၂၀၂၅ ဇွန်လ ၁၃ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ ဇွန်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ

📌 ၂။ လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းသွားမည်

📌 ၃။ မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) တတိယအကြိမ် ညီလာခံ ကျင်းပမည်

📌 ၄။ မုတ်သုံမိုးရာသီ ရောက်ရှိလာသည်နှင့်အမျှ ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးအန္တရာယ်များအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင်းတိုးမြှင့်ဆောင်ရွက်လျက်ရှိ

📌 ၅။ မန္တလေးမှာ ပျူစောထီးဆိုသူ လူငယ်တွေက အကြမ်းဖက် သောင်းကြမ်းနေ

📌 ၆။ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် ကိုရီးယားမှာ ချီတက်ဆန္ဒပြမည်

📌 ၇။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နဲ့ Blue Shirt Campaign လှုပ်ရှားကြဖို့ လူထုကို နှိုးဆော်


========================


၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ မော်လမြိုင်နှင့် သံဖြူဇရပ် ကားလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာတဲ့ ဖောကားကို တိုက်ခိုက်

🚩၂။ အနောက်မကျည်းကန် ပျူရွာသိမ်း တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ဦး သေဆုံး

🚩၃။ မင်းတပ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ ဇွန်လ (၁၁) ရက်နေ့အထိ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၁၈ကြိမ်ကြောင့်  ၁၀ဦး သေဆုံး

🚩၄။ နောင်ချိုတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

🚩၅။ မေလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၈၁ ဦး အလင်းဝင်၊ လက်နက်ချ၊ ဖမ်းဆီးရမိခဲ့

🚩၆။ သင်တန်းသား ၈၀၀ တက်ရောက်ခဲ့တဲ့ TNLA အပတ်စဉ် (၆၇)စစ်ရေးသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ


ဇွန်လ၁၂ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၅) ကို ဇွန်လ၁၂ရက်မှာ ကျင်းပခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ်

မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၀/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းသွားမည်


ဇွန်လ ၁၂ရက်

Radio NUG

လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းထု ညီလာခံဖြစ်မြောက်ရေး ကော်မတီက ဇွန်လ၁၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


ယခုအခါ ကျန်းမာရေး၊ ပညာရေး၊ မီးရထားနှင့် အခြားကဏ္ဍများမှ ကိုယ်စားလှယ်များကို ကိုယ်စားပြုမှုဖြင့် ဖိတ်ခေါ်ပြီး ပေါင်းစပ်ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပါသည်။ သို့ရာတွင် လက်လှမ်းမမီသည့် ကဏ္ဍများမှ CDM နိုင်ငံ့ဝန်ထမ်းကိုယ်စားလှယ်များအား ဖိတ်ခေါ်နိုင်ရေးအတွက် CDM အောင်မြင်ရေးကော်မတီ - CDM Success Committee နှင့် တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။


ထိုဆွေးနွေးမှုမှတဆင့် ကဏ္ဍအသီးသီးမှ CDM နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်များအား ဖိတ်ခေါ်လျက်ရှိပြီး မကြာမီ လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်သည်။ ထို့အပြင် ကဏ္ဍအသီးသီးမှ CDM နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်များအား ဖိတ်ခေါ်မှုများကိုလည်း ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်းအသိပေးကြေညာပါတယ်။


========================


📌📌 ၃။ မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) တတိယအကြိမ် ညီလာခံ ကျင်းပမည်


ဇွန်လ ၁၂ ရက်၊ 

Radio NUG


မွန်ပြည် ဖက်ဒရယ်ကောင်စီက တော်လှန်ရေး ကာလအတွင်း နိုင်ငံရေး စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှေ့ဆက် လုပ်ငန်းစဉ်များကို ထပ်မံ ချမှတ်သွားနိုင်ရန် တတိယအကြိမ် ညီလာခံကို ကျင်းပသွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်ထားပါတယ်။


တနှစ်တာ ကာလအတွင်း ဆောင်ရွက်နေတဲ့ နိုင်ငံရေး စစ်ရေး လုပ်ငန်းစဉ်များကို အစီရင်ခံ တင်ပြရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း အာဏာ ရပ်နဲ့ ပြည့်ဝတဲ့ မွန်ပြည်ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များ ချမှတ်သွားရန်၊ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ နိုင်ငံရေး အင်အားစုများ၊ လူထုအဖွဲ့အစည်းများ၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ စုစည်းပြီး မွန်ပြည် ချာတာတစ်ရပ်ကို ရေးဆွဲနိုင်ရေး လုပ်ငန်းစဉ် ချမှတ်သွားရန်နဲ့ စုပေါင်းခေါင်းဆောင်မှု မူဒါဒကို ချမှတ်ပြီး စစ်အာဏာရှင် စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားရန် ရည်ရွယ်တယ်လို့  ဆိုပါတယ်။


မွန်ပြည် ဖက်ဒရယ်ကောင်စီဟာ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲပြီး အာဏာရှင် ပြုတ်ကျရေး တိုက်ပွဲဝင်ခဲ့တာ နှစ် ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၃ ဇန်နဝါရီ ၂၂ ရက်မှာ ပထမအကြိမ်၊ ၂၀၂၄ ဖေဖော်ဝါရီ ၂၈ နဲ့ ၂၉ ရက်မှာ ဒုတိယအကြိမ် ညီလာခံတို့ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ မုတ်သုံမိုးရာသီ ရောက်ရှိလာသည်နှင့်အမျှ ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးအန္တရာယ်များအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင်းတိုးမြှင့်ဆောင်ရွက်လျက်ရှိ


ဇွန်လ ၁၂ရက်

Radio NUG

၂၀၂၅ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားသော ရန်ပုံငွေ (Contingency Fund for Emergencies - CFE) ပံ့ပိုးမှုဖြင့် အသက်ကယ်ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များကို လျင်မြန်စွာ စတင်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်တယ်လို့  WHO Myanmarက ဇွန်လ၁၂ရက်မှာ အသိပေးဖော်ပြပါတယ်။


မုတ်သုံမိုးရာသီ ရောက်ရှိလာသည်နှင့်အမျှ ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးအန္တရာယ်များအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများအတွက် ယာယီစခန်းများတွင် မသန့်ရှင်းသော ရေမှတစ်ဆင့် ကူးစက်သောရောဂါများ လျော့ကျစေရန် ရေစစ်ဇကာများ၊ ခြင်ထောင်များနှင့် ရောဂါဖြစ်ပွားမှုကာကွယ်ရေးပစ္စည်း/ကိရိယာများကို ဖြန့်ဝေပေးလျက်ရှိတယ်လို့ဆိုပါတယ်။


စိတ်ကျန်းမာရေးအထောက်အပံ့များကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး  ကျန်းမာရေးဝန်ထမ်း ၄၅၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ကာ လူထောင်ပေါင်းများစွာထံသို့ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုများနှင့် အရင်းအမြစ်များ ပေးအပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။


"CFE ရန်ပုံငွေကြောင့် အရေးအကြီးဆုံးအချိန်တွေမှာ ကျွန်တော်တို့ အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ပါတယ်" လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဒေါက်တာ သူရှာရာ ဖာနန်ဒို မှ ပြောကြားခဲ့ပါတယ်။


CFE ပံ့ပိုးမှုဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ထောင်ပေါင်းများစွာသော ပြည်သူများသည် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိနေပြီး၊ ပြန်လည်ထူထောင်နိုင်ရန် မျှော်လင့်ချက်များ ရရှိနေကြပါတယ်။


========================


📌📌 ၅။ မန္တလေးမှာ ပျူစောထီးဆိုသူ လူငယ်တွေက အကြမ်းဖက် သောင်းကြမ်းနေ


ဇွန်လ ၁၂ ရက်၊ 

Radio NUG


မန္တလေးမှာ စစ်ကောင်စီက လက်သပ်မွေးထားတဲ့ ပျူစောထီးဆိုသူ လူငယ်တွေက ထင်တိုင်းကြဲ ကြီးစိုး အကြမ်းဖက် သောင်းကြမ်းနေကြတယ်လို့ သိရပါတယ်။


မန္တလေးမြို့လယ်၊ လမ်း ၈၀ နဲ့ ၃၂ လမ်းက တရုတ်ဘုံကျောင်း အနီးမှာ ပျူစောထီး ဆိုသူ လူငယ်တွေက ရွယ်တူ လူငယ်တွေကို အကြမ်းဖက်ရိုက်နှက် ညှင်းပန်းနေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံလာပြီး အဆိုပါအခင်းဖြစ်ပွားချိန်ကိုတော့ မသိရှိရသေးပါဘူး။


စစ်ကောင်စီရဲ့ ပြောက်ကျား ဦးထုပ်ဆောင်းထားတဲ့ လူငယ် တစ်စုဟာ ရွယ်တူလူငယ် ယောက်ကို "စစ်ကြောရေးထဲ အကုန်ထည့်မှာ" လို့ ဆဲဆို ချိန်းခြောက်ပြီး ပါးတွေရိုက်၊ ခြေထောက်တွေနဲ့ကန်၊ ဖိနပ်တွေနဲ့ အချက်ပေါင်းများစွာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့ကြတာကို တွေ့ရပါတယ်။


အဆိုပါ ရုပ်သံနဲ့ ပတ်သက်ပြီး မြို့ခံတွေက ဒေါသထွက်နေကြသလို ရိုက်နှက်နှိပ်စက်နေတဲ့ လူငယ်တွေရဲ့ အမည်နဲ့ လိပ်စာကို အချင်းချင်း မေးမြန်းစုံစမ်း နေကြတာကိုလည်း တွေ့ရပါတယ်၊


စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မန္တလေး မြို့ပေါ်မှာ ၎င်းတို့ကို သစ္စာခံတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို လက်နက်ထုတ်ပေးကာ ပျူခေါင်းဆောင်တွေအဖြစ် ခန့်အပ်ပြီး ပျူစောထီးအဖွဲ့တွေကို ဖွဲ့စည်းထားတာပါ။


အဆိုပါ ပျူစောထီး အဖွဲ့ဝင်တွေက အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ ဖမ်းဆီး ပေါ်တာဆွဲတာ၊ ဓားပြတိုက် လုယက်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


========================


📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် ကိုရီးယားမှာ ချီတက်ဆန္ဒပြမည်


ဇွန်လ ၁၂ရက်

Radio NUG

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀-ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲနှင့် ချီတက်ပွဲကိုရီးယားမှာ ပြုလုပ်မှာဖြစ်ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)မှ အသိပေးထားပါတယ်။


"ခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးထားခြင်းသည် ထောက်ခံသူအားလုံးကို ဖမ်းဆီးထားခြင်းနှင့် အတူတူပင်။ အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်ခံနေရသူ ဒေါ်အောင်ဆန်းစုကြည်၏ ၈၀-ပြည့်နှစ်မွေးနေ့ကို မြန်မာနိုင်ငံသား ကျွန်ုပ်တို့က သတိတရရှိရှိ ဖော်ထုတ်ပြသခြင်းသည်စစ်အုပ်စု၏ တတိုင်းပြည်လုံးအပေါ် နှိပ်စက်နေသည့် မတရားမှုအားလုံးကို ဖော်ထုတ်လိုက်ခြင်းနှင့် ညီမျှပါသည်။" လို့ ဖော်ပြထားပါတယ်။


အခမ်းအနားကို ဇွန်လ ၁၅ရက်နေ့ မွန်းလွဲ နာရီမှ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပြီး ဆိုးလ်မြို့၊ ဂျုံးဂတ်ဘူတာ၊ ဘိုရှင်းဂတ်ပန်းခြံကနေ စတင်ကာ မိနစ် ၄၀ခန့် လမ်းလျှောက်ချီတက်မယ်လို့ သိရပါတယ်။


========================


📌📌 ၇။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နဲ့ Blue Shirt Campaign လှုပ်ရှားကြဖို့ လူထုကို နှိုးဆော်


ဇွန်လ ၁၂ရက်

Radio NUG

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အထိမ်းအမှတ်အဖြစ် မွေးနေ့ရှင်နဲ့တကွ အဓမ္မဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ စစ်အုပ်စု ဖန်တီးနေတဲ့ အတုအယောင် တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အနေနဲ့ လူထုလှုပ်ရှားမှုကြီး () ခု ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းနှိုးဆော်ထားပါတယ်။


ပထမလှုပ်ရှားမှုကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့ တွဲမြင်ပြီးသားဖြစ်တဲ့ပန်းသပိတ်လှုပ်ရှားမှုဖြစ်ပြီးတော့ နှင်းဆီနီအပါအဝင် လက်လှမ်းမီရာပန်းတွေကို ဘုရားပန်း တင်မယ်၊ ဆံကေသာမှာ အမြတ်တနိုး ပန်ဆင်ကြမယ်၊ အလှပန်းအိုး ထိုးမယ်၊ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်၊ အွန်လိုင်းပေါ် တင်ကြမယ်၊ မြေပြင်မှာလည်း ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်သွားကြဖို့ ဖြစ်ပါတယ်။


ဒုတိယလှုပ်ရှားမှုကတော့ လူထုနဲ့ ရင်းနှီးပြီးသားအင်္ကျီပြာလှုပ်ရှားမှု (Blue Shirt Campaign) ဖြစ်ပြီးတော့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ အင်္ကျီအပြာ၊ ပုဆိုးအပြာ၊ ဘောင်းဘီအပြာ၊ ဦးထုတ်အပြာ အစရှိတဲ့ အပြာရောင် အဝတ်အစား အသုံးအဆောင်တွေကို ဝတ်ဆင် အသုံးပြုကြဖို့ ဖြစ်တယ်လို့ သိရပါတယ်။


လူထုခေါင်းဆောင်ရဲ့ အသက် (၈၀) ပြည့် နှစ်ဖြစ်တာနဲ့အညီ လှုပ်ရှားမှု () ခုလုံးကို () ရက်တာလှုပ်ရှားမှုအဖြစ် ဖော်ဆောင်သွားကြဖို့ ဖြစ်ပြီး ဇွန် (၁၄) ရက်နေ့ကနေ (၂၁) ရက်နေ့ထိ စုစုပေါင်း () ရက်တာကာလအတွင်းမှာ ပန်းသပိတ်နဲ့ အင်္ကျီပြာလှုပ်ရှားမှုတို့ကို မိမိတို့အဆင်ပြေရာရက် တစ်ရက်ရက်မှာ ဖြစ်စေ၊ နေ့စဉ်ပါဝင်နိုင်သူကလည်း နေ့စဥ် အဆင်ပြေသလို ဆင်နွှဲပါဝင်ကြဖို့ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ မော်လမြိုင်နှင့် သံဖြူဇရပ် ကားလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာတဲ့ ဖောကားကို တိုက်ခိုက်


ဇွန်လ ၁၂ ရက်

Radio NUG 


ဇွန်လ ၁၁ရက် နံနက် ၅း၀၀ နာရီ အချိန်ခန့်မှာ မွန်ပြည်နယ်၊ မော်လမြိုင်နှင့် သံဖြူဇရပ် ကားလမ်းမကြီးပေါ်ရှိ၊ ရောင်ဒေါင်းရွာနှင့် နှီးဗဒေါရွာကြားတွင် စစ်ကောင်စီတပ်မှ လမ်းလုံခြုံရေးအတွက် FAW ကားဖြင့် လာစဉ် မုဒုံမြို့နယ်အခြေချ ရာမညမွန်တပ်တော် (NMSP-AD/RMA)မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အင်အား (၃၀)ခန့် လိုက်ပါလာတဲ့ စစ်ကောင်စီ Faw ကားကို နှီးဗဒေါကျေးရွာထိပ်တွင် အနီးကပ်ကြားဖြတ်တိုက်ခိုက်ရာ တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း ရန်သူဘက်မှ အများအပြားသေကြေ၊ ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရပြီး သေကြေဒဏ်ရာရ စာရင်းများကို စီစစ်စုံစမ်းနေကာ ရာမညမွန်တပ်တော် (NMSP-AD/RMA)မှ ဒုဗိုလ်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


မွန်ပြည်နယ် သံဖြူဇရပ်နှင့် မုံဒုံမြို့နယ်တဝိုက်တွင် စစ်ကောင်စီမှ လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးရန် အကြောင်းပြချက်ဖြင့် ပြည်သူတွေရဲ့ မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များကို အကြမ်းဖက်စစ်ဆေး ငွေညှစ်နေကာ တပ်ဘက်မှ လမ်းလုံခြုံရေးယူနေမှုများကြောင့် အခုလို တိုက်ပွဲဖေါ်ဆောင်ရခြင်းဖြစ်‌ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၂။ အနောက်မကျည်းကန် ပျူရွာသိမ်း တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ဦး သေဆုံး


ဇွန်လ ၁၂ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်မကျည်းကန် ပျူရွာသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်ကူများ ရောက်ရှိလာခဲ့တာကြောင့် တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ အညာမြေ တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၀ ရက်နေ့ မနက် နာရီခန့်မှ နာရီ အတွင်း အနောက် မကျည်းကန် ပျူရွာကို တိုက်ခိုက်ခဲ့ရာ ဘန်ကာ လုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။


စခန်းကို အပြီးသတ် သိမ်းပိုက်ခါနီးမှာ ဘဲကြီးပျူရွာနဲ့ ပခုက္ကူ တပ်မ (၁၀၁) တို့က စစ်ကူတပ်ဖွဲ့များ ရောက်ရှိလာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့ကာ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်မှ ရဲဘော် ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို အညာမြေ တပ်ပေါင်းစု၊ ဧရာဒေါင်းတပ်ဖွဲ့၊ နယ်စည်းမခြား (PKU) PI PDF ကိုရေခဲနှင့် ဗလညီနောင် ခေါင်းဆောင်လူငယ် ပြောက်ကျားတပ်ဖွဲ့ Youth Guerrilla force (Y.G.F) ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့၊ God of myaing မုန်တိုင်း ပြောက်ကျားတပ်ဖွဲ့၊ DYT ပျောက်ကြားတပ်ဖွဲ့ 21 bagan BLY ပေါက် (ပကဖ) Burmese Revolution Ranger PLO ပြောက်ကျားတပ်ဖွဲ့ နှင့် သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၃။ မင်းတပ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ ဇွန်လ (၁၁) ရက်နေ့အထိ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၁၈ကြိမ်ကြောင့်  ၁၀ဦး သေဆုံး


ဇွန်လ ၁၂ရက် 

Radio NUG 


မင်းတပ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ ဇွန်လ (၁၁) ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၁၈) ကြိမ်အထိ ရှိခဲ့ပြီး သေဆုံးသူ (၁၀) ဦးထိ ရှိကာ ဒဏ်ရာရသူ (၂၀) ဦးအထိ ရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ သတင်းထုတ်ပြန်ပါတယ်။


ထို့အပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေးနှင့် အစိုးရဌာန အဆောက်အဦများအပါအဝင် ပုဂ္ဂလိက အဆောက်အဦများ စုစုပေါင်း (၁၀၀) ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ နောင်ချိုတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ


ဇွန်လ ၁၂ ရက်၊ 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းတပ် TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင် လာတာကြောင့် ပြည်သူများ ကျောက်မဲမြို့နယ်ကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ 


ဧပြီလ ၂၉ ရက်နေ့မှ ဇွန်လ ရက်နေ့အထိ ကျောက်မဲ မြို့နယ်မှာ ပြည်သူ ,၀၀၀ ကျော် တိုက်ပွဲရှောင်လာကြရတယ်လို့ ဆိုပါတယ်။


စစ်ရှောင်များဟာ တိလင်ပရိတ္တိ စာသင်တိုက်မှာ (၄၆) ဦး၊ အဝေရာပါသကျောင်းမှာ (၃၀) ဦး၊ နောင်ပိန် (..က) ကျောင်းမှာ (၆၂၅) ဦး၊ ထန်းတပင် ကျေးရွာမှာ (၁၅၀) ဦးနဲ့ လုပ်ပါဟ ကျေးရွာမှာ (၁၆၃) ဦး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။


စစ်ရှောင်ပြည်သူတွေဟာ နောင်ချိုမြို့နယ် တောင်ရပ်ကွက်၊ ဘူတာရပ်ကွက်၊ စျေးရပ်ကွက်၊ စျေးကုန်း၊ နောင်လင်၊ သရက်ကုန်း၊ ကန်ကြီး၊ ရေဖြူ၊ လောက်ဖန်း၊ ညောင်ပင်သာ၊ မဲပုတ်၊ နောင်ချိုကြီး၊ ရေမောင်းတန်း၊ ညောင်နီ၊ သုံးဆယ်၊တောင်ရှည်၊ မျက်ချီးနု၊ သပြေရေ၊ နားရှိုး၊ ရွှေမုဌော၊ မန်မော်၊ အင်းဖို၊ တောင်လှ၊ တောင်ခမ်း၊ လက်ပံကုန်း၊ လွယ်ခေါ်၊ ပိန္နဲကုန်း၊ နောင်အော၊ ညဏ်တော၊ လုံခံ၊ နမ့်ဆောင်ဟူးနဲ့ ပါဟတ် ကျေးရွာတွေက ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့ ကျေးရွာတွေကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ ဗုံးကြဲချခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေတာကြောင့် ပြည်သူ လူထုများ သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း အများအပြား ထိမှန်ပျက်စီး ခဲ့ရတယ်လို့ သိရှိရပါတယ်။


========================


🚩🚩၅။ မေလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၈၁ ဦး အလင်းဝင်၊ လက်နက်ချ၊ ဖမ်းဆီးရမိခဲ့


ဇွန်လ ၁၂ ရက်၊ 

Radio NUG


၂၀၂၅ မေလ အတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ၁၈၁ ဦး လက်နက်ချ၊ အလင်းဝင်နဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။


အလင်းဝင်လာသူ စုစုပေါင်း ၇၁ ဦးထိ ရှိခဲ့ပြီး စစ်သား ၆၆ ဦး၊ ရဲ ဦးနဲ့ ပြည်သူ့စစ် ဦး ပါဝင်တယ်လို့ သိရပါတယ်။ 


အလင်းဝင်စစ်သား ၆၆ ဦးအနက် ၄၂ ဦးဟာ အဓမ္မ စုဆောင်း ခံထားရတဲ့ စစ်မှုထမ်း တပ်သားသစ်များ ဖြစ်ကြပါတယ်။


ထို့အပြင် တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်သား ၃၀ ဦး လက်နက်ချခဲ့ပြီး စစ်သား ၆၅ ဦး၊ ရဲ ဦးနဲ့ ပြည်သူ့စစ် ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။


ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ဇန်နဝါရီလမှ မေလအထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ,၂၂၂ ဦးအထိ ရှိခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩၆။ သင်တန်းသား ၈၀၀ တက်ရောက်ခဲ့တဲ့ TNLA အပတ်စဉ် (၆၇)စစ်ရေးသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်


ဇွန်လ ၁၂ရက် 

Radio NUG 


တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာတွင် ဇွန်လ ()ရက်နေ့က ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါသင်တန်းဆင်းပွဲကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်(တာဟုတ်ပလန်)မှ "ဘက်စုံတိုက်ခိုက်ရေးသင်တန်းပေးခြင်းသည် မိမိတို့ တအာင်းပြည်ကို ကာကွယ်သွားကြရန်၊ ရဲဘော်များသည် လူကြီးများ၏ အလုပ်တာဝန်ကို ပုခုံးလွှဲပြောင်း ထမ်းဆောင်နိုင်ရမည်ဖြစ်သလို သင်တန်းအတွင်း ဆရာ/မများသင်ကြားပေးသည့် ပညာကို မမေ့ကြရန်၊ အမိန့်နာခံတတ်ရန်နှင့် ရန်သူကို အမြဲတစေ သတိထားရှိရန်လိုအပ်ကြောင်း" တက်‌ရောက်အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထိုနောက် သင်တန်းတက်ရောက်သင်ကြားပြီးမြောက်သွားသည့် သင်တန်းသား/သူများအနေဖြင့် PSLF/TNLA အုပ်ချုပ်ထားသည့် မြို့ နယ်များနှင့် ပြည်သူလူထုများကို ကာကွယ်ပေးရာတွင် တစ်ဦးချင်း၏ တာဝန်ဖြစ်ကြောင်း ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်(တာဟုတ်ပလန်)မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။


အမျိုးသား (၆၅၇)ဦးနှင့် အမျိုးသမီး (၁၆၅)ဦးအပါအဝင် စုစုပေါင်း (၈၂၂)ဦး တက်ရောက်ခဲ့တဲ့ အပတ်စဥ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲတွင် အမှတ်စဥ် (က)နှင့် ()ခွဲကာ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းကာလအတွင်း တိုက်ခိုက်ရေးကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိကသင်ကြားပေးကာ သင်တန်းကာလ ()လကျော်ကြာ သင်ကြားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုစစ်ရေးသင်တန်းအတွင်း သေနတ်ပစ် ထူးချွန်ဆု၊ သေနတ်တပ်ဆင်ဖြုတ် ထူးချွန်ဆုနှင့် အထူးတိုက်ခိုက်ရေး ထူးချွန်ဆုရရှိသူများကိုလည်း ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး ၎င်းတို့သည် တအာင်းပြည်ရှိ မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။


ထိုသင်တန်းဆင်းပွဲကို ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်၊ ဗိုလ်မှူးချုပ် တားနောရိူန်း၊ ဒုဗိုလ်မှူးကြီး တားအတီ၊ ဗိုလ်မှူး ယာထွေး၊ ဗိုလ်မှူး တားအခယ်နှင့် သင်တန်းသူ/သားများအပြင် ရပ်မိရပ်ဖများအပါအဝင် စုစုပေါင်းလူဦးရေ (၉၀၀) ကျော်တတ်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment