€™်းဝရမ်း ထုတ်α€œိုα€€်ပြီα€œို့ α€™ြα€”်α€™ာα€›ိုα€Ÿα€„်ဂျာထဖွဲ့ α€šူα€€ေ (BROUK) α€€ α€–ေα€–ော်ဝါα€›ီ ၁၃ α€›α€€်တွင် ထုတ်ပြα€”်α€žα€Š်။

ကထမှုα€žα€Š် α€›ိုα€Ÿα€„်ဂျာတို့ထပေါ် α€œူα€™ျိုးတုံးα€žα€်α€–ြတ်α€™ှုα€€ို α€…ီစဉ်α€Šွှα€”်α€€ြားခဲ့α€žူα€™ျားα€”ှင့် α€€ျူးα€œွα€”်α€›ာတွင် ပါဝင်α€žူα€™ျားထတွα€€် ထပြα€Š်ပြα€Š်ဆိုင်α€›ာ α€–α€™်းဝရမ်း ထုတ်α€œိုα€€်ခြင်းα€–ြα€…်ပြီး ၂၀၁၉ ခုα€”ှα€…်α€€α€α€Š်းα€€ ထမှုα€–ွင့်ထားခဲ့α€žα€Š်α€Ÿု BROUK α€™ှ ဆိုα€žα€Š်။

ဝရမ်းထုတ်ခံထားα€›α€žော α€™ြα€”်α€™ာα€…α€…်α€—ိုα€œ်ချုပ်α€™ျားα€žα€Š် ပြα€Š်ပနိုင်ငံα€™ျားα€žို့ α€‘α€žွားα€‘α€œာ α€œုံးဝ မပြုα€”ိုင်α€˜ဲ၊ α€˜α€š်α€”ိုင်ငံတွင် α€›ောα€€်α€”ေα€”ေ α€–α€™်းဆီးα€”ိုင်α€›α€”် α€›α€Š်α€›ွα€š်၍ ထခုα€œို ဆောင်α€›ွα€€်ခြင်းα€–ြα€…်α€žα€Š်α€Ÿု BROUK တာဝန်α€›ှိα€žူတဦးα€€ ဆိုα€žα€Š်။

၂၀၂၄ α€”ိုဝင်α€˜ာα€œα€€α€œα€Š်း α€”α€š်α€žာα€œα€”်α€”ိုင်ငံထခြေα€…ိုα€€် International Criminal Court (ICC) α€™ှ α€…α€…်ခေါင်းဆောင် မင်းထောင်α€œှိုင်α€€ို α€–α€™်းဝရမ်း ထုတ်ပေးα€›α€”် α€œျှောα€€်ထားခဲ့α€žα€Š်။


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment