၂၀၂၅ မေလ ၃၁ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၃၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ⁨⁨⁨⁨KNDF ဖွဲ့စည်းထူထောင်ခြင်း နှစ်ပြည့်အခမ်းအနားအတွက် ညီမောင်မဟာမိတ် ဖွဲ့ ဂုဏ်ပြု သဝဏ်လွှာပေးပို့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက မေလအတွင်း ကျေးရွာ ရွာမှာ ကျန်းမာရေးအသိပညာပေးမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် မေလအတွင်း လအရွယ်ကလေးငယ်အပါအဝင် အရပ်သား ၁၅၂ ဦးသေဆုံး


========================


၂၀၂၅ ခုနှစ် မေလ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ရန်သူတွေရဲ့ သွေးခွဲစကားနဲ့ အမျိုးသားညီညွတ်ရေးကို ထိခိုက်စေသူတွေကို သတိပြုဖို့ KNDF စစ်ဦးစီးချုပ် သတိပေး

🚩 ၂။⁨⁨⁨⁨ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ့် အဆုံးအဖြတ်တိုက်ပွဲမှာ KNDF နဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ မန္တလေး PDF ပြော 

🚩 ၃။ တောင်သာနယ်မှာ စစ်ကူနဲ့ရိက္ခာပို့ကား စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား၂ ဦးသေဆုံးကာ တဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေနဲ့ ကားတစီးသိမ်းဆည်းရရှိ

🚩၄။ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပေါက်ခေါင်းမြို့နယ်က ဒေသခံ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ⁨⁨⁨⁨KNDF ဖွဲ့စည်းထူထောင်ခြင်း နှစ်ပြည့်အခမ်းအနားအတွက် ညီမောင်မဟာမိတ် ဖွဲ့ ဂုဏ်ပြု သဝဏ်လွှာပေးပို့

မေလ ၃၁ရက်

 

ဒီကနေ့ မေလ ၃၁ ရက်မှာကျရောက်တဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဖွဲ့စည်းထူထောင်ခြင်း နှစ်ပြည့် အခမ်းအနားကို ညီနောင်မဟာမိတ် ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။


၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့မှာ ဖွဲ့စည်းထူထောင်ခဲ့တဲ့ KNDF ဟာ ဖြည်းဖြည်းနဲ့ မှန်မှန် လျှောက်လှမ်းလာခဲ့ရာ ဒီကနေ့ မေလ ၃၁ ရက်နေ့ဆိုရင် လေးနှစ်သားအရွယ် ရောက်ရှိလာပြီလို့ အသိပေးထားပါတယ်။


တော်လှန်ရေးကာလ နှစ်ကျော်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ဟာ ဆက်ပြီးမရပ်တည်နိုင်ကြတော့ဘဲ တော်လှန်ရေးပြေးလမ်းပေါ်ကနေ လွင့်စဉ်သွားခဲ့ကြပြီဖြစ်ပေမယ့် အချို့သောအဖွဲ့အစည်းတွေကတော့ စစ်အာဏာရှင် တွေကို နောက်မဆုတ်တမ်း ကြံ့ကြံ့ခံတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်တွန်းလှန် တိုက်ခိုက်နေကြဆဲလို့ ညီနောင် ဖွဲ့ရဲ့ ဂုဏ်ပြု သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


KNDF ဟာ ကရင်နီလူမျိုးတွေနဲ့ ဒေသအတွင်းမှာရှိတဲ့ ပြည်သူလူထုတရပ်လုံးရဲ့ အသက်အိုး အိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေးတို့အတွက် ကရင်နီလူမျိုးတွေနဲ့ စုဖွဲ့တည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး နှစ်တာကာလအတွင်း တော်လှန်ရေး လောကဓံ အခက်အခဲတွေကို ကရင်နီပြည်သူလူထုတရပ်လုံးနဲ့လက်တွဲပြီး ခါးစည်းရင်ဆိုင် ဖြတ်သန်းခဲ့ ကြတယ်လို့ သိရပါတယ်။


ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဟာ တက်ကြွဖျတ်လတ်တဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ စုဖွဲ့မှုအားကောင်းကောင်းနဲ့ တိုက်ပွဲဝင်နိုင်ခဲ့သလို ကရင်နီဒေသအတွင်း ရန်သူ့စခန်းတွေကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တာကြောင့်လည်း ထိုက်တန်တဲ့ အောင်မြင်မှုတွေနဲ့အတူ ကရင်နီလူမျိုးတို့ရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


တော်လှန်ရေးကာလ နှစ်တာအတွင်း အသက်၊ သွေး၊ ချွေးတွေနဲ့  ပေးဆပ်စွန့်လွှတ် ခဲ့ကြတဲ့ ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပေးဆပ်မှုတိုင်းအတွက်လည်း ညီနောင်မဟာမိတ် ဖွဲ့မှ လေးလေးနက်နက် ဂုဏ်ပြု ထားပါတယ်။

 

ဒါ့အပြင် ကရင်နီပြည်သူလူထုတရပ်လုံးနဲ့ KNDF က မျှော်မှန်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အချိန်တိုအတွင်း အမြန်ဆုံး ပြည့်မြောက်နိုင်ပါစေကြောင်းလည်း ညီနောင်မဟာမိတ် ဖွဲ့ဖြစ်တဲ့ ကိုးကန့်၊ တအာင်းနဲ့ ရခိုင့်တပ်တော်တို့က ဆုတောင်းပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက မေလအတွင်း ကျေးရွာ ရွာမှာ ကျန်းမာရေးအသိပညာပေးမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ဆို


မေလ ၃၁ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဌာနခွဲတခုဖြစ်တဲ့ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့ မေလအတါင်းမှာကျေးရွာ ရွာက ဒေသနေပြည်သူတွေကို ကျန်းမာရေးအသိပညာပေးမှုတွေ ကွင်းဆင်း ဆောင်ရွက်နိုင် ခဲ့တယ်လို့ ဆိုပါတယ်။

နမ္မတူမြို့နယ်က ကောင်းဟုန်းရွာ၊သီပေါမြို့နယ်ထဲက လွယ်ဆာနဲ့ မန်လွယ်ရွာတို့က ဒေသနေပြည်သူ ၈၉ ဦးကို အမျိုးသမီး အမွေဆက်ခြင်းနဲ့ အမျိုးသမီးနှင့်ကျန်းမားရေး စတဲ့ အကြောင်းအရာတွေ အသိပညာပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့ တအာင်းပြည်အတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု လျော့ကျစေရေးလုပ်ငန်းစဉ်တွေ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ စည်းရုံးရေးလုပ်ငန်း၊ အိမ်တွင်းမှုနဲ့ ဝင်ငွေလှည့်ပတ် စီးဆင်းမှု လုပ်ငန်းစဉ်တွေချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေတာလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း သီပေါ၊ မိုင်ငေါ့၊ နမ့်ဆန်၊ကျောက်မဲနဲ့ မိုင်းလုံမြို့နယ်တို့မှာရှိတဲ့ ကျေးရွာ ၂၆ ရွာကို ကွင်းဆင်း ပြီး ပြည်သူလူထု စုစုပေါင်း ၁၀၅၅ ဦးကို အသိပညာပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် မေလအတွင်း လအရွယ်ကလေးငယ်အပါအဝင် အရပ်သား ၁၅၂ ဦးသေဆုံး


မေလ ၃၁ရက်


စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မေလအတွင်း လသားအရွယ်ကလေးငယ်အပါအဝင် နိုင်ငံအနှံ့က အရပ်သားပြည်သူ ၁၅၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

အခုနှစ် မေလ ရက်ကနေ မေလ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အမျိုးသမီး ၈၆ ဦးနဲ့ အမျိုးသား ၆၆ ဦး စုစုပေါင်း ၁၅၂ ဦးသေဆုံးခဲ့ရပြီး အသက် ၁၈ နှစ်အောက်အရွယ် ကလေးငယ် ၅၁ ဦးပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူအများစုဟာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ဖြစ်ပြီး ၁၀၉ ဦးအထိရှိကာ ၁၇ ဦးက လက်နက်ကြီးဒဏ်ကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ပဲခူးတိုင်းတို့က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒီကာလအတွင်းမှာ အတည်မပြုနိုင်သေးတဲ့အရပ်သားပြည်သူအလောင်း ၁၀၀ ကျော် ရှိနေပြီး နွေဦးတော်လှန်ရေး ကိစ္စနဲ့ပတ်သက်လို့ အမျိုးသား ဦးနဲ့အမျိုးသမီး ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်ကနေ အခုနှစ် မေလ ၃ဝ ရက်နေ့အထိဆိုရင် အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၆၇၆၄ ဦး ရှိလာခဲ့ပြီဖြစ်လို ဖမ်းဆီးခံရသူ ၂သောင်း ၉ထောင်ကျော်ထဲက တသောင်းကျော် ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 ရန်သူတွေရဲ့ သွေးခွဲစကားနဲ့ အမျိုးသားညီညွတ်ရေးကို ထိခိုက်စေသူတွေကို သတိပြုဖို့ KNDF စစ်ဦးစီးချုပ် သတိပေး


မေလ ၃၁ရက်


ရန်သူတွေရဲ့ သွေးခွဲစကားနဲ့ အမျိုးသားညီညွတ်ရေးကို ထိခိုက်စေမယ့်သူတွေကို သတိထားကြဖို့ KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးပြောကြားလိုက်ပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တည်ထောင်ခြင်း နှစ်ပြည့် အခမ်းအနားကိုပေးပို့တဲ့ မိန့်ခွန်းမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။

မိမိတို့ဟာ လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့အတွက် စစ်မြေပြင်မှာ လိုက်နာရမယ့် ကျင့်ဝတ်၊ ဥပဒေ စည်းကမ်းကိုလိုက်နာရ မှာဖြစ်ပြီး လူထုအရေး၊ ကလေးသူငယ်နဲ့အမျိုးသမီးအရေးကာကွယ်ပေးရမှာဖြစ်သလို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရမယ်လို့ KNDF ရဲဘော်တွေကို ထပ်ပြီး သတိပေးထားပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တာနဲ့အညီ ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး ဥပဒေနဲ့ အညီ ပြုမူနေထိုင်ကြဖို့၊ တပ်တွင်းစည်းလုံးညီညွတ်ဖို့နဲ့ ပြည်သူလူထုအားကိုးရတဲ့တပ်တော်ဖြစ်အောင် ကျင့်ကြံနေထိုင်ကြဖို့ KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က တိုက်တွန်း ပြောဆိုထားပါတယ်။ 

ဒါ့အပြင် ရာထူးအာဏာကို အလွဲသုံးစားမလုပ်ဘဲ ထူထုနဲ့ တသားတည်းရပ်တည်‌နေထိုင်ကြဖို့၊ ပြည်တွင်းပြည်ကထောက်ပံ့ ထားတာတွေကို အလွဲသုံးစားမလုပ်ဘဲ တော်လှန်ရေးအတွက် မှန်ကန်ထိရောက်တဲ့နေရာမှာ အသုံးပြုဖို့၊ လက်ရှိ နိုင်ငံရေး အရွေ့နဲ့ မိမိတို့ရဲ့ တော်လှန်ရေးသမိုင်းအစဉ်အလာကို မမေ့ကြဖို့လည်း အသိပေးထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF အနေနဲ့ တော်လှန်ရေးကာလ နှစ်တာကာလအတွင်း အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကရင်နီလူမျိုးတွေအပါအဝင် မြန်မာပြည်သူလူထုတရပ်လုံးလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ခဲ့တာ ခရီးအတော်ရောက်နေပြီလို့ KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်ရဲ့ မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ် ပြီး နှစ်တာကာလအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အနေနဲ့ တပ်ရင်း စုစုပေါင်း ၃၅ ရင်းနဲ့ ဗျူဟာ ခု  ဖွဲ့စည်းနိုင်ခဲ့တဲ့ ကရင်နီပြည်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်ပါတယ်။


========================


🚩🚩 ၂။⁨⁨⁨⁨ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ့် အဆုံးအဖြတ်တိုက်ပွဲမှာ KNDF နဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ မန္တလေး PDF ပြော 


မေလ ၃၁ရက်


ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးတို့ဟာ ကာလရှည်ကြာ ရင်းနှီး ချစ်ကြည်တဲ့ ဆက်ဆံရေးကောင်းတွေရှိထားပြီး ဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ့် အဆုံးအဖြတ် တိုက်ပွဲမှာ KNDF နဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ မန္တလေး PDF က ပြောကြားလိုက်ပါတယ်။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တည်ထောင်ခြင်း နှစ်ပြည့် အခမ်းအနားကိုပေးပို့တဲ့ မန္တလေး PDF ရဲ့ သဝဏ်လွှာမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF ဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်ခွင့်ရှိရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် တော်လှန်ရေးကာလ နှစ်အတွင်း တပ်ရင်း ၃၅ ရင်း၊ ဗျူဟာ ခုဖွဲ့စည်းပြီး အသက် သွေး ချွေး ပေးဆပ်ကာ တိုက်ပွဲဝင်နေတာတွေအတွက် ဦးညွတ် ဂုဏ်ပြုကြောင်းလည်း အသိပေးထားပါတယ်။ 

KNDF ကို ဦးဆောင်နေသူတွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုကြောင့် ရရှိလာတဲ့ နိုင်ငံရေး စစ်ရေး အောင်မြင်မှုတွေ ဟာ ကရင်နီပြည်နဲ့ ကရင်နီလူထုအတွက်တင်မဟုတ်ဘဲ နွေဦးတော်လှန်ရေးတခုလုံးအတွက် အလွန်အရေးပါတဲ့ သမိုင်းမှတ်တိုင်တွေဖြစ်တယ်လို့ မန္တလေး PDF က ဂုဏ်ပြုချီးကျူးထားပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ့် အဆုံးအဖြတ်တိုက်ပွဲမှာ ကရင်နီပြည်နဲ့ ကရင်နီလူထု မျော်လင့်တောင့်တ နေတဲ့ နိုင်ငံရေး စစ်ရေး ရည်မှန်းချက်တွေ အောင်မြင်ပြည့်မြောက်အောင် KNDF နဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး PDF က ပြောကြားထားပါတယ်။


========================


🚩🚩 ၃။ တောင်သာနယ်မှာ စစ်ကူနဲ့ရိက္ခာပို့ကား စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား၂ ဦးသေဆုံးကာ တဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေနဲ့ ကားတစီးသိမ်းဆည်းရရှိ


မေလ ၃၁ရက်


မန္တလေးတိုင်း တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်အတွက် စစ်ကူနဲ့ရိက္ခာလာပို့တဲ့ ကား စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးပြီး စစ်သုံ့ပန်းတဦးဖမ်းမိကာ လက်နက်ခဲယမ်းတွေနဲ့ ကားတစီး သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်သာ မြို့နယ် ပကဖ က ဒီနေ့ မေ ၃၁ မှာ ထုတ်ပြန်ပါတယ်။

တောင်သာမြို့ကနေ ဝဲလောင်ရွာဘက် ထွက်လာတဲ့ အင်အား ၁၀ ဦးခန့်ပါတဲ့ အန်စာတုံးကားနဲ့ အင်အား ၂၀ ခန့်ပါ ၁ဝပေ အတိုကားတို့ကို တောင်သာ-ဝဲလောင် လမ်းပိုင်းတနေရာမှာ မေလ ၂၇ ရက်နေ့ နာရီခန့်အချိန်က ကြားဖြတ်တိုက်ခိုက်ခဲ့ တာနဲ့ပတ်သက်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။ ရာ စစ်သားနှင့် ရ် အများအပြား ဒဏ်ရာရရှိပြီး ကစဉ့် ကလျား ထွက်ပြေးသွားကြောင်း သိရသည်။

အဲဒီကား ၂စီးထဲက အံစာတုံးကားကို ပစ်ခတ်နိုင်ခဲ့ပေမယ့် စစ်သားနဲ့ရဲတွေ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ် လို့ ဆိုပါတယ်။

အံစာတုံးကားနောက်ကပါလာတဲ့ ၁ဝ ပေ ကားကိုတော့ ထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့တာကြောင့် သိမ်းဆည်းနိုင်ခဲ့တာလို့ အသိပေးပါတယ်။ 

ပစ်ခတ်မှုဖြစ်စဉ်အပြီး နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂လောင်းတွေ့ရပြီး မှော်ဘီမြို့နယ် မှာရှိတဲ့ အမှတ် ရဲတပ်ရင်းက ရဲတပ်သားတဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။   

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းရဲ့ထွက်ဆိုချက်အရ ၁ဝ ပေ ကားပေါ်က စစ်းသားနဲ့ရဲတွေလည်း ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီပစ်ခတ်တိုက်ခိုက်မှုမှာ ၁၀ ပေ ကားတစီး၊ G4 အမျိုးအစား သေနတ်တလက်၊5 ပွိုင့် 56 ကျည် ၃၂၈ တောင့်၊ 63 ကျည် ၄၆၈ တောင့်၊ ၆၀ မမ ဗုံးသီး လုံး၊ Icon စက်တလုံး၊ လက်ပစ်ဗုံး လုံး၊ ကျည်ဘောက် ခုနဲ့ R7 အဖူး တဖူး သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


========================


🚩🚩၄။ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပေါက်ခေါင်းမြို့နယ်က ဒေသခံ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ


မေလ ၃၁ရက်


ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေပြီး ပြည်သူပိုင်အိမ်တွေ ကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသနေပြည်သူ ထောင်ကျော် ရာသီဥတုဆိုးရွားနေတဲ့ ကြားက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြည်အခြေစိုက် ကျောင်းသားသမဂ္ဂများက ပြောပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ မေလ ၂၉ ရက်ကစပြီး ပေါက်ခေါင်းမြို့နယ်ထဲက အိုင်စောက် ကွမ်းအုံနဲ့ သိုက်ခေါင်း စတဲ့ရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

မေလ ၃ဝ ရက်နေ့ကဆိုရင် စစ်ကောင်စီတပ်ဟာ ပစ္စည်းပြန်ယူတဲ့ အိုင်စောက်ရွာက အသက် ၆ဝ အရွယ် စစ်ရှောင် လင်မယား ဦးကို ပစ်သတ်ခဲ့ပြီး ဒလမဲရွာ၊ သစ်ပုဒ်ရွာ၊ မြေနီကျောရွာ၊ သဖန်းကိုင်းရွာနဲ့ မရိုးကျွန်းရွာက မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ အသိပေးပါတယ်။

အကြမ်းဖက်စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူဟာ လည်း ဒီနေ့အထိ ဆေးကုသခွင့်မရတဲ့အတွက် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြည်အခြေစိုက် ကျောင်းသားသမဂ္ဂ များက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ 

ပေါက်ခေါင်းမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်စစ်ကြောင်းတွေရောက်လာချိန်မှာ ဒေသနေ ပြည်သူတွေ ဘေးလွတ်ရာနေရာ ရွှေ့ပြောင်းနိုင်‌ဖို့ ကူညီပေးတာ၊ ဒေသနေပြည်သူတွေအတွက် အရေးပေါ် စစ်ရှောင်စခန်း တွေနဲ့ စားနပ်ရိက္ခာ ကူညီပေးတာတွေအပြင် လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကို ကာကွယ်နိုင်မယ့် ဗုံးခိုကျင်းတွေ ကြိုတင်ပြင်ဆင်ပေးထားဖို့ ပြည်အခြေစိုက် ကျောင်းသားသမဂ္ဂများက အကြံပြုထားပါတယ်။

ဒေသနေပြည်သူတွေအနေနဲ့ စစ်ရေးသတင်းတွေ နားစွင့်ထားဖို့လိုပြီး စစ်ကြောင်းရောက်နေချိန်မှာ ရွာထဲကို ပြန်မဝင်ဖို့၊ သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေက နေရပ်ပြန်နိုင်ပြီဆိုမှ ပြန်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ပြည်အခြေစိုက် ကျောင်းသားသမဂ္ဂများအနေနဲ့ စစ်ဘေးရှောင်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကူညီပေးမှာဖြစ်ပြီး မြို့ပေါ်မှာရှိတဲ့ ပြည်သူလူထုဘက်ကလည်း တက်နိုင်သမျှ ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက်  ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment