၂၀၂၅ မေလ ၅ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ မေလ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ စိုးမိုးထိန်းချုပ်နယ်မြေများတွင် လေလံ၊ ဒဏ်ကြေးငွေစုစုပေါင်း ကျပ်သန်းပေါင်း(၄၇၂,၁၄၁)ကျော်နှင့်  ရွှေစင် (၁၆.၉၄) ပိဿာရရှိခဲ့တယ်လို့ NUGထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ Weekly Super 4  လက်မှတ် အပတ်စဉ် ရောင်းချခြင်းမှရရှိငွေများအား ပြည်သူ့တော်လှန်ရေးအတွက် အဓိကလိုအပ်သည့် ဘဏ္ဍာရန်ပုံငွေကို ဖြည့်တင်းမြှင့်တင်နိုင်ရန် NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနထံသို့ အပ်နှံသွားမယ်လို့အသိပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ဘေးသင့်သူများထံသို့ ငွေသားထောက်ပံ့မှုအပါအဝင် အခြေခံစားသောက်စရာများ၊ ဆေးဝါးများ၊ ယာယီနေထိုင်နိုင်ရန် အမိုးအကာများပေးအပ်ထောက်ပံ့ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ တက်ကြွစွာသင်ယူခြင်းနှင့်ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းစနစ်များကို သရုပ်ပြခြင်း၊ ဆွေးနွေးခြင်းများ ကယန်းဒေသတွင်စတင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မြန်မာ့စစ်တပ်အားကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲကျင်းပပြီး တရုတ်သံရုံးထံ အိတ်ဖွင့်ပေးစာနှင့်တောင်းဆိုချက်များ ပေးပို့ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ အမေရိကန်နိုင်ငံ ဆန်ဖရန်ဗေးဧရိယာမှ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုရဲ့ ၄၁ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ ၁၄၀၀၀ကျော်ရရှိခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ဧပြီလ တလတာအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၉၆) ဦး သေဆုံးခဲ့


========================




ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ စိုးမိုးထိန်းချုပ်နယ်မြေများတွင် လေလံ၊ ဒဏ်ကြေးငွေစုစုပေါင်း ကျပ်သန်းပေါင်း(၄၇၂,၁၄၁)ကျော်နှင့်  ရွှေစင် (၁၆.၉၄) ပိဿာရရှိခဲ့တယ်လို့ NUGထုတ်ပြန်


မေလ ၅ရက်



စိုးမိုးထိန်းချုပ်နယ်မြေများတွင်၂၀၂၄ ခုနှစ်အတွင်း သစ်တော/ပတ်ဝန်းကျင်ကဏ္ဍနှင့် သတ္တု/ကျောက်မျက်ကဏ္ဍတို့မှ ရရှိသည့် လေလံ၊ ဒဏ်ကြေးငွေ စုစုပေါင်း  ကျပ်သန်းပေါင်း(၄၇၂,၁၄၁)ကျော်နှင့်  ရွှေစင် (၁၆.၉၄) ပိဿာ ဖြစ်တယ်လို့NUGက သတင်းထုတ်ပြန်ပါတယ်။

ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်လျက်ရှိသည့် ဒေသများတွင် ကျွဲ/နွား အခွန်ဘဏ္ဍာကောက်ခံခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄  ခုနှစ်၊ စက်တင်ဘာလအထိ စုစုပေါင်း (,၃၄၉,၄၂၅,၀၀၀)ကျပ်ကို ကောက်ခံနိုင်ခဲ့ပါတယ်။


စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် ရေနံထွက်ပစ္စည်း လုပ်ငန်းများမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အခွန်ဘဏ္ဍာ စုစု ပေါင်းကျပ် (၁၀၀) ဘီလီယံကျော် ရရှိပြီး တော်လှန်ရေးအတွက် လိုအပ်သည့် အခန်းကဏ္ဍများတွင် ပါဝင်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ Weekly Super 4  လက်မှတ် အပတ်စဉ် ရောင်းချခြင်းမှရရှိငွေများအား ပြည်သူ့တော်လှန်ရေးအတွက် အဓိကလိုအပ်သည့် ဘဏ္ဍာရန်ပုံငွေကို ဖြည့်တင်းမြှင့်တင်နိုင်ရန် NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနထံသို့ အပ်နှံသွားမယ်လို့အသိပေး


မေလ ၅ရက်


Weekly Super 4 လက်မှတ် အပတ်စဉ်ရောင်းချခြင်းမှကံထူးသူများအတွက် ဆုကြေးငွေများချီးမြှင့်ပြီး ကျန်ရှိသောအကျိုးအမြတ်အားလုံးကို  အောင်လံလွှင့်ချီနွေဦးထီ၏ မူဝါဒနှင့်အညီ ဆောင်ရွက်စီးဆင်းသွားမှာဖြစ်တယ်လို့ နွေဦးထီကအသိပေးဆိုပါတယ်။ပြည်သူ့ တော်လှန်ရေးအတွက် အဓိကလိုအပ်သည့် ဘဏ္ဍာရန်ပုံငွေကို ဖြည့်တင်းမြှင့်တင်နိုင်ရန် NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနထံသို့ အပ်နှံသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ပြည်သူများအနေဖြင့် Super 4 လက်မှတ် တစောင် ,၀၀၀ ကျပ် နှုန်းဖြင့် ကံစမ်းပံ့ပိုးပြီး အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ဆုအသီးသီး ဆွတ်ခူးနိုင်ပါစေလို့ဆုတောင်း အတယ်လို့ဆိုပါတယ်။


မေလ ၁၁ ရက်နေ့ မြန်မာချိန် ၁၂ နာရီတွင် () ကြိမ်မြောက် အပတ်စဉ် Super 4 ထွက်ရှိမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ဘေးသင့်သူများထံသို့ ငွေသားထောက်ပံ့မှုအပါအဝင် အခြေခံစားသောက်စရာများ၊ ဆေးဝါးများ၊ ယာယီနေထိုင်နိုင်ရန် အမိုးအကာများပေးအပ်ထောက်ပံ့ခဲ့


မေလ ၅ရက်


ငလျင်ဘေးသင့်သူများထံသို့ ငွေသားထောက်ပံ့မှုအပါအဝင် အခြေခံစားသောက်စရာများ၊ ဆေးဝါးများ၊ ယာယီနေထိုင်နိုင်ရန် အမိုးအကာများပေးအပ်ထောက်ပံ့ခဲ့တယ်လို့ BloodMoneyCampaignက အသိပေးဆိုပါတယ်။မတ်လ (၂၈) ရက် စစ်ကိုင်းငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူး နှင့် ကရင်ပြည်နယ် အပါအဝင် နိုင်ငံတဝှမ်း လူဦးရေ (၄၄၀၀) ကျော် သေဆုံးခဲ့ရပြီး (၁၁၀၀၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

"BMC အနေဖြင့် SDB, NUGpay မှတဆင့် ပြည်သူများ၏ ပါဝင်မှုနှင့် နီးစပ်ရာ မိတ်ဆွေ၊ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် ငွေသား ၁၅၅ သိန်း လက်ခံရရှိခဲ့ပါတယ်။ရရှိငွေများကို ငလျင်ဘေးသင့် ပြည်သူများ၊ ယခင် စစ်ဘေးသင့်ပြီးနှင့် ယခု ငလျင်ဘေးသင့်သူများထံသို့ ငွေသားထောက်ပံ့မှုအပါအဝင် အခြေခံစားသောက်စရာများ၊ ဆေးဝါးများ၊ ယာယီနေထိုင်နိုင်ရန် အမိုးအကာများ၊ ရေစုပ်စက် နှင့် ဆိုလာမီး စသဖြင့် အိမ်ထောင်စုများ လိုအပ်ချက်အပေါ်မူတည်ပြီး ချိတ်ဆက်ကူညီ ထောက်ပံ့နိုင်ခဲ့တယ်"လို့ဆိုပါတယ်။


၂၀၂၅ ခုနှစ်၊ မေလ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် : ၀၃ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ မတ္တရာမြို့အနီး   မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUGလူသားစာနာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် ထပ်မံအသိပေးအပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ တက်ကြွစွာသင်ယူခြင်းနှင့်ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းစနစ်များကို သရုပ်ပြခြင်း၊ ဆွေးနွေးခြင်းများ ကယန်းဒေသတွင်စတင်


မေလ ၅ရက်


တက်ကြွစွာသင်ယူခြင်းနှင့်ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းစနစ်များကို သရုပ်ပြခြင်း၊ ဆွေးနွေးခြင်းများ ကယန်းဒေသတွင် မေလ၅ရက်ယနေ့စတင်ကြောင်း စဉ်းစားတွေးခေါ်သောစာသင်ခန်းတည်ထောင်သူ ဒေါက်တာသိန်းလွင်က အသိပေးဆိုထားပါတယ်။ပါဝင်တက်ရောက်သူ ဆရာ၊ ဆရာမ ၁၅၀ ကျော်ပါဝင်ပြီး ၁၀ ရက်ကြာမြင့်မှာဖြစ်ပြီးတော့ ဒေါက်တာသိန်းလွင်နဲ့အတူ ကယန်းတက္ကသိုလ်မှ RWCT နည်းပြဆရာမ ဦး ဦးဆောင်ဆွေးနွေးကြမယ်လို့သတင်းရရှိပါတယ်။ယမန်နှစ်မေလကလည်း ဆရာ၊ ဆရာမ ၈၀၀ကျော်ပါဝင်သော ဆွေးနွေးပွဲများကို ကယန်းဒေသအတွင်း ဇုံနယ်များခွဲ၍ပြုလုပ်ခဲ့ပါတယ်။


 ကယန်းဒေသတွင် စာသင်ကျောင်း ၁၅၀ ကျော်၊ ဆရာဆရာမ ၉၀၀ ကျော်၊ ကျောင်းသားကျောင်းသူ သောင်းကျော်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မြန်မာ့စစ်တပ်အားကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲကျင်းပပြီး တရုတ်သံရုံးထံ အိတ်ဖွင့်ပေးစာနှင့်တောင်းဆိုချက်များ ပေးပို့ခဲ့


မေလ ၅ရက်


တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများစုပေါင်း၍ ဆိုးလ်မြို့ ဆိုးလ်ဘူတာရင်ပြင်မှ တရုတ်သံရုံးအထိ  မေလ ၄ရက်နေ့၌ မြန်မာစစ်တပ်ကိုကန့်ကွက်ရင်း မြန်မာ့ပြည်တွင်းရေးတွင်အိမ်နီးချင်းနိုင်ငံအချို့ ဝင်ရောက်စွက်ဖက်မှုဆန့်ကျင်ရှုတ်ချပွဲကို နေ့လည် ၁နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်ခဲ့ပါတယ်။အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲကို MFDMC နှင့် တောင်ကိုရီးယားရှိ ဒီမိုကရေစီအရေးတက်ကြွသော မြန်မာအဖွဲ့အစည်းများ ကိုရီးယားအဖွဲ့အစည်းများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူဦးရေ ၁၅၀ ကျော် ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။


ဆန္ဒပြပွဲကျင်းပရေးတာ၀န်ခံများမှ တော်လှန်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာ လှုံ့ဆော်သပိတ်တရားဟောပြောမှုများ တော်လှန်ရေးကဗျာများရွတ်ဆိုခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ အမေရိကန်နိုင်ငံ ဆန်ဖရန်ဗေးဧရိယာမှ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုရဲ့ ၄၁ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ ၁၄၀၀၀ကျော်ရရှိခဲ့


မေလ ၅ရက်


အမေရိကန်နိုင်ငံ ဆန်ဖရန်ဗေးဧရိယာမှ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုရဲ့ ၄၁ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှအမေရိကန်ဒေါ်လာ၁၄၀၀၀ ကျော်ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။

"၄၁ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှယနေ့ရောင်းရငွေအလှူငွေလက်ခံရရှိမှု စုစုပေါင်းအမေရိကန်ဒေါ်လာ၁၄၂၇၇ ရရှိပါတယ်"လို့ အသိပေးဆိုပါတယ်။ ရန်ပုံငွေပွဲ အမှတ်တရအဖြစ် အလှူရှင်များ၊ အားပေးသူပရိသတ်များအတွက် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် ပြက္ခဒိန် ခုကို မဲဖောက်ပြီး လက်ဆောင်ပေးအပ်ခဲ့ပါတယ်။ 

ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊  ငွေသားအလှုရှင်များ၊ အပင်ရောင်းချလှူဒါန်းသော မိတ်ဆွေများ၊ ဝယ်သူအားပေးသော မိတ်ဆွေများဝိုင်းဝန်းကူညီသောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ရှိကြောင်း နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက အသိပေးဆိုထားပါတယ်။


နွေဦးတော်လှန်ရေးနဲ့ မြန်မာပြည်ရှိ လိုအပ်သောနေရာများသို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက ထောက်ပို့ပါဝင်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ဧပြီလ တလတာအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၉၆) ဦး သေဆုံးခဲ့


မေလ ၅ရက်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ တလတာအတွင်း နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း () ဦးရှိခဲ့တယ်လို့သိရပါတယ်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၉၆) ဦး သေဆုံးခဲ့ရပြီး အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက်မှ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း () ဦး ပါဝင်တယ်လို့သိရပါတယ်။အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၅၀) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။

"ဧပြီလဆိုတာ မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလ ဖြစ်ပေမဲ့ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်နဲ့ စစ်အုပ်စုကပေးတဲ့ လူလုပ်ဘေးအန္တ ရာယ်ကို ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ ပျော်ရွှင်ခြင်းတွေ ပျောက်ဆုံးခဲ့ရတဲ့ နှစ်သစ်ကူးလို့ပြောရမှာပါ။ ငလျင်ကြောင့် ခံစားခဲ့ရတဲ့ ပြည်သူတွေကိုကူညီဖို့ နိုင်ငံတကာအကူအညီတွေရရှိခဲ့ပေမဲ့ အဲဒီအကူအညီတွေကို စနစ်တ ကျ စီမံခန့်ခွဲနိုင်တဲ့စွမ်းရည်နဲ့စေတနာ စစ်အုပ်စုဆီမှာ မတွေ့ရပါဖူး။  နိုင်ငံတ ကာနဲ့ UNအဖွဲ့များအနေနဲ့ လိုအပ်နေတဲ့ ပြည်သူတွေကိုကူညီဖို့ စဉ်းစားရာမှာ သဘာဝဘေးကြောင့် ဒုက္ခရောက်သူတွေအတွက်တင် မစဉ်းစားသင့်ဘဲ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲလို့၊ လက်နက်ကြီးနဲ့ပစ်လို့ အိုးအိမ်မဲ့သွားရသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားရသူတွေကိုလည်း ကူညီဖို့ ကြိုးစားသင့်ပါတယ်။ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဒေသက လူများကိုသာ ကူညီနေတယ်ဆိုရင် တဖက်သတ်ဖြစ်ပြီး သွယ်ဝိုက်တဲ့နည်းနဲ့ စစ်အုပ်စု ကို လူသတ်လိုင်စင်ထုတ်ပေးနေသလို ဖြစ်နေပါလိမ့်မယ်။"လို့ကိုဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)ကပြောပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် လေးနှစ်ပြည့်မြောက်တဲ့အချိန်မှာ ယခင်နှစ်တွေကထက်ပိုမိုလုပ်နိုင်စွမ်းပြည့်ဝလာတာကိုတွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မေလ ၅ရက်


 ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

မေလ၅ရက် မှာကျရောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းခြင်း () နှစ်ပြည့်အထိမ်းအမှတ်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။

"ပြည်သူ့ကာကွယ်ရေးတပ်မတော်PDFဟာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ခြုံငုံပြီး စစ်ဆင်ရေးနယ်မြေတွေဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်သလို ၊စနစ်ကျတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ပြည်သူ့တပ်မတော်တရပ်ဖြစ်အောင်ကြိုးစားအကောင်အထည်ဖော်နေတာကိုတွေ့နေရတယ်။နှစ်ပေါင်းများစွာ တိုင်းပြည်ကိုနိမ့်ကျစေပြီး နိုင်ငံသူ၊နိူင်ငံသူနိုင်ငံသားများကို ဆင်းရဲနိမ့်ကျစေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူထဲကပေါက်ဖွားလာတဲ့ ပြည်သူ့သားကောင်းများအဖြစ် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ သိန္ဓိဌာန်ချထားကြမယ်လို့လည်း ယုံကြည်တယ်။အဲဒီအတွက် အားလုံးကိုအထူးဂုဏ်ပြုကြောင်းပြောကြားလိုပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် လေးနှစ်ပြည့်မြောက်တဲ့အချိန်မှာ ယခင်နှစ်တွေကထက်ပိုမိုလုပ်နိုင်စွမ်းပြည့်ဝလာတာကိုလည်းတွေ့ရပါတယ်"လို့ ပြောပါတယ်။

စစ်ရေး၊စည်းရုံးရေးစွမ်းရည်ပြည့်ဝတဲ့တပ်မတော်တရပ်တည်ဆောက်ထားနိုင်တာတွေ့ရလို့လေးစားဂုဏ်ယူတယ်လို့လည်းဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ၂၀၂၅ ခုနစ်၊ မေလ () ရက်နေ့မှာ () နှစ်ပြည့်မြောက်ခဲ့ပါတယ်။


========================


🚩🚩၂။ အကြမ်းဖက်စစ်တပ်ကို ပစ်တဲ့ကျည်တပေါက်တိုင်းဟာ တရားသောစစ်ဖြစ်တယ်လို့ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ဆို


မေလ၅ရက်


အကြမ်းဖက်စစ်တပ်ကို ပစ်တဲ့ကျည်တပေါက်တိုင်းဟာ တရားသောစစ်ဖြစ်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က မေလ၅ရက် PDF တပ်မတော် ()နှစ်ပြည့်သို့ ပြောကြားတဲ့မိန့်ခွန်းမှာ။ ဆိုပါတယ်။     

"လက်နက်ကိုင်ပြီး တော်လှန်ရင် ငါတို့သွေး ချွေးတွေရင်းရမယ်၊ အသက်တွေ ပေးဆပ်ရမယ်၊ ဘဝဟာ ခက်ခဲကြမ်းတမ်းမယ်၊ ချစ်ခင်ရတဲ့ အရာအားလုံးနဲ့ ခွဲခွါရမယ်" ဒါတွေငါတို့ ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် အာဏာရှင်စစ်မိစ္ဆာကိုအမြစ်ဖြတ်ဖို့ ဒီလမ်းကို ယုံကြည်ချက်အပြည့်နဲ့ ရွေးခဲ့တယ်။ နိုင်ငံရဲ့ကံကြမ္မာ၊ ပြည်သူရဲ့ကံကြမ္မာကို ကယ်တင်ဖို့ တခုတည်းသောလမ်း လက်နက်ကိုင်ပြီး တော်လှန်ခဲ့ရတယ်။ အာဏာရှင်ကို တော်လှန်သည့် မည်သည်လုပ်ရပ်မဆို အမှန်တရားအတွက်ဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ကို ပစ်တဲ့ကျည်တပေါက်တိုင်းဟာ တရားသောစစ်ဖြစ်တယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင်တော်လှန်ရေး နှစ်တာအတွင်း ပြည်သူ့လွတ်မြောက်ရေးအတွက် အသက်ပေးသွားတဲ့ အာဇာနည်ရဲဘော်အားလုံး အလေးနီပြုတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးကဆိုပါတယ်။


========================


🚩🚩၃။စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ရှမ်းပြည်နယ်ကျောက်မဲမြို့နယ်တို့ကို စကစလေတပ်ကယနေ့မနက်ဗုံးများကြဲချတိုက်ခိုက်


စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ရှမ်းပြည်နယ်ကျောက်မဲမြို့နယ်တို့ကို စကစလေတပ်က ယနေ့မနက်က ဗုံးများကြဲချတိုက်ခိုက်ခဲ့ပါတယ်။မေလ၅ရက် မနက်ပိုင်း (၉နာရီ၃၀)အချိန်မှာ မိတ္ထီလာ ရှမ်းတဲကတက်လာသည့် MIG29ဖြင့် ရေဦးမြို့နယ်တစ်နေရာကို စစ်ပွဲ၊စစ်စခန်းမရှိဘဲအကြောင်းမဲ့ ဗုံးနှစ်ကြိမ်ချသွားခဲ့တယ်လို့သတင်းရရှိပါတယ်။ကနဦးသတင်းအရ ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးကအသေးစားထိခိုက်ကြောင်းသိရှိပါတယ်။အလားတူ ရှမ်းပြည်နယ်ကျောက်မဲမြို့ကို မနက်၁၁နာရီ၂၀အချိန်မှစတင်ကာ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရပြီး အသေးစိတ်ကိုအတည်ပြုစုံစမ်းဆဲ ဖြစ်ပါတယ်။


မေလ ()ရက်လည်း စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို လေကြောင်းဖြင့် ပေါင် (၃ဝဝ)ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩၄။ တောကျီးကန်းတပ်ရင်း ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်ဒရုန်းတပ်ဖွဲ့တို့ တိုက်ခိုက်မှုကြောင့် ခမရ (၃၄၉) တပ်ရင်းမှူး ဒရုန်းထိမှန် သေဆုံးခဲ့မှုသတင်းထုတ်ပြန်


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရေဖြူကန် ကျေးရွာတိုက်ပွဲအတွင်း တောကျီးကန်း () ကောင်တပ်ရင်း ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ် ဒရုန်းတပ်ဖွဲ့တို့ တိုက်ခိုက်မှုကြောင့် ခမရ (၃၄၉) တပ်ရင်းမှူး ဒရုန်းထိမှန် သေဆုံးသွားခဲ့တယ်လို့ အတည်ပြုဆိုထားပါတယ်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ရက် နာရီအချိန်ခန့်က တောကျီးကန်းတပ်ရင်းနှင့်မဟာမိတ် ဒရုန်းတပ်ဖွဲ့တို့၏ ဝေဟင်မှတိုက်ခိုက်မှုကြောင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) လက်အောက်ခံ ခမရ (၃၄၉) တပ်ရင်းမှူးသည်  သေဆုံးကြောင်းတပ်ရင်းမှ သတင်းရရှိခဲ့ပြီးအဆိုပါသတင်းမှာ မှန်ကန်ကြောင်း ညောင်လေးပင်မြို့နယ် ပျူစောထီးခေါင်းဆောင်က လှိုင်မင်းကလည်း မေလ () ရက်တွင် အတည်ပြုထုတ်ဖော်ဝန်ခံလိုက်တယ်လို့ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုကို တောကျီးကန်း () ကောင်တပ်ရင်း ဒရုန်းတပ်ဖွဲ့ KNLA တပ်ရင်း () ဒရုန်းတပ်ဖွဲ့နှင့် ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ်ဖွဲ့တို့က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါတယ်။


========================


🚩🚩၅။ မြိုင်မြို့ပေါ်တွင်ရှိသော ထန်းဘူးတော စကစဂိတ်အား ဝင်ရောက်ပစ်ခက်တိုက်ခိုက်ရာမှ စကစ၃ဦးပွဲချင်းပြီးသေဆုံးခဲ့


မေလ၅ရက်


မကွေးတိုင်းမြိုင်မြို့ပေါ်တွင်ရှိသော ထန်းဘူးတော စကစဂိတ်အားတော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခက်တိုက်ခိုက်ရာမှ စကစတပ်ဘက်က၃ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အတည်ပြုပါတယ်။

ထို့နောက် စကစဂိတ်အားစစ်ကူလာသော စကစတပ်များအား  တော်လှန်ရေးတပ်ဖွဲများမှ အသင့်နေရာယူ တိုက်ခိုက်ခဲ့ရာ စကစ၂ဦးမျက်မြင်သေဆုံးခဲ့တယ်လို့မြိုင် .က.ဖတပ်ခွဲ၂ကအတည်ပြုထားပါတယ်။


တိုက်ပွဲကြာချိန်မှာနံနက်၆နာရီမှ ၁၁ကျော်အထိဖြစ်ပြီး ထိုတိုက်ပွဲအတွင်း စကစ၅ဦးသေဆုံးခဲ့ပြီးအဆိုပါတိုက်ခိုက်မှုကို မြိုင် .က.ဖတပ်ခွဲ၂ဖြစ်သော ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အခြားတော်လှန်ရေးမဟာမိတ်အင်အားစုများ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩၆။ မင်းအောင်လှိုင်ကို ဖိအားပေးဖို့ စစ်ဆင်ရေးတွေ ကြိုးပမ်းရမယ့် အချိန်ဖြစ်တယ်လို့ဆို


မေလ၅ရက်


မင်းအောင်လှိုင်ကို ဖိအားပေးဖို့ စစ်ဆင်ရေးတွေ ကြိုးပမ်းရမယ့် အချိန်ဖြစ်တယ်လို့ PDF Insightကသုံးသပ်ဖော်ပြထားပါတယ်။

"စစ်ရေး၊အုပ်ချုပ်ရေး အကြပ်စိုက်ပြီး စစ်အုပ်စုဟာ အစိတ်စိတ် အမွှာမွှာ ပြိုလဲနေချိန်မှာ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ မြေပြန့် တော်လှန်ရေးအင်အားစုတွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လက်တွဲညီညီပူးပေါင်းပြီး မင်းအောင်လှိုင်ကို ဖိအားပေးဖို့ စစ်ဆင်ရေးတွေ ကြိုးပမ်းရမယ့် အချိန်ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။တနိုင်ငံလုံး စစ်ရေး အရေးနိမ့်မှုကြောင့် စစ်အုပ်စုရဲ့အုပ်ချုပ်စိုးမိုးနိုင်မှုဟာ နိုင်ငံရဲ့ဒေသအများစုမှာ မရှိတော့ဘူးလို့ Insightကသုံးသပ်ထားပါတယ်။


ဒါ့အပြင်စစ်တပ်အားထားရတဲ့ လေကြောင်းနဲ့စစ်ယန္တရားကြီးများ ရွှေ့ပြောင်းရေး၊ ထောက်ပို့ယာဉ်တန်းများ ထွက်ခွာရေးဟာလဲ ငလျင်ကြောင့် နှောင့်နှေးသွားပြီဖြစ်တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ  ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment