23 Mar 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ မတ်α€œ ( ၂၃ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား



πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ြို့α€”α€š်α€™ှာ α€™ွေးα€™ြူထားတဲ့ α€”ွားα€”ောα€€်တွေα€€ို α€’ေါင့်α€žα€”်းα€›ောဂါ α€€ာα€€ွα€š်ဆေး ထခမဲ့ ထိုးα€”ှံပေးα€žွားα€™α€š်

 

မင်းတပ်α€™ြို့α€”α€š်ထတွင်း α€™ွေးα€™ြူထားတဲ့ α€”ွားα€”ောα€€်တွေα€€ို α€’ေါင့်α€žα€”်းα€›ောဂါ α€€ာα€€ွα€š်ဆေး (Anthrax Vaccine) ထခမဲ့ ထိုးα€”ှံပေးα€™α€š်α€œို့ α€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€‌ မတ် ၁၉ α€›α€€်α€”ေ့ α€€ြေα€Šာပါα€α€š်။

 

မင်းတပ်α€™ြို့α€žိ၊α€™်းတိုα€€်ပွဲထတွင်း ပြα€Š်α€žူတွေα€€ α€™ိα€™ိα€™ွေးα€™ြူထားတဲ့ (α€”ွားα€”ောα€€်၊ α€”ွား၊ α€€ျွဲ၊ ဆိတ်၊ ဝက်၊ α€€ြα€€်) α€€ို α€œှူα€’ါα€”်းပါဝင်α€€ြတာα€€ြောင့် ထခုα€œို α€›ောဂါα€€ာα€€ွα€š်ဆေး ထခမဲ့ပေးတာα€œို့ ဆိုပါα€α€š်။

 

α€’ေါင့်α€žα€”်းα€›ောဂါα€”ဲ့ ပတ်α€žα€€်α€œို့α€žူα€€ α€€ူးα€…α€€်α€”ှုα€”်းတော့α€”ှေးα€α€š်၊ α€€ူးပြီးရင် α€žေပြီးα€™ှ တွေ့ရတာပိုα€™ျားα€α€š်၊ α€’ါα€€α€œα€Š်း တောင်ပေါ်α€’ေα€žα€›ဲ့ တောထဲα€œွှတ်α€€ျောင်းတဲ့α€…α€”α€…်α€€ြောင့် α€–ြα€…်α€α€š်။ α€€ုα€žα€–ို့ထချိα€”်α€™α€™ီရင် ထဆုံးထရှုံးα€™ျား တတ်ပါα€α€š်။α€œို့ α€™ြို့α€”α€š်α€™ွေးα€™ြူα€›ေးα€”ှင့် α€€ုα€žα€›ေးα€Œာα€” α€’ေါα€€်တာα€Ÿုα€”်းα€™α€”ားα€€ ပြောပါα€α€š်။

 

α€’ါα€€ြောင့် α€€ျေးα€›ွာထုပ်α€…ု/ရပ်α€€ွα€€် ထုပ်ချုပ်α€™ှုα€”α€š်α€™ြေထတွင်းα€›ှိ α€€ျွဲ၊ α€”ွား၊ α€”ွားα€”ောα€€် ထကောင်α€›ေα€…ာရင်းပြုα€…ုပြီး α€™ြို့α€”α€š်α€™ွေးα€™ြူα€›ေးα€”ှင့် α€€ုα€žα€›ေးα€Œာနထံ α€€ာα€€ွα€š်ဆေး ချိတ်ဆက်ထုတ်α€šူα€€ြα€–ို့ မတ် ၁၉ α€›α€€်α€”ေ့ α€‘α€žိပေးα€€ြေα€Šာချα€€်α€™ှာ α€–ော်ပြထားပါα€α€š်။

 

၂၀၂၅ α€–ေα€–ော်ဝါα€›ီα€œα€”ှောင်းပိုင်းα€€α€œα€Š်း မင်းတပ်α€™ြို့α€”α€š်α€™ွေးα€™ြူα€›ေးα€”ှင့် α€€ုα€žα€›ေးα€Œာα€”α€€ ထိα€™်α€™ွေးခွေးα€”ဲ့ α€€ြောင်တွေα€€ို α€€ာα€€ွα€š်ဆေး ထိုးα€”ှံပေးခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ α€–α€œα€™်းα€™ှာ တိုα€€်ပွဲ ဆက်ပြင်းထန်၊ α€›α€€်α€žα€္တပတ်ထတွင်း α€…α€…်α€€ောင်α€…ီα€€ ထကြိα€™်ပေါင်း α€›ာချီα€œေα€€ြောင်းတိုα€€်ခိုα€€်

 

တိုα€€်ပွဲထပြင်းထထန် α€–ြα€…်ပွားα€”ေတဲ့ ချင်းပြα€Š်၊ α€–α€œα€™်းα€™ြို့α€™ှာ α€…α€…်α€€ောင်α€…ီα€œေတပ်α€€ ထကြိα€™် ၄၀၀ ထက်α€™α€”α€Š်း α€œေα€€ြောင်းα€‘α€žုံးပြု တိုα€€်ခိုα€€်α€”ေα€α€š်α€œို့ ချင်းထမျိုးα€žားα€€ာα€€ွα€š်α€›ေးတပ် - CNDF တာဝန်α€›ှိα€žူα€€ ပြောတဲ့ထကြောင်း Myanmar Now α€žα€α€„်းα€Œာα€”α€€ α€›ေးα€žားပါα€α€š်။

 

ပြီးခဲ့တဲ့ မတ်α€œ ၁၅ α€›α€€်α€”ေ့ တရက်α€α€Š်း တိုα€€်ခိုα€€်α€›ေးα€œေα€šာဉ်၊ α€žα€š်α€šူပို့ဆောင်α€›ေး Y 12 α€œေα€šာဉ်တွေα€”ဲ့ ထကြိα€™်α€›ေ ၁၅၀ α€€ျော် α€—ုံးα€€ြဲတိုα€€်ခိုα€€်α€α€š်α€œို့ ဆိုပါα€α€š်။

 

α€…α€…်α€€ောင်α€…ီ α€œေα€€ြောင်းα€›α€”်α€€ို ထနီးကပ်α€…ောင့်α€€ြα€Š့်α€”ေတဲ့ WaiHin (ဝေα€Ÿα€„်) ချα€”်α€”α€š်α€™ှာα€œα€Š်း ပြီးခဲ့တဲ့ α€›α€€်α€žα€္တပတ်ထတွင်း ချင်းပြα€Š်၊ α€–α€œα€™်းα€™ြို့α€”α€š်ထတွင်း α€œေα€€ြောင်းတိုα€€်ခိုα€€်ခံα€›α€™ှုα€”ဲ့ α€…α€…်α€€ောင်α€…ီ α€œေα€šာဉ်ပျံα€žα€”်းα€™ှု ထကြိα€™်α€›ေ ၂၀၀ α€€ျော်α€›ှိα€α€š်α€œို့ α€–ော်ပြထားတာ တွေ့ရပါα€α€š်။

 

α€–α€œα€™်းα€™ြို့α€”α€š်α€™ှာ α€”ေပြα€Š်တော်α€œေတပ်၊ α€™α€€ွေးα€œေတပ်၊ တံတားဦးα€œေတပ်၊ α€™ိတ္ထီα€œာα€œေတပ်α€›ှိ MIG-29 Fighter Jet Y – 12 တွေα€€ တိုα€€်ခိုα€€်α€”ေတာα€œို့ WaiHin (ဝေα€Ÿα€„်) ချα€”်α€”α€š်α€€ ဆိုပါα€α€š်။

 

α€–α€œα€™်းα€™ြို့α€€ိုချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးထဖြα€…် ၂၀၂၄ α€”ိုဝင်α€˜ာ ၉ α€›α€€်α€”ေ့α€€ စတင်α€–ော်ဆောင်တာα€–ြα€…်ပြီး ၄ α€œα€€ျော်ဝန်းα€€ျင် α€œα€€်α€›ှိထချိα€”်ထိ α€”ှα€…်α€–α€€်တို၊α€€်ပွဲ ပြင်းထန်α€”ေပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ Chinland Council α€”ဲ့ α€€ြားα€€ာα€œ ချင်းထမျိုးα€žားထတိုင်ပင်ခံα€€ောင်α€…ီ - ICNCC ပေါင်းα€…α€Š်းα€›ေးα€€ို α€€ြိုဆိုα€α€š်α€œို့ CNF ပြော

 

Chinland Council α€”ဲ့ α€€ြားα€€ာα€œ ချင်းထမျိုးα€žားထတိုင်ပင်ခံα€€ောင်α€…ီ - ICNCC တို့ထကြား ပေါင်းα€…α€Š်းα€›ေးα€€ြိုးပမ်းဆောင်α€›ွα€€်α€™ှုα€”ဲ့ α€›ှေ့ဆက်α€œုပ်ဆောင်α€™α€š့်ထပေါ် α€€ြိုဆိုα€α€š်α€œို့ Chin National Front – CNF α€€ မတ်α€œ ၁၅ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

ချင်းတော်α€œှα€”်α€›ေးထင်ထားα€…ုတွေ α€…α€Š်းα€œုံးα€Šီα€Šွတ်α€›ေးထတွα€€် α€žα€€်ဆိုင်α€›ာထဖွဲ့α€‘α€…α€Š်း၊ ထစုထဖွဲ့တွေα€”ဲ့ ပူးပေါင်း α€œα€€်တွဲα€™α€š်α€œို့α€œα€Š်း CNF α€›ဲ့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

၂၀၂၅ α€–ေα€–ော်ဝါα€›ီ ၂၆ α€›α€€်α€”ေ့α€€ α€™ီဇိုα€›α€™်ပြα€Š်α€”α€š်၊ ထိုα€€်ဇောα€™ြို့α€™ှာ Chinland Council α€”ဲ့ α€€ြားα€€ာα€œα€ျင်းထမျိုးα€žားထတိုင်ပင်ခံ α€€ောင်α€…ီ - ICNCC တို့ တွေ့ဆုံဆွေးα€”ွေးပြီးချင်းထမျိုးα€žားα€€ောင်α€…ီတရပ်ပူးပေါင်းα€–ွဲ့α€…α€Š်းα€€ြα€–ို့ α€žα€˜ောတူα€α€š်α€œို့ α€€ြေα€Šာချα€€်ထွα€€်ပေါ်α€œာတာ α€–ြα€…်ပါα€α€š်။

 

ချင်းပြα€Š်α€žူတွေထတွα€€် α€€ောင်α€…ီα€”ှα€…်ရပ်α€›ှိα€”ေတာα€™ျိုး α€™α€–ြα€…်α€žα€„့်တာα€€ြောင့်  ‘ချင်းထမျိုးα€žားα€€ောင်α€…ီထမြα€”်ဆုံးပေါ်ပေါα€€်α€–ို့ ချင်းထမျိုးα€žားα€–ွဲ့α€…α€Š်းပုံထခြေခံα€₯ပဒေα€™ူα€€ြα€™်း α€›ေးဆွဲα€™α€š့်ထဖွဲ့ α€–ွဲ့α€…α€Š်းα€žွားα€™α€š်α€œို့α€œα€Š်း ၂၀၂၅ α€–ေα€–ော်ဝါα€›ီ ၂၆ α€›α€€်α€”ေ့ ထုတ်ပြα€”်α€€ြေα€Šာချα€€်α€™ှာ α€–ော်ပြထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၄။ ထီးα€œα€„်းα€™ြို့α€”α€š်α€œေα€€ြောင်းတိုα€€်ခိုα€€်ခံα€›α€™ှု ထမျိုးα€žα€™ီး ၃ ဦးα€”ဲ့ ထမျိုးα€žား ၁ ဦးα€žေဆုံး၊ ၃၀ α€”ီးပါး ဒဏ်α€›ာရပြီး α€‘α€žα€€်ထန္တရာα€š်α€…ိုးα€›ိα€™်α€›α€žူတွေ α€›ှိα€”ေ

 

α€™α€€ွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးα€œα€„်းα€™ြို့α€”α€š် α€‘α€œα€š်α€˜α€”်းα€€ျေးα€›ွာα€™ှာ α€…α€…်α€€ောင်α€…ီα€œေတပ်α€€ α€œေα€€ြောင်းတိုα€€်ခိုα€€်α€œို့ α€žေဆုံးα€žူ ၄ ဦးα€”ဲ့ ထိခိုα€€်ဒဏ်α€›ာα€›α€žူ ၂၇ ဦးထထိ α€›ှိα€α€š်α€œို့ ထီးα€œα€„်းα€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ မတ်α€œ ၂၀ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်၊၊

 

မတ်α€œ ၂၀ α€›α€€်α€™α€”α€€် ၂ α€”ာα€›ီဝန်းα€€ျင်α€™ှာ ဂျα€€်α€–ိုα€€်တာα€”ဲ့ တိုα€€်ခိုα€€်တာα€œို့ ပြောထားပါα€α€š်။

 

α€œေα€€ြောင်းတိုα€€်ခိုα€€်ခံα€›α€™ှုထတွင်း α€‘α€žα€€် αˆα… α€”ှα€…်ထမျိုးα€žားတဦး၊ α€‘α€žα€€် ၇၆ α€”ှα€…်ထရွα€š် ထမျိုးα€žα€™ီးတဦးα€”ဲ့ α€‘α€žα€€် ၁၈ α€”ှα€…်ဝန်းα€€ျင်α€€ျောင်းα€žူα€”ှα€…်ဦး α€žေဆုံးတာα€œို့ ထီးα€œα€„်းα€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ ထုတ်ပြα€”်ပါα€α€š်။

 

ထိခိုα€€်ဒဏ်α€›ာα€›α€žူ ၂၇ ဦးထဲα€€ ၆ ဦးα€Ÿာ α€…ိုးα€›ိα€™်ရတဲ့ထခြေထနေα€–ြα€…်ပြီး α€”ေထိα€™်၊ α€€ျွဲα€”ွားထများထပြား ဆုံးα€›ှုံးပျα€€်α€…ီးα€žွားα€α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။

 

α€…α€…်α€€ောင်α€…ီα€Ÿာ α€”ေ့စဉ်α€›α€€်ဆက် ပြα€Š်α€žူ့α€‘α€žα€€်ထိုးထိα€™်α€…α€Š်းα€…ိα€™်တွေ ပစ်α€™ှတ်ထား α€›α€€်α€›α€€်α€…α€€်α€…α€€် α€–ျα€€်ဆီးα€”ေတာα€€ြောင့် ထရပ်α€žားပြα€Š်α€žူတွေထနေα€”ဲ့ α€—ုံးခိုα€€ျင်း၊ ကတုတ်α€€ျင်းတွေ α€™α€–ြα€…်α€™α€”ေတူးα€–ော်ထားα€€ြα€–ို့α€œα€Š်း ထီးα€œα€„်းα€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ α€‘α€žိပေးထားပါα€α€š်။


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment