8th Mar 2025 - Morning Daily News by Radio NUG

 

၂၀၂၅ မတ်လ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့်ပြု

📌 ၂။ ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် တောင်ကိုရီးယားလွှတ်တော်အမတ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေး

📌 ၃။ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းအပေါ်  ဒဏ်ခတ်ပိတ်ဆို့ရန် ဆွစ်ဇာလန်ကို Justice For Myanmar တောင်းဆို

📌 ၄။ ယူကေပါလီမာန်မှာကျင်းပတဲ့ International Women’s Day eventတွင်မြန်မာနိုင်ငံမှာကြုံတွေ့နေရသော အမျိုးသမီးများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုတင်ပြနိုင်ခဲ့

📌 ၅။ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင်  ရပ်ကျေး ပအဖ၊ ပကဖများနှင့် မြို့နယ် ပအဖ၊ ပကဖများ၊ ရေးရာတာဝန်ခံများ၊ တိုက်နယ်အဖွဲ့ဝင်များ မျက်နှာစုံညီ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်

📌 ၆။ လေကြောင်းအန္တရာယ်နှင့် ဗုံးခိုကျင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပ


========================


၂၀၂၅ ခုနှစ် မတ်လ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အရပ်သားပြည်သူကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သော MNDAA တပ်ဖွဲ့ကို အရေးယူရန်နှင့် ပြည်သူများ၏ ထိခိုက်နစ်နာမှုအတွက် MNDAA တပ်ဖွဲ့က တာဝန်ယူမည်ဟု ဆို

🚩 ၂။ ထန်းတပင်နှင့် ကျောက်ကြီး အစပ်ရှိ ကျေးရွာ ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲချမှုကြောင့် ပြည်သူ ဦး သေဆုံးပြီး နေအိမ်များ မီးလောင်

🚩 ၃။ ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာ၊ ဒရုန်းနဲ့ ဗုံးများ ကြဲချမှုကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျ

🚩 ၄။ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ခလရ(၂၅၈)မှ တပ်သားတစ်ဦး လက်နက်နဲ့အတူ အလင်းဝင်

🚩 ၅။ စကစ၏စစ်မှုထမ်းအပတ်စဥ် - ခေါ်ယူချိန်တွင် ပေါ်တာဆွဲခံခဲ့ရတဲ့ တပ်သားနှစ်ဦး လက်နက်နှင့်တကွ အလင်းဝင်

🚩 ၆။ ရန်ကုန် မော်လမြိုင်လမ်းမကြီး ကျိုက်ထို ဘီးလင်းလမ်းပိုင်းတွင် ယာဥ်တန်းလုံခြုံရေး ကင်းပုန်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ သုံးပွင့်အရာရှိ အပါအဝင် ၄ဦး သေဆုံးကာ  PDF ၁ဦး ကျဆုံး

🚩 ၇။ ချောင်းဦး၊ ကျီကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုရင် ပါး ဒဏ်ရာရ၊ ချောင်းဦးမြို့အတွင်း စက်တပ်လေထီးများနှင့် တိုက်ခိုက်နေ

🚩 ၈။ မတ်လ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၁) ဦး စုစုပေါင်း (၁၅) ဦး သေဆုံးခဲ့ပြီး မကွေးတိုင်းမှာ သေဆုံးမှုအများဆုံးဒေသ ဖြစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့်ပြု


မတ်လ ၇ရက်


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့်ပြုလိုက်‌ကြောင်း မတ်လ ၇ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ အမိန့်အမှတ် ၁၁ / ၂၀၂၅ ဖြင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ခွင့်ပြုကြောင်း သတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၂။ ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် တောင်ကိုရီးယားလွှတ်တော်အမတ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေး


မတ် RadioNUG 


ထိုင်းနိုင်ငံသို့ အ‌ကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများသည် တောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီနှင့် မတ်လ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သတင်းထုတ်ပြန်ထားပါတယ်။


တွေ့ဆုံဆွေးနွေးပွဲ၌ ၃၀--၂၀၂၅ ရက်နေ့တွင် ပူးပေါင်းကျင်းပခဲ့သည့်မဲဆောက်ရှိ မြန်မာဒုက္ခသည်များအတွက် အခွင့်အရေးနှင့် စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ပေးရေး ကိုရီးယား-ထိုင်း-မြန်မာ ကမ္ဘာလုံးဆိုင်ရာ ဖိုရမ်အပေါ်  အားသာချက်၊ အားနည်းချက်များအား ဆွေးနွေးသုံးသပ်ခဲ့ပြီး ယင်းအစီအစဉ်အရ ဆက်လက်လုပ်ဆောင်သင့်သည်များကို တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီနှင့် တာဝန်ရှိသူများက ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများနှင့် လိုအပ်ချက်များ၊ ထိုင်းနိုင်ငံအတွင်း အထောက်အထားရရှိနိုင်ရေးနှင့် ရပ်တည်နေထိုင်ရေးအခက်အခဲများ၊  ထိုင်းနိုင်ငံက ဖမ်းဆီးထိန်းသိမ်းခံရသူများအား စစ်ကောင်စီထံ အပ်နှံနေခြင်းနှင့် ယင်းတို့အား  အကြမ်းဖက်စစ်အုပ်စုက အဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရခြင်း၊ ထိုင်းနိုင်ငံရောက် မြန်မာမျိုးဆက်သစ်လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးဖလှယ်ခဲ့ကြပြီး အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများအတွက် တောင်ကိုရီးယား၊ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကလည်း ကူညီပံ့ပိုးပေးမှု အားကောင်းလာစေရေး  ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ၊ အလုပ်သမားရေးရာကော်မတီမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် ရုံးအဖွဲ့များ၊ နယ်စပ်အခြေပြု ရွှေ့ပြောင်းနေထိုင်သူများအရေး ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တောင်ကိုရီးယား၏ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းအပေါ်  ဒဏ်ခတ်ပိတ်ဆို့ရန် ဆွစ်ဇာလန်ကို Justice For Myanmar တောင်းဆို


မတ်လ၇ရက်


စစ်အုပ်စုထိန်းချုပ်ထားသည့် အလွန့်အလွန်အမြတ်အစွန်းများသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာမြင့်လာသည့်အချိန်အထိ ဆွစ်ဇာလန်နိုင်ငံသည် MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရန် ပျက်ကွက်ခဲ့တယ်လို့ Justice For Myanmar က ဖော်ပြပါတယ်။


ဆွစ်ဇာလန်သည် MOGE နှင့် ယင်း၏ မိတ်ဖက်များ ဆွစ်ဘဏ္ဍာရေးစနစ်ကို အသုံးပြုနိုင်ရန် ခွင့်ပြုပေးသည့်၊ ဆွစ်ကုမ္ပဏီများအား မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ပါဝင်လုပ်ကိုင်ခွင့်ရှိသည့် ကယ်ပေါက်တစ်ခုကို ဖန်တီးပေးလိုက်ခြင်းအားဖြင့် ၎င်းသည် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ထိခိုက်ပျက်ပြားစေတယ်လို့ ဆိုပါတယ်။


Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားရာတွင်"ဆွစ်ဇာလန်အနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်သင့်ပြီး၊ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီး ချမှတ်သင့်ပါတယ်။စစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု လေးနှစ်ကျော်ကြာမြင့်လာခဲ့ပြီးတဲ့နောက် သူတို့ရဲ့ အကြမ်းဖက် စစ်ဆင်ရေးကလည်း ပိုလို့သာ ပြင်းထန်လာခဲ့ပြီး၊ ဒီအကြမ်းဖက်စစ်ဆင်ရေးတွေကို ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍက ငွေကြေး ဖြည့်ဆည်းထောက်ပံ့နေတာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။


ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍသည် စစ်အုပ်စုအတွက် အကြီးဆုံးသောနိုင်ငံခြားဝင်ငွေရင်းမြစ် ဖြစ်ပြီး ရေနံနှင့်သဘာဝဓါတ်ငွေ့ဝင်ငွေများကို စစ်အုပ်စု ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် လိုအပ်သည့် စစ်လက်နက်များ၊ လေယာဉ်ဆီများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ဝယ်ယူရာတွင် အသုံးပြုလျက် ရှိပါတယ်။


စစ်အုပ်စု၏ အချက်အလက်များအရ မြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့မှုများသည် ၂၀၂၃ ခုနှစ် ပထမသုံးလမှ ဇွန်လအတွင်း အမေရိကန်ဒေါ်လာ ၈၄၁. သန်း ရှိခဲ့ပါတယ်။


========================


📌📌 ၄။ ယူကေပါလီမာန်မှာကျင်းပတဲ့ International Women’s Day eventတွင်မြန်မာနိုင်ငံမှာကြုံတွေ့နေရသော အမျိုးသမီးများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုတင်ပြနိုင်ခဲ့


မတ်လ၇ရက်


မတ်လ၄ ရက်နေ့ Parliament မှာကျင်းပသော International Women’s Day eventတွင်  Stars of Myanmar Friendship က မြန်မာကိုယ်စား ပါဝင်ဆင်နွှဲခဲ့ပါတယ်။ 


အခမ်းအနားတွင် Stars of Myanmar Friendship organisation ရဲ့ လှုပ်ရှားမှုများ၊ grassroots organization အနေနဲ့လုပ်ဆောင်မှုများ၊ Civil Disobedience Movementမှာ ပါဝင်သူများအား ထောက်ပံ့ခြင်း၊ လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေများအား နိုင်ငံခြားသားများ စိတ်ဝင်စားမှုမြင့်တတ်လာအောင် ဆောင်ရွက်ခြင်းများ၊ Humanitarian Aid အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၊ CDM ဝန်ထမ်းများနှင့် စစ်ဘေးရှောင်ပြည်သူများအားထောက်ပံ့ခြင်း စသည့် အကြောင်းအရာများကို အကျဉ်းချုပ် ပြောပြနိုင်ခဲ့တယ်လို့သိရပါတယ်။


"အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကျွန်မတို့မြန်မာနိုင်ငံရဲ့ အမျိုးသမီး ငါးထောင်ကျော်ဟာ နိုင်ငံရေးအကျဉ်းသားအနေနေဲ့အကျဉ်းထောင်ထဲရောက်ရှိနေပြီး ကိုယ်ထိလက်ရောက်နှိပ်စက်ညှင်းပန်းမှုများ၊ တိုက်ပိတ်အကျဉ်းချထားခြင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတောင်းခံမှုများအား ငြင်းဆိုခံရခြင်းများအား တင်ပြနိုင်ခဲ့ပါတယ်။ အမှတ်တရအနေနဲ့ နိုင်ငံရေးအကျဉ်းသားများရေးသားသောဗူးဝစာအုပ်ကို မြန်မာပြည်အကြောင်း စိတ်ဝင်စားသော အမတ်များအား လက်ဆောင်ပေးခဲ့ပါတယ်"လို့ Stars of Myanmar Friendship ကဖော်ပြပါတယ်။


ဒါ့အပြင်UK government ကိုဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသူများလွတ်မြောက်ရေးအတွက် လှုံ့ဆော် တောင်းဆိုပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။


========================


📌📌 ၅။ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင်  ရပ်ကျေး ပအဖ၊ ပကဖများနှင့် မြို့နယ် ပအဖ၊ ပကဖများ၊ ရေးရာတာဝန်ခံများ၊ တိုက်နယ်အဖွဲ့ဝင်များ မျက်နှာစုံညီ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်


မတ် RadioNUG 


မတ်လ ၇ရက်နေ့တွင် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ ရပ်ကျေး ပအဖ၊ ပကဖများနှင့် မြို့နယ် ပအဖ၊ ပကဖများ၊ ရေးရာတာဝန်ခံများ၊ တိုက်နယ်အဖွဲ့ဝင်များ မျက်နှာစုံညီ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အုပ်ချုပ်ရေးပိုင်းနှင့် ကာကွယ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကျေးရွာ၏ အားသာချက်၊ အားနဲချက်များ၊ မြေပြင်အခြေအနေမှ အပြန်အလှန် ဆွေးနွှေး တင်ပြ မေးမြန်းလာမှုများကို သက်ဆိုင်ရာ တာဝန်ခံများမှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ မူဝါဒ၊ လမ်းညွှန်မှု၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျယ်တဝင့် ဆွေးနွေး ရှင်းလင်းခဲ့ကြတယ်လို့ သိရပါတယ်။


ထိုမျက်နှာစုံညီ တွေ့ဆုံပွဲကို မြို့နယ် ပအဖ နာယက/ပြည်သူ့လွှတ််တော် ကိုယ်စားလှယ်၊ မြို့နယ် ပအဖ ခေါင်းဆောင်၊ မြို့နယ် ပကဖ ဒု တာဝန်ခံ၊ တရားရေး အဖွဲ့ဝင်() လူသားစာနာ တာဝန်ခံ၊ ကျန်းမာရေး တာဝန်ခံ၊ စည်ပင် တာဝန်ခံ၊ အခွန်တော်အရာရှိ၊ ဘဏ္ဍာရေး တွဲဘက် တာဝန်ခံ၊ လူ့အခွင့်အရေး တာဝန်ခံ၊ ပြည်သူ့ရင်ခွင် တာဝန်ခံ၊ သယံဇာတ ဥက္ကဌ၊ မြို့နယ် ပအဖ အဖွဲ့ဝင် ပညာရေး စု စုမှူး၊ ပအဖ ရုံးအဖွဲ့မှူး၊ တိုက်နယ် ပကဖ ခေါင်းဆောင်နှင့် အဖွဲ့ဝင်()ဦး၊ မြို့နယ် ပကဖ ရဲဘော်များ၊ ရပ်ကျေး ပအဖ/ပကဖများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ လေကြောင်းအန္တရာယ်နှင့် ဗုံးခိုကျင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပ


မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF ( Burma Liberation Democratic Front - BLDF) မုံရွာမြို့နယ် အမှတ်()တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(.က.)တို့နှင့် လက်တွဲ၍ ဒေသတွင်းကျေးရွာများတွင် လေကြောင်းအန္တရာယ်နှင့် ဗုံးခိုကျင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပခြင်း နှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယိ။


ပြည်သူလူထုများအနေဖြင့် စစ်ကောင်စီ၏ အရပ်သားနေအိမ်များအပေါ် လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ကျေးရွာများတွင်းသို့ ပစ်ခတ်ခြင်းများမှ ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ မဖြစ်မနေ တူးထားကြရန်အတွက် တိုက်တွန်းနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကသတင်းထုတ်ပြန်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ မင်းသီဟန်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ အရပ်သားပြည်သူကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သော MNDAA တပ်ဖွဲ့ကို အရေးယူရန်နှင့် ပြည်သူများ၏ ထိခိုက်နစ်နာမှုအတွက် MNDAA တပ်ဖွဲ့က တာဝန်ယူမည်ဟု ဆို


မတ် RadioNUG 


မုံးစီးမြို့နယ်၊ ပင်းခန်ကျေးရွာ၊ နမ့်လိမ်းချောင်း နဘေးမှာ ရွှေတူးဖော်နေသော MNDAA တပ်ဖွဲ့ကို ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့သော ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် MNDAA တပ်ဖွဲ့ကို အများပြည်သူရှေ့မှောက်တွင် တရားစီရင်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွင့်ကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ဘန်ယန်းခါးပြည်သူ့ကိုယ်စားလှယ် () ဦးနှင့် MNDAA အရာရှိ () ဦး ပါဝင်သည့် ဆွေးနွေးပွဲကို မတ်လ ရက်နေ့၊ ညနေ (:၀၀-:၀၀) နာရီအချိန်အတွင်း ဘန်ယန်း ခါးကျေးရွာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကာ သဘောတူညီချက် () ချက်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။


ဆွေးနွေးပွဲမှာ ဘန်ယန်းခါးကျေးရွာ ပြည်သူ့ ကိုယ်စားလှယ်တွေက အချက် () ချက်တင်ပြဆွေးနွေးခဲ့ပြီး အဓိက ပြဿနာအရင်းအမြစ် ဖြစ်တဲ့ နမ့်လိမ်းချောင်းတလျှောက် ရွှေနှင့် သယံဇာတများ တူးဖော်မှုကို လုံးဝ (လုံးဝ) မလုပ်ဆောင်ရဆိုတဲ့အချက်ကို MNDAA ဘက်က ကြည်ကြည်ဖြူဖြူပဲ လက်ခံခဲ့ပြီးတော့ အသက်သေဆုံးသူတွေနဲ့ ကျန်ရစ်သူမိသားစုတွေအတွက် ကချင်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းဥပဒေနဲ့အညီ (Bunglat Hka) တာဝန်ယူဖြေရှင်းပေးရန်နဲ့ ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေရဲ့ ဆေးကုသစားရိတ်နဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် တာဝန်ယူပေးရန်၊ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာအနီးဝန်းကျင်အတွင်း တပ်စခန်းနေရာချထားမှု လုံးဝ မလုပ်ရန်တို့ကိုလည်း MNDAA ဘက်က အပြည့်အဝ တာဝန်ယူဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။


ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သော တပ်ဖွဲ့မှာ မုံးဟွမ်အခြေစိုက် MNDAA တပ်ဖွဲ့များဖြစ်ပြီး အသက်သေဆုံးခဲ့ရသော ဘန်ယန်းခါးကျေးရွာ ပြည်သူများ၏ ရုပ်အလောင်းကိုမူ မတ်လ ၇ရက်နေ့ မွန်းလွဲပိုင်းတွင် သွားရောက်သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ထန်းတပင်နှင့် ကျောက်ကြီး အစပ်ရှိ ကျေးရွာ ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲချမှုကြောင့် ပြည်သူ ဦး သေဆုံးပြီး နေအိမ်များ မီးလောင်


မတ် RadioNUG 


မတ်လ ရက်နေ့ ညနေ နာရီကျော်ခန့်တွင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် နှင့် ကျောက်ကြီးမြို့နယ်အစပ်ရှိ ကျောက်ကြီးပေါက်ရွာနှင့် မကျည်းတောရွာကို လေယာဉ်ဖြင့် ဗုံး လုံးခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း  ဒေသသတင်းများအရ သိရပါတယ်။


လေကြောင်း တိုက်ခိုက်မှု အတွင်း ကျောက်ကြီးပေါက်ရွာမှ အသက် ၆၃ နှစ်အရွယ် ဒေါ်ထွေးနှင့် မကျည်းတောရွာမှ အသက် ၅၅ နှစ်အရွယ် ဦးအောင်မြင့်အေး အသက် ၅၃ နှစ်အရွယ် ဒေါ်ခိုင်ဦး တို့ သေဆုံးခဲ့ပြီး နေအိမ် လုံးခန့် မီးလောင် ပြာကျသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာ၊ ဒရုန်းနဲ့ ဗုံးများ ကြဲချမှုကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျ


မတ် RadioNUG 


မတ်လ ၇ရက်နေ့ နေ့လယ် ၁နာရီ ၁၆မိနစ်ခန့်တွင် ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်အောက်ရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂လုံး ကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၃၅ လုံးထက်မနည်း မီးလောင်ပြာကျသွားကြောင်း APMသတင်းဌာနမှာ ဖော်ပြထားပါတယ်။


ထို့အပြင် နွားတစ်ကောင်လည်း မီးလောင် သေဆုံးသွားတယ်လို့ သိရပါတယ်။


 အလားတူ မတ်လ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဦးကင်းရွာကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားတယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီ၏   ဓညဝတီ ရေတပ်စခန်းဌာနချုပ် (ဓရခ)မှ ဦးကင်းရွာကို နေ့လယ် နာရီခွဲတွင် တစ်ကြိမ်၊ ညနေ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာလို့ သိရပါတယ်။


ထို့အပြင် မတ်လ ရက်‌၊ မနက် နာရီ၊ မိနစ် ၅၀ ခန့်တွင် စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်က ဝါဘိုရွာကို ဒရုန်း ၁၀ စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ့နေအိမ် ၃၅ ထက်မနည်း မီးလောင်ပြာကျသွားတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ခလရ(၂၅၈)မှ တပ်သားတစ်ဦး လက်နက်နဲ့အတူ အလင်းဝင်


မတ်လ()ရက်


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ခလရ(၂၅၈)မှ တပ်သားရဲရင့်အောင်အသက်၂၃နှစ် ဟာ မတ်လ()ရက် ၉နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်(.က.)ထံ ဆက်သွယ်၍ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။


 အဆိုပါတပ်သား ရဲရင့်အောင်သည် ၂၀၂၄ခုနှစ်  နိုဝင်ဘာလတွင် စစ်ကိုင်းတံတားပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏တပ်သားသစ်စုဆောင်းခံရပြီး အတင်းအဓ္ဓမစစ်မှုထမ်းဆောင်ရသူဖြစ်ပါတယ်။


၎င်းတပ်သား ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရောက်လာစဉ် MA1 တစ်လက်ယူဆောင်လာခဲ့ပြီးအကြမ်းဖက်စစ်ကောင်စစ်တပ်သားများအနေဖြင့်လဲ ပြည်သူ့ရင်ခွင်ထံဝင်ရောက်ခိုလှုံလိုပါက 09988895428သို့ ယုံကြည်စွာဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၅။ စကစ၏စစ်မှုထမ်းအပတ်စဥ် - ခေါ်ယူချိန်တွင် ပေါ်တာဆွဲခံခဲ့ရတဲ့ တပ်သားနှစ်ဦး လက်နက်နှင့်တကွ အလင်းဝင်


မတ် RadioNUG 


မတ်လ ()ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန အမှတ် (၉၀၁) တပ်ရင်းသို့ စကစရဲ့ စစ်မှုထမ်းအပတ်စဥ် - ခေါ်ယူချိန်တွင် ပေါ်တာဆွဲခံခဲ့ရသော တပ်မ (၆၆) လက်အောက်ခံ ခလရ () တပ်ရင်းမှ  တပ်သား အောင်ဇေယျာထွန်းနှင့် တပ်သား သော်တာမင်းထက်တို့ အလင်းဝင်လာကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


၎င်းတို့နှင့်အတူ MA 3 မောင်းပြန် ()လက်၊ ကျည်ဘောက် ()ခု၊ လက်ပစ်ဗုံး ()လုံး၊ 5.56 (ဘားမား) ကျည် (၂၄)တောင့်နှင့်အတူ အလင်းဝင်ရောက်လာတယ်လို့ ဖော်ပြထားပါတယ်။


နေပြည်တော်တိုင်းစစ်ဌာန အမှတ် (၉၀၁) တပ်ရင်းမှ ရိက္ခာနဲ့ ခဲယမ်းလိုအပ်ချက်အတွက် ကျပ်သိန်း (၂၀၀)ကို ()လကြာ နှိုးဆော်ပြီး အကူအညီပေးရန် တောင်းဆိုထားပါတယ်။


NUG Pay, SDB, US Zelle, စလုံး Pay Now, Thai Account, Korea Accountနှင့် နိုင်ငံအလိုက် အကောင့်များကနေ ပါဝင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ရန်ကုန် မော်လမြိုင်လမ်းမကြီး ကျိုက်ထို ဘီးလင်းလမ်းပိုင်းတွင် ယာဥ်တန်းလုံခြုံရေး ကင်းပုန်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ သုံးပွင့်အရာရှိ အပါအဝင် ၄ဦး သေဆုံးကာ  PDF ၁ဦး ကျဆုံး


မတ် RadioNUG 


မတ်လ ၆ရက်နေ့၊ မနက် (၁၁:၂၆) မှ မွန်းလွဲ (၁၂:၅၅) အထိ ရန်ကုန် မော်လမြိုင်လမ်းမကြီး၊ ကျိုက်ထို ဘီးလင်းလမ်းပိုင်းတွင် စစ်ကောင်စီရဲ့ ယာဥ်တန်းလုံခြုံရေးကင်းပုန်းအဖွဲ့နှင့် နဂါးဖြူးစစ်ကြောင်း PDFအဖွဲ့နှင့် တပ်ရင်း 7805 တပ်ဖွဲ့ သပြေညိုစစ်ကြောင်းပူပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သုံးပွင့်အရာရှိ အပါအဝင် ၄ဦး သေဆုံးပြီး ဦး ထက်မနည်း ဒဏ်ရာရရှိကာ PDF ရဲဘော် ၁ဦး မြင့်မြတ်စွာအသက်ပေးခဲ့ရသလို ၂ဦး မစိုးရိမ်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ချောင်းဦး၊ ကျီကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုရင် ပါး ဒဏ်ရာရ၊ ချောင်းဦးမြို့အတွင်း စက်တပ်လေထီးများနှင့် တိုက်ခိုက်နေ


မတ် RadioNUG 


မတ်လ ရက်နေ့ မွန်းလွဲ နာရီ ၄၀ မိနစ်အချိန်တွင် ချောင်းဦးမြို့နယ်၊ မြပုလဲ စစ်ဆေးရေးဂိတ်မှာ အထိုင်ချထားတဲ့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ  ချောင်းဦးမြို့နယ်၊ကျီကုန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင် ၁ပါး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း သိရပါတယ်။


ထို့အပြင် မတ်လ ၇ရက်နေ့တွင်လည်း ချောင်းဦးမြို့နယ်တွင် စစ်တပ်က စက်တပ်လေထီးများဖြင့် ကင်းထောက်ခြင်းများ တစ်ချိန်လုံးလုပ်ဆောင်ခဲ့ပြီး မွန်းလွဲ နာရီ ၅၈ မိနစ်ဝန်းကျင်အချိန်တွင် စက်တပ်လေထီးများပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ မတ်လ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၁) ဦး စုစုပေါင်း (၁၅) ဦး သေဆုံးခဲ့ပြီး မကွေးတိုင်းမှာ သေဆုံးမှုအများဆုံးဒေသ ဖြစ်


မတ်လ၇ရက်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ မတ်လ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၁) ဦး စုစုပေါင်း (၁၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် မကွေးတိုင်းမှာ (၁၂) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်တယ်လို့ဖော်ပြပါတယ်။


အဆိုပါ (၁၅) ဦးတွင် သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် () ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ကြပြီး () ဦးမှာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ရပါတယ်။


မတ်လ ရက်နေ့တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေစွန်းတော်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းကာ ဒေသခံတချို့ကို ဖမ်းဆီးခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာရှိနေအိမ်များအား မီးမရှို့ရန် တားဆီးသည့် ဒေသခံများအား စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို မီးရှို့ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment