၂၀၂၅ စက်တင်ဘာလ ၈ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်းနှင့် မတရားဖမ်းဆီးခံထားရာမှအမြန်လွတ်မြောက်ပါစေကြောင်း UKရောက်မြန်မာအင်အားစုများဆုမွန်ကောင်းတောင်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး ထောက်ခံ ဆန္ဒပြပွဲများကို ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့နှင့် ဂင်မဲမြို့များတွင်ဆက်တိုက်ကျင်းပ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အမေရိကန်ပြည်ထောင်စု ကန်ဆန်ဖရန်ဗေးဧရိယာ၏ (၄၅) ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ ရောင်းရငွေ အမေရိကန်ဒေါ်လာတသောင်းကျော်ရရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၄။ သရုပ်ဆောင် ဒေါင်းရဲ့ မဲလ်ဘုန်းမြို့ Live show ပရိတ်သတ်များတခဲနက်အားပေးပြီး ကျန်မြို့များတွင် ဆက်လက်ဖျော်ဖြေမည်


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨၁။ တော်လှန်ရေးအင်အားစုများအားလုံး စစ်အာဏာရှင်များ၏ သပ်လျှိုသွေးခွဲမှုများကို သတိပြုရှောင်ရှားကာ အချင်းချင်းစုစည်းညီညွတ်မှုရှိဖို့တိုက်တွန်းရင်း (၇၇) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကို CRPHကသဝဏ်လွှာပေးပို့

🚩၂။ NUG ကာကွယ်ရေးဝန်ကြီးဌာန Website အသွင်သစ်ဖြင့် စတင် ထုတ်လွှင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်းနှင့် မတရားဖမ်းဆီးခံထားရာမှအမြန်လွတ်မြောက်ပါစေကြောင်း UKရောက်မြန်မာအင်အားစုများဆုမွန်ကောင်းတောင်း


စက်တင်ဘာလ ()ရက်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်းနှင့် မတရားဖမ်းဆီးခံထားရာမှအမြန်လွတ်မြောက်ပါစေကြောင်း UKရောက်မြန်မာအင်အားစုများ ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။


UK ရောက် မြန်မာပြည်ဖွားများမှ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း၊ မတရားဖမ်းဆီးခံထားရာမှအမြန်လွတ်မြောက်ပါစေကြောင်း စက်တင်ဘာ၆ ရက်မှာကျင်းပတဲ့ မန်ချက်စတာ ဟင်းအိုးကြီး နှစ်မြောက် ရံပုံငွေစျေးရောင်းပွဲတွင် ဆုမွန်ကောင်းတောင်းခဲ့ကြပါတယ်။


ထိုအခမ်းအနားသို့ UK ရောက် မြန်မာပြည်ဖွားမိသားစုများနှင့်အတူ UK နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကိုတို့လည်း တက်ရောက် ဆုတောင်းစကားများပြောကြားခဲ့ပါတယ်။


 ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း နှင်းဆီဆုတောင်း အစီအစဉ်ဖြင့် တက်ရောက်ကြသူများက နှင်းဆီပန်းများပန်ဆင်ကြကာUK အစိုးရနှင့် ပါလီမန် အမတ်များထံလဲ ဒေါ်အောင်ဆန်းစုကြည်အမြန်လွတ်မြောက်ရေးအတွက်ဝိုင်းဝန်းကူညီကြပါရန် စာများပေးပို့ခဲ့တယ်လို့သိရပါတယ်။


မန်ချက်စတာ ဟင်းအိုးကြီး ထူထောင်တာ နှစ်မြောက်ပြီဖြစ်ပြီး ပြည်တွင်းလိုအပ်သောနေရာများကို ဆက်တိုက်ကူညီပံ့ပိုးလျက်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး ထောက်ခံ ဆန္ဒပြပွဲများကို ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့နှင့် ဂင်မဲမြို့များတွင်ဆက်တိုက်ကျင်းပ


စက်တင်ဘာလ ()ရက်


သံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး ထောက်ခံဆန္ဒပြပွဲများကို ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့နှင့် ဂင်မဲမြို့များတွင် ဆက်တိုက်ကျင်းပခဲ့ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားလှယ်နေရာတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်တည်ရှိရေး ထောက်ခံဆန္ဒပြပွဲများကို စက်တင်ဘာ ရက်နေ့၌ ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့နှင့် ဂင်မဲမြို့များတွင် ကျင်းပခဲ့တယ်လို့ ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။


ဒယ်ဂူးဘူတာရှေ့ ရင်ပြင်တွင် မွန်းလွဲ ၃နာရီမှ ညနေ နာရီအထိ ပြုလုပ်သည့်ဆန္ဒပြပွဲကို MFDMCနှင့် ပူးပေါင်းအဖွဲ့အစည်းဖြစ်သည့် Rise Again Myanmar အဖွဲ့အစည်းတို့မှ ဦးဆောင်ကျင်းပခဲ့ပြီး တော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့ကြပါတယ်။


ထို့အတူ ဂင်မဲတော်လှန်ရေးအဖွဲ့က ဦးစီးကျင်းပသည့် ထောက်ခံဆန္ဒပြပွဲကို ဂင်မဲမြို့ တာမီနယ်ရှေ့တွင် မွန်းလွဲ နာရီမှ နာရီအထိ ပြုလုပ်ရာ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ 


သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံရေးအတွက် ကိုရီးယားအစိုးရသို့ အိတ်ဖွင့်ပေးစာကိုလည်း ကိုရီးယားရောက် မြန်မာနိုင်ငံသားများက ပေးပို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အမေရိကန်ပြည်ထောင်စု ကန်ဆန်ဖရန်ဗေးဧရိယာ၏ (၄၅) ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ ရောင်းရငွေ အမေရိကန်ဒေါ်လာတသောင်းကျော်ရရှိ


စက်တင်ဘာလ ()ရက်


အမေရိကန်ပြည်ထောင်စု ကန်ဆန်ဖရန်ဗေးဧရိယာ၏(၄၅ )ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအသောက်များချက်ပြုတ်ရောင်းချရငွေ အမေရိကန်ဒေါ်လာ တသောင်းကျော်ရရှိခဲ့တယ်လို့ စက်တင်ဘာ၉ရက်နမှာ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက အသိပေးဖော်ပြပါတယ်။


“(၄၅) ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှယနေ့ရောင်းရငွေ၊အလှူငွေလက်ခံရရှိမှု စုစုပေါင်းအမေရိကန်ဒေါ်လာ(,၁၄၂၉)ဒေါ်လာရရှိပါတယ်။ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊ငွေသားအလှုရှင်များ၊အပင်ရောင်းချလှူဒါန်းသော မိတ်ဆွေများ၊ဝယ်သူအားပေးသော မိတ်ဆွေများ၊ဝိုင်းဝန်းကူညီသောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။


နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာ မြန်မာပြည်အတွက် လိုအပ်သောနေရာများသို့ လစဥ်အစားအသောက်များချက်ပြုတ်ရောင်းချ၍ ကူညီထောက်ပို့လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၄။ သရုပ်ဆောင် ဒေါင်းရဲ့ မဲလ်ဘုန်းမြို့ Live show ပရိတ်သတ်များတခဲနက်အားပေးပြီး ကျန်မြို့များတွင် ဆက်လက်ဖျော်ဖြေမည်


စက်တင်ဘာလ ()ရက်


သရုပ်ဆောင် ဒေါင်းရဲ့ မဲလ်ဘုန်းမြို့ Live showကို  ပရိတ်သတ်များတခဲနက်အားပေးပြီး ကျန်ရှိတဲ့မြို့များတွင်လည်း ဆက်လက်ဖျော်ဖြေမည်ဖြစ်ကြောင်းသိရပါတယ်။


ရုပ်ရှင်သရုပ်ဆောင် ဒေါင်းရဲ့ မဲလ်ဘုန်းမြို့ Live show ကို စက်တင်ဘာလ ရက်ညမှာ ကျင်းပခဲ့ပါတယ်။ 


ရှိုးပွဲအတွင်း တိုင်းရင်းသား အကတွေပါဝင်သလို ရံပုံငွေအတွက် လေလံတင်ပွဲတွေလည်း လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။


သရုပ်ဆောင်ဒေါင်းရဲ့ ဂီတလက်နက်နဲ့ ဆက်လက်ပါဝင်အားဖြည့်နိုင်ဖို့အတွက်  ပထမဦးဆုံး ဂီတဖျော်ဖြေပွဲကြီးကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်း ဆစ်ဒနီ ဘရစ်စဘိန်း မြို့ကြီး သုံးမြို့မှာ တင်ဆက်မှာဖြစ်ပါတယ်။


ဒီ ဂီတ ဖျော်ဖြေပွဲကနေ ရရှိလာမယ့် ဝင်ငွေများအားလုံးရဲ့ (ကုန်ကျစရိတ်နှုတ်ပြီး) ၉၀% ကို NUG ရဲ့ ငွေအလိုအပ်ဆုံး ဝန်ကြီးဌာန () ခုထဲကို လှုဒါန်းမှာ ဖြစ်ပြီး ကျန် ၁၀% ကို NUG  သတင်းထုတ်ပြန်ရေးယူနစ်ကို လှုဒါန်းမှာ ဖြစ်တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩 ⁨၁။ တော်လှန်ရေးအင်အားစုများအားလုံး စစ်အာဏာရှင်များ၏ သပ်လျှိုသွေးခွဲမှုများကို သတိပြုရှောင်ရှားကာ အချင်းချင်းစုစည်းညီညွတ်မှုရှိဖို့တိုက်တွန်းရင်း (၇၇) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကို CRPHကသဝဏ်လွှာပေးပို့


စက်တင်ဘာလ ()ရက်


တော်လှန်ရေးအင်အားစုများအားလုံးစစ်အာဏာရှင်များ၏ သပ်လျှိုသွေးခွဲမှုများ ကို သတိပြုရှောင်ရှားကာ အချင်းချင်းစုစည်းညီညွတ်မှုရှိဖို့တိုက်တွန်းရင်း (၇၇) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကိုCRPHက သဝဏ်လွှာပေးပို့လိုက်ပါတယ်။


"နယ်ချဲ့ဖဆပလအစိုးရ၏ ကောက်ကျစ်ရက်စက်မှုကြောင့် ကရင်နီအမျိုးသားအစည်း အရုံးဥက္ကဋ္ဌ ခုခံတော်လှန်ရေးခေါင်းဆောင်ကြီး ဂိုဘီတူရီ ကျဆုံးခဲ့သည့် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့ကို ကရင်နီအမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြရာ ယနေ့ အချိန်တွင် (၇၇) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ကရင်နီအမျိုးသားခေါင်းဆောင်ကြီး ဂိုဘီတူရီနှင့်တကွ ကရင်နီတော်လှန်ရေးကာလတစ်လျှောက် အသက်ပေးဆပ် တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည်ရဲဘော်ရဲဘက်အပေါင်းတို့အား ပြည်သူများနှင့်အတူ အသိအမှတ်ပြု အောက်မေ့လျက် ဦးညွှတ်အလေးပြုအပ်တယ်"လို့ သဝဏ်လွှာမှာဖော်ပြပါရှိပါတယ်။


တိုင်းရင်းသားပြည်သူအားလုံး၏ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်အုပ်စုသည် အမည် နာမ အမျိုးမျိုးပြောင်းလဲသတ်မှတ်၍ ၎င်းတို့၏စစ်အာဏာအမိန့်တည်မြဲရေးအတွက် နည်းလမ်း အမျိုးမျိုးသုံးကာ နိုင်ငံတော်အား ပြိုလဲပျက်စီးစေရန် ကြံဆောင်လျက်ရှိပြီးတရားမဝင်သော အတုအယောင်ရွေးကောက်ပွဲကိုလည်း ဟန်ပြလုပ်ဆောင်ကာ နိုင်ငံတကာ၏အသိအမှတ်ပြုမှု ရရှိ ရန် ကြိုးစားလျက်ရှိသည့်အတွက် မိမိတို့အင်အားစုများအားလုံးအနေဖြင့်လည်း ယင်းကိစ္စအား အမြော်အမြင်ကြီးစွာ ကိုင်တွယ်ဆောင်ရွက်သွားရန် အထူးအရေးကြီးလှတယ်လို့ဆိုပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီး များ၏စိတ်ဓာတ်ကို အစဥ်အမြဲလေးစားလျက်  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်သာမက တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများအားလုံးအနေဖြင့်လည်း စစ်အာဏာရှင်များ၏ သပ်လျှိုသွေးခွဲမှုများ ကို သတိပြုရှောင်ရှားကာ အချင်းချင်း အပြန်အလှန် လေးစားယုံကြည်မှု၊ စုစည်းညီညွတ်မှုတို့ဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ထုံးကို နှလုံးမူလျက် ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့ ဆက်လက် ချီတက်ကြရန် လေးလေးနက်နက် တိုက်တွန်းလျက် ယနေ့ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ သဝဏ်လွှာအား ထုတ်ပြန်အပ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။


========================


🚩🚩 ⁨၂။ NUG ကာကွယ်ရေးဝန်ကြီးဌာန Website အသွင်သစ်ဖြင့် စတင် ထုတ်လွှင့်


စက်တင်ဘာလ ()ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ Website ကို ပြည်သူ့ခုခံတွန်းလှန်စစ် () နှစ်မြောက်အထိမ်းအမှတ်နေ့ဖြစ်သော ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့မှ စတင်၍ အသွင်သစ်ဖြင့် ထုတ်လွှင့်လျက်ရှိကြောင်းသိရပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာန၏ Website တွင် ဝန်ကြီးဌာနသမိုင်းကြောင်း၊ မူဝါဒ နှင့် လုပ်ငန်းလမ်းညွှန်၊ အကောင်အထည်ဖော် ဆောင်ရွက်ချက်များ၊ သတင်း နှင့် လှုပ်ရှားမှုများ၊ တော်လှန်အနုပညာ၊ အထွေထွေ ဟူ၍ ကဏ္ဍကြီး () ရပ် ပါဝင်တယ်လို့သိရပါတယ်။


ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းပုံ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ် ဖွဲ့စည်းပုံ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စံပြုတည်မြဲအမိန့်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ လိုက်နာရမည့် ကျင့်ဝတ်များ၊ စစ်ဘက်၊ အရပ်ဘက် ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုပုံစံ၊ တိုင်ကြားမှုများဆိုင်ရာကော်မတီ၊ စစ်ဘက်တရားစီရင်ရေး နှင့် စည်းကမ်းထိန်းသိမ်းရေး၊ နှစ်အလိုက် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များ၊ အစီရင်ခံစာများ၊ စာတမ်းများ၊ မိန့်ခွန်းများ၊ သဝဏ်လွှာများ၊ သတင်း၊ သတင်းဓာတ်ပုံ၊ ရုပ်သံသတင်း တို့ကို ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment