၂၀၂၅ သြဂုတ်လ ၅ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ သာယာဝတီအကျဉ်းထောင်တွင်  နိုင်ငံရေးအကျဉ်းသားများအား ထောင်ပိုင်၏ တပည့်ဖြစ်သူမှ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ပြုလုပ်နေ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ လယ်ဒိုမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ (၈၀) ရွာရေနစ်မြုပ်ကာ လယ်ဧက(၃၀,၀၀၀)ကျော် ရေလွှမ်းမိုးပျက်စီးပြီးကျောင်း (၃၇) ကျောင်းယာယီရပ်နားထားရ


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨ KNDFတပ်ရင်းအမှတ် (၁၄) မှ ကျဆုံးရဲဘော် ဦးအား အလေးပြုခြင်းနှင့် သေနတ်ပစ်ဖောက်ဂုဏ်ပြု

🚩၂။ခလရ (၄၀၃) ဝင်းဝတပ်စခန်းမှ စစ်ကောင်စီ တပ်သား ဦး KNLA တပ်မဟာ ထံ ဘက်ပြောင်းခိုလှုံ

🚩၃။ တပ်ဖွဲ့ ရဲဘော်များကို ဦးထုပ်ကျည်ကာဆင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှာ ``KHAYAN PDF FUNDRAISING CUP ရန်ပုံငွေ ဘောလုံးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ သာယာဝတီအကျဉ်းထောင်တွင်  နိုင်ငံရေးအကျဉ်းသားများအား ထောင်ပိုင်၏ တပည့်ဖြစ်သူမှ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ပြုလုပ်နေ


ဩဂုတ်လ( )ရက်


သာယာဝတီအကျဉ်းထောင်အတွင်းရှိ သီးသန့် (က/)တိုက်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအား ထောင်ပိုင်ရဲရင့်နိုင်၏ တပည့်ဖြစ်သူ နှစ်ကြီးကျအကျဉ်းသား ပြူးကြီးဆိုသူမှ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ စုံစမ်းသိရှိရပါသည်။ 


အကျဉ်းသားပြူးကြီးသည် ထောင်အာဏာပိုင်များနှင့်ပူးပေါင်းပြီး နိုင်ငံ‌ရေးအကျဉ်းသားများအား ရိုက်နှက်ခြင်း၊ အသက်အန္တရာယ်ထိခိုက်ရန် နည်းလမ်းအမျိုးမျိုးဖြင့် နှိပ်စက်အနိုင်ကျင့်ခြင်းများ ပြုလုပ်လျက်ရှိပြီး ထောင်အာဏာပိုင်များအတွက် လူသတ်ပေးရန်ပင် အသင့်ရှိကြောင်း ကြွေးကြော်ထားသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကို ဆန့်ကျင်ရင်ဆိုင်ကြသည့် နိုင်ငံရေးအကျဉ်းသားများကို အသက်ရှင်သန်ခွင့် မရ‌နိုင်စေရန်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်လျက်ရှိသည်။ အခြားမှုဖြစ်၍ နောက်တိုးထောင်ဒဏ်များကိုလည်း ဂရုစိုက်ရန်မလိုအပ်ဟု ကြွေးကြော်ကာ ရိုက်နှက်လေ့ရှိသည့်အတွက် သာယာဝတီအကျဉ်းထောင် တိုက်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအတွက် အထူးစိုးရိမ်ပူပန်‌နေရပါသည်။


နှစ်ကြီးအကျဉ်းသားပြူးကြီးသည်  ၂၀၂၄ ခုနှစ်အတွင်း သီးသန့်()တိုက် ၊အခန်းနံပါတ်(၁၁)တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုရဲရင့်ကို()ရဲရဲအား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ရန် ကြိုးပမ်းရာမှ ခေါင်းကွဲသည်အထိရိုက်နှက်ခဲ့သူဖြစ်သည်။အဆိုပါဖြစ်စဉ်အတွက် တရားမျှတမှုရရှိရန် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများအား အငြှိုးထားကာ ၎င်းတာဝန်ယူထားသော ပြစ်ဒဏ်ကျအကျဉ်းသားများအား ပုံစံမောင်း၍ရိုက်နှက်သည့်နေရာသို့ ထောင်ဝန်ထမ်းများနှင့်ပူးပေါင်း၍ ခေါ်ဆောင်ရိုက်နှက်နှိပ်စက်မှုများပြုလုပ်လျက်ရှိပါသည်။


ပြူးကြီးသည် လူသတ်ဓါးပြမှုဖြင့် သေဒဏ်ကျထားသူတစ်ဦးဖြစ်ပြီး မန္တလေးအိုးဘိုထောင်တွင်အကျဉ်းကျခဲ့ဖူးပြီး  သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းဖြင့်ရောက်ရှိပြီး‌နောက်တွင်လည်း သာယာဝတီထောင်ပိုင်ရဲရင့်နိုင်၏ တပည့်အဖြစ်ဆက်လက်တည်ရှိကာ ထောင်ပြောင်းအကျဉ်းသားများနှင့် ပြစ်ဒဏ်ကျအကျဉ်းသားများအား ထောင်ပုံစံသွင်းသည်ဟုအကြောင်းပြ၍ လူမဆန်စွာ ရိုက်နှက်၊ငွေညှစ်ကာ သာယာဝတီထောင်၏ တာဝန်ခံများဖြစ်သောထောင်ပိုင်လေးဖြိုးဝေဦး ၊ဦးစီးမှူး သန်းဝင်းနှင့် နှစ်ကြီးအကျဉ်းသားတို့မှ ၎င်းငွေများအားခွဲဝေယူလျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားပါသည်။


သာယာဝတီထောင်တွင်း လူ့အခွင့်အရေးနှင့်အကျဉ်းသားအခွင့်အရေးချိုး‌ဖောက်မှုဖြစ်စဥ်များတွင် တာဝန်ရှိသူများမှာ


၁။ထောင်ပိုင် ရဲရင့်နိုင်


၂။ နိုင်ငံသားစိစစ်ရေးအမှတ် ၁၂/ရပသ(နိုင်)၀၉၇၀၈၆ကိုင်ဆောင်သူ

ဒု ထောင်ပိုင် ဦးဖြိုးဝေဦး


၃။ နိုင်ငံသားစိစစ်ရေးအမှတ် /မလန(နိုင်)၀၀၁၀၉၇ကိုင်ဆောင်သူ

ဦးစီး ဦးသန်းဝင်း


၄။ အကျဉ်းဦးစီး လက်ကိုင်တုတ်အခြားရာဇဝတ်အကျဉ်းသား ပြူးကြီး


အခြားပါဝင်သူများကိုလည်း ထပ်မံစိစစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


အထက်ပါ ပါဝင်ကျူးလွန်သူများကို အကူးအပြောင်းကာလများတွင်လည်းကောင်း၊လက်ရှိကြားကာလတွင်သော်လည်း‌ကောင်း ကျူးလွန်မှု ပါဝင်ပတ်သက်မှုအလိုက် တရားမျှတမှုရရှိစေရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ အသိပေးဖေါ်ပြထားပါသည်။ 


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ လယ်ဒိုမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ (၈၀) ရွာရေနစ်မြုပ်ကာ လယ်ဧက(၃၀,၀၀၀)ကျော် ရေလွှမ်းမိုးပျက်စီးပြီးကျောင်း (၃၇) ကျောင်းယာယီရပ်နားထားရ


 ဩဂုတ်လ () ရက်


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့မှ စတင်၍ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၈၀)ရွာ ရေနစ်မြုပ်ပြီး လယ်စပါးစိုက်ပျိုးသည့် လယ်ဧက(၃၀,၀၀၀)ကျော် ရေလွှမ်းမိုးခဲ့ရသည့်အပြင် စာသင်ကျောင်းစုစုပေါင်း(၃၇)ကျောင်း ကျောင်းတက်မရ၍ ယာယီကျောင်းပိတ် ခဲ့ရတယ်လို့ KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။


မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ ရေကြီးရေလျှံမှုကြောင့် ဒေသတွင်းကျေးရွာအုပ်စု ၂၄ ခုတွင် ယခုအချိန်ထိ ရေနစ် မြုပ်ကာ ကျေးရွာ ၈၀၊ အိမ်ခြေ ၅၀၀၀ကျော်၊ လူဦးရေ ၂၈,၀၀၀ကျော် ရေဘေးသင့်နေသည်ဟု အသိပေးသည်။


ညောင်လေးပင်ခရိုင် မူးမြို့နယ်တွင်လည်း ကျေးရွာပေါင်း ၅၇ရွာ ရေဘေးကြုံနေရပြီး ဒေသခံ နေအိမ် ၁၄လုံး ရေထဲမျောပါသွားဟု KNU ညောင်လေးပင်ခရိုင်က အသိပေးထားသည်။ 


မူး(မုန်း)မြို့နယ်တွင်လယ်ဧက၄၀၀၀ ကျော်ရေနစ်မြုပ်ကာစာသင် ကျောင်း ၁၈ကျောင်းပိတ်ထားရဟု ထုတ်ပြန်သည်။ 


ရေကြီးရေလျှံမှု မြေပြိုမှုများကြောင့် လူနေအိမ် ရေတိုက်စားခံရသည့်အပြင် ၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ဟု မူးမြို့နယ်ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ဩဂုတ် ၁ရက်တွင် အသိပေးထားပြီး ပြည်တွင်း ပြည်ပ အဖွဲ့များအနေဖြင့် ရေဘေးသင့်ပြည်သူများကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပံ့ပိုးပေးရန် တောင်းဆိုထားသည်။၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး စစ်တောင်းမြစ်ရေ ရေကြီးရေလျှံမှုကြောင့် ကျေးရွာအုပ်စု၂၀ ကျော်ယခုအချိန်အထိ ရေနစ်မြုပ်ခဲ့ရတယ်လို့ဖော်ပြပါတယ်။


၎င်းကျေးရွာအုပ်စုများတွင် ကျေးရွာပေါင်း(၈၀)ရွာ၊ အိမ်ခြေစုစုပေါင်း (,၄၉၅)လုံး၊ လူဦးရေစုစုပေါင်း (၂၈,၁၆၂)ဦး ရှိသည်။ ထို့ပြင် ၎င်းကျေးရွာများမှ လယ်စပါးစိုက်ပျိုးသည့် လယ်ဧက (၃၀,၀၀၀)ကျော်လည်း ရေများလွှမ်းမိုးကာနစ်မြုပ် ပျက်စီးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် နွေဦးရွှေဝါနှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================




========================




🚩🚩⁨⁨ KNDFတပ်ရင်းအမှတ် (၁၄) မှ ကျဆုံးရဲဘော် ဦးအား အလေးပြုခြင်းနှင့် သေနတ်ပစ်ဖောက်ဂုဏ်ပြု


သြဂုတ်လ ()ရက်


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အမှတ် (၁၄) တပ်ရင်းတွင် တပ်သားတာဝန်ကိုထမ်းဆောင်နေသည့် ရဲဘော် ချမ်းမြေ့အောင်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့တွင်ရှေ့တန်းတာဝန်ကို ထမ်းဆောင်ရင်း စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ 


ရဲဘော်တပ်သား ချမ်းမြေ့အောင်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ()ရက်နေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းသို့ စတင်ဝင်ရောက်ချိန်မှစ၍ ပေးအပ်သောတာဝန်ကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ရန်သူအား ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်နိုင်သည်သာမက တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် သူ၏အသက်ကို ပေးဆပ်သွားသည့်အပေါ် ကျွန်ုပ်တို့ KNDF က အာဇာနည်သူရဲကောင်း အဖြစ် အစဥ်အမြဲ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်ဟုဖေါ်ပြထားပါသည်။


ရဲဘော် ချမ်းမြေ့အောင် ကျဆုံးသွားသည့်အပေါ် ကျွန်ုပ်တို့ ရဲဘော်ရဲမေများမှ ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ကောင်းရာသုဂတိလားပါစေ ရဲဘော်..KNDF/B-14 (သတင်းနှင့်ပြန်ကြားရေး)ဟု ထုတ်ပြန်ထားပါသည်။


========================


🚩🚩၂။ခလရ (၄၀၃) ဝင်းဝတပ်စခန်းမှ စစ်ကောင်စီ တပ်သား ဦး KNLA တပ်မဟာ ထံ ဘက်ပြောင်းခိုလှုံ


ဩဂုတ်လ ()ရက် Radio NUG


တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ အမှတ် (၄၀၃) ခြေလျင်တပ်ရင်း ဝင်းဝတပ်စခန်း မှ စစ်ကောင်စီ တပ်သား ဦး KNLA တပ်မဟာ ထံ ဘက်ပြောင်းခိုလှုံ ခဲ့တယ်လို့ KNU Mergui-Tavoy Dist.. က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်နေ့က စစ်ကောင်စီ တပ်သား မောင်မောင်စိုး (၄၂) နှစ်နဲ့ တပ်သား မောင်ဇော်ဇော် (၂၀) နှစ် တို့ ဦးဟာ KNLA တပ်မဟာ တပ်ရင်း ၁၂ တပ်ခွဲ ထံ လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံခဲ့တာလို့ ဆိုပါတယ်။


၎င်းတို့ ဦးဟာ MA-1 တစ်လက်၊ MA-2 တစ်လက်၊ ကျည် ၄၀၀ တောင့်နဲ့ ကျည်ဘောက် ခုကို ယူဆောင်လာ ခဲ့ပြီး KNLA တပ်ရင်း ၁၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါးဒါး က ဂုဏ်ပြုငွေ သိန်း ၄၀ ကျပ်စီ ချီးမြင့်ပေး ခဲ့တယ်လို့ သိရပါတယ်။


၎င်းတပ်သား ဦး အလင်းဝင်ရောက်နိုင်ဖို့ ချိတ်ဆက်ပေးခဲ့တဲ့ အရင်ထဲက အလင်းဝင် ဘက်ပြောင်းခိုလှုံထားသူ တပ်သား မောင်ကျော်ကျော် ကိုလည်း တပ်ရင်း ၁၂ က ဂုဏ်ပြုငွေ ကျပ်သိန်း ၂၀ ချီးမြင့်ပေးအပ်ခဲ့ သေးတယ်လို့ သိရှိရပါတယ်။


========================


🚩🚩၃။ တပ်ဖွဲ့ ရဲဘော်များကို ဦးထုပ်ကျည်ကာဆင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှာ ``KHAYAN PDF FUNDRAISING CUP ရန်ပုံငွေ ဘောလုံးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး


သြဂုတ်လ()ရက်


တပ်ဖွဲ့ ရဲဘော်များကို ဦးထုပ်ကျည်ကာဆင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှာ ``KHAYAN PDF FUNDRAISING CUP ရန်ပုံငွေ ဘောလုံးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။


"ကျနော်တို့ တပ်ဖွဲ့ ရဲဘော်များကို ဦးထုပ်ကျည်ကာဆင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှာ ``KHAYAN PDF FUNDRAISING CUP ရန်ပုံငွေ ဘောလုံးပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဂျပန်နိုင်ငံမှ ပါဝင်ပေးကြသူတစ်ဦးချင်းစီ နှင့် အားဖြည့်ပေးကြသော ဘောလုံးအသင်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းPDF-Khayanကဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် နွေဦးရွှေဝါနှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩




#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment