6th Apr 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဧပြီလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့ (USGS)  ဧပြီ ၁၁ ရက်နေ့အထိ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေများ ထုတ်ပြန်

📌 ၂။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြ

📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ ငလျင်ဘေးဒဏ်သင့် နယ်မြေသို့ သွားရောက်ကူညီဆောင်ရွက်

📌 ၄။ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်

📌 ၅။ ပျော်ဘွယ်မြို့ ကမ္ဘောဇဘဏ်ပြိုကျမှုတွင် ဘဏ်ဝန်ထမ်း ၁၀ဦးအပါအဝင် ၂၀ဦး သေဆုံး

📌 ၆။ ငလျင်ဘေးကြောင့် ဧပြီလ ၅ရက် နေ့လယ် နာရီအထိ သေဆုံးသူ - ၄၁၇၄ ဦး ရှိလာ

📌 ၇။ ငလျင်ဘေးအတွက် သြစတေးလျ ကော့စ်ကမ်းခြေလူမျိုးပေါင်းစုံယဉ်ကျေးမှုအသင်းက ဆုတောင်းပွဲနှင့် ရန်ပုံငွေရှာပွဲ ပြုလုပ်မည် 


========================


၂၀၂၅ ခုနှစ် ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးနှင့် ငလျင်ဘေးဒဏ်သတင်းကောက်နုတ်ချက်များ


🚩၁။ တိုက်ကြီး ကပစ - ၁၁ အား တာဝေးပစ် မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

🚩၂။ ဝမ်မလန်း စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း ဘောလခဲ PDF ရဲဘော် ဦးကျဆုံး

🚩၃။ အပစ်ရပ်ကြေညာခဲ့သော စစ်ကောင်စီတပ်မှ မိုးကုတ်မြို့နယ်ကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်

🚩၄။ အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက တောင်ကုတ်မြို့ကို ဗုံးကြဲခဲ့ရာ အရပ်သား ဦး ဒဏ်ရာရ

🚩၅။ မောင်တောမှာ ARSA အကြမ်းဖက်သမား တဦးကို အာရက္ခတပ်တော်က အသေဖမ်းဆီးရမိ

🚩၆။ ပေါ်တာဆွဲခံရပြီး စစ်သင်တန်း တက်ရောက်ခဲ့ရသူ တဦးကို ဖမ်းဆီးရမိ

🚩၇။ ၁၃၆၈ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြဖို့ တောင်သာ ပအဖ ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့ (USGS)  ဧပြီ ၁၁ ရက်နေ့အထိ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေများ ထုတ်ပြန်


ဧပြီ  

Radio NUG 


ဧပြီလ ရက်နေ့၊ အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့ (USGS)  ဧပြီ ၁၁ ရက်နေ့အထိ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေများကို  အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်ထားပါတယ်။


အင်အား နှင့် အထက်ရှိသည့် နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၉၉%ရှိပြီး အကြိမ် ၂၀ မှ ၂၂၀ ကြားထိဖြစ်နိုင်ကြောင်း၊ အင်အား နှင့် အထက်ရှိသည့် နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၉၉%ရှိပြီး ကြိမ်မှ ၂၂ ကြိမ်ထိ ဖြစ်နိုင်ကြောင်း၊ အင်အား နှင့် အထက်ရှိသည့် နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ ၅၄%ရှိပြီး  မှ ကြိမ်အထိ ဖြစ်နိုင်ကြောင်း၊ အင်အား နှင့် အထက်ရှိသည့် နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ %ရှိပြီး မှ ကြိမ်အထိ ဖြစ်ပေါ်နိုင်ကြောင်း၊ အင်အား နှင့် အထက်ရှိသည့် နောက်ဆက်တွဲငလျင်ငယ် ဖြစ်ပေါ်နိုင်ခြေ .% - % အလားအလာရှိပြီး ထိုကဲ့သို့ နောက်ဆက်တွဲငလျင် ဖြစ်နိုင်ခြေရှိသော်လည်း အလားအလာ အလွန်နည်းပါးကြောင်း ဖော်ပြထားပါတယ်။


အဆိုပါ အင်အား . နှင့် အထက်ရှိသော မြေငလျင်ကြီးကို ရှေ့ပြေးငလျင် (foreshock) အဖြစ် ဖြစ်နိုင်ခြေမှာ /၇၀၀ (.%) ရှိကြောင်း ခန့်မှန်းထားပါတယ်။



========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြ


ဧပြီ  

Radio NUG 


ဧပြီလ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၃/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဝန်ကြီးဌာန စတင်ဖွဲ့စည်းခြင်း၊ မူဝါဒဆိုင်ရာ ဦးဆောင်အဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(NAB – NR) စီမံခန့်ခွဲမှု ကော်မတီ(EC)နှင့် နည်းပညာအကြံပေးအဖွဲ့ (Technical Advisory Team–TAT) ဝန်ကြီးဌာန ဖွဲ့စည်းပုံ၊ ကြားကာလသယံဇာတ စီမံအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ၊ ကြားကာလနှင့် ရေရှည်ကာလ သယံဇာတ စီမံခန့်ခွဲခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ CDM ဝန်ထမ်းများအား ပြန်လည်နေရာချထားခြင်း၊ ငွေကြေးနှင့် အသက်မွေးဝမ်းကျောင်း အထောက်အပံ့ပေးခြင်း၊ CDM  ဝင်ထားသော ဆင်နှင့် ဆင်ဝန်ထမ်းများအား အထောက်အပံ့ပေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင် က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။


ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီက (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ တက်ရောက်သည့်ကိစ္စနှင့်စပ်လျဉ်း၍ တင်ပြခြင်း၊ တခြား ရေးရာကော်မတီဝင်များက အထွေထွေကိစ္စရပ်များ တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ၂၂.၁၅ နာရီတွင် ရပ်နားခဲ့ပြီး အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့  တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။



========================


📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ ငလျင်ဘေးဒဏ်သင့် နယ်မြေသို့ သွားရောက်ကူညီဆောင်ရွက်


ဧပြီ ၅ရက် 

Radio NUG 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းသည် ဧပြီလ ၄ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းမြို့နယ်သို့ သွားရောက်ခဲ့ကြောင်း  သတင်းထုတ်ပြန်ပါတယ်။

မြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုလဲသွားသည့် နေအိမ်အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦးများ၊ လမ်းများ၊ တံတားများသို့ လိုက်လံကြည့်ရှုပြီးနောက် ငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီး အားပေးနှစ်သိမ့်မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ငလျင်ဘေးဒဏ်သင့် ရပ်ရွာပြည်သူအချို့၏ ပြောပြချက်အရ လက်တလော အရေးတကြီးလိုအပ်ချက်များမှာ_ သောက်သုံးရေ ရရှိရေး၊ ယာယီနေထိုင်စရာ ရရှိရေး၊ အခြေခံစားသောက်ကုန် ဝယ်ယူရရှိရန် ခက်ခဲနေမှု၊ ဓာတ်ဆီ/ဒီဇယ်ဆီ အခက်အခဲ၊ ဆေးဝါး မလုံလောက်မှုတို့ ဖြစ်တယ်လို့ သိရပါတယ်။


ညပိုင်းတွင် စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့အနေဖြင့် ငလျင်လှုပ်ခတ်ပြီးသည်နှင့် ၂၄ နာရီအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်သည့်အကြောင်း၊ လုပ်ငန်းကော်မတီတစ်ခုဖွဲ့ထားပြီး မြေပြင်နှစ်ဖွဲ့ခွဲ၍ ကွင်းဆင်းကူညီမှုများ ပြုလုပ်နေကြောင်း၊ ပြည်သူလူထုထံမှ အလှူငွေ သိန်းပေါင်း ၁၇၀၀ ကျော်ရရှိထားကြောင်း၊ ယနေ့ထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် သုံးစွဲငွေ သိန်း ၁၀၀၀၀ ကျော်နေပြီဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်


ဧပြီ ၅ရက် 

Radio NUG 


ဧပြီ ရက်ညပိုင်း နာရီကျော်ကစပြီး မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။


နောက်ဆက်တွဲငလျင်များကို စိုးရိမ်တာနှင့် ပြိုပျက်အဆောက်အဦတွေထဲမှာ နေဖို့ အဆင်မပြေကြတာကြောင့် ကွင်းပြင်တွေနဲ့ လမ်းမကြီးတွေပေါ်မှာ မိုးကာစတွေနဲ့ ယာယီတဲထိုးနေထိုင်နေရသူတွေအတွက် မိုးနဲ့ လေကြောင့် အခက်အခဲတွေ ထပ်ဖြစ်ရပြီး လျှပ်စစ်မီးများလည်း ပြတ်တောက်သွားကာ ယာယီတဲအချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ပျော်ဘွယ်မြို့ ကမ္ဘောဇဘဏ်ပြိုကျမှုတွင် ဘဏ်ဝန်ထမ်း ၁၀ဦးအပါအဝင် ၂၀ဦး သေဆုံး


ဧပြီ  

Radio NUG 


မတ်လ ၂၈ရက်နေ့က . ရစ်(ခ်)စတာစကေးရှိ ပြင်းအားမြင့် ငလျင်လှုပ်ခတ်မှုကြောင့် ကမ္ဘောဇဘဏ် ၅ထပ် အဆောက်အဦ ပြိုကျမှုတွင် ဘဏ်ဝန်ထမ်း ၁၀ဦး အပါအဝင် ၂၀ဦး သေဆုံးကြောင်း ပျော်ဘွယ်မြို့ မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။


ကမ္ဘောဇဘဏ်အတွင်းမှ အသက်ရှင်သူ ဘဏ်၀န်ထမ်း ဦးနှင့် Customer ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ဘဏ်၀န်ထမ်း ၁၀ ဦး၊ အာမခံ၀န်ထမ်း ဦးနှင့် Customer ဦး စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ဘဏ်အတွင်း အတည်ပြုစာရင်းအရ ပျော်ဘွယ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ အသက်ရှင်လျက် ၁၆ ဦး ကယ်ထုတ်နိုင်ခဲ့ပြီး ဦးမှာ ဆေးရုံပို့ရာလမ်းတွင် သေဆုံးခဲ့ကာ ပြိုကျအဆောက်အဦးအတွင်းမှ သေဆုံးသူ ၁၇ ဦး ဖော်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။


သေဆုံးသူများ၏ ရုပ်အလောင်းများအား ၎င်းတို့၏ မိဘ‌ဆွေမျိုးများအား မျက်မြင်ကြည့်ရှုစစ်ဆေးအတည်ပြုစေပြီး လွှဲအပ်ခဲ့တယ်လို့ သိရပါတယ်။


ပျော်ဘွယ်မြို့ KBZဘဏ်သည် ပထမ ငလျင်လှုပ်ပြီး တံခါးများကို ပိတ်ချကာ ပြည်သူများကို အပြင်ထွက်ခွင့် မပေးဘဲ ဒုတိယအကြိမ် လှုပ်ခတ်ရာမှ ပြိုကျခဲ့သလို ပိတ်မိသူများကို ဦးစားပေးကယ်မထုတ်ဘဲ ဘဏ်တာဝန်ခံဝန်ထမ်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို လုံခြုံရေးခေါ်ပြီး ပိုက်ဆံများကိုသာ ဦးစားပေးထုတ်ယူခဲ့တာကြောင့် အစာရေငတ်ပြတ်၊ အောက်ဆီဂျင်ပြတ်ပြီး အသေအပျောက်များရတယ်လို့ နစ်နာသူမိသားစုများမှ ပြောဆိုထားပါတယ်။


========================


📌📌 ၆။ ငလျင်ဘေးကြောင့် ဧပြီလ ၅ရက် နေ့လယ် နာရီအထိ သေဆုံးသူ - ၄၁၇၄ ဦး ရှိလာ


ဧပြီ ၅ရက် 

RadioNUG 


မတ်လ ၂၈ ရက် ပြင်းထန်စွာ လှူပ်ခတ်ခဲ့တဲ့ ငလျင်ဘေးအပြင် နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် ဧပြီလ ၅ရက် နေ့လယ် နာရီအထိ သေဆုံးသူ - ၄၁၇၄ ဦး ရှိလာပြီး ထိခိုက်ဒဏ်ရာရသူ - ၆၁၆၈ ဦး၊ ပျောက်ဆုံးသူ - ၇၆၉ ဦးနှင့် ကယ်ဆယ်ရရှိသူ - ၄၉၈ ဦး ရှိလာတယ်လို့ ယုံကြည်စိတ်ချရသော ဒေတာအချက်အလက်များအရ သိရကြောင်း နွေဦးထီမှ အသိပေးထားပါတယ်။


မြေပြင်မှာ အရေးကြီးလိုအပ်နေတဲ့ အကူအညီများစွာကို လျှင်မြန်စွာပေးနိုင်ဖို့အတွက် Ministry of Humanitarian Affairs and Disaster Management - NUG  မှ ငလျင်ဘေးသင့် ထိခိုက်ဒေသတွေကို ခြုံငုံနိုင်ရန် ကောက်ခံရရှိပြီးသော လှူဒါန်းငွေများကို နေ့စဉ်နဲ့အမျှ လွှဲပို့ ထောက်ပံ့နေလျက်ရှိပြီး  ဧပြီလ (၁၁)ရက်နေ့အထိ "မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး" ကမ်ပိန်းမှာ ဝိုင်းဝန်းပါဝင်ထောက်ပံ့ပေးကြဖို့ တိုက်တွန်းထားပါတယ်။


========================


📌📌 ၇။ ငလျင်ဘေးအတွက် သြစတေးလျ ကော့စ်ကမ်းခြေလူမျိုးပေါင်းစုံယဉ်ကျေးမှုအသင်းက ဆုတောင်းပွဲနှင့် ရန်ပုံငွေရှာပွဲ ပြုလုပ်မည် 


ဧပြီ  

Radio NUG 


မြန်မာ့ငလျင်ဘေးအတွက် ရန်ပုံငွေရှာဖွေရေးအပါအဝင် ဆုတောင်းပွဲကို ဩစတေးလျနိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ငလျင်ဘေးအတွက် ဆုတောင်းပွဲကို  ဩစတေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ် Coffs Habor မြို့၌ ဧပြီ ၁၂ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဓာတ်ပုံပြပွဲနှင့် မြို့မိ၊ မြို့ဖများ၏ ရန်ပုံငွေရရှိရေး ဟောပြောပွဲများ ပါဝင်မည်ဖြစ်‌ကြောင်း ကော့စ်ကမ်းခြေ လူမျိုးပေါင်းစုံယဉ်ကျေးမှုအသင်း (Coffs Coast multicultural Society) က အသိပေး ထုတ်ပြန်ထားပါတယ်။


Coffs Coast multicultural Societyသည်  သြစတေးလျနိုင်ငံ ဌာနေတိုင်းရင်းသားများ အပါအဝင် ပြောင်းရွှေ့အခြေချနေထိုင်သည့် နိုင်ငံတကာမှ လူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် အသင်း ဖြစ်ပြီး မြန်မာ့ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် ရန်ပုံငွေရှာဖွေရန် Myanmar Earthquake Relief ( Aid-Me) ဖွဲ့စည်းထားကာ ငလျင်လှုပ်ပြီးချိန်ကစ၍ ဒုတိယပတ်ကာလအထိ အရေးပေါ်ရန်ပုံငွေရှာဖွေရေး ကာလဟု သတ်မှတ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


ဆက်လက်၍လည်း ရေရှည်ပံ့ပိုးရေး ရန်ပုံငွေရှာများ ရှာဖွေ၍ မြေပြင်၌ ကူညီနေသည့် အဖွဲ့များနှင့် ဩစတေးလျနိုင်ငံ အစိုးရအသိအမှတ်ပြုသည့် နိုင်ငံတကာအဖွဲ့အစည်းအများမှ လှူဒါန်းသွားမှာ ဖြစ်ပြီး အွန်လိုင်းမှလှူဒါန်းလိုသူများအနေဖြင့်လည်း ပါဝင်နိုင်ကြောင်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩၁။ တိုက်ကြီး ကပစ - ၁၁ အား တာဝေးပစ် မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်


ဧပြီလ ရက်၊ 

Radio NUG


ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၁) ကို တာဝေးပစ် မစ်ဇိုင်းဒုံး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Urban Special Operation (USO) က သတင်းထုတ်ပြန်ထားပါတယ်။


ဧပြီလ ရက်နေ့ နာရီ ၅၀ မိနစ်ခန့်မှာ ကပစ - ၁၁ တပ်ကို မြို့ပြအထူးစစ်ဆင်ရေး မစ်ရှင် - ၁၆ အဖြစ် တာဝေးပစ် မစ်ဇိုင်းဒုံး လုံးဖြင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


မြန်မာနိုင်ငံ နေရာဒေသ အသီးသီးအား လက်နက်ခဲယမ်းနှင့် အစိတ်အပိုင်းများကို ၎င်း ကပစ - ၁၁ တပ်မှတဆင့် ထောက်ပံ့ပို့ဆောင် ပေးနေတယ်လို့ အတွင်းသတင်းရတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Urban Special Operation (USO) နဲ့ Shadow (S.A.F) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၂။ ဝမ်မလန်း စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း ဘောလခဲ PDF ရဲဘော် ဦးကျဆုံး


ဧပြီလ ရက်၊ 

Radio NUG


ကရင်နီပြည်နယ်၊ ဘော်လခဲမြို့က စစ်ကောင်စီရဲ့ ဝမ်မလန်း စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း ဘော်လခဲ PDF ရဲဘော် ဦး ကျဆုံးခဲ့တယ်လို့ Karenni Peoples Voice က ဖော်ပြထားပါတယ်။


မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီရဲ့ ဗျူဟာကျသော ဝမ်မလန်း တပ်စခန်းကုန်းကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း မတ်လ ၁၂ ရက်နေ့မှာ ဘော်လခဲ PDF မှ ရဲဘော် ဒဲနီယယ်လေး () ခွားဒို ရဲဘော် ပိုင်သိန်းချစ် () ရှမ်ဖူး နဲ့ ရဲဘော် အယ်ဒိုထူးတို့သုံးဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။


အဆိုပါ ရဲဘော်များဟ မတ်လ ၁၂ ရက်နေ့မှ ကျဆုံးခဲ့တာ ဖြစ်ပေမယ့် စစ်ရေး အခြေအနေအရ ကျဆုံး သတင်းထုတ်ပြန်ခြင်းကို ရပ်ဆိုင်းထားရတာ ဖြစ်ကြောင်း အသိပေးထားပါတယ်။


ဘော်လခဲမြို့ကို မတ်လ အစောပိုင်းမှစပြီး ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ဒီနေ့အချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ အပစ်ရပ်ကြေညာခဲ့သော စစ်ကောင်စီတပ်မှ မိုးကုတ်မြို့နယ်ကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်


ဧပြီ  

Radio NUG 


စစ်ကောင်စီတပ်သည် ဧပြီလ ()ရက်မှ (၂၂)ရက်အထိ အပစ်ရပ်ကြေညာခဲ့သော်လည်း ဧပြီလ ()ရက် နေ့လယ် (၂း၂၀)နာရီ၀န်းကျင်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင်အောက်အနီးတွင် ဗုံး ()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA မှ သတင်းထုတ်ပြန်ပါတယ်။


အလားတူ စစ်ကောင်စီတပ်သည် အပစ်ရပ်ကြေညာခဲ့ပြီးနောက် ဧပြီလ ()ရက်တွင် သပိတ်ကျင်းမြို့နယ် ()မိုင်တွင်လည်း ဂျက်ဖိုက်တာဖြင့် ()ကြိမ်၊ ဗုံး ()လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မတ်လ (၂၈)ရက်တွင် မြန်မာနိုင်ငံတွင် ပြင်းအား .၇ရှိသည့် ငလျင်လှုပ်ခတ်ချိန် နေ့လယ် (၁း၀၅)နာရီအချိန်လည်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် နောင်လင်ကျေးရွာအတွင်း ပေါင် (၂၅၀)ဗုံး ()လုံး လာရောက်ကြဲချမှုကြောင့် ဒေသခံနေအိမ် ()လုံးနှင့် စာသင်ကျောင်း ()ကျောင်း ထိမှန်ပျက်စီးခဲ့ပါတယ်။


စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ် ()ဖွဲ့မှ တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက်တွင် အင်အားများ ဖြည့်တင်းခြင်း၊ တိုက်ပွဲများအတွက် ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲများမဖြစ်ပွားခဲ့သော နေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၄။ အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက တောင်ကုတ်မြို့ကို ဗုံးကြဲခဲ့ရာ အရပ်သား ဦး ဒဏ်ရာရ


ဧပြီလ ရက်၊ 

Radio NUG


နိုင်ငံတဝှမ်း အပစ်ရပ်ကြောင်း ကြေညာထားတဲ့ စစ်ကောင်စီ ကိုယ်တိုင်က ချိုးဖောက်ကာ တောင်ကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


စစ်ကောင်စီက ဧပြီလ ရက်နေ့ မနက် နာရီ မိနစ် ၂၀ ခန့်မှာ ဂျက်ဖိုက်တာ တစီးနဲ့ စလူ ကျေးရွာကို ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ဗုံးသီးများဟာ စလူရွာထဲနဲ့ ဘုန်းကြီးကျောင်းနားမှာ ကျရောက်ခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်း တကျောင်းနဲ့ လူနေအိမ် လုံး ပြိုကျပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် အသက် ၃၆ နှစ်အရွယ် ဒေါ်ကြူကြူ၊ အသက် ၄၀ အရွယ် ဒေါ်ပနေ နဲ့ အသက် ၁၄ နှစ် အရွယ် မောင်စိုးနိုင်တို့ ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။


========================


🚩🚩၅။ မောင်တောမှာ ARSA အကြမ်းဖက်သမား တဦးကို အာရက္ခတပ်တော်က အသေဖမ်းဆီးရမိ


ဧပြီလ ရက်၊ 

Radio NUG


မောင်တောမှာ အာရက္ခတပ်တော်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ARSA အကြမ်းဖက်သမား တဦးကို အသေ ဖမ်းဆီးရမိခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


ဧပြီလ ရက်နေ့က နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် လဘာဝရွာ(ရွာပျက်) အနောက်မြောက်ဖက် မီတာ ၁၂၀၀ ခန့်အကွာမှာ လက်နက်ကိုင် ဆောင်ထားတဲ့ ARSA အကြမ်းဖက်သမား ဦးနဲ့ ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း ရင်ဝ ကျည်ထိမှန် ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ARSA အကြမ်းဖက်သမား အလောင်းတခုနှင့် စစ်ကောင်စီ ကပစ ထုတ် G3 သေနတ် လက်၊ ကျည်ဘောက်နဲ့ ကျည်ဆန်တွေ အပါအဝင် ခဲယမ်း တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လက်နက်စွန့်ပြီး ထွက်ပြေးသွားတဲ့ ARSA အကြမ်းဖက် သမားတွေရဲ့နောက်ကို အာရက္ခ တပ်တော်က လိုက်လံရှင်းလင်း နေတယ်လို့လည်း သိရပါတယ်။


========================


🚩🚩၆။ ပေါ်တာဆွဲခံရပြီး စစ်သင်တန်း တက်ရောက်ခဲ့ရသူ တဦးကို ဖမ်းဆီးရမိ


ဧပြီလ ရက်၊ 

Radio NUG


မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြားရွာမှာ မိုင် ၂၀ ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့မှ စစ်မှုထမ်း သင်တန်းဆင်း တပ်သား တဦးကို ကင်းပုန်းဝပ်နေရင်း ဖမ်းဆီးရမိ ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ရက်နေ့က တပ်မ ၁၀၁ လက်အောက်ခံ ပခုက္ကူ အခြေစိုက် ခလရ ၂၃၅ တပ်ရင်းမှ ပြည်သူ့စစ် သင်တန်း အပတ်စဉ် ဆင်း အသက် ၂၁ နှစ်အရွယ် ကိုချစ်ဖွေး ဆိုသူကို ဖမ်းဆီးရမိခဲ့တာပါ။


ကိုချစ်ဖွေးကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ ကင်းပုန်းဝပ်တဲ့ နေရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ဆေးကြည့်ရာမှာ ၂၀၂၄၊ စက်တင်ဘာလ ရက်နေ့မှာ ပေါ်တာဆွဲ ခံခဲ့ရတာ ဖြစ်ပြီး မိုင် ၂၀ ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ ဆိုပါတယ်။


၎င်းကိုဒေါင်းညီနောင် မြို့ပြပြောက်ကျား အဖွဲ့က တာဝန်ယူပြီး ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩၇။ ၁၃၆၈ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြဖို့ တောင်သာ ပအဖ ထုတ်ပြန်


ဧပြီလ ရက်၊ 

Radio NUG


အမျိုးသားညီညွတ်ရေး အစိုးရ၊ ဝောာင်သာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က တောင်သာ မြို့နယ်မှာ ၁၃၆၈ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း ပျော်ပွဲရွှင်ပွဲ၊ ကခုန်တီးမှုတ်ခြင်းများ၊ ရေသဘင် ပွဲကြီးများ မပြုလုပ်ကြဖို့ အမိန့်ထုတ်ပြန် ထားပါတယ်။


တော်လှန်ရေးကာလ တိုက်ပွဲများအတွင်း မြင့်မြတ်စွာကျဆုံးခဲ့ရတဲ့ ရဲဘော်များ၊ လေကြောင်းတိုက်ခိုက်ခံခဲ့ရခြင်းနဲ့ မီးရှို့သတ်ဖြတ် ခံရခြင်းများ၊ စစ်ဘေးရှောင်များနဲ့ ငလျင်ဒဏ် ခံစားနေကြရတဲ့ ပြည်သူများကို စာနာခြင်းဖြင့်လည်းကောင်း စစ်ကောင်စီက အချိန်မရွေး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နိုင်တာကြောင့် လည်းကောင်း အခုလို တားမြစ်ရတာလို့ ဆိုပါတယ်။


အထူးသဖြင့် မတ်လ ၂၈ ရက်နေ့က ပြင်းထန်စွာ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် နိုင်ငံ အဝှမ်းမှာ ငလျင်ဒဏ် ခံစားနေရတဲ့အတွက် အမျိုးသားညီညွတ်ရေး အစိုးရက ဧပြီလ ၁၃ ရက်နေ့ ကနေ ၂၀ ရက် နေ့အထိ နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် သတ်မှတ်ခဲ့ပါတယ်။


ထို့ကြောင့် တောင်သာမြို့ ပြည်သူလူထု အနေဖြင့် သင်္ကြန်ကာလ မဏ္ဍပ်စတိတ်စင် တည်ဆောက်ခြင်း၊ တီးမှုတ်ကခုန်ခြင်း (ယိမ်း) နှင့် အသံချဲ့စက်များ ဆူညံစွာဖြင့် ရေသဘင်ပွဲများ ကျင်းပခြင်းများကို အထူး ရှောင်ရှားပေးကြဖို့ တောင်သာ ပအဖ က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment