၂၀၂၅ ဇွန်လ ၁၆ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၁၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ Safe Hospital, Safe Healthcare ကမ်ပိန်း"တွင် USD 1,000 နှင့်အထက် ပါဝင်လှူဒါန်းသူများကို ပြည်ထောင်စုဝန်ကြီး၏ လက်မှတ်ဖြင့် သီးသန့်ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်ချီးမြှင့်သွားမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ယူကေမှာကျင်းပမယ့် အမေစု၏အသက် ၈၀ ပြည့် အမှတ်တရရန်ပုံငွေပွဲသို့ ကိုထိန်လင်းတက်ရောက်မည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများအား ငွေကြေးနှင့် ဆန်၊ ရိက္ခာ၊ သီးနှံတို့ကို မျှဝေထောက်ပံ့ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဆန်ဖရန်စ္စကိုမြို့မှာကျင်းပတဲ့ ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီမှ  ဇွန်၁၉ ပန်းသပိတ်တွင် ပူပေါင်းပါဝင်ကြရန်လူထုသပိတ်လှုပ်ရှား


========================


၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကရင်နီပြည် စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးနှင့် နေရာချထားရေးအကူအညီ IECက ပန်ကြားဖိတ်ခေါ်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဇီးကုန်းနှင့် အလူးကြီးရွာထဲသို့ လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့ရာ အရပ်သားအမျိုးသမီး ()ဦး ထိခိုက်ခဲ့

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု တပူးထိုကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့သဖြင့် ပြည်သူလူထု နေအိမ် လုံး မီးလောင်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ အကြမ်းဖက်စကစက ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး (၃၇)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းTNLAသတင်းထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ Safe Hospital, Safe Healthcare ကမ်ပိန်း"တွင် USD 1,000 နှင့်အထက် ပါဝင်လှူဒါန်းသူများကို ပြည်ထောင်စုဝန်ကြီး၏ လက်မှတ်ဖြင့် သီးသန့်ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်ချီးမြှင့်သွားမည်


ဇွန်လ ၁၆ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်လျက်ရှိသည့် "ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး Safe Hospital, Safe Healthcare ကမ်ပိန်း" တွင် USD 1,000 နှင့်အထက် ပါဝင်လှူဒါန်းသူများကို ပုံမှန်ဂုဏ်ပြုလွှာများအပြင် ပြည်ထောင်စုဝန်ကြီး၏ လက်မှတ်ဖြင့် သီးသန့်ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်ချီးမြှင့်သွားမယ်လို့  ဇွန်လ၁၆ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။


ဆက်သွယ်လှူဒါန်းနိုင်သည့် Fund Raiser များစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနPagတွင် ဖော်ပြထားပြီး Safe Hospital, Safe Healthcareရည်မှန်းချက် (Target) မှာ အမေရိကန်ဒေါ်လာ သိန်းဖြစ်ပြီး Campaign ကာလမှာ မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ယူကေမှာကျင်းပမယ့် အမေစု၏အသက် ၈၀ ပြည့် အမှတ်တရရန်ပုံငွေပွဲသို့ ကိုထိန်လင်းတက်ရောက်မည်


ဇွန်လ ၁၆ရက်


ယူကေမှာကျင်းပမယ့် အမေစု၏အသက် ၈၀ပြည့် အမှတ်တရရန်ပုံငွေပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း တက်ရောက်မယ်လို့သိရပါတယ်။


အမေစု၏ အသက် ၈၀ပြည့် အမှတ်တရရန်ပုံငွေပွဲကို  ဇွန်လ ၂၁  စနေနေ့တွင် Feltham မှာ ကျင်းပမှာဖြစ်ပါတယ်။


"အမေစုရဲ့ သားငယ် Kim ကိုယ်တိုင် အမှတ်တရ မွေးနေ့ကိတ်ခွဲမယ့် အစီအစဉ်အပြင် လက်ရာကောင်းတဲ့ လန်ဒန်ချက်ကြီးအဖွဲ့အများကြီးလည်း အားဖြည့်ရောင်းကူကြမှာဖြစ်လို့ မလာမဖြစ်လာရမယ့် ပွဲဖြစ်ပါတယ်။Limited edition အမေစု ရင်ထိုးများကိုလည်း ပွဲမှာ ထုတ်ယူနိုင်ပါတယ်"လို့ Myanmar Event in UKက ဖော်ပြထားပါတယ်။ရင်ထိုးရောင်းရသမျှ အရင်းပါမကျန် Kim ပြုလုပ်နေတဲ့ အမေစု ကမ်ပိန်းထဲသို့ အကုန်ထည့်ဝင် လှူဒါန်းသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။


တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဆုတောင်းဗီဒီယို  ဇွန်လ၁၅ရက်နေ့အထိ လေးသောင်းကျော်ရရှိထားတယ်လို့ Su 80 ကမ်ပိန်းကအသိပေးဆိုထားပါတယ်။


"ယနေ့ မှာတော့ တစ်ဝက်ကို စတင်ကျော်လာပါပြီ နောက်ထပ် လိုအပ်နေတဲ့ ၄၀၀၀၀ အတွက် ရက်သာကျန်ပါတော့တယ်။မိမိလုံခြုံရေးစိတ်ချရသူတွေက မျက်နာဖေါ်ပြီးဆုတောင်းတွေပို့ပေးနိုင်ကြပါတယ်။ပါဝင်သူတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်"လို့ အသိပေးဆိုထားပါတယ်။


ကမ္ဘာ့ဂင်းရစ်စံချိန်တင် ရုပ်သံများပေးပို့နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏အသက်၈၀ပြည့်မွေးနေ့အတွက် ရုပ်သံဖိုင်ရှစ်သောင်းကို ဇွန်လ၁၉ရက်နေ့အထိ စုဆောင်းနေခြင်းဖြစ်တယ်လို့ SU 80ကမ်ပိန်းကဆိုထားပါတယ်။ရုပ်သံဖိုင်ကိုပေးပို့သူများအနေနဲ့  Happy birthday နဲ့SUဆိုသောစကားလုံးပါဝင်ရမည်ဖြစ်ပြီး စက္ကန့်သုံးဆယ်ထက်မပိုရဘူးလို့ သတ်မှတ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများအား ငွေကြေးနှင့် ဆန်၊ ရိက္ခာ၊ သီးနှံတို့ကို မျှဝေထောက်ပံ့ခဲ့


ဇွန်လ၁၆ရက်


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (.က.)မှ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံကာ အရေးပေါ် အခြေနေကြုံလာပါက ပူးပေါင်းဆောင်ရွက်ကြရမည့်လုပ်ငန်းစဉ်များနှင့်အတူ စိတ်ခွန်အားပေးစကား ပြောကြားခဲ့ပါတယ်။ထို့နောက်ဆန်၊ ရိက္ခာ၊ သီးနှံတို့ကို မျှဝေထောက်ပံ့ခဲ့တယ်လို့ ရွှေမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုပါတယ်။


ဒါအပြင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင် တိုက်ခိုက်မှုအတွင်း အိုးတိန်တွင်းရွာမှ ကျဆုံးခဲ့ရသူ (၂၄) ဦး၊ ဒဏ်ရာရရှိသူ (၄၀) ဦးကို စစ်ကိုင်းတိုင်းတွင်းရှိ ပကဖ တာဝန်ခံအသီးသီးက လှူဒါန်းငွေ သိန်း (၁၆၀) ကူညီခဲ့တယ်လို့ ပကဖအသံကဖော်ပြပါတယ်။

မေလ၁၂ရက်ဒီပဲယင်းမြို့နယ်အိုးတိန်တွင်းရွာစာသင်ကျောင်းကိုစကစကလေကြောင်းတိုက်ခိုက်ခဲ့၍ကျောင်းသူ၊ကျောင်းသားနဲ့ဆရာ၊ဆရာမ ၂၄ဦးသေဆုံးခဲ့ရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဆန်ဖရန်စ္စကိုမြို့မှာကျင်းပတဲ့ ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့


ဇွန်လ ၁၆ရက်


မေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့မှာကျင်းပတဲ့ ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့တယ်လို့သိရပါတယ်။


ဇွန် ၁၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း Free Burma Action committee San Franciscoက အသိပေးကြေညာထားပါတယ်။


အဆိုပါပွဲအခမ်းအနားသို့ အဆိုတော်လင်းလင်း၊အဆိုတော်ချစ်သုဝေနှင့် အမေရိကန်ရောက်မြန်မာအင်အားစုများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီမှ  ဇွန်၁၉ ပန်းသပိတ်တွင် ပူပေါင်းပါဝင်ကြရန်လူထုသပိတ်လှုပ်ရှား


ဇွန်လ ၁၆ရက်


ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီမှ ဇွန်၁၉ ပန်းသပိတ်တွင်ပူပေါင်းပါဝင်ကြရန် လူထုသပိတ်လှုပ်ရှားခဲ့ကြတယ်လို့သိရပါတယ်။


"ဒီနှစ်ကတော့ လူထုခေါင်းဆောင်ရဲ့ အသက် (၈၀) ပြည့် နှစ်ဖြစ်တာနဲ့အညီ ဒီလှုပ်ရှားမှု () ခုလုံးကို () ရက်တာလှုပ်ရှားမှုအဖြစ် ဖော်ဆောင်သွားကြဖို့ ဖြစ်ပါတယ်။ အခုလာမယ့် ဇွန် (၁၄) ရက်နေ့ကနေ (၂၁) ရက်နေ့ထိ စုစုပေါင်း () ရက်တာကာလအတွင်းမှာ ပန်းသပိတ်နဲ့ အင်္ကျီပြာလှုပ်ရှားမှု တို့ကို မိမိတို့အဆင်ပြေရာရက် တရက်ရက်မှာဖြစ်စေ၊ နေ့စဉ်ပါဝင်နိုင်သူကလဲ နေ့စဥ် အဆင်ပြေသလို ဆင်နွှဲပါဝင်ကြဖို့ ဖြစ်ပါတယ်။အဓမ္မ ဖမ်းဆီးခံထားရတဲ့ မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားများအားလုံးရဲ့ လွတ်မြောက်ရေးမှသည် မြန်မာတပြည်လုံး အာဏာရှင်စနစ်ဆိုးအောက်ကနေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ပြင်းပြခိုင်မာတဲ့စိတ်ဓာတ်နဲ့ ညီညာစုရုံး အတူဆက်တိုက်ပွဲဝင်ကြပါစို့"လို့ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီမှဆိုထားပါတယ်။


ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်သွားကြမယ်လို့လည်း ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကရင်နီပြည် စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးနှင့် နေရာချထားရေးအကူအညီ IECက ပန်ကြားဖိတ်ခေါ်


ဇွန်လ ၁၆ရက်


ကရင်နီပြည် စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးနှင့် နေရာချထားရေးအကူအညီကို IECက ဇွန်လအတွင်းမှာ ပန်ကြားဖိတ်ခေါ်လိုက်ပါတယ်။


"၂၀၂၅ ခုနှစ်၊ ဇွန်လ အစောပိုင်းကာလမှစ၍ တရားမဝင်အာဏာသိမ်းစစ်တပ်မှ ကရင်နီပြည် မိုးဗြဲနယ်၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း လွယ်ပေါအုပ်စုမှတစ်ဆင့် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့သို့ ဦးတည်လျက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါတယ်။တရားမဝင်အာဏာသိမ်းစစ်တပ်၏ မြေပြင်ထိုးစစ်များ အပြင် လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေပါတယ်။ဖော်ပြပါ အကျိုးဆက်များကြောင့် အရပ်သားပြည်သူများ အနေဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့နေကြရတယ်"လို့ဖော်ပြပါတယ်။


ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန -  အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲတို့သည် အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ နှင့် ပူးပေါင်း၍ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကနဦးတုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ပံ့ပိုးကူညီမှုများကို လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။


ထိုသို့သော တုံ့ပြန်ဆောင်ရွက်မှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နေပါသော်လည်း လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီ လိုအပ်ချက်များမှာ အလွန်ကြီးမားနေဆဲ ဖြစ်ပြီး တစ်ချိန်တည်း၌ပင် တရားမဝင်အာဏာသိမ်းစစ်တပ်သည် စစ်ပဋိပက္ခကို အကြောင်းပြုလျက် ပြည်သူများလိုအပ်နေသော လူသားချင်းစာနာထောက်ထားရေး အကူအညီများကို နည်းမျိုးစုံဖြင့် ထိန်းချုပ်ကန့်သတ်လျက် ရှိတယ်လို့ဆိုပါတယ်။


ထို့ကြောင့် စစ်ဘေးသင့်ပြည်သူများ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို နိုင်ငံတကာမှ သိရှိပြီး လူသားချင်းစာနာထောက်ထားမှုဖြင့် ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးလုပ်ငန်းများတွင် ထပ်မံတိုးမြင့် ပံ့ပိုးကူညီလုပ်ဆောင်နိုင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်း အပ်တယ်လို့ဆိုပါတယ်။


လတ်တလော စစ်ပဋိပက္ခကြုံရသော အရပ်သားပြည်သူအချက်အလက်များ အရ-၂၀၂၅ ခုနှစ်၊ ဇွန်လ အစောပိုင်းကာလမှစ၍ ကရင်နီပြည် မိုးဗြဲနယ်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၌ ထိုးစစ်များကြောင့် ကျေးရွာအုပ်စု () စု အတွင်းရှိ အိမ်ထောင်စု (,၀၀၀) စု၊ ခန့်မှန်း လူဦးရေ (၄၀,၀၀၀) ဦး၊ စစ်ပဋိပက္ခ ဘေးအန္တရာယ်ကြုံတွေ့ နေကြရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဇီးကုန်းနှင့် အလူးကြီးရွာထဲသို့ လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့ရာ အရပ်သားအမျိုးသမီး ()ဦး ထိခိုက်ခဲ့


ဇွန်လ (၁၆)ရက်


အကြမ်းဖက်စစ်ကောင်စီတပ်မှ ဇီးကုန်းနှင့် အလူးကြီးရွာထဲသို့ လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့ရာ အရပ်သား အမျိုးသမီး ()ဦး ထိခိုက်ခဲ့တယ်လို့ ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ပါတယ်။


ကေအဲန်ယူ-ကရင်မျိုးသားစည်းအရုံ၊ကော်သူလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ဇွန်လ(၁၄) ရက်နေ့က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ အမှတ်-(၄၄) ခြေမြန်တပ်မဌာနချုပ်နှင့် လက်အောက်ခံ (ခမရ-)တပ်စခန်းတို့မှ မနက် (၁၀)နာရီ (၁၀)မိနစ်တွင် လက်နက်ကြီး (၁၂၀-မမ) ()လုံး ဇီးကုန်းရွာထဲသို့ ပစ်ခတ်ရာ လက်နက်ကြီး ()လုံး ကျရောက်ပေါက်ကွဲပြီး ရွာနေ ဒေါ်အေးဆန်း (၅၃)နှစ် မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဦးဖိုးပိန်နှင့် ဦးကိုဦးနေအိမ်တို့ ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။


ထို့နောက် ညနေ ()နာရီ ()မိနစ်တွင်လည်း စစ်ကောင်စီ (ခမရ-)တပ်စခန်းမှ (၁၂၀ မမ) လက်နက်ကြီး ()လုံး အလူးကြီးရွာထဲသို့ ပစ်ခတ်ခဲ့ရာ () လုံး ကျရောက်ပေါက်ကွဲပြီး ရွာနေ မဝါဝါဦး (၃၀)နှစ် မှာ လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရခဲ့ပါတယ်။


ယခင်ရှေ့ရက်များမှာလည်း ကျိုက်ထိုမြို့ အခြေစိုက်တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ် (တပ်မ-၄၄) နှင့် ၎င်းလက်အောက်ခံ တပ်ရင်းစခန်းများမှ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုရှိရာ နေရာ များထဲသို့ မကြာခနလက်နက်ကြီးပစ်ခတ်နေပြီး၊ မကြာခနစစ်ကြောင်းထိုးဝင်ရောက်မှုများရှိနေကာ ထိုသို့ ဝင်ရောက်စဥ် အရပ်သားပြည်သူများအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု တပူးထိုကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့သဖြင့် ပြည်သူလူထု နေအိမ် လုံး မီးလောင်


ဇွန်လ ၁၆ ရက် 


စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇွန်လ ၁၂ ရက်နေ့ညတွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု တပူးထိုကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့ညအထိ မီးလောင်ခဲ့ရာ နေအိမ် လုံးမှာ မီးလောင်သွားခဲ့ခြင်းဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAကဖော်ပြပါတယ်။


ယင်းတပူးထိုရွာတွင် PNO ပြည်သူ့စစ်မှ တပ်စွဲနေထိုင်နေသည်မှာ လကျော်ရှိပြီဖြစ်ပြီး ဇွန်လ ရက်နေ့တွင် ဒေသခံရွာသူရွာသားများကို PNO ပြည်သူ့စစ်က ရွာအတွင်းမှ မောင်းထုတ်ပြီးနောက် ကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်ပါတယ်။


"အိမ်တွေကလည်း တအားကပ်ရပ်ကြီးတွေမဟုတ်လို့ရယ် မိုးရွာလို့ မီးတွေက ဆက်မကူးတာရယ်ကြောင့် တရွာလုံးမပါသွားတာ။ ရွာမှာ သူတို့(PNO ပြည်သူ့စစ်)ပဲရှိတယ်။ရွာသားတွေကိုလည်း သူတို့မောင်းထုတ်ထားတယ်"လို့ ဒေသခံတဦးကပြောပြထားပါတယ်။


စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ခုမှ ပြည်သူ ၄ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမယ်လို့ မောင်းထုတ်မှုပြုလုပ်ခဲ့ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ အကြမ်းဖက်စကစက ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး (၃၇)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းTNLAသတင်းထုတ်ပြန်


ဇွန်လ ၁၆ရက်


အကြမ်းဖက်စကစက ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး (၃၇)လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းTNLAသတင်းထုတ်ပြန်ပါတယ်။


ဇွန်လ ၁၅ရက်နံနက်ပိုင်းအချိန်၌ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဖြစ်ပွား‌ခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး ()လုံး၊ ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး (၃၇)လုံးနှင့် ဗုံး (၃၅)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။


အလားတူ လက်ပန်ကုန်းကျေးရွာဘက်မှဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်းလည်း စစ်ကောင်စီတပ်သည်  လက်နက်ကြီး ()လုံး ပစ်ကူတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ရွှေညောင်ပင်ကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်သည် ပြည်သူလူထုများကို ဦးတည်ပြီး ရည်ရွယ်ချက်ချက်ရှိရှိ လက်နက်ကြီး ()လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန် လိုအပ်တယ်လို့အသိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment