၂၀၂၅ စက်တင်ဘာလ ၇ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ လက်ရှိအချိန်မှာ အခက်အခဲအတားအဆီးတွေနဲ့ ကြုံနေရပေမယ့် ခုခံတော်လှန်စစ်ကို ဇွဲမလျော့ဘဲ တော်လှန်ရေးပန်းတိုင် ရောက်အောင် ဝိုင်းဝန်းချီတက်ကြဖို့ ယာယီသမ္မတ ဒူဝါလရှိလ တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ခန္တီးခရိုင်ထဲက အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုတွေရှိရင် တိုင်ကြားနိုင်တယ်လို့ ခန္တီးခရိုင် အမှတ် တပ်ရင်း ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၃။ဖြူဖြူကျော်သိန်းရဲ့ ဆစ်ဒနီဖျော်ဖြေပွဲကရရှိလာတဲ့ ရန်ပုံငွေနဲ့ ရခိုင်ပြည်က စစ်ဘေးရှောင်တွေကို ဆန်နဲ့ အမိုး အကာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ဆို


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨ ပေါက် - ဆိပ်ဖြူလမ်းပိုင်းမှာ ဖြစ်တဲ့တိုက်ပွဲ  စစ်သား ၁ဝ သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ဦး ကျဆုံး

🚩၂။⁨⁨ ကျောက်မဲမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေ‌ကြောင်းတိုက်ခိုက်မှုကြောင့် အိမ်တချို့ ပျက်စီး

🚩၃။ မောင်တောမြို့နယ်မှာ စစ်ပွဲလက်ကျန် မြေမြှပ်မိုင်း အလုံး ၁၂၀ ကျော် AA ရှင်းလင်း

🚩၄။⁨⁨ သရက်ချောင်းမြို့နယ်အတွင်း တိုက်ပွဲ ကြိမ်ဖြစ်ခဲ့ရာမှာ စစ်သား ဦးထက်မနည်းသေဆုံးပြီး ဦး အရှင်ဖမ်းမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ လက်ရှိအချိန်မှာ အခက်အခဲအတားအဆီးတွေနဲ့ ကြုံနေရပေမယ့် ခုခံတော်လှန်စစ်ကို ဇွဲမလျော့ဘဲ တော်လှန်ရေးပန်းတိုင် ရောက်အောင် ဝိုင်းဝန်းချီတက်ကြဖို့ ယာယီသမ္မတ ဒူဝါလရှိလ တိုက်တွန်း


စက်တင်ဘာလ ()ရက်


ခုခံတော်လှန်စစ်ဟာ လက်ရှိအချိန်မှာ အခက်အခဲအတားအဆီးတွေနဲ့ ကြုံနေရပေမယ့် ဇွဲမလျော့ဘဲ တော်လှန်ရေးပန်းတိုင် ရောက်အောင် ဝိုင်းဝန်းချီတက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှိလ က တိုက်တွန်းပြော ကြား လိုက်ပါတယ်။ 

ဒီနေ့ စက်တင်ဘာ ရက်မှာ ပြည့်မြောက်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း နှစ်ပြည့်နေ့မှာ နိုင်ငံတော်ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်တာဖြစ်ပါတယ်။ 


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာတဲ့ ဖိနှိပ်မှုယန္တရားဟာ ပြည်သူလူထုအားလုံးအတွက် မခံမရပ်နိုင် ဖြစ်ခဲ့ပြီး ပြည်သူလူထုတဦးချင်းစီရဲ့ အသက်နဲ့ ခန္ဓာဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့  စတေးခံရတဲ့အနေအထားကို ရောက်လာခဲ့တယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။


အခုလို အနစ်နာခံ ပေးဆပ်ခဲ့တာတွေ ထိထိရောက်ရောက်ဖြစ်စေဖို့ တော်လှန်ရေးပန်းတိုင် မရောက်မခြင်း အလျော့မပေးဘဲ ဆက်လက်ချီတက် တိုက်ပွဲဝင်ကြမယ်လို့လည်း နှိုးဆော်ထားပါတယ်။ 


စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ အာဏာသက်ဆိုးရှည်ဖို့အတွက်ဆိုရင် ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ချနင်းဖို့ ဝန်မလေးဘူးဆိုတာ ကျွန်တော်တို့အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ဖြစ်တယ်လို့လည်း ရှင်းပြထား ပါတယ်။


အဲဒီလို လုပ်ရပ်မျိုးတွေ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင် ကာလတွေမှာလည်း တောင်တန်းဒေသတွေမှာ တွေ့ကြုံ ခံစား ခဲ့ရပြီး လက်ရှိအချိန်မှာ တောင်တန်းနဲ့ ပြည်မဟာ အဖိနှိပ်ခံယန္တရားလက်အောက်မှာ တပြေးညီ နှိပ်စက်ညှင်းပန်းခံနေတာ ကြောင့် လူထုဟာ မိမိကိုယ်ကို ခုခံပိုင်ခွင့်ကို အသုံးပြုပြီး ခုခံတော်လှန်မှုကို စတင်ခဲ့တာဖြစ်ပါတယ်။


လက်ရှိ ဆင်နွှဲနေတဲ့ ခုခံတော်လှန်စစ်ဟာ တောင်တန်း ပြည်မ ပေါင်းစည်းပြီး စစ်အာဏာရှင်ယန္တရားကို စစ်ရေး၊ နိုင်ငံရေး နည်းတွေနဲ့ ခုခံတော်လှန်တဲ့ တော်လှန်ရေးလှိုင်းကြီး‌ဖြစ်ပြီး တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့အတူ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ ညီညီညွတ်ညွတ် ခုခံတော်လှန်ခဲ့ကြတာကြောင့် အကြမ်းဖက်စစ်တပ်အနေနဲ့ စစ်ရေး သမိုင်းမှာ မကြုံဖူးတဲ့ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း နိုင်ငံတော်ယာယီ သမ္မတ ဒူဝါလရှီးလ က ပြည်သူလူထုကို အားပေးစကား ပါးထားပါတယ်။ 

ဒေသတွင်းနိုင်ငံတွေဟာ ကိုယ်ကျိုးစီးပွားကို ရှေ့ရှုပြီး အကြမ်းဖက်စစ်တပ်ကို စစ်ရေးနည်းပညာတွေ အကူအညီတွေ ထောက်ပံ့ပေးနေတာတွေ့ရတဲ့အတွက် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာတိုင်းရင်းသား ပြည်သူတွေ မျှော်လင့်ချက်မဲ့ အခြေအနေမျိုးဖြစ်အောင် မလုပ်ဖို့လည်း နိုင်ငံတော်ယာယီ သမ္မတ ဒူဝါလရှီးလ က ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကို အနူးညွှတ် မေတ္တာရပ်ခံထားပါတယ်။

အခုဆိုရင် အကြမ်းဖက် မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေးအကူအညီတွေ ရယူဖို့ ကြိုးစားနေရုံတင် မဟုတ်ဘဲ ပြည်တွင်းမှာလည်း နိုင်ငံရေးအသက်ရှုပေါက်ချောင်လည်အောင် ကြိုးစားနေတာတွေ့ရပြီး အတုအယောင်ရွေးကောက်ပွဲကို ဟန်ပြကျင်းပပြီး ပြည်သူလူထုကို လှည့်စားဖို့ကြိုးစားနေချိန်ဖြစ်ပါတယ်။ 

ဒီအတုအယောင် ရွေးကောက်ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်ဘဲ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလိုဖြစ်နေတာကြောင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ စစ်အာဏာရှင်တွေရဲ့ မျက်နှာကိုမကြည့်ဘဲ မြန်မာ ပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့၊ မြန်မာနိုင်ငံရဲ့ အနာဂတ်လမ်းပြမြေပုံဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက် ဖို့ ဝိုင်းဝန်းကူညီပေးဖို့ နိုင်ငံတော်ယာယီ သမ္မတ ဒူဝါလရှီးလ က အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းကိုလည်း တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ခန္တီးခရိုင်ထဲက အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုတွေရှိရင် တိုင်ကြားနိုင်တယ်လို့ ခန္တီးခရိုင် အမှတ် တပ်ရင်း ပြော


စက်တင်ဘာလ ()ရက်

 

စစ်ကိုင်းတိုင်း ခန္တီးခရိုင်အတွင်းမှာ နေထိုင်ကြသူတွေအနေနဲ့ ထိခိုက်နစ်နာမှုတွေရှိရင် တိုင်ကြားနိုင်တယ်လို့ ဟုမ္မလင်း မြို့နယ်မှာအခြေစိုက်တဲ့ ခန္တီးခရိုင် အမှတ် တပ်ရင်းက ဒီနေ့ စက်တင်ဘာ မှာ ကြေညာလိုက်ပါတယ်။ 


ခန္တီးခရိုင် အမှတ် တပ်ရင်းက တာဝန်ယူထားတဲ့ ကာကွယ်ရေးဝန်ဆောင်မှု ပေးနေတဲ့ စိုးမိုးထိန်းချုပ်နယ်မြေက ပြည်သူ တွေရဲ့ တိုင်ကြားမှုကို လက်ခံပေးပါမယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။


ကျနော်တို့ရင်းရဲ့ စိုးမိုးထိန်းချုပ်နယ်မြေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မတရားခံရတာတွေ၊ အခွင့်အာဏာရှိသူ‌တွေရဲ့ အလွဲသုံးစားဆောင်ရွက်မှုတွေ၊ ဖိနှိပ်ခံရတာတွေကို တပ်ရင်းရဲ့ ထောက်လှမ်းရေးတာဝန်ခံ - IO ဆီမှာတိုင်ကြားလို့ ရပါတယ် လို့ အသိပေးပါတယ်။


သတင်းအချက်အလက် ခိုင်လုံမှု ရှိ၊မရှိ၊ ပုဂ္ဂိုလ်ရေးမလိုမုန်းထားမှု အပေါ်အခြေခံခြင်း ရှိ၊မရှိ စတာတွေကိုတော့ IO က စနစ် တကျ လက်ခံစိစစ်မှာဖြစ်ပြီး တိုင်ကြားသူတွေရဲ့ လုံခြုံရေးကို တပ်ရင်းက အာမခံတယ်လို့လည်း ဆိုပါတယ်။


တပ်ရင်းစိုးမိုးနယ်မြေအတွင်းမှာ ဖြစ်နေတဲ့ မမှန်ကန်မှုတွေပဲ ဖြစ်ဖြစ်၊ ဖြစ်ပြီးသားတွေပဲဖြစ်ဖြစ် သေသေချာချာ ကျကျနန အထောက်အထားတွေနဲ့ တိုင်ကြားလို့ရပါတယ်။ ဘာမှစိုးရိမ်ကြောင့်ကြစရာမလိုပါဘူး။ တပ်ရင်းအနေနဲ့ ပြည်သူ‌တွေဘက် မှာ မားမားမတ်မတ် ရပ်တည်ပေးပါမယ်လို့ တပ်ရင်းတာဝန်ရှိသူက ရှင်းပြပါတယ်။

 

ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေ ဖြစ်တာနဲ့အညီ ရန်သူတွေကို တိုက်ခိုက်တာတင်မက စိုးမိုးနယ်မြေအတွင်းက ပြည်သူထုထုကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးမယ့် ကာကွယ်ရေးဝန်ဆောင်မှုလည်း ပေးမယ်လို့ ခန္တီးခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၃။ဖြူဖြူကျော်သိန်းရဲ့ ဆစ်ဒနီဖျော်ဖြေပွဲကရရှိလာတဲ့ ရန်ပုံငွေနဲ့ ရခိုင်ပြည်က စစ်ဘေးရှောင်တွေကို ဆန်နဲ့ အမိုး အကာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ဆို


စက်တင်ဘာလ ()ရက်


ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြီးခဲ့တဲ့ ဧပြီလတုန်းကကျင်းပခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဖျော်ဖြေပွဲကရရှိလာတဲ့ ရန်ပုံငွေနဲ့ ရခိုင်ပြည်က စစ်ဘေးရှောင်တွေကို ဆန်နဲ့ အမိုး အကာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ Phyu Phyu in Australia က ဒီနေ့ စက်တင်ဘာ မှာ ထုတ်ပြန်ပါတယ်။ 

ကျောက်ဖြူ၊ ပေါက်တော၊ အမ်းနဲ့ ရမ်းဗြဲ မြို့နယ်တွေမှာ Phyu Phyu in Australia Tour က ဇူလိုင်လ လယ်ပိုင်းမှာ HDCO ကို လှူဒါန်းထားတဲ့ ကျပ်သိန်းတထောင်ကျော်ကို စီမံခန့်ခွဲထောက်ပံ့မှု အခြေအနေဆိုပြီး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ 

ဒီငွေထဲကနေ ကျပ်သိန်း ရာကျော်ကို ကျောက်ဖြူ၊ ပေါက်တော၊ အမ်းနဲ့ ရမ်းဗြဲမြို့နယ်တို့က စစ်ဘေးဒုက္ခ သည်တွေကို ခွဲဝေထောက်ပံ့ကူညီခဲ့တယ်လို့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုး‌ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး - HDCO ကလည်း မနေ့ စက်တင်ဘာ ရက်‌နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီ မြို့နယ် ခုက ရွာပေါင်း ၄၁ ရွာ၊ အိမ်ထောင်စု တထောင့်၅ရာ ၄၈ စု၊ လူဦးရေ ၄ထောင့် ၃ရာ ၃၄ ဦးကို ဆန် တထောင့် ၅ရာ ၇၆ ဒသမ ၁၆ အိတ်၊ အိမ်မိုးဓနိ/အုန်း ၄ထောင့် ၈ရာ ၅၀ ချပ်၊ ဝါး ၅၇၀ လုံး၊ တာပေါ်လင် ချပ်၊ ဖျာ ၁၆ ချပ်ထောက်ပံ့ ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ကျပ်သိန်း ရာ ၂ဆယ်ကျော်ဖိုး ထောက်ပံ့ကူညီမှုတွေလုပ်ထားပြီး ဆက်လက်ကူညီပေးမှာတွေရှိသေးတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က အသိပေးထားပါတယ်။

အရပ်သားပြည်သူတွေအနေနဲ့ ကြီးမားတဲ့အခက်အခဲတွေနဲ့ကြုံနေရချိန်မှာ လူထုကောင်းကျိုးအတွက် မေတ္တာစေတနာ ရှေ့ထား လှူဒါန်းပေးတဲ့ Phyu Phyu in Australia ကို ကျေးဇူးတင်ကြောင်း HDCO က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩၁။⁨⁨⁨ ပေါက် - ဆိပ်ဖြူလမ်းပိုင်းမှာ ဖြစ်တဲ့တိုက်ပွဲ  စစ်သား ၁ဝ သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ဦး ကျဆုံး


စက်တင်ဘာလ ()ရက်


မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်းက ပေါက် - ဆိပ်ဖြူလမ်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်သား ၁ဝ သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ဦး ကျဆုံးခဲ့တယ်လို့ တောင်ညိုနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။ 

ဩဂုတ်လ ၂၈ ရက်နေ့က ပေါက်မြို့နယ် တယ်ပင်ကန်ရွာတောင်ဘက် ပေါက် - ဆိပ်ဖြူလမ်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲ နဲ့ပတ်သက်လို့ တောင်ညိုနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ စက်တင်ဘာ ရက်မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပေါက် - ဆိပ်ဖြူလမ်းအနီးမှာ စစ်ယာဥ်တန်းမှာပါတဲ့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ - ၂၅၄ တပ်ရင်းက အင်အား ၈၀ ခန့်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။ 

တနာရီခွဲခန့်ကြာတဲ့ အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရသွားတာကို မျက်မြင် တွေ့ခဲ့တယ်လို့ လည်း တောင်ညိုနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။

တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများသလို ပခုက္ကူခရိုင် အမှတ် တပ်ရင်းနဲ့ ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်း က ရဲဘော် ဦး ကျဆုံးပြီး ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်းက ရဲဘော်တဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တပ်မ ၁၀၁ လက်အောက်ခံ ခလရ - ၂၅၄ တပ်ရင်းက အင်အား ၈၀ ခန့်ကို ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတပ် တပ်ခွဲ - ၃၊ ပခုက္ကူခရိုင် စစ်ဌာန စစ်ကြောင်း - ၄၊ ပခုက္ကူခရိုင် အမှတ် - တပ်ရင်း၊ ပခက္ကူခရိုင် အမှတ် -၁၂ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် - ၁၄ တပ်ရင်း၊ ပေါက်မြို့နယ် ပကဖ နဲ့ မြိုင်မြို့နယ် ပကဖ တို့ပတဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၂။⁨⁨ ကျောက်မဲမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေ‌ကြောင်းတိုက်ခိုက်မှုကြောင့် အိမ်တချို့ ပျက်စီး


စက်တင်ဘာလ ()ရက်


ရှမ်းမြောက်ဒေသက TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ အကြမ်းဖက် စစ်တပ်ရဲ့ လေ‌ကြောင်းတိုက်ခိုက်မှု ကြောင့် အိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသတသင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့ စက်တင်ဘာ ရက် ညနေ နာရီဝန်းကျင်မှာ ကျောက်မဲမြို့ပေါ် အမှတ် ရပ်ကွက် မြောက်ကုန်းဘက်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူပိုင်အိမ်တွေပျက်စီးသွားပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ်ထဲက နောင်ပိန်နဲ့ ပင်တိန်ကျေးရွာဘက်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျောက်မဲမြို့ပေါ်က ဒေသနေပြည်သူအများစု စစ်ဘေးရှောင်နေချိန်မှာ စစ်တပ်က ကျောက်မဲမြို့ ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

စစ်တပ်ဘက်က ကျောက်မဲမြို့ပေါ်ကို ပြီးခဲ့တဲ့ ဩဂုတ် ၂၅ရက်နေ့က ဗုံးကြဲခဲ့တာရှိပြီး အခု ထပ်ကြဲသွားတာလို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လအတွင်းမှာ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေကို ကြိမ်တိုင် လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့သလို ပြည်သူပိုင်အိမ်တွေ၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ပျက်စီးခဲ့တယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။

ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာကို စက်တင်ဘာလ ရက်နေ့ မနက်ပိုင်းက ပေါင် ၂၅၀ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာဆိုရင် စေတီပုထိုးတွေ ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ဘက် က ထုတ်ပြန်ကြေညာခဲ့ပါတယ်။


========================


🚩🚩၃။ မောင်တောမြို့နယ်မှာ စစ်ပွဲလက်ကျန် မြေမြှပ်မိုင်း အလုံး ၁၂၀ ကျော် AA ရှင်းလင်း


စက်တင်ဘာလ ()ရက်


ရခိုင်ပြည် မောင်တောမြို့နယ်အတွင်းမှာ စစ်ပွဲလက်ကျန် မြေမြှပ်မိုင်း အလုံး ၁၂ဝ ကျော်ကို ရခိုင့်တပ်တော် AA က ရှင်းလင်း ဖယ်ရှားခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။


စက်တင်ဘာ ရက်နဲ့ ရက် ရက်အတွင်းမှာ မြေမြှပ်မိုင်း ၁၂၈ လုံးကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 


အဲဒီမိုင်းတွေဟာ မောင်တောမြို့နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်က ထောင်ထားခဲ့တဲ့ မိုင်းတွေဖြစ်တယ်လို့ ရခိုင်ဘာသာနဲ့ဖော်ပြနေတဲ့ ဒေသတွင်းသတင်းဌာန အာရက္ခမင်းသမီးမီဒီယာ APM မှာ ဖော်ပြထား ပါတယ်။

 

မောင်တောဒေသမှာဖြစ်ခဲ့တဲ့ တိုက်ပွဲကာလအတွင်းမှာ အကြမ်းဖက်စစ်တပ်ဟာ သူတို့တပ်စွဲခဲ့တဲ့နေရာတွေအပြင် တပ်ဆုပ်ရာလမ်းတလျောက်မှာရှိတဲ့ တော တောင်တွေနဲ့ အရပ်သားပြည်သူတွေ သွားလာလုပ်ကိုင်ရာ လယ်ယာတွေမှာ မြေမြှုပ်မိုင်းတွေကို ရည်ရွယ်ချက်ရှိရှိ ထောင်ထားခဲ့သလို စစ်ကျန်လက်နက်တွေကိုလည်း မဆင်မခြင် စွန့်ပစ်ထားခဲ့တာကြောင့် ဒေသနေပြည်သူတွေ မိုင်းနင်းမိပြီး ထိခိုက် သေဆုံးမှုဖြစ်စသ်တွေရှိခဲ့တယ်လို့ သိရပါတယ်။


အခုလည်း မောင်တောမြို့နယ် လေးမိုင်စခန်းရှိရာ ကားလမ်းမဘေးနဲ့ သစ်တောရွာဝင်ဝ ကားလမ်းဘေးနေရာတွေမှာ အာရက္ခစစ်သည်တော်တွေ မိုင်းရှင်းလင်းရေးလုပ်ရာက မြေမြှုပ်မိုင်းတွေ ရှာဖွေတွေ့ရှိခဲ့တာလို့လည်း အသိပေးပါတယ်။


စက်တင်ဘာ ရက်နေ့က မောင်တောမြို့နယ် သစ်တောရွာဝင်ဝ ကားလမ်းဘေးမှာ မြေမြှုပ်မိုင်း ၈၅ လုံးနဲ့ စက်တင်ဘာ ရက်နေ့မှာ လေးမိုင်စခန်းရှိရာ ကားလမ်းမဘေးက မြေမြှုပ်မိုင်း ၄၃ လုံးကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ရခိုင်ပြည်အတွင်းက မြို့နယ်တိုင်းမှာ မိုင်းအန္တရယ်ဆိုင်ရာ ပညာပေး ဟောပြောပွဲတွေပြုလုပ်နေပြီး မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်တွေ စိုက်ထူတာ၊ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေ လုပ်နေသလို ရခိုင့်တပ်တော်က တပ်ဖွဲ့ဝင်တွေကလည်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ် လို့ သိရပါတယ်။


========================


🚩🚩၄။⁨⁨ သရက်ချောင်းမြို့နယ်အတွင်း တိုက်ပွဲ ကြိမ်ဖြစ်ခဲ့ရာမှာ စစ်သား ဦးထက်မနည်းသေဆုံးပြီး ဦး အရှင်ဖမ်းမိ


စက်တင်ဘာလ ()ရက်


တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း တိုက်ပွဲ ကြိမ်ဖြစ်ခဲ့ရာမှာ စစ်သား ဦးထက်မနည်း သေဆုံးပြီး ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ စက်တင်ဘာ ရက်မှာ ထုတ်ပြန်လာပါတယ်။

သရက်ချောင်းမြို့နယ်အတွင်းကို ဩဂုတ်လ ၁၂ ကနေ ၂၅ ရက်အထိ ၁၄ ရက်ကြာ စစ်ကြောင်းထိုးလာတဲ့ တော်လှန်ရေး တပ်တွေ လိုက်လံတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

သရက်ချောင်းမြို့နယ်အခြေစိုက် ခမရ - ၄၀၃၊ ၄၀၄ နဲ့ ၄၀၅ တပ်က စစ်သားတွေပါတဲ့စစ်ကြောင်းဟာ ဩဂုတ်လ ၁၂ ရက် မနက်ပိုင်းမှာ ကဇိရွာကို ရောက်ရှိလာခဲ့ပြီး စစ်ကြောင်းထိုးလဲ့ရာမှာ ဥတ္တူရွာအရောက်မှာ တော်လှန်ရေးတပ်တွေနဲ့ ခဏတာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သလို ကျော်လှေကါးတောင်ကို ကျော်လာတဲ့ ရန်သူစစ်ကြောင်းနဲ့လည်း အင်းပြားရွာအနီးမှာ တိုက်ပွဲ ထပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကြောင်းဟာ စစ်ကြောင်း ခုခွဲပြီး ဥတ္တူရွာဘက်ကို စစ်ကြောင်း ကြောင်း၊ စော်ဖျားရွာအနီးကို စစ်ကြောင်း တကြောင်းခွဲထွက်ပြီး စော်ဖျားရွာကနေ မိုးရွှေကုန်းရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေပစ်ဖောက် ဝင်လာတဲ့အတွက် တတိယအကြိမ် တိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးပါတယ်။

ဒီတိုက်ပွဲမှာ စစ်သားတွေအထိနာသွားပြီး ခြေဦးတည့်ရာထွက်ပြေးသွားကြောင့် နယ်မြေရှင်းလင်းချိန်မှာ စစ်သားအလောင်း လောင်း၊ MA 4 တလက်၊ MA 1 တလက်အပြင် စစ်မှုထမ်းတပ်သား ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲပြင်းထန်ပြီး ရန်သူစစ်သားတွေအထိနာသွားတဲ့အချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ မိုးရွှေကုန်းရွာထဲကို ဂျက်ဖိုက်တာ နဲ့ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖယိုဖရဲထွက်ပြေးနေတဲ့ ရန်သူစစ်သားတွေကို တော်လှန်ရေးတပ်တွေ လိုက်လံချေမှုန်းချိန်မှာ စစ်တပ်ဘက်က အင်အား ၁၂ဝ ခန့် စစ်ကူရောက်လာပြီး မိုးရွှေကုန်းရွာထဲက အိမ်တွေကို ဖောက်ထွင်းပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူကာ အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဖမ်းဆီးထားတဲ့ အရပ်သား ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အသိပေးပါတယ်။ 

အကြမ်းဖက်စစ်သားတွေ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးနေချိန်မှာ TS Wing အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိပြီး ရန်သူစစ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ ရန်သူစစ်သားတွေကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ မဟာမိတ်ပူးပေါင်း အဖွဲ့တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုများသလို တော်လှန်ရေးတပ်ဘက်က ရဲဘော် ဦး ကျဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစု ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment