၂၀၂၅ မေလ ၂၈ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ မေလ ၂၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ PDFရဲဘော်များနဲ့ နိုင်ငံရေးအကျဥ်းသားများအတွက် NUGကျန်းမာရေးဒုဝန်ကြီးထောက်ပို့ကူညီ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အိုဝမ်းဆေးရုံ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် KNDF သဝဏ်လွှာပို့ 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ MFDMCထောက်ပို့တပ်သားများ၏ ထောက်ပို့ငွေများထဲမှ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဒေသ၊ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာအမှတ်(၁၄)ထံသို့ သိန်းတစ်ထောင်ကျပ်တိတိကို ထောက်ပို့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ တရုတ်မစ်ရှင်ရုံးရှေ့မှာ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုလုပ်ဆောင်မည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့လှုပ်ရှားမှုတခုအနေနဲ့ ကီလိုမီတာ ၈၀တိတိ ပြေးမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ what happened to the wolf? ရုပ်ရှင်ကို အမေရိကန်  San Francisco မြို့မှာပြသမည်


========================


၂၀၂၅ ခုနှစ် မေလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ တိုက်ပွဲတွေပြင်းထန်နေပြီး အများပြည်သူ အသုံးပြုနေတဲ့ လယ်ပြင်တံတား ပျက်စီး

🚩 ၂။⁨⁨ မြင်းခြံခရိုင်ရုံးနဲ့ ရဲသင်တန်းကျောင်းအပါအဝင် မြို့တွင်းပစ်မှတ် ခုကို တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ဦး သေဆုံး

🚩၃။ တောင်ငူမြို့နယ် စပါးကြွယ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၇၀၀ ကျော်ပျက်စီး

🚩 ၄။⁨⁨ ပခုက္ကူ အင်ပင်ရွာမှာ တပ်စွဲထားတဲ့ စစ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာ စစ်သားနဲ့ရဲတွေ ထိခိုက်သေဆုံးမှုရှိနိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ PDFရဲဘော်များနဲ့ နိုင်ငံရေးအကျဥ်းသားများအတွက် NUGကျန်းမာရေးဒုဝန်ကြီးထောက်ပို့ကူညီ


မေလ ၂၈ရက်


PDF ရဲဘော်များနဲ့ နိုင်ငံရေးအကျဥ်းသားများအတွက် NUGကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံက ထောက်ပို့ကူညီထားပါတယ်။မေလ၂၈ရက်မှာ ဒုဝန်ကြီးဒေါက်တာရွှေပုံက"ဒီလမှာ ထောက်ပို့ထားတာလေးပါ"လို့အသိပေးဆိုထားပါတယ်။အဆိုပါထောက်ပို့ကူညီထားရာမှာ အထူးကွန်မန်ဒိုတပ်ရင်းအတွက်၁၅သိန်းတိတိနဲ့ ၅သိန်းပေးပို့ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များဟာ PDFရဲဘော်များအတွက် စားနပ်ရိက္ခာကိုမွေးနေ့များတွင်လည်း ထောက်ပို့ကူညီလျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အိုဝမ်းဆေးရုံ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် KNDF သဝဏ်လွှာပို့ 


မေလ ၂၈ရက်


ကရင်နီပြည် ဒီမော့ဆိုမြို့နယ်တနေရာမှာဖွင့်လှစ်ထားတဲ့ အိုဝမ်းဆေးရုံ ၄နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF က သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

မေလ ၂၇ ရက်နေ့မှာကျရောက်တဲ့ အိုဝမ်းဆေးရုံ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် KNDF က သဝဏ်လွှာ ပေးပို့ လိုက်တာဖြစ်ပါတယ်။

တော်လှန်ရေးအကျိုး လူထုအကျိုး ရှေးရှုပြီး ကျွမ်းကျင်ဆရာဝန်တွေ၊ အလုပ်သင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ သန့်ရှင်းရေးယန်ထမ်းတွေဟာ ကျန်းမာရေးဆိုင်ရာ ကျင်ဝတ်တွေနဲ့ နိုင်ရာတာဝန် ထမ်းဆောင်ခဲ့တာတွေအတွက် အထူးပင် ကျေးဇူးတင်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းပြည်ပကအလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့အတူ အင်အားစုအသီးသီးရဲ့ ကြိုးပမ်းမှုနဲ့စီမံခန့်ခွဲနေတဲ့ တာဝန်ရှိသူ အားလုံးအနေနဲ့ စစ်အာဏာရှင်ကျရှုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေး ဆက်လက်တောင့်ခံ ဆောင်ရွက် ပေးကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က တောင်းဆိုထားပါတယ်။

KNDF အနေနဲ့လည်း မိမိတို့ မျော်မှန်းထားတဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ရောက်တဲ့အထိ အိုဝမ်းဆေးရုံနဲ့အတူ တည်ရှိနေမယ်လို့ အသိပေးထားပါတယ်။

အိုဝမ်းဆေးရုံဟာ ဒေသနေ့ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်ရဲဘက်တွေ ရဲရဲတောက်ပွင့်လန်းနေတဲ့ မုန်တိုင်း ကြားက ပန်းတပွင့်ဖြစ်တာကြောင့် ဆေးပညာစွမ်းပကားနဲ့ လူထုနဲ့ တော်လှန်ရေးအကျိုး ဆတိုးကာကွယ်နိုင်ပါစေကြောင်း နွေဦးဂုရုလေးများအဖွဲ့ကလည်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ MFDMCထောက်ပို့တပ်သားများ၏ ထောက်ပို့ငွေများထဲမှ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဒေသ၊ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာအမှတ်(၁၄)ထံသို့ သိန်းတစ်ထောင်ကျပ်တိတိကို ထောက်ပို့


မေလ ၂၈ရက်


စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးအတွက် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်-MFDMCထောက်ပို့တပ်သားများ၏ ထောက်ပို့ငွေများထဲမှ ရှမ်းတောင်-ကယား(ကရင်နီ)စစ်တိုင်းဒေသ၊ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာအမှတ်(၁၄)ထံသို့ သိန်းတစ်ထောင်ကျပ်တိတိကို ထောက်ပို့ခဲ့တယ်လို့သိရပါတယ်။ပြည်ပမှာရောက်ရှိနေတဲ့ထောက်ပို့တပ်သားများ၏ ထောက်ပို့ငွေများပါဝင်ကာ MFDMC ၏မူဝါဒအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်ဖြင့် မြေပြင်သို့တိုက်ရိုက် မြန်ဆန်တိကျစွာ ပေးပို့ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။


ပြည်ပမှာရောက်ရှိနေပေမယ့် တော်လှန်ရေး၏ အရေးကြီးသော ထောက်ပို့တပ်သားအဖြစ် ပါဝင်နိုင်ကြောင်း MFDMC  Koreaက ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ တရုတ်မစ်ရှင်ရုံးရှေ့မှာ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုလုပ်ဆောင်မည်


မေလ ၂၈ရက်


အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ တရုတ်မစ်ရှင်ရုံးရှေ့မှာ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုလုပ်ဆောင်မယ်လို့သိရပါတယ်။နေ့စဉ်ရက်ဆက်၊အပြစ်မဲ့ခလေးသူငယ်၊သက်ကြီးရွယ်အိုနှင့်မြန်မာပြည်သူပြည်သားတို့အပေါ်၊တရားဥပဒေမဲ့ အကြမ်းဖက်သတ်ဖြတ်မီးရှို့၊ ဗုံးကြဲနေသည့် ၊စစ်အကြမ်းဖက် မင်းအောင်လှိုင်အဖွဲ့အား၊ ပြောင်ပြောင်တင်းတင်းကူညီပံ့ပိုးနေသည့် တရုတ်အစိုးရ၏မှားယွင်းသောမူဝါဒကို၊ ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချမယ်လို့ NYCBCကဖော်ပြထားပါတယ်။


ဇွန်လ၆ရက် ညနေပိုင်းအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်၍၊တော်လှန်ညီအကိုမောင်နှမများ၊ အားဖြည့်ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်း ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့လှုပ်ရှားမှုတခုအနေနဲ့ ကီလိုမီတာ ၈၀တိတိ ပြေးမည်


မေလ ၂၈ရက်


ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့လှုပ်ရှားမှုတခုအနေနဲ့ ကီလိုမီတာ ၈၀ တိတိ ပြေးမယ်လို့ သားငယ်ကိုထိန်လင်းအသိပေးဆိုထားပါတယ်။

"ဇွန်လမှာ အဓိပ္ပာယ်ရှိတဲ့ အမှတ်တရတစ်ခု ဖန်တီးဖို့အချိန်ရောက်လာပါပြီ။ ကျွန်တော်တို့ကို မှန်တာလုပ်ရဲတဲ့ သတ္တိရှိဖို့၊ မေတ္တာကရုဏာတရားထားတတ်ဖို့နဲ့ ခွန်အားတွေရှိဖို့ လမ်းပြပေးတဲ့ အမျိုးသမီးတစ်ယောက်အတွက် ကီလိုမီတာ ၈၀ တိတိ ပြေးမယ်"လို့ ကိုထိန်လင်းက အသိပေးဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လူထုထောက်ခံ လမ်းလျှောက်ပွဲကို ယူကေနိုင်ငံမှာ ဇွန်လ၈ရက် မွန်းတည့်၁၂နာရီမှ မွန်းလွဲ၂နာရီခွဲအထိ လုပ်ဆောင်သွားမယ်လို့လည်းယူကေရောက်မြန်မာအင်အားစုများက အသိပေးကြေညာထားပါတယ်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့ကို စစ်အုပ်စုက ၂၀၂၁ ဖေဖော်ဝါရီလကတည်းက မတရားဖမ်းဆီးအကျဥ်းချထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ what happened to the wolf? ရုပ်ရှင်ကို အမေရိကန်  San Francisco မြို့မှာပြသမည်


မေလ ၂၈ရက်


ဒါရိုက်တာ ဏကြီး ရိုက်ကူးထားပြီး သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုတို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ what happened to the wolf?  ရုပ်ရှင်ကို အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို မြို့မှာရှိတဲ့ Cinemark ရုပ်ရှင်ရုံမှာ June 29 ရက်နေ့မှာ ပြသသွားဖို့ရှိတယ်လို့ သိရပါတယ်။What happened to the wolf? ရုပ်ရှင် ကို ၂၀၂၀ခုနှစ်မှာ စတင်ရိုက်ကူးခဲ့ပြီး ၂၀၂၀ နှောင်းပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတစ်ခုလုံး အချောသတ်ထုတ်လုပ်ခဲ့ပါတယ်။ရုပ်ရှင်လက်မှတ်တွေကို ဝယ်ယူနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းပါးထားပါတယ်။



အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ တိုက်ပွဲတွေပြင်းထန်နေပြီး အများပြည်သူ အသုံးပြုနေတဲ့ လယ်ပြင်တံတား ပျက်စီး


မေလ ၂၈ရက်


ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အများပြည်သူ အသုံးပြုနေတဲ့ လယ်ပြင်တံတား ပျက်စီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကာမိုင်း - ဖားကန့်လမ်းအတိုင်း အင်အား ၆၀၀ ခန့်နဲ့ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပေမယ့် မေလ ၂၇ ရက်မှာ လုံးခင်းရွာက ယမ်းချက်စက်ရုံကို အင်အား ၁၀၀ ခန့် ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ကြောင့် လုံးခင်း လယ်ပြင်တံတား လက်နက်ကြီးထိမှန် ပျက်စီးသွားပြီး စစ်ဘေးရှောင် ကလေးငယ် ဦး သေဆုံးသွားတယ် ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ 

လုံးခင်းဒေသမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသနေပြည်သူတွေ စစ်ဘေးရှောင်နေရသလို ဖားကန့်မြို့ ပတ်ဝန်း ကျင်မှာလည်း တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဒေသနေပြည်သူတွေ ဘေးလွတ်ရာ အမြန်ရွှေ့ပြောင်းနေထိုင်ကြဖို့ မနေ့ မေလ ၂၇ ရက်မှာ KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက အသိပေးပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဧပြီလနှောင်းပိုင်းကစပြီး အင်အားအလုံးအရင်းနဲ့ ဖားကန့်မြို့နယ်အတွင်းကို စစ်ကြောင်း ထိုးနေတာဖြစ်ပြီး ဖားကန့်ဗျူဟာကုန်း၊ လုံးခင်းဗျူဟာကုန်း၊ လုံးခင်းရဲစခန်း၊ ယမ်းချက်စခန်း၊ ကံဆီးဗျူဟာကုန်းနဲ့ ဖားကန့် မြိုမရဲစခန်းတို့မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသနေပြည်သူ တွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။⁨⁨ မြင်းခြံခရိုင်ရုံးနဲ့ ရဲသင်တန်းကျောင်းအပါအဝင် မြို့တွင်းပစ်မှတ် ခုကို တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ဦး သေဆုံး


မေလ ၂၈ရက်


မန္တလေးတိုင်း မြင်းခြံမြို့ပေါ်မှာရှိတဲ့ မြင်းခြံခရိုင်ရုံးနဲ့ ရဲသင်တန်းကျောင်းအပါအဝင် မြို့တွင်းပစ်မှတ် ခုကို တိုက်ခိုက်ခဲ့ရာ မှာ စစ်အုပ်စုဘက်က ဦး သေဆုံးသွားတယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့က ဒီနေ့ မေလ ၂၈ မှာ ထုတ်ပြန်ပါ တယ်။

MBTတပ်အနေနဲ့ ရန်သူအခြေချတပ်ဆွဲရာ မြင်းခြံမြို့ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ အမှတ် ၁၈ ရပ်ကွက်မှာရှိတဲ့ ဇီးခြံ ကာကင်း ဂိတ်စခန်းနဲ့ စကားဝါ ကာကင်းဂိတ်စခန်းတို့ကို မေလ ၁၅ ရက်နေ့ မနက်ပိုင်းက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။ 

မြင်းခြံခရိုင်အတွင်း /အညာမြေစစ်ဆင်ရေးမှာ Myingyan Black Tiger – MBT တပ်ဖွဲ့အနေနဲ့ မြို့တွင်းစစ်ဆင်ရေးတွေကို အဓိကထား ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့တွင်းစစ်ရေးဖြစ်တဲ့ ပစ်မှတ် ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ရန်သူ့ဘက်က တပ်သားတဦး၊ အမျိုးသမီး ပျူစောထီး ဦးနဲ့ အမျိုးသားပျူစောထီး ဦး စုစုပေါင်း ဦး သေဆုံးခဲ့တာလို့ အသိပေးပါတယ်။

ဒီစစ်ဆင်ရေးမှည MBTတပ်ဖွဲ့နဲ့အတူ Burmese Guerrilla force – BGF နဲ့ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် အားဖြည့်ခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံခရိုင်အမှတ် တပ်ရင်း Myingyan Black Tiger – MBT တပ်ဖွဲ့အနေနဲ့ /အညာမြေစစ်ဆင်ရေးကနေ မြို့သိမ်း စစ်ဆင်ရေးအထိ အရောက်သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ပြည်သူလူထုကို ကတိပြုထားပါတယ်။


========================


🚩🚩၃။ တောင်ငူမြို့နယ် စပါးကြွယ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၇၀၀ ကျော်ပျက်စီး


မေလ ၂၈ရက်

 

ပဲခူးတိုင်း တောင်ငူမြို့နယ်က စပါးကြွယ်ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၇ဝဝ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ် PDFနဲ့ စစ်ကောင်စီတပ်တို့ကြား မေလ ၂၂ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်ကောင်စီ တပ်က ရွာထဲကအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသနေပြည်သူတွေကလည်း ပြောပါတယ်။ 


စပါးကြွယ်ရွာဟာ တောင်ငူမြို့ အနောက်ဘက် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၇ အနီးမှာရှိပြီး အိမ်ခြေ တထောင် နီးပါးရှိတဲ့ ရွာကြီးတရွာလို့သိရပါတယ်။ 


တိုက်ပွဲပြင်းထန်ခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့တဲ့အတွက် စပါးကြွယ်ရွာအပါအဝင် ကြက်ရိုးပင်၊ ငုံးမင်း၊ တောပု၊ ဇီးပင်သာ စတဲ့ ရွာတွေက ဒေသနေပြည်သူ တွေလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

  

လက်ရှိမှာ စစ်ဘေးရှောင်တွေကို တောင်ငူမြို့နယ်ထဲက လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဒေသနေပြည်သူတွေက တနိုင်တပိုင် အကူအညီပေးနေပြီး လူဦးရေ တထာင်ကျော် စစ်ဘေးရှောင်နေရဆဲလို့ သိရပါတယ်။


========================


🚩🚩 ၄။⁨⁨ ပခုက္ကူ အင်ပင်ရွာမှာ တပ်စွဲထားတဲ့ စစ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာ စစ်သားနဲ့ရဲတွေ ထိခိုက်သေဆုံးမှုရှိနိုင်


မေလ ၂၈ရက်


မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတောင်ဘက်မှာ အထိုင်ချတပ်စွဲနေတဲ့ စစ်စခန်းအတွင်း မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ရဲတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Cobra One Pakokku တပ်ဖွဲ့က ပြောပါတယ်။

အင်ပင်ရွာတောင်ဘက်မှာ အထိုင်ချတပ်စွဲနေတဲ့ စစ်စခန်းမှာ မနေ့ မေလ ၂၇ ရက် မနက်ပိုင်းက ရဲတဦးရဲ့ မင်္ဂလာပွဲ ကျင်းပနေချိန် Rocket လက်နက်ကြီး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပထမဆုံး ပစ်ခတ်လိုက်တဲ့ ရော့ကတ်တလုံးဟာ မင်္ဂလာဆောင်ပွဲအတွက် လုံခြုံရေးယူပေးနေတဲ့ ကင်းပုန်းဝပ် စစ်သား တွေရှိရာနေရာမှာ ကျရောက်ပေါက်ကွဲပြီး ဒုတိယအလုံးက စစ်တပ်အထိုင်စခန်း တတိယအလုံးက မင်္ဂလာဆောင်ပွဲအတွင်း  ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်သားနဲ့ရဲတွေ ထိခိုက်သေဆုံးနိုင်တာလို့ အသိပေးပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာရှိပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ Borderless ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Ba Nyein Guerrilla Force နဲ့ COBRA ONE Pakokku တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက်  ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment