၂၀၂၅ စက်တင်ဘာလ ၆ ရက်နေ့ မနက်ခင်း သတင်းလွှာ


၂၀၂၅ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအား စိုးရိမ်ကြောင်း CRPH ထုတ်ပြန်

📌 ၂။ စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲ ကြေညာပြီးနောက် အကြမ်းဖက်မှု ကိန်းဂဏန်းများ သိသာစွာ မြင့်တက်လာဟု NUG ထုတ်ပြန်

📌 ၃။ NUG ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆောင်သော CDMဆရာဝန်များအဖွဲ့မှ မွေးရာပါ ဦးနှောက်အတွင်း အရည်စုပြုံသောရောဂါ (Hydrocephalus) ရောဂါရှင် ကလေးငယ်ကို အခမဲ့‌ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့

📌 ၄။ ကိုရီးယားနှင့် WFP ပူးပေါင်း၍ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီအစီအစဉ်သစ် စတင်

📌 ၅။ အခြေခံစက်ချုပ်သင်တန်းအတွက် သင်တန်းသားများ ပြည်သူ့ပန်းတိုင်မှ ခေါ်ယူ


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အာရှလမ်းသစ်ထိုးစစ်တွင် စစ်ကောင်စီတပ်သားများ မူးယစ်ဆေးသုံးပြီး အကာကွယ်မဲ့ တိုက်ခိုက်နေ

🚩 ၂။ NMSP-AD/RMA က စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်း

🚩 ၃။ ညောင်လေးပင် - ရွှေကျင်ကားလမ်း‌ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ()ဦး‌ သေဆုံးပြီး လက်နက် ()လက် သိမ်းဆည်းရရှိ

🚩 ၄။ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား () ဦး သေဆုံး၊ () ဦး ဒဏ်ရာရရှိ

🚩 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၄) တပ်ရင်း ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားကျင်းပ

🚩 ၆။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရန်ကုန်ပကဖ ရဲဘော်များအား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေရုံးမှ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဘက်ဆိုင်ရာ ဥပဒေသင်တန်း ပို့ချသင်ကြား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအား စိုးရိမ်ကြောင်း CRPH ထုတ်ပြန်


စက်တင်ဘာ  

Radio NUG 


အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ အချိန်တွင် ဆိုးဝါးသော နှလုံးကျန်းမာရေးအခြေအနေကို ခံစားနေရပြီး လုံလောက်ကောင်းမွန်သော ဆေးကုသမှုမရရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ သားဖြစ်သူ ကင်မ်အဲရစ် () ကိုထိန်လင်းက အသိပေးချက်ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည့်အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီအနေဖြင့် များစွာ စိုးရိမ်ပူပန်မိကြောင်း စက်တင်ဘာလ ၅ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။


အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုက ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံတော်အစိုးရထံမှ ဥပဒေမဲ့အာဏာသိမ်းယူခဲ့သည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ စုစုပေါင်း (၂၉,၆၂၈) ဦးကို ဥပဒေမဲ့ ဖမ်းဆီးကာ ယခုထိတိုင် ပြည်သူ (၂၂,၃၆၆) ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ဖမ်းဆီးထားသူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ မိသားစုနှင့် တွေ့ဆုံခွင့်မပေးခြင်း၊ ဆိုးရွားသော အခြေအနေများတွင် ထားရှိခြင်းသာမက အသက်အန္တရာယ်ရှိသော ရောဂါဝေဒနာခံစားနေရသူများကိုလည်း လုံလောက်သော ဆေးကုသခွင့်မပေးခြင်းအပြင် ထောင်တွင်းသေဒဏ် (၁၂၉) ဦးနှင့် မျက်ကွယ်သေဒဏ် (၄၄) ဦး ကျခံနေရဆဲဖြစ်ကာ ပြည်သူ (,၁၈၅) ဦးသည် အာဏာသိမ်းကာလအတွင်း ဖမ်းဆီးထိန်းချုပ်ထားစဉ် သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဆိုထားပါတယ်။


ထုတ်ပြန်ချက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် တရားဝင်နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ထိတိုင် ပြည်သူအများစု၏ ထောက်ခံမှုကို အခိုင်အမာရရှိထားပြီး မြန်မာ့အရေးဖြေရှင်းမှုတွင် အဓိကကျသော လူထုခေါင်းဆောင်တစ်ဦးအဖြစ် အခိုင်အမာယုံကြည်‌ကြောင်း ဖော်ပြထားပါတယ်။


ယခုကဲ့သို့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့မှစ၍ ယနေ့ထိတိုင် ရက်ပေါင်း (,၆၇၈) ရက်ကြာ ဆိုးရွားသော အခြေအနေဖြင့် ဖမ်းဆီးအကျဉ်းချထားရုံမျှမက ယခုကဲ့သို့ အသက်အန္တရာယ်ရှိသော နှလုံးရောဂါကို ခံစားနေရချိန်တွင် လုံလောက်သော ဆေးကုသခွင့်မပေးခြင်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီမှ အပြင်းအထန် ရှုတ်ချထားပါတယ်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အား ယခုကဲ့သို့ ကောင်းမွန်လုံလောက်သော ဆေးကုသမှုပေးရန်ငြင်းဆိုခြင်းသည် နိုင်ငံရေးအရ ရည်ရွက်ချက်ရှိရှိ နှိပ်ကွပ်ခြင်း (Political Persecution) ပင်ဖြစ်ပြီး အကျိုးသက်ရောက်မှု အားလုံးကို အကြမ်းဖက် စစ်ကောင်စီအနေဖြင့် အပြည့်အဝတာဝန်ခံရမည် ဖြစ်တယ်လို့ သတိပေးထားပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ အားလုံးပါဝင်သည့် နိုင်ငံရေးဖြေရှင်းမှုမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အား တည်ဆောက်နိုင်ရေးနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရန် အစဉ်တစိုက် တောင်းဆိုကြိုးပမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လက်ရှိ အချိန်တွင် မိမိတို့နိုင်ငံ၌ ပဋိပက္ခများအဆုံးသတ်နိုင်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ဖမ်းဆီးခံထားရသည့် နိုင်ငံ့ခေါင်းဆောင်များ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်သည် အရေးကြီးသည့် ပထမဆုံးလုပ်ငန်းစဉ်အဖြစ် မှတ်ယူတယ်လို့ ဆိုပါတယ်။

 

အကြမ်းဖက်စစ်အုပ်စုသည် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ထုတ်ဖော်ပြောကြားနေသော်လည်း လက်တွေ့တွင်မူ ကြီးမားသော ဖိနှိပ်မှုများ၊ ရာဇဝတ်မှုမြောက်သော အကြမ်းဖက်မှုများ၊ လူအမြောက်အမြားသေစေသည့် လေကြောင်းတိုက်ခိုက်မှုများကို ကျူးလွန်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း၊  အကြမ်းဖက်စစ်အုပ်စု၏ နေ့စဉ်ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် လုပ်ရပ်များ အမြန်ဆုံးရပ်တန့်နိုင်ရေး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး၊ အင်အားစုအားလုံး၏ ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် လက်တွေ့ကျကျ ကူညီဆောင်ရွက်ခြင်းဖြင့် မြန်မာ့အရေးအမြန်ဆုံးဖြေရှင်းမှုအား ဆက်လက် ကူညီပေးကြရန် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများကို တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲ ကြေညာပြီးနောက် အကြမ်းဖက်မှု ကိန်းဂဏန်းများ သိသာစွာ မြင့်တက်လာဟု NUG ထုတ်ပြန်


စက်တင်ဘာ  

Radio NUG 


အကြမ်းဖက်စစ်ကောင်စီက တရားမဝင်ရွေးကောက်ပွဲ ကျင်းပရန် ကြေညာပြီးနောက် ၎င်းတို့၏ အရပ်သားများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ သိသာစွာ တိုးမြင့်လာနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ စက်တင်ဘာလ ၅ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။


၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်အထိ နောက်ဆုံးပြုလုပ်ထားသည့် အချက်အလက်များတွင် လေကြောင်းတိုက်ခိုက်မှု ,၄၀၂ မှုဖြစ်ပြီး သေဆုံးသူ ,၆၈၉ ဦး ရှိကာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၄၆ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။


ထို့ပြင် စာသင်ကျောင်း ၂၈၉ ကျောင်း၊ ဆေးရုံနှင့် ဆေးခန်း ၁၁၂ ခုနှင့် ဘာသာရေး အဆောက်အအုံ ၅၂၁ ခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄၃၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ,၆၄၂ ဦး ရှိကာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၅၀၇ ဦးနှင့် အမျိုးသမီး ၈၁၂ ဦး ပါဝင်တယ်လို့ အသိပေးထားပါတယ်။


ထို့အတူ အဓမ္မစစ်သား စုဆောင်းမှု ,၆၀၁ မှု ဖြစ်ပွားခဲ့ပြီး စုဆောင်းခံရသူ ၃၀,၅၂၀ ဦး ရှိကာ မန္တလေးတိုင်းသည် အဓမ္မစစ်သား စုဆောင်းမှု အများဆုံး ဖြစ်ပွားသည့် ဒေသဖြစ်သလို ရခိုင်ပြည်နယ်သည် ဒုတိယ အများဆုံး ဖြစ်တယ်လို့ ဆိုထားပါတယ်။


လူ့အခွင့်အရေး ချိုးဖောက်မှု ၂၀,၈၅၄ မှု ဖြစ်ပွားခဲ့ပြီး၊ တရားလက်လွတ် သတ်ဖြတ်မှု (Extrajudicial Killing) ,၈၇၃ မှုသည် အများဆုံး ချိုးဖောက်မှု အမျိုးအစားဖြစ်ကာ စစ်ကိုင်းတိုင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ဖြစ်ပွားသည့် ဒေသဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ NUG ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆောင်သော CDMဆရာဝန်များအဖွဲ့မှ မွေးရာပါ ဦးနှောက်အတွင်း အရည်စုပြုံသောရောဂါ (Hydrocephalus) ရောဂါရှင် ကလေးငယ်ကို အခမဲ့‌ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့


စက်တင်ဘာ  

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင် ဦးဆောင်သည့် CDM ဆရာဝန်များအဖွဲ့သည် လွတ်မြောက်နယ်မြေတစ်ခုတွင် မွေးရာပါ ဦးနှောက်အတွင်း အရည်စုပြုံသောရောဂါ (Hydrocephalus) ခံစားနေရသည့် ကလေးငယ်တစ်ဦးကို အခမဲ့အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။


ဒေါက်တာခင်မောင်လွင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်တော်လှန်ရေးထဲမှာ နိုင်ရာဝင်ကူကြရင်း ဒါလေးတွေနဲ့ပဲ Moti ယူ။ All FOC ပါ။ Congenital Hydrocephalus ပါ။ Ventriculoperitoneal Shunt ထည့်ထားတာပါလို့ ရေးသားဖော်ပြထားပါတယ်။


ထိုခွဲစိတ်ကုသမှုသည် စစ်အာဏာသိမ်းပြီးနောက် အစိုးရဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းများ ပါဝင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် ကျန်းမာရေးပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုကို ထင်ရှားစေပြီး ၎င်းတို့သည် လွတ်မြောက်နယ်မြေများတွင် အသက်အန္တရာယ်ကြားမှ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။


ထိုအဆင့်မြင့်ခွဲစိတ်ကုသမှုကို တော်လှန်ရေးနယ်မြေအတွင်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းသည် စစ်ဘေးဒဏ်ခံနေရသည့် ပြည်သူများအတွက် မျှော်လင့်ချက်အလင်းရောင်တစ်ရပ်ဖြစ်လာပြီး၊ CDM ဆရာဝန်များ၏ အနစ်နာခံမှုအတွက် အရေးပါသော မှတ်တိုင်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။


========================


📌📌 ၄။ ကိုရီးယားနှင့် WFP ပူးပေါင်း၍ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီအစီအစဉ်သစ် စတင်


စက်တင်ဘာ  

Radio NUG 


ကိုရီးယားသမ္မတနိုင်ငံနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့သည် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို တုံ့ပြန်ရန် “REACH” ဟုအမည်ပေးထားသည့် အရေးပေါ်အကူအညီအစီအစဉ်သစ်တစ်ခုကို စတင်လိုက်ကြောင်း စက်တင်ဘာလ ၅ရက်နေ့တွင် ထုတ်ပြန်ကြေညာပါတယ်။


ကိုရီးယားသမ္မတနိုင်ငံ၏ အမေရိကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေပံ့ပိုးမှုဖြင့်၊ REACH အစီအစဉ်သည် ပဋိပက္ခဒဏ်နှင့် ငလျင်ဒဏ်သင့်ဒေသများရှိ လူဦးရေ ၃၀၀,၀၀၀ ခန့်ကို နှစ်လစာ စားနပ်ရိက္ခာနှင့်/သို့မဟုတ် ငွေသားထောက်ပံ့မှုများ ပေးအပ်မှာ ဖြစ်သည့်အပြင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးငယ်များအပါအဝင် လူဦးရေ ၂၄,၀၀၀ ကို အာဟာရချို့တဲ့မှု ကာကွယ်ရေးနှင့် ကုသရေး အကူအညီများ ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


WFP သည် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs) နှင့်ပူးပေါင်း၍ အကူအညီလိုအပ်နေသူများထံ တိုက်ရိုက်ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


နောက်ဆုံးထုတ်ပြန်ထားသည့် Hunger Hotspots Report အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသူ လူဦးရေ ပဉ္စမမြောက် အများဆုံးရှိသည့်နိုင်ငံအဖြစ် သတ်မှတ်ခံရကြောင်း အသိပေးထားပါတယ်။


လက်ရှိတွင် လူဦးရေ ၁၆. သန်းတွင် လူသုံးဦးလျှင် တစ်ဦးနှုန်းသည် ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး၊ ၎င်းသည် ၂၀၂၄ ခုနှစ်က လူဦးရေ ၁၃. သန်းထက် သိသာစွာ တိုးမြင့်လာခြင်းဖြစ်ကာ ၎င်းတို့အနက် . သန်းသည် နေ့စဉ်ထမင်းတစ်နပ်အတွက် ရုန်းကန်နေရသည့် အရေးပေါ်အခြေအနေတွင် ရှိနေတယ်လို့ သိရပါတယ်။


ထို့အပြင် အခြေခံစားနပ်ရိက္ခာ၏ ပျမ်းမျှကုန်ဈေးနှုန်းသည် ၂၀၂၁ ခုနှစ်အစောပိုင်းနှင့် နှိုင်းယှဉ်ပါက လေးဆအထိ မြင့်တက်လာခဲ့ပြီး၊ သန်းနှင့်ချီသော ပြည်သူများသည် အခြေခံစားသောက်ဖွယ်ရာများကိုပင် ဝယ်ယူရန် ခက်ခဲနေတယ်လို့ ဆိုပါတယ်။


========================


📌📌 ၅။ အခြေခံစက်ချုပ်သင်တန်းအတွက် သင်တန်းသားများ ပြည်သူ့ပန်းတိုင်မှ ခေါ်ယူ


စက်တင်ဘာ  

Radio NUG 


ပြည်သူ့ပန်းတိုင် ပေါင်းစည်းလမ်းအသက်မွေးသင်တန်းဌာနမှ “CDM စစ်သား၊ ရဲ နှင့် မိသားစုဝင်များ၊ အရပ်ဖက် CDM ဝန်ထမ်းနှင့် စစ်ဘေးရှောင်များအတွက်အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ()” ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်လ်ဇော်လ်မြို့ တွင် ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ပါတယ်။


အသက်မွေးသင်တန်းအပတ်စဉ်တစ်ခုလျှင် သင်တန်းသား ပျမ်းမျှ (၁၀) ဦးလက်ခံ၍တရက် () နာရီ၊ တပါတ် () ရက်၊ ရက်သတ္တပါတ် () ပါတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပြီး အခြေခံစက်ချုပ်ခြင်းကို ပိုင်နိုင်ကျွမ်းကျင်မှု ရရှိစေရန် စာတွေ့ နှင့် လက်တွေ့ ပေါင်းစပ်၍ ဆွေးနွေးပို့ချပေးသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


သင်တန်းဘာသာရပ်များမှာ အခြေခံစက်ချုပ်ပညာရပ်များနှင့် ချည်ထိုး၊ ပန်းထိုး ပညာရပ်များ ဖြစ်ပြီး သင်တန်းတက်ရောက်လိုပါက ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ ၁၀ ရက် နေ့  နောက်ဆုံးထားကာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ အာရှလမ်းသစ်ထိုးစစ်တွင် စစ်ကောင်စီတပ်သားများ မူးယစ်ဆေးသုံးပြီး အကာကွယ်မဲ့ တိုက်ခိုက်နေ


စက်တင်ဘာ  

Radio NUG 


အာရှလမ်းမကြီးနှင့် ကော့ကရိတ်၊ ကျုံဒိုးမြို့တို့ကို ထိန်းချုပ်ရန် အာဏာသိမ်းစစ်ကောင်စီက အရှိန်မြှင့်ထိုးစစ်ဆင်နေသည့် စစ်ကြောင်းများတွင် တပ်ဖွဲ့ဝင်အချို့သည် စိတ်ကြွမူးယစ်ဆေးသုံးစွဲထားသည့် လက္ခဏာများဖြင့် အကာအကွယ်မယူဘဲ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်နေကြောင်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်များက ပြောကြားကြောင်း KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့် စစ်ကြောင်းများသည် ကျုံဒိုး-အင်းကြီး-ကျုံဘိုင်း ကျေးရွာလမ်းပိုင်း၊ ကော့ကရိတ်-လှိုင်စိမ်း-မိချောင်းအင်း လမ်းပိုင်း၊ အာရှလမ်း ကော့နွဲ-တတန်ကူးလမ်းပိုင်းနှင့် သင်္ဃန်းညီနောင်-ကွင်းကလေး လမ်းပိုင်းတို့တွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်တပ်က ရေနစ်တာ၊ နွံနစ်တာ၊ လယ်ကွက်ရေမြောင်းထဲ ကျည်ထိပြီး သေတာ၊ ရေနစ်သေတာတွေ တွေ့နေရတယ်လို့ သိရပါတယ်။


စစ်ကောင်စီ၏ ထိုးစစ်ကြောင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်ခြေမှုန်းတိုက်ခိုက်နေပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများကာ နေ့စဉ် တပ်ပြန်လှန်ကျမှုများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။


စက်တင်ဘာလ ရက်မှ ရက်အထိ ကျုံဒိုး၊ ကော့ကရိတ်၊ အာရှလမ်းနှင့် သင်္ဃန်းညီနောင်စသည့် စစ်မျက်နှာ ခုတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) မှ ဒုတိုင်းမှူး၊ စစ်ဒေသမှူး၊ ဗျူဟာမှူးနှင့် စစ်ကြောင်းမှူးများကိုယ်တိုင် ဦးစီးကွပ်ကဲနေတယ်လို့ သိရပါတယ်။


မြေပြင်စစ်ကြောင်းထိုးခြင်းအပြင် စစ်ကောင်စီသည် Y-12 ဗုံးကြဲလေယာဉ်၊ ဒရုန်းများ၊ လက်နက်ကြီးများနှင့် မစ်ဇိုင်းဒုံးများဖြင့်လည်း အဆမတန် စစ်ကူပစ်ခတ်တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်များက ဆိုထားပါတယ်။


========================


🚩🚩 ၂။ NMSP-AD/RMA က စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်း


စက်တင်ဘာ  

Radio NUG 


မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) က မွန်ပြည်သူလူထုတစ်ရပ်လုံးအား စစ်ကျွန်စနစ် သက်ဆိုးရှည်စေမည့် ဤရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုဘဲ၊ ၎င်းကို ဆန့်ကျင်ရန်နှင့် မွန်နိုင်ငံရေးပါတီများအနေဖြင့်လည်း ထိုအတုအယောင်ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်ထားမည့်အစား၊ ပြည်သူများနှင့်အတူ ဝိုင်းဝန်းဆန့်ကျင်ရန် စက်တင်ဘာလ ၅ရက်နေ့တွင် တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။


NMSP-AD/RMA ထုတ်ပြန်ချက်အရ၊ စစ်ကောင်စီမှ ပြုလုပ်မည့် ရွေးကောက်ပွဲသည် ၎င်းတို့ရင်ဆိုင်နေရသည့် နိုင်ငံရေးနှင့် စစ်ရေးအကျပ်အတည်းများကို ကျော်လွှားရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူရန် ရည်ရွယ်ထားသည့် အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။


ထို့ပြင်၊ ဤရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းရန်နှင့် စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေရန်၊ စစ်ကျွန်စနစ် သက်ဆိုးရှည်စေရန်သာ ရည်ရွယ်ထားပြီး၊ နိုင်ငံတွင်းပဋိပက္ခများကို ပိုမိုပြင်းထန်လာစေမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


NMSP-AD/RMA က ၎င်းရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ပါဝင်မည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန် လုပ်ဆောင်သည့် အဖွဲ့အစည်း/ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်တယ်လို့ ကြေညာထားပါတယ်။


NMSP-AD/RMA အနေဖြင့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ပြီး၊ ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများနှင့် လှုပ်ရှားနေသည့် နယ်မြေများတွင် ရွေးကောက်ပွဲ ပြုလုပ်ခြင်းကို လုံးဝလက်မခံဘူးလို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ညောင်လေးပင် - ရွှေကျင်ကားလမ်း‌ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ()ဦး‌ သေဆုံးပြီး လက်နက် ()လက် သိမ်းဆည်းရရှိ


စက်တင်ဘာ  

Radio NUG 


ပဲခူးတိုင်း၊ ‌‌‌‌‌ညောင်လေးပင် - ရွှေကျင်ကားလမ်း‌ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်() စစ်ဆင်ရေးနယ်‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၃) တပ်ရင်းက စက်တင်ဘာလ၊ ၅ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမှတ်() စစ်ဆင်ရေးနယ်မြေမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦး သေဆုံးခဲ့ပြီး လက်နက်ငယ် ()လက်နှင့် ခဲယမ်းများကိုသိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ အကြမ်းဖက်စစ်‌‌ကောင်စီ ဂိတ်စခန်းမှာ ဖြတ်သန်းသွားလာ‌နေသည့် ကားများကို ဆက်ကြေးတောင်းခံခြင်း၊ ပြည်သူများကို ပေါ်တာဆွဲ၊ ငွေညှစ်တောင်းခံခြင်းများကို အဓိကပြုလုပ်နေသည့် ဂိတ်စခန်းတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား () ဦး သေဆုံး၊ () ဦး ဒဏ်ရာရရှိ


စက်တင်ဘာ  

Radio NUG 


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ အရပ်သားပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ () ဦး သေဆုံးခဲ့ရပြီး () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ နွား () ကောင် သေဆုံးပြီး () ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


စက်တင်ဘာလ () ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်သည် ဆိပ်ကြီးမှနေပြီး ၈၁မမ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ ငထွေစုတ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ဒေါ်ဆန်းတင့် (၆၂)နှစ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အတူ စက်တင်ဘာလ () ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ နတ်သံကွင်းမှနေပြီး ၁၂၀မမ လက်နက်ကြီးအား ()လုံး ဆက်တိုက်ပစ်ခတ်ရာ ရေလဲအရှေ့ဘက်ကမ်းကျေးရွာနှင့် အနောက်ဘက်ကမ်း ကျေးရွာများ၏ ပတ်ဝန်းကျင်နှင့် လမ်းများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။


အဆိုပါ ကျရောက်ပေါက်ကွဲမှုကြောင့် ရေလဲအရှေ့ဘက်ကမ်း ကျေးရွာမှ စောဖါးလါးမူး()မောင်လူပေ (၃၇)နှစ် ထိခိုက်သေဆုံးခဲ့ရပြီး ဦးအောင်သိန်း (၇၅)နှစ် ()ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရကာ လယ်ကွင်းထဲတွင် လှံထားသည့်နွား ()ကောင်မှာလည်း ထိမှန်သေဆုံးခဲ့ရသလို ()ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၄) တပ်ရင်း ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားကျင်းပ


စက်တင်ဘာ  

Radio NUG 


စက်တင်ဘာ ရက် နံနက် ၁၀ နာရီတွင် ရှမ်းတောင်ကယား (ကရင်နီ) တိုင်းစစ်ဌာန၊ ရှမ်းတောင်စစ်ဒေသ စစ်နည်းဗျူဟာအမှတ်(၁၄) ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁၀၀၄)တပ်ရင်း၏ အခြေခံစစ်ရေးသင်တန်းဆင်းပွဲနှင့်အတူ တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားတစ်ခုကို မြေပြင်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


အဆိုပါအခမ်းအနားသို့ ရှမ်းတောင်ကယား (ကရင်နီ) တိုင်းစစ်ဌာနမှ ကွပ်ကဲရေးမှူး၊ ရှမ်းတောင်စစ်နည်းဗျူဟာ အမှတ်(၁၄)မှ ဗျူဟာမှူးနှင့် ၎င်းဗျူဟာအောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်ဗိုလ်နှင့် တပ်မှူးများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လယ် ၁၂ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရန်ကုန်ပကဖ ရဲဘော်များအား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေရုံးမှ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဘက်ဆိုင်ရာ ဥပဒေသင်တန်း ပို့ချသင်ကြား


စက်တင်ဘာ  

Radio NUG 


ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဘက်ဆိုင်ရာဥပဒေသင်တန်းကို စက်တင်ဘာလ ရက်‌နေ့မှ ရက်နေ့အထိ ရက်ကြာ Online System ဖြင့် ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါသင်တန်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေရုံး၏ စစ်ဥပဒေချုပ် ရဲဘော်ထွဋ်ခေါင်နှင့် ရန်ကုန်တိုင်းပကဖ တာဝန်ခံ ရဲဘော်နောင်ရိုးတို့မှ ပကဖ ရဲဘော်များအား သင်တန်းအဖွင့်မိတ်ဆက်စကားပြောကြား‌ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်း ပကဖ၏ တိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ခရိုင်များမှ  ဦးစီးတာဝန်ခံများ ရေးရာတာဝန်ခံများ၊ တပ်ခွဲမှူးများနှင့် ရဲဘော်များ တက်‌ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


သင်တန်းတွင် လက်ထောက်-စစ်ဥပဒေချုပ် ဆရာဦးမောင်မောင်မှ စစ်သည်တော်ကျင့်ဝတ်နှင့်စစ်ဘက်ဆိုင်ရာဥပဒေများအား ဆွေးနွေးပို့ချပေးခဲ့ပြီး သင်တန်သားရဲ‌ဘော်များမှ သိရှိလိုသည်များ‌ မေးမြန်းဆွေးနွေးခြင်း၊ ဆရာဦးမောင်မောင်မှ အမှုဖြစ်စဥ်များ ဥပဒေကျင့်ဝတ်သဘောတရားများအား ပြည့်စုံစွာ ရှင်းလင်းဆွေးနွေးပေးခဲ့တယ်လို့ အသိပေးထားပါတယ်။


ထို့အပြင် ရန်ကုန်တိုင်း ပကဖ ရဲဘော်များအား စွမ်းရည်မြှင့်သင်တန်းများ မွမ်းမံသင်တန်းများဖြင့် အမြဲမပြတ်လေ့ကျင့် ပြင်ဆင်စုဖွဲ့‌လေ့ကျင့်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



 

Share:

No comments:

Post a Comment