၂၀၂၅ သြဂုတ်လ ၉ ရက်နေ့ ညနေခင်း သတင်းလွှာ


၂၀၂၅ သြဂုတ်လ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨ စုစည်းညီညွတ်မှုက အားအကောင်းဆုံး လက်နက်တခုဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး မဆုတ်မနစ် ဆက်လက်ချီတက်ကြဖို့ CRPH တိုက်တွန်း

📌 ⁨⁨⁨⁨၂။စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး တိုင်းရင်းသားအားလုံးနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ကြဖို့ KSCC တိုက်တွန်း

📌 ⁨⁨၃။ ဝက်လက်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ ဒေသတော်လှန်ရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာလုပ်ဆောင်ကြဖို့ ကျောင်းသားသမဂ္ဂ နှိုးဆော်


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ တားဆီးကြဖို့နဲ့ စစ်ကော်မရှင်အဖွဲ့ကို ဖြိုခွဲနှိမ်နှင်းကြဖို့ KNPP တိုက်တွန်း

🚩၂။အကြမ်းဖက်စစ်တပ်က အခုနှစ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၃ ဦး သေဆုံးခဲ့ရ တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဆို 

🚩၃။တနင်္သာရီမှာ စစ်တပ်စစ်ကြောင်းနဲ့ စစ်တပ်စစ်ရေးဂိတ်ကိုတိုက်ခိုက်မှု စစ်သား ၂ဦးထက်မနည်းသေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရ

🚩၄။ ကျောက်ဖြူ မင်းပြင်ရွာဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨ စုစည်းညီညွတ်မှုက အားအကောင်းဆုံး လက်နက်တခုဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး မဆုတ်မနစ် ဆက်လက်ချီတက်ကြဖို့ CRPH တိုက်တွန်း


 သြဂုတ်လ ()ရက်


စုစည်းညီညွတ်မှုကသာ ဘုံရည်မှန်းချက်ပန်းတိုင်ဆီကို အရောက်ပို့ပေးနိုင်မယ့် အားအကောင်းဆုံး လက်နက်တခုဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး စည်းလုံးညီညွတ်စွာနဲ့ မဆုတ်မနစ် ဆက်လက်ချီတက်ကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းလိုက်ပါ တယ်။


ဒီနေ့ ပြည့်မြောက်တဲ့ ၇၇ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့အတွက်ပေးပို့တဲ့ သဝဏ်လွှာ ကနေ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

 

သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ထဲက ကရင်နီပြည်ကောင်စီဥက္ကဋ္ဌ ခွန်းဘီတူရီ ရှိရာ မြလဲ (မန်းလား)ရွာကို ဖဆပလ စစ်အစိုးရက ၁၉၄၈ ခုနှစ် ဩဂုတ်လ ရက်နေ့မှာ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့အတွက် ကရင်နီ အမျိုးသားတွေ ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်ခဲ့ရာက အဲဒီနေ့ကို ကရင်နီအမျိုးသား ခုခံတော်လှန်ရေး နေ့အဖြစ် သတ်မှတ်ခဲ့တာ ၇၇ နှစ်ရှိလာခဲ့ပြီလို့ သိရပါတယ်။


အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကရင်နီပြည်သူတွေ ရဲ့ ရဲစွမ်းသတ္တိနဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်ဟာ အတုယူစရာ စံနမူနာကောင်းတရပ် ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဂုဏ်ပြုချီးကျူးထားပါတယ်။


မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့ တော်လှန်ရေးစိတ်ဓာတ်ဟာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ် ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် အဓိကအင်အားတရပ်ဖြစ်ပြီး ကရင်နီပြည်သူတွေရဲ့ ရပ်တည်ချက်နဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတွေဟာ ခိုင်မာပြတ်သားတဲ့အတွက် မကြာမီအချိန်မှာ အောင်ပွဲခံနိုင်လိမ့်မယ်လို့ CRPH က ယုံကြည်ထားပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ မတူညီတဲ့ နောက်ခံသမိုင်းကြောင်းတွေနဲ့ ဆင်းသက် လာတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ တော်လှန်ရေးအင်အားစုအားလုံးနဲ့အတူ စစ်အာဏာရှင်တွေ ကို တိုက်ထုတ်ပြီး တန်းတူအခွင့်အရေး အပြည့်အဝရရှိစေမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ တည်ဆောက်သွားကြမယ်လို့ CRPH က ဆိုပါတယ်။


ဒါ့ကြောင့် အခုလို အရေးကြီးတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုတွေအားလုံး စည်းလုံးညီညွတ်ကြဖို့ နှိုးဆော်ထားသလို တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲအောင်၊ အင်အားပျက်ပြားအောင် စစ်အုပ်စု ဘက်က ကြိုးပမ်းနေတာတွေကို နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိနဲ့ ဆင်ခြင်သုံးသပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆိုတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဆီကို မဆုတ်မနစ် ဆက်လက်ချီတက်ကြဖို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး တိုင်းရင်းသားအားလုံးနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ကြဖို့ KSCC တိုက်တွန်း


 သြဂုတ်လ ()ရက်


စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ကရင်နီ အမျိုးသားတွေအနေနဲ့ အခြားသော တိုင်းရင်သားအားလုံးနဲ့ နိုင်ငံရေး၊ စစ်ရေးစာမျက်နှာတွေမှာ လက်တွဲပြီး ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC က တိုက်တွန်းပြောကြားလိုက်ပါတယ်။


ဒီနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အတွက်ပေးပို့တဲ့ သဝဏ်လွှာက နေ KSCC က တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။


ဒီနေ့ သြဂုတ်လ ရက်နေ့ဟာ ကရင်နီပြည်လွတ်လပ်ရေးအတွက် ခေတ်အဆက်ဆက် စစ်အာဏာရှင် တွေကို အသက်၊သွေး၊ချွေးပေါင်းများစွာနဲ့ တော်လှန်ခဲ့ကြတဲ့ ၇၇ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ဖြစ်ပြီး သမိုင်းတလျှောက် အာဇာနည်သူရဲကောင်းတွေကို အောက်မေ့သတိရ ဂါရဝပြုတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ဟာ ကရင်နီတမျိုးသားလုံး လွတ်မြောက်မှု၊ တန်းတူညီမျှမှုတန်ဖိုးကို နက်ရှိုင်းစွာ ခံစားစေတဲ့အပြင် ပြည်ထောင်စုစိတ်ဓာတ်ကို မြတ်နိုးတန်ဖိုးထားစေမယ့် သင်ခန်းစာတွေကို ပေးစွမ်းနိုင်တဲ့ သမိုင်းဝင်နေ့ဖြစ်တယ်လို့လည်း သဝဏ်လွှာက ဆိုပါတယ်။


ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ကို အောက်မေ့ဂုဏ်ပြုနိုင်ဖို့ရင် ကရင်နီအမျိုးသားတွေရဲ့ တာဝန်ဖြစ် တဲ့ ခုခံတော်လှန်ရေးကို ဆက်လက်အရှိန်မြှင့်တင်ရမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီက အသိပေး ထားပါတယ်။


ဒါ့အပြင် တိုင်းရင်သားတိုင်း လိုလားတောင့်တနေတဲ့ တန်းတူညီမျှရေးအတွက် ကရင်နီအမျိုးသားတွေ အနေနဲ့ အခြားသော တိုင်းရင်သားအားလုံးနဲ့အတူ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းပြီး လက်တွဲချီတက်ဖို့ တိုက်တွန်းထားပါတယ်။


၁၉၄၈ ခုနှစ် သြဂုတ်လ ရက်နေ့က ကရင်နီအမျိုးသားခေါင်းဆောင် ခွန်ဘီတူရီ ရုံးစိုက်ရာ မြလဲကျေးရွာ ကို ဖဆပလ အစိုးရက ကျူးကျော်တိုက်ခိုက်လာတာကို ပြန်လည်ခုခံရာကနေ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ ဖြစ်ပေါ်လာခဲ့တာလို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ⁨⁨၃။ ဝက်လက်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ ဒေသတော်လှန်ရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာလုပ်ဆောင်ကြဖို့ ကျောင်းသားသမဂ္ဂ နှိုးဆော်


 သြဂုတ်လ ()ရက်


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းနဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး နေတဲ့အတွက် ဒေသနေပြည်သူတွေအနေနဲ့ ဒေသတော်လှန်ရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာလုပ်ဆောင်ကြဖို့ ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းကော်မတီက တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ 

ဝက်လက်မြို့နယ်အတွင်းနဲ့ ဝက်လက်မြို့နယ်နဲ့ထိစပ်နေတဲ့ မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က အင်အားသုံး ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂ က ဒီနေ့ ဩဂုတ်လ ရက်မှာ တိုက်တွန်း နှိုးဆော်လိုက်တာဖြစ်ပါတယ်။

ဒေသနေပြည်သူတွေအနေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းပေးတာကို အတိအကျလိုက်နာကြဖို့ နိူးဆော်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကနေ ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေ အသင့်လုပ်ထားကြဖို့၊ စားနပ် ရိက္ခာအတွက် ကြိုတင်စုဆောင်းထားရှိဖို့၊ အရေးကြီးစာရွက်စာတမ်းတွေသိမ်းဆည်နိုင်မယ့် အရေးပေါ်အိပ်တွေ ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်။ 

လက်ကိုင်ဖုန်းတွေကို အားပြည့်နေအောင်ဖြည့်ထားဖို့နဲ့ စစ်တပ်အထိုင်တပ်တွေ ဒီရက်ပိုင်းမှာ လှုပ်ရှားလာနိုင်တဲ့ အတွက် ဘေးလွတ်ရာနေရာတွေကို ရှောင်နေကြဖို့လည်း ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂ က တိုက်တွန်းထားပါတယ်။ 

လက်ရှိမှာ မတ္တရာမြို့မှာရှိတဲ့ အကြမ်းဖက်စစ်သားတွေဟာ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ဝက်လက်နယ် အရှေ့ခြမ်းက မြစ်ရိုးတလျောက်နဲ့ မင်းဝံတောင်ရိုးဘက်ကို ပစ်ခတ်နေသလို မတ္တရာနယ် ပန်းယျကျေးရွာမှာ အထိုင်ချနေတဲ့ စစ်သားတွေ ကလည်း အနီးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတဲ့အတွက် ဒေသနေပြည်သူတွေ ဘေးလွတ်ရာကို ရှောင်နေရတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ တားဆီးကြဖို့နဲ့ စစ်ကော်မရှင်အဖွဲ့ကို ဖြိုခွဲနှိမ်နှင်းကြဖို့ KNPP တိုက်တွန်း


သြဂုတ်လ ()ရက်


အကြမ်းဖက်စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်တားဆီးဖို့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကော်မရှင်အဖွဲ့ပါ ဖြိုခွဲနှိမ်နှင်းကြဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP က တိုက်တွန်းလိုက် ပါတယ်။

ဒီနေ့ သြဂုတ် ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာကနေ KNPP ဗဟို ဌာနချုပ်က အခုလို တိုက်တွန်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်တပ်ကရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုတရပ်လုံးနဲ့ တော်လှန်ရေးအင်အားစုတွေက အပြီးတိုင် ဖျက်သိမ်းပြီးဖြစ်တာကြောင့် ဒီဥပဒေကို ပြန်ပြီး အသက်သွင်းဖို့ ကြိုးပမ်းနေတာတွေကို ဆန့်ကျင်တိုက်ဖျက်ကြရမယ်လို့ ဆိုပါတယ်။ 

ဒါဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ စစ်တပ်ရဲ့ နိုင်ငံရေးလှည့်စားမှုဖြစ်တဲ့အတွက် အတုအယောင်ဟန်ပြရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းမှုမှန်သမျှကို ကန့်ကွက်တားဆီးဖို့ KNPP က တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်အဖြစ် အသစ်ဖွဲ့စည်းပြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ ယာယီမ္မတ၊ စစ်တပ်ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး စတဲ့ ရာထူးတွေ ဆက်ယူထားတယ်လို့ ဆိုပါတယ်။ 

ဒါ့ကြောင့် စစ်ကျွန်ဇာတ်သွင်းမယ့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့သစ်ကိုလည်း အမြစ်ဖြုတ် ဖြိုခွင်နှိမ်နှင်းရဖို့လိုတယ်လို့ KNPP က တိုက်တွန်းထားပါတယ်။

KNPP အနေနဲ့ ၁၉၄၈ ကစပြီး ခေတ်အဆက်ဆက် အုပ်စိုးသူစစ်အာဏာရှင်တွေအလိုကျ စစ်အာဏာသိမ်းပြီး နိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ပြည်နယ်နဲ့ ပြည်နယ်သူ ပြည်နယ်သား တွေရဲ့ ဆန္ဒနဲ့ပါဝင်မှုကို အခြေခံပြီး ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်အားကောင်းရေးအတွက် ရှေးရှုလုပ်ဆောင်မယ်လို့ သဝဏ်လွှာကနေ အသိပေးထားပါတယ်။

ပြည်နယ် ဖက်ဒရယ်ယူနစ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး ချဥ်းကပ်မှုပုံစံနဲ့ တော်လှန်ရေးကာလနဲ့ ကြားကာလကစပြီး တော်လှန်ရေး အန္တိမပန်းတိုင်ဖြစ်တဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်တဲ့ အထိ အခြားသော တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဦးတည်လျှောက်လှမ်းသွားမယ်လို့လည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ - KNPP က ကတိပြုထားပါတယ်။


========================


🚩🚩၂။အကြမ်းဖက်စစ်တပ်က အခုနှစ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၃ ဦး သေဆုံးခဲ့ရ တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဆို 


သြဂုတ်လ ()ရက်


အကြမ်းဖက်စစ်တပ်ဟာ အခုနှစ်ထဲမှာ ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ရှိခဲ့လုပ်ခဲ့တာ ကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၉၈ ဦးအထိရှိတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က အသိပေးထုတ်ပြန်ပါတယ်။  

ဒီနေ့ပြည့်မြောက်နဲ့ ၇၇ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်နေ့အခမ်းအနားကို ပေးပို့တဲ့ ဂုဏ်ပြု သဝဏ်လွှာကနေ အသိပေးလာတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ နေ့စဉ်ရက်ဆက် ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒီကျူးလွန်မှုတွေအတွက် အကြမ်းဖက်စစ်တပ်အနေနဲ့ တာဝန်ခံရမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 

ကရင်နီအမျိုးသားတွေဟာ ၂ဝ၂၁ ခုနှစ်မှာဖြစ်ပေါ်လာတဲ့ တကြော့ပြန်အာဏာသိမ်းကာလကစပြီး ဒီနေ့အထိ အရှိန်မလျော့ဘဲ ဆက်လက်တိုက်ပွဲဝင်နေရာမှာ ကရင်နီပြည်သူတွေလိုလားတဲ့ နိုင်ငံရေးတန်တူညီမျှမှုရတဲ့အထိ  ဆက်ပြီး တိုက်ပွဲဝင်ရဦးမယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ကရင်နီအမျိုးသားတွေအနေနဲ့ အရင်ကထက် စုစည်းကျစ်လစ်တဲ့ စုဖွဲ့မှု၊ စစ်ရေး၊ အုပ်ချုပ်ရေး လုပ်ငန်းတွေမှာ စနစ်တကျစီမံခန့်ခွဲမှုနဲ့ အားလုံးပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆက်လက်တိုက်ပွဲ ဝင်ကြဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က တိုက်တွန်းထားပါတယ်။


========================


🚩🚩၃။တနင်္သာရီမှာ စစ်တပ်စစ်ကြောင်းနဲ့ စစ်တပ်စစ်ရေးဂိတ်ကိုတိုက်ခိုက်မှု စစ်သား ၂ဦးထက်မနည်းသေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရ


သြဂုတ်လ ()ရက်


တနင်္သာရီမှာ စစ်တပ်စစ်ကြောင်းနဲ့ စစ်တပ်စစ်ရေးဂိတ်ကိုတိုက်ခိုက်မှု စစ်သား ၂ဦးထက်မနည်းသေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရသွားတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 


ဇူလိုင်လကုန်ပိုင်းကနေ ဩဂုတ်လ ရက်နေ့အထိ စစ်တပ်စစ်ကြောင်းတွေနဲ့ စစ်တပ်ဂိတ်တွေကို တိုက်ခိုက်ခဲ့ တာနဲ့ပတ်သက်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လာတာဖြစ်ပါတယ်။


တနင်္သာရီမြို့နယ် သစ်ပင်ခြောက်ရွာကို ရောက်နေတဲ့ စစ်သားတွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဇူလိုင်လ ၂၈နေ့ မနက် ကျော်အချိန်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး နေ့လည် နာရီကျော်အချိန်မှာ တနင်္သာရီမြို့ကနေ စစ်ကူလာတဲ့ စစ်သားတွေကို ဆက်လက် တိုက်ခိုက်ခဲ့လို ညနေ နာရီအချိန်မှာလည်း သစ်ပင်ခြောက်ရွာကနေ ပြန်ထွက်လာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ တာကြောင့် နှစ်ဖက် အပြန်လှန်ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။


ဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက် စစ်သား ၂၀ ကျော်ဒဏ်ရာရသွားပြီး သေဆုံးမှုရှိ၊မရှိကိုတော့ အတည်မပြုနိုင် သေးဘူးလို့ ပြောပါတယ်။ 


အကြမ်းဖက်စစ်သားတွေရဲ့ ပစ်ခတ်မှုကြာင့် အရပ်သားပြည်သူတဦး သေဆုံးခဲ့ရတယ်လို့လည်း အသိပေး ပါတယ်။


တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ ဩဂုတ်လ ရက်နေ့ မနက် နာရီအချိန်က တနင်္သာရီမြို့အဝင် စစ်ဆေးရေးတံတားဂိတ်ကိုသွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာတော့ စစ်သား ဦး‌သေပြီး ဦးဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဩဂုတ်လ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာတော့ မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်ကိုထွက်လာတဲ့ ရိက္ခာနဲ့ စစ်သားတွေပါတဲ့ ယာဥ် စီးကို ရမ်းဖိုရွာနဲ့ကမ်းတိုရွာအရောက်မှာ တနင်္သရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခဲ့ရာမှာ လမ်းကင်းယူထားတဲ့ စစ်သားတွေနဲ့ အပြန်လှန်ပစ်ခတ်မှု မိနစ် ၂ဝ ခန့်ဖြစ်ခဲ့ပြီး စစ်သားတွေ ထိခိုက်မှုရှိတယ်လို့သတင်းရထားတဲ့ အကြောင်းလည်း အသိပေးပါတယ်။ 

 

သိန်ခွန်းတိုက်ပွဲအတွက် စစ်ကူနဲ့ရိက္ခာပို့ပြီး မြိတ်ဘက်ကို စစ်ယာဉ်တန်း ပြန်လာချိန်မှာ ညနေ နာရီ ဝန်းကျင်မှာလည်း လမ်းကင်းယူထားတဲ့ စစ်သားတွေနဲ့ လယ်တောင်ယာရွာအနီးမှာ အပြန်အလှန်ပစ်ခတ်မှု တွေရှိခဲ့သလို အဲဒီလမ်းကင်းအဖွဲ့ တနင်္သာရီမြို့ဘက် ပြန်လာချိန် နာရီခန့်မှာ ထပ်မံ တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။


========================


🚩🚩၄။ ကျောက်ဖြူ မင်းပြင်ရွာဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲ


သြဂုတ်လ ()ရက်


ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ထဲက မင်းပြင်ရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။


မနေ့ ဩဂုတ် ရက်‌ ဝါခေါင်လပြည့်နေ့ ၁၁ နာရီဝန်းကျင်မှာ ကျောက်ဖြူမြို့နယ်က မင်းပြင်ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ ဖော်ပြထားကြပါတယ်။ 


စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် စာသင်ကျောင်းဆောင်တခု ပျက်စီးသွားပြီး ဘုန်းကြီးကျောင်း ဓမ္မာရုံလည်း ပြိုကျပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေကို ဦးစာပေးဖော်ပြနေတဲ့ အာရက္ခမင်းသမီးမှာ ဖော်ပြထားပါတယ်။ 


အခြားသတင်းဌာနတခုဖြစ်တဲ့ နိရဉ္စရာကတော့ အသေအပျောက်နဲ့ အထိအခိုက်တွေရှိတယ်လို့ သတင်းရ ထားတဲ့အကြောင်း အသိပေးထားပါတယ်။ 


 အခု ဗုံးကြဲခံရတဲ့ရွာဟာ တိုက်ပွဲဧရိယာနဲ့ဝေးတဲ့ ရွာတရွာဖြစ်ပြီး ဝါခေါင်လပြည့်နေ့ ဘုန်းကြီးကျောင်းမှာ ဥပုသ်ဆောက်တည်သူတွေ ရှိနေချိန် ဗုံးကြဲခံရတာလို့လည်း ကျောက်ဖြူဒေသနေပြည်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိရဉ္စရာသတင်းဌာနက ဖော်ပြထားပါတယ်။ 


အလားတူ ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကိုလည်း အကြမ်းဖက်စစ်တပ်က မနေ့ည သန်းခေါင်အချိန်မှာ လေကြောင်းကနေ ဗုံး လုံးကြဲချခဲ့တယ်လို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution




 

Share:

No comments:

Post a Comment