၂၀၂၅ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ လုံ/ငြိမ်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ ရန်သူအဖြစ် CRPH နဲ့NUCC ကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အာဏာရှင်အမြစ်ပြတ်တဲ့ထိ တော်လှန်တိုက်ပွဲဝင်ကြဖို့ မြန်မာ့နွေဦးတက္ကသိုလ် - MNOU တိုက်တွန်း 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨ Safe Schools Safe Education ကမ်ပိန်းကို SCF Platform မှတဆင့် သိန်း ၅၁၀ ကျော် စုပေါင်းလှူဒါန်းအားဖြည့်နိုင်ခဲ့ပြီး ရရှိငွေများအားလုံးကို ကမ်ပိန်းပြီးနောက် ၄၈ နာရီအတွင်း အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ကိုရီးယားနိုင်ငံဆိုးလ်မြို့ရှိ စစ်ကော်မရှင်ရဲ့သံရုံးရှေ့မြန်မာတဦး ၂၉နာရီတိတိ အစာငတ်ခံဆန္ဒပြသပိတ်မှောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ရောင်နီMilwaukeeမှာကျင်းပတဲ့ဖျော်ဖြေပွဲမှရရှိတဲ့ငွေကြေးကို  ငွေစာရင်းရှင်းတမ်းထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ဒေါနတပ်ရင်းမှ တပ်သားသစ်များခေါ်ယူ


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရ၍ ပကာရီကျေးရွာ အတွင်းသို့စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ  ဘုန်းကြီးကျောင်း () ကျောင်း အပါအဝင် ပြည်သူလူထု နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရ

🚩၂။ ငဖဲမြို့နယ် စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ - ကပစ ၁၄ က စစ်မှုထမ်းတပ်သား ဦး လက်နက်မဲ့ အလင်းဝင်

🚩၃။နတ်တလင်းမြို့နယ်က စစ်တပ်ထောက်တိုင် ရာအိမ်မှူးတဦးကို တော်လှန်ရေးတပ်တွေ ပစ်ခတ်ရှင်းလင်း

🚩၄။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက လစ်လပ်နေရာများအတွက် အလုပ်ခေါ်

🚩၅။နမ့်ခမ်းမြို့မှာ ပျက်စီးနေတဲ့ တံတားတွေကို တအာင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြန်လည်ပြုပြင်ပေး

🚩၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ  အမျိုးသမီး နှင့် အမျိုးသားစုစုပေါင်း (၄၈) ဦး သေဆုံးခဲ့ပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ () ဦး ပါဝင်

🚩၇။ ကန့်ဘလူမြိူ့နယ် ဇီးကုန်းမြို့ ရဲစခန်းကို ပြောက်ကျားစစ်ဆင်ရေးဖြင့်တော်လှန်ရေးတပ်များစီးနင်းတိုက်ခိုက်၍ရဲနဲ့ပျူ ၆ယောက်အထက် သေဆုံးပြီး ရဲအရာရှိ၂ဦးအပါအဝင် ၆ဦးဖမ်းဆီးရမိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ လုံ/ငြိမ်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ ရန်သူအဖြစ် CRPH နဲ့NUCC ကြေညာ


စက်တင်ဘာလ (၁၈)ရက်


စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် လုံ/ငြိမ်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ ရန်သူအဖြစ် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့က ဒီနေ့ စက်တင်ဘာ ၁၈ မှာ ပူးတွဲကြေညာလိုက်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်သူ့အစိုးရ အဖွဲ့ဝင်တွေကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်မှာ မတရားဖမ်းဆီးပြီး ပြည်သူ့အာဏာကို သိမ်းယူလိုက်တာဟာ နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ 

အခုလို ပြည်သူ့အာဏာကို သိမ်းယူလိုက်တဲ့ စစ်အုပ်စုကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ၂ဝ၂၁ ခုနှစ် မတ်လ ရက်နေ့မှာ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက် အုပ်စုလို့ကြေညာခဲ့ပါတယ်။ 

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ၂ဝ၂၄ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုရဲ့ ရန်သူ Enemy of the State အဖြစ် သတ်မှတ်ခဲ့တယ်လို့ အခုထုတ်ပြန်ချက်မှာ မှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။  

စစ်အုပ်စုလက်အောက်ခံအဖွဲ့အစည်းတွေဟာလည်း အကြမ်းဖက်အုပ်စုဝင် အဖွဲ့အစည်းတွေလို့ NUCC နဲ့ CRPH တို့က သတ်မှတ်လိုက်ပါတယ်။

ဒါကြောင့် စစ်အုပ်စုက ကြေညာချက်တွေဟာ တရားမဝင်တော့ဘဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာတွေဟာ ပျက်ပြယ်သွားပြီလို့ CRPH နဲ့NUCC က အသိပေးထားပါတယ်။ 

ဒါ့အပြင် စစ်အုပ်စုရဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသားယာရေးကော်မရှင် လုံ/ငြိမ်းနဲ့ သူတို့လက်အောက်ခံ အဖွဲ့အစည်း တွေအားလုံးရဲ့ လုပ်ဆောင်ချက် မှန်သမျှ တရားမဝင်ဘူးလို့ NUCC နဲ့ CRPH ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူသွားမယ်လို့  CRPH နဲ့NUCC တို့က ပူးတွဲကြေညာလိုက်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး


စက်တင်ဘာလ (၁၈)ရက်


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နေ့၊ နံနက် နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။


အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကာ CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးက  တွေ့ဆုံရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်များက လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍ လုပ်ငန်းစဉ်များတွင် လိုအပ်လျက်ရှိသော နည်းပညာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ၊ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များအား ဆွေးနွေးမေးမြန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့သည်။ 


ထို့နောက် တက်ရောက်လာသူများအနေဖြင့် တော်လှန်ရေး အောင်မြင်စေရန် ပိုမို ပူးပေါင်းဆောင်ရွက်သွားသင့်သည့်လုပ်ငန်းစဉ်များနှင့်  ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကာ အစည်းအဝေးအား နေ့လယ် ၁၂ နာရီခန့်တွင် ရုပ်သိမ်းခဲ့သည်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အာဏာရှင်အမြစ်ပြတ်တဲ့ထိ တော်လှန်တိုက်ပွဲဝင်ကြဖို့ မြန်မာ့နွေဦးတက္ကသိုလ် - MNOU တိုက်တွန်း 


စက်တင်ဘာလ (၁၈)ရက်


ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေနဲ့ အဆုံးစွန်သောရက်စက်မှုတွေကို ပြန်လည် မြင်ယောင်ပြီး နောက်ထပ် ဒီလိုအဖြစ်မျိုးတွေမကြုံအောင် အာဏာရှင်အမြစ်ပြတ်တဲ့ထိ ဆက်လက် တော်လှန်တိုက်ပွဲဝင်ကြဖို့ မြန်မာ့နွေဦးတက္ကသိုလ် - MNOU က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ 


စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာဖြစ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ဖြစ်တဲ့ ဒီနေ့ စက်တင်ဘာ ၁၈ မှာ အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ 

 

ဒီနေ့ဟာ စစ်အာဏာရှင်တွေရဲ့ အဆိုးရွားဆုံးပြယုဂ်တွေထဲက သွေးစွန်းခဲ့ရတဲ့ သမိုင်းတခုဖြစ်တဲ့ ၁၈ နှစ်မြောက် ရွှေဝါရောင် တော်လှန်ရေးနေ့ ဖြစ်ပါတယ်။


ဦးသန်းရွှေဦးဆောင်တဲ့ နအဖအစိုးရလက်ထက်မှာ လောင်စာဆီစျေးနှုန်း အဆမတန်မြင့်တက်သွားတာကို အကြောင်းပြုပြီး ဆန္ဒပြရာက ရွှေဝါရောင်တော်လှန်ရေးနေ့ ဖြစ်လာခဲ့တာလို့ မှတ်တမ်းတွေအရ သိရပါတယ်။


ရွှေဝါရောင်တော်လှန်ရေးကာလမှာ မြန်မာတနိုင်ငံလုံးက ရဟန်းသံဃာတော်တွေနဲ့ ပြည်သူလူထုအပါအဝင် ကျောင်းသား တွေ ပါဝင်ခဲ့ကြပြီး ပြည်သူပြည်သားများရဲ့ နေထိုင်မှုအကြပ်တည်းတွေ ပြေလည်စေဖို့ ရဟန်းများက လမ်းပေါ်ထွက်ပြီး မေတ္တာပို့ ဆုတောင်းတာကို အာဏာရှင်တွေနဲ့ သူတို့လက်ပါးစေတွေက လက်နက်အားကိုးနဲ့ ဖြိုခွင်းခဲ့သလို နေ့ရော၊ ညပါ ဖမ်းဆီးနှိပ်စက်မှုတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 


အာဏာရှင်တွေဟာ သူတို့ အာဏာတည်မြဲဖို့ ဘယ်သူ့ကိုမဆိုစတေးပစ်ဖို့ ဆန္ဒရှိခဲ့တာကြောင့် ရွှေဝါရောင်တော်လှန်ရေး ကာလတုန်းကလည်း လက်နက်မဲ့ပြည်သူတွေ အသက်များစွာစတေးခဲ့ကြရပါတယ်။

 

အာဏာရှင်တွေဟာ အာဏာရှင်ပီသနေတာကြောင့် တော်လှန်ပြည်သူတွေအနေနဲ့ အရေးကြီးရင်သွေးနီးကြပြီး တော်လှန်ရေးခရီးဆုံးတဲ့အထိ တော်လှန်သူပီသနေကြဖို့လည်း မြန်မာ့နွေဦးတက္ကသိုလ် - MNOU တိုက်တွန်းထားပါတယ်။

 

ခေတ်အဆက်ဆက်ရှိခဲ့တဲ့ တော်လှန်ရေးတွေမှာ အာဏာပဲသိတဲ့လက်နက်ကိုင်လူတစုထက် တော်လှန်သူတွေရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ ထက်သန်မှုတို့က အမြဲတမ်းသာတယ်ဆိုတာ ထင်ရှားနေတဲ့အတွက် အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ခြယ်မှုနဲ့ အဆုံးစွန် သော ရက်စက်မှုတွေကို ပြန်လည်မြင်ယောင်ပြီး နောက်ထပ်ဒီလိုအဖြစ်မျိုးတွေ ထပ်မကြုံရအောင် အာဏာရှင် အမြစ်ပြတ် တဲ့ အထိ အတူတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်ကြဖို့ မြန်မာ့နွေဦးတက္ကသိုလ် - MNOU က နှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨ Safe Schools Safe Education ကမ်ပိန်းကို SCF Platform မှတဆင့် သိန်း ၅၁၀ ကျော် စုပေါင်းလှူဒါန်းအားဖြည့်နိုင်ခဲ့ပြီး ရရှိငွေများအားလုံးကို ကမ်ပိန်းပြီးနောက် ၄၈ နာရီအတွင်း အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့


စက်တင်ဘာလ (၁၈)ရက်


Safe Schools Safe Education ကမ်ပိန်းကို SCF Platform မှတဆင့် သိန်း ၅၁၀ ကျော် စုပေါင်းလှူဒါန်းအားဖြည့်နိုင်ခဲ့ပြီး ရရှိငွေများအားလုံးကို ကမ်ပိန်းပြီးနောက် ၄၈ နာရီအတွင်း အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။


မြန်မာနိုင်ငံမှ ကလေးသူငယ်များအား ကာကွယ်ရေးအစီအမံများရှိတဲ့ကျောင်းများမှာ ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့်ရရှိနိုင်ဖို့အတွက်... SCF Platform မှာ "Safe Schools, Safe Education" ကမ်ပိန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်အထိ Ministry of Education, National Unity Government of Myanmar မှ လာရောက်ပြုလုပ်ခဲ့ပြီး  SCF Platform မှတဆင့် သိန်း (၅၁၀) ကျော်ကို စုပေါင်းလှူဒါန်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


မြေပြင်မှာ လိုအပ်ချက်များကို မြန်ဆန်ထိရောက်စွာ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ရရှိငွေများအားလုံးကို ကမ်ပိန်းပြီးဆုံးပြီးနောက် ၄၈ နာရီအတွင်း နွေဦးဘဏ် ငွေလွှဲစနစ်ကိုအသုံးပြုကာ SCF မှ မြန်မြန်ဆန်ဆန် အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်းသိရပါတယ်။


ယခုလို SCF Platform မှတဆင့် ယုံကြည်စွာပါဝင်လှူဒါန်းပေးကြတဲ့ မိဘပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုရင်း SCF Accounts 50,000 Challenge မှာလဲ အောင်မြင်အောင် ဝိုင်းဝန်းပါဝင်ပေးကြဖို့ စိတ်အားထက်သန်စွာ ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ကိုရီးယားနိုင်ငံဆိုးလ်မြို့ရှိ စစ်ကော်မရှင်ရဲ့သံရုံးရှေ့မြန်မာတဦး ၂၉နာရီတိတိ အစာငတ်ခံဆန္ဒပြသပိတ်မှောက်


စက်တင်ဘာလ (၁၈)ရက်


ကိုရီးယားနိုင်ငံဆိုးလ်မြို့ရှိ စစ်ကော်မရှင်ရဲ့သံရုံးရှေ့မှာ မြန်မာတဦး ၂၉နာရီတိတိ အစာငတ်ခံဆန္ဒပြသပိတ်မှောက်ခဲ့ပါတယ်။

"ကျွန်တော်အခုလိုဆိုးလ်မြို့ စစ်ကော်မရှင်ရဲ့သံရုံးနားမှာ ၁၈ရက်နေ့မှာရောက်ရှိမယ့် ကျွန်တော့်ရဲ့၂၉နှစ်မြောက်မွေးနေ့အတွက်၂၉နာရီတိတိ အစာငတ်ခံဆန္ဒပြသပိတ်မှောက်ရင်း ဒီကမ်ပိန်းနှစ်ခုရဲ့Pageတွေမှာဖြစ် စေ တင်ပြထားတဲ့ နိုင်ငံတကာဘဏ်အကောင့်တွေကနေဖြစ်စေ မွေးနေ့လက်ဆောင်အနေနဲ့ အခုလိုအပင်ပမ်းခံ အစာငတ်ခံပြုလုပ်ပီး တိုက်တွန်းနေရခြင်းဟာ အညာဒေသမှာအကြမ်းဖက်

စစ်ကော်မရှင်ကို အသက်ဘဝတွေ စတေးတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေရဲ့ စစ်ရေးပလန် ရည်မှန်းချက်တွေ ဖော်ဆောင်နိုင်ဖို့ လူထုအားလုံးလွတ်မြောက်နိုင်ဖို့ စစ်အာဏာရှင်တွေအမြန်အပီးသတ်ချုပ်ငြိမ်းနိုင်ဖို့အတွက် လိုအပ်သည့်ခဲယမ်းလက်နက်စစ်အသုံးဆောင်တွေ ဖြည့်တင်းပေးဖို့ပဲဖြစ်ပါတယ်"လို့ ကာယကံရှင်ကအသိပေးဆိုထားပါတယ်။

အဆိုပါဆန္ဒပြခြင်းအား မြန်မာအင်အားစုများကလည်း ထောက်ခံအားပေးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ရောင်နီMilwaukeeမှာကျင်းပတဲ့ဖျော်ဖြေပွဲမှရရှိတဲ့ငွေကြေးကို  ငွေစာရင်းရှင်းတမ်းထုတ်ပြန်


စက်တင်ဘာလ (၁၈)ရက်


အမေရိကန်မှာလှည့်လည်ဖျော်ဖြေနေတဲ့ရောင်နီပွဲစဥ်များထဲက ရောင်နီMilwaukeeမှာကျင်းပတဲ့ဖျော်ဖြေပွဲမှရရှိတဲ့ငွေကြေးကို  ငွေစာရင်းရှင်းတမ်းထုတ်ပြန်လိုက်ပါတယ်။

"မြန်မာတွေ အများကြီးမရှိတဲ့ မြို့ကလေးမယ်လ်ဝါးခီးမှာမတူထူးခြားတဲ့ အပြင်အဆင်လေးတွေနဲ့ ရောင်နီရဲ့ ဆဌမမြောက် Live in Milwaukee ပွဲစဉ်လေးကို ရင်းနှီးနွေးထွေးစွာနှင့် သြဂုတ်၁၆ရက်က အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ လာရောက်အားဖြည့်တဲ့ အဆိုတော် ကိုတူးတူး၊ ကိုလင်းထက်နှင့် ရောင်နီဂီတပညာရှင် players တွေ၊ organizersတွေ၊ volunteers တွေ၊ မြို့ခံတွေ၊ ရပ်နီးရပ်ဝေးက ရင်ဘတ်တူတဲ့ရောင်နီချစ်သူတွေနဲ့ ရင်ခုန်ကြည်နူးစွာ ကုန်ဆုံးခဲ့ရတဲ့ရောင်နီဂီတညလေးတစ်ညပါ။ လက်မှတ်ရောင်းချရရှိငွေ၊ ဂစ်တာလေလံမှရရှိငွေ၊ အစားအသောက် merchandise မှစလို့ ဝင်ငွေများ၊ ပွဲစီစဉ်မှုအတွက် ကုန်ကျစရိတ်များနှင့် အသားတင်ရရှိငွေစာရင်းလေးကို ထုတ်ပြန်ပါရစေ"လို့ရောင်နီPagကဖော်ပြပါတယ်။

ရရှိငွေများကိုလည်း ရောင်နီရဲ့ရည်ရွယ်ရာ ကဏ္ဍ ()ရပ်ဆီကို စီးဆင်းနေပြီဖြစ်ကြောင်းလည်းသတင်းကောင်းပါးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ဒေါနတပ်ရင်းမှ တပ်သားသစ်များခေါ်ယူ


စက်တင်ဘာလ (၁၈)ရက်


တပ်ရင်းအမှတ်-၉၉၀၂ ဒေါနတပ်ရင်းမှ တပ်သားသစ်များခေါ်ယူလျက်ရှိပါတယ်။

စစ်အာဏာရှင်အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်ရေးအတွက် ဆုံးဖြတ်ထားသူဖြစ်ရမှာဖြစ်ပြီး အသက် (၁၈)နှစ်နှင့် (၃၅)နှစ်အတွင်း၊ ကျန်းမာရေးကောင်းမွန်ပြီး၊ စိတ်ဓာတ်ကြံ့ခိုင်သူ ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်ရမယ်လို့ ဖော်ပြပါတယ်။

အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနှင့် လိုအပ်ပါက မွမ်းမံသင်တန်းများ  ပြီးဆုံးအောင်မြင်သည်အထိ တက်ရောက်နိုင်ငူဖြစ်ရမည်ဖြစ်ပြီးသင်တန်းပြီးဆုံးပါက တပ်ဖွဲ့မှပေးအပ်သည့် တာဝန်နှင့် စုဖွဲ့မှုအတိုင်း မည်သည့်နေရာမဆို တာဝန်ထမ်းဆောင်နိုင်ရသူဖြစ်ရမယ်လို့ဖော်ပြပါတယ်။


စိတ်ပါဝင်စားပါက Dawna Column page messenger နဲ့Telegram No  +660656530290 သို့ ဆက်သွယ်နိုင်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩၁။⁨⁨⁨ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရ၍ ပကာရီကျေးရွာ အတွင်းသို့စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ  ဘုန်းကြီးကျောင်း () ကျောင်း အပါအဝင် ပြည်သူလူထု နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရ


စက်တင်ဘာလ (၁၈)ရက်


အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရ၍ ပကာရီကျေးရွာ အတွင်းသို့စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ  ဘုန်းကြီးကျောင်း () ကျောင်း အပါအဝင် ပြည်သူလူထု နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့စက်တင်ဘာ၁၈ရက်KNUကသတင်းထုတ်ပြန်ပါတယ်။


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်အတွင်း  ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် ကျောက်မဲတောင်တပ်စခန်းမှ ထားဝယ်မြို့သို့ စစ်ကြောင်းပြန်လာရန်အတွက် ထားဝယ်မြို့မှတက်လာသော အာဏာသိမ်းတပ်စစ်ကူအင်အား(၁၀၀)ဝန်းကျင်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ()၊တပ်ရင်း(၁၂)တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၊ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့များ ပကာရီကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် အာဏာသိမ်းအကြမ်းဖက်တပ်မှ (၁၀)ဦးသေဆုံးပြီး (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ ၎င်းတို့ထံမှ  MA1()လက်အပါအဝင် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်မှ အထိနာသဖြင့် တိုက်ပွဲနှင့် သက်ဆိုက်မှု မရှိသော ပကာရီကျေးရွာ အတွင်းသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်း () ကျောင်း အပါအဝင် ပြည်သူလူထု နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ဖော်ပြပါတယ်။


========================


🚩🚩၂။ ငဖဲမြို့နယ် စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ - ကပစ ၁၄ က စစ်မှုထမ်းတပ်သား ဦး လက်နက်မဲ့ အလင်းဝင်


စက်တင်ဘာလ (၁၈)ရက်


မကွေးတိုင်း ငဖဲမြို့နယ်မှာရှိတဲ့ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ - ကပစ ၁၄ က စစ်မှုထမ်းတပ်သား ဦး လက်နက်မဲ့ အလင်းဝင်လာတယ်လို့ မင်းဘူးခရိုင် အမှတ် တပ်ရင်းက ဒီနေ့ စက်တင်ဘာ ၁၈ မှာ ထုတ်ပြန်လာပါတယ်။


အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲတာခံရပြီး အတင်းအဓမ္မစစ်သင်တန်းပေးပြီးနောက် ငဖဲမြို့နယ် စစ်လက်နက်ပစ္စည်း ထုတ်စက်ရုံ - ကပစ ၁၄ ကို ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သား ဦးဟာ စက်တင်ဘာ ရက်နေ့မှာ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။


လက်ရှိမှာ အလင်းဝင်လာသူတွေကို လူ့ဂုဏ်သိက္ခာနှင့်အညီထိန်းသိမ်းထားတဲ့အကြောင်း မိဘပြည်သူသိရှိနိုင်စေဖို့ သတင်းထုတ်ပြန်ပေးတာလို့ မင်းဘူးခရိုင် အမှတ် တပ်ရင်းက ရှင်းပြထားပါတယ်။


အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေအနေနဲ့ ပြည်သူရင်ခွင် ခိုလှုံပြီး အလင်းဝင်လိုတယ်ဆိုရရင် မင်းဘူးခရိုင် အမှတ် တပ်ရင်းကကို ဆက်သွယ်နိုင်ကြောင်းနဲ့ မိသားစုနဲ့ ပြည်လည်ဆုံတွေ့နိုင်အောင် ကူညီဆောင်ရွက်ပေးမယ်လို့ ဖိတ်ခေါ်ထား ပါတယ်။


========================


🚩🚩၃။နတ်တလင်းမြို့နယ်က စစ်တပ်ထောက်တိုင် ရာအိမ်မှူးတဦးကို တော်လှန်ရေးတပ်တွေ ပစ်ခတ်ရှင်းလင်း


စက်တင်ဘာလ (၁၈)ရက်

 

ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရှားစီးဘိုရွာက စစ်တပ်ထောက်တိုင် ရာအိမ်မှူး ဖိုးကျော်ကို တော်လှန်ရေး ရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့တဲ့လို့ သာယာဝတီခရိုင် အမှတ် တပ်ရင်းက ဒီနေ့ စက်တင်ဘာ ၁၈ မှာ ထုတ်ပြန်လာ ပါတယ်။


ရှားစီးဘိုရွာ အောက်စုက စစ်တပ်ထောက်တိုင် ရာအိမ်မှူး ဖိုးကျော်ကို မနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက် နာရီအချိန်မှာ ပဲခူးတိုင်းစစ်ဌာန အမှတ် ၂၂ ဗျူဟာ သာယာဝတီခရိုင် တပ်ရင်း - တပ်ခွဲ Gold Brother က ရဲဘော်တွေ သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 


ဖိုးကျော်ရဲ့အိမ်ကို သွားရောက်ပစ်ခတ်ခဲ့ရာမှာ ထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ လိုက်လံ ရှင်းလင်းခဲ့ရ တယ်လို့လည်း အသိပေးပါတယ်။

 

ရှားစီးဘိုရွာ အောက်စုက စစ်တပ်ထောက်တိုင် ရာအိမ်မှူး ဖိုးကျော်ဟာ အကြမ်းဖက်စစ်တပ် အမာခံတဦးဖြစ်ပြီး ပြည်သူ လူထုကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ၊ စစ်မှုထမ်းကြေးကောက်တာတွေ လုပ်ဆောင်နေတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ သွားရောက်ရှင်းလင်းခဲ့တာလို့ ရှင်းပြထားပါတယ်။


အခု ရှင်းလင်းခံလိုက်ရတဲ့ ဖိုးကျော်ဆီကနေ ဆိုင်ကယ်တစီးနဲ့ ဖုန်းတလုံးသိမ်းဆည်းရရှိခဲ့တယ်လို့လည်း သာယာဝတီခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၄။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက လစ်လပ်နေရာများအတွက် အလုပ်ခေါ်


စက်တင်ဘာလ (၁၈)ရက်


ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက လစ်လပ်နေနေတဲ့ မြို့နယ်ဦးစီးမှူးအဆင့်ကနေ ရုံးအကူနဲ့ ညစောင့်ဝန်ထမ်းတွေအထိ ခေါ်ယူနေတယ်လို့ မနေ့ စက်တင်ဘာ  ၁၇ မှာ ထုတ်ပြန်ထားပါတယ်။

 

IEC လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနအတွက် မြို့နယ်ဦးစီးမှူး ဦး၊ အကြီးတန်းစာရေး ဦး၊ အငယ်တန်းစာရေး ဦး၊ ပြည်နယ်ရုံးအတွက် ရုံးအကူတဦးနဲ့ ညစောင့် လုံခြုံရေးတဦး လိုအပ်နေတယ်လို့ အဲဒီဌာနက ကြေညာထားပါတယ်။

 

လစ်လပ်နေရာတွေအတွက် လျှောက်ထားသူတွေဟာ ကရင်နီပြည်ဒေသခံ ဒါမှမဟုတ် ကရင်နီပြည်မှာ အနည်းဆုံး နှစ် ကြာ နေထိုင်သူ ဖြစ်ရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 


မြို့နယ်ဦးစီးမှူးအဖြစ် လျှောက်ထားလိုသူတွေဟာ ကွန်ပျူတာ ကျွမ်းကျင်စွာ သုံးတတ်ရမှာဖြစ်ပြီး တက္ကသိုလ်တခုခုကနေ ဘွဲ့ ဒါမှမဟုတ် ဒီပလိုမာ ရရှိထားသူဖြစ်ဖို့လိုပြီး အသက် ၂၀ ကနေ အသက် ၄၀ အတွင်းရှိသူတွေ လျှောက်ထားနိုင်တယ်လို့ အသိပေးထားပါတယ်။

 

အကြီးတန်းစာရေးနဲ့ အငယ်တန်းစာရေးအဖြစ်တာဝန်ထမ်းဆောင်မယ့်သူတွေဟာလည်း တက္ကသိုလ်တခုခုကနေ ဘွဲ့  ဒါမှ မဟုတ် ဒီပလိုမာ ရရှိထားသူဖြစ်ဖို့လိုပြီး ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ အသက် ၂၀ ကနေ ၃၅ နှစ်အတွင်း ရှိသူတွေ လျှောက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။


လျှောက်ထားသူတွေအနေနဲ့ IEC လက်အောက်မှာ အနည်းဆုံး နှစ် တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ သတ်မှတ်ထားပြီး  အောက်တိုဘာ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ IEC လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည် ထူထောင်ရေးဌာနက အသိပေးကြေညာထားပါတယ်။ 


တော်လှန်ရေးကာလဖြစ်တဲ့ ကြားကာလမှာ ကရင်နီပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ ဘဝရှင်သန်လုံခြုံရေး၊ တရားဥပ‌ဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲဲ့ အရေးပေါ်လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ ဖြည့်ဆည်း တုံ့ပြန်ဆောင်ရွက်နိုင်ရေးဆိုတဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ အကောင်ထည် ဖော်နိုင်ဖို့ IEC လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ရက်မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၅။နမ့်ခမ်းမြို့မှာ ပျက်စီးနေတဲ့ တံတားတွေကို တအာင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြန်လည်ပြုပြင်ပေး


စက်တင်ဘာလ (၁၈)ရက်


ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ နယ်မြေ နမ့်ခမ်းမြို့မှာ ပျက်စီးနေတဲ့ တံတားတွေကို တအာင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပြန်လည်ပြုပြင်တည်ပေးနေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထား ပါတယ်။

လက်ရှိမှာ အောင်မင်္ဂလာရပ်ကွက်က ပျက်စီးနေတဲ့ တံတားကို စက်တင်ဘာ ရက်နေ့ကစပြီး ပြုပြင်ခဲ့ရာမှာ စက်တင်ဘာ ၁၃ ရက်နေ့မှာ ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးစီးသွားတဲ့ တံတားဟာ အလျား ၃၂ ပေ၊ အနံ ပေရှိတယ်လို့ သိရပါတယ်။

ထို့အတူ တအာင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဟာ မြို့တွင်းမှာရှိတဲ့ လမ်းဖြတ်တံတားအသေး ခုကိုလည်း ဆက်လုပ် ပြုပြင်ဆောင်ရွက်နေတယ်လို့ အသိပေးပါတယ်။ 

တအာင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဟာ ဒေသနေပြည်သူတွေ သွားရေးလာရေး အဆင်ပြေစေဖို့ မြို့တွင်းက ပျက်စီးနေ တဲ့ လမ်းတွေကိုလည်း ပြန်လည်ပြုပြင်ပေးနေသလို ရေမြောင်းသန့်ရှင်းရေးလုပ်ငန်းတွေလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ  အမျိုးသမီး နှင့် အမျိုးသားစုစုပေါင်း (၄၈) ဦး သေဆုံးခဲ့ပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ () ဦး ပါဝင်


စက်တင်ဘာလ (၁၈)ရက်


နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ  အမျိုးသမီး နှင့် အမျိုးသားစုစုပေါင်း (၄၈) ဦး သေဆုံးခဲ့ပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ () ဦး ပါဝင်တယ်လို့AAPPထံကသိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိနိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ  အမျိုးသမီး () ဦးနှင့် အမျိုးသား (၄၁) ဦး စုစုပေါင်း (၄၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ () ဦး ပါဝင်တယ်လို့သိရပါတယ်။


အဆိုပါ သေဆုံးသူ (၄၈) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၁၆) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မန္တလေးတိုင်းမှာ (၁၃) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ပါတယ်။


စက်တင်ဘာလ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ရေကြည်ဦးကျေးရွာနှင့် ဘူးကုန်းကျေးရွာအကြားရှိ ဇရပ်တခုအနီး၌ အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးများပူးပေါင်းအဖွဲ့က ငှက်ပျောတိုင်းကျေးရွာမှ ဒေသခံများဖြစ်ကြသော ရွှေမှော်လုပ်သား ခုနစ်ဦးကို လက်ပြန်ကြိုးတုပ်၍ ဘူးကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြပါတယ်။


 ထို့နောက် စက်တင်ဘာလ ၁၂ ရက်နေ့၊ ညနေပိုင်းအချိန်တွင် ၎င်းတို့ခုနစ်ဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ရန် တာယာကွင်းများစုပုံထားသည့်အပေါ်သို့ ကိုယ်တိုင်တက်ရောက်စေကာ ၎င်းတို့၏ ဦးခေါင်းများအား တုတ်များဖြင့်ရိုက်နှက်သောကြောင့် သတိလစ်မေ့မြောနေချိန် မီးရှို့သတ်ဖြတ်၍ ထွက်သွားခဲ့ကာ ထိုခုနစ်ဦးအနက် တဦးမှာ သတိပြန်လည်ရရှိသဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အဆိုပါသေဆုံးသူခြောက်ဦးတွင် အသက်မပြည့်သေးသူ နှစ်ဦးပါဝင်ပါတယ်။


========================


🚩🚩၇။ ကန့်ဘလူမြိူ့နယ် ဇီးကုန်းမြို့ ရဲစခန်းကို ပြောက်ကျားစစ်ဆင်ရေးဖြင့်တော်လှန်ရေးတပ်များစီးနင်းတိုက်ခိုက်၍ရဲနဲ့ပျူ ၆ယောက်အထက် သေဆုံးပြီး ရဲအရာရှိ၂ဦးအပါအဝင် ၆ဦးဖမ်းဆီးရမိခဲ့


စက်တင်ဘာလ (၁၈)ရက်


စစ်ကိုင်းတိုင်း၊ကန့်ဘလူမြိူ့နယ် ဇီးကုန်းမြို့ ရဲစခန်းကို ပြောက်ကျားစစ်ဆင်ရေးဖြင့်တော်လှန်ရေးတပ်များစီးနင်းတိုက်ခိုက်၍ရဲနဲ့ပျူ ၆ယောက်အထက် သေဆုံးပြီး ရဲအရာရှိ၂ဦးအပါအဝင် ၆ဦးဖမ်းဆီးရမိခဲ့တယ်လို့စစ်ကိုင်းတိုင်းပကဖကယနေ့သတင်းထတြ်ပြန်ပါတယ်။


စက်တင်ဘာ ၁၇ရက်နေ့မွန်းလွဲ၃နာရီခန့်မှာ ကန့်ဘလူမြိူ့နယ် ဇီးကုန်းမြိူ့ ရဲစခန်းကို  ကန့်ဘလူခရိုင်  ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့ က လျှပ်တပြက်ဝင်ရောစီးနင်းခဲ့တာဖြစ်ပြီးတော့အမှတ်၁စစ်ဒေသ  ကန့်ဘလူခရိုင်ကွပ်ကဲရေး စီမံချက်အနေနဲ့  အခုပြောက်ကျားစစ်ဆင်ရေးကို လုပ်တာဖြစ်ပါတယ်။


စစ်ဆင်ရေးမှာရဲနဲ့ပျူ ၆ယောက်အထက် သေဆုံးပြီး ရဲအရာရှိ၂ဦးအပါအဝင် ၆ဦးဖမ်းဆီးရမိခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။


အကြမ်းဖက်စစ်တပ်၊ဇီးကုန်းရဲစခန်းနဲ့ပျူများဟာ ဒေသခံလူထုကို ခြိမ်းခြောက်ငွေတောင်းခြင်း၊ ပါးရိုက်နှိပ်စက်ညှင်းပန်းခြင်း၊ မုဒိန်းကျင့်ခြင်း၊ ပစ္စည်းများလုယက်ခြင်းတွေကို မကြာခဏပြုလုပ်လေ့ရှိတာကြောင့် ဝင်ရောက်စီးနင်းရှင်းလင်းကာမီးရှိူ့ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ သိရတယ်။


စစ်ဆင်ရေးမှာ ရေဦးမြို့နယိပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ကလည်းပူးပေါင်းပါဝင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩








#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment