၂၀၂၅ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

📌 ၂။ ကျောက်တော် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အချက်အလက်များကို ကုလသမဂ္ဂရဲ့ (IIMM) မှ တောင်းခံ

📌 ၃။ လောက်ကိုင်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်းများ ပြုလုပ်

📌 ၄။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ရခိုင်ပြည်အတွင်း စစ်တပ်တိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးစုစုပေါင်း ၁၈၄ ဦး သေဆုံး


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကော့သောင်းမှာ ရေလမ်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ရက်ဆက် တိုက်ခိုက်ချေမှုန်းခဲ့

🚩 ၂။ မန္တလေး-မုံရွာ လမ်းပေါ်မှာ ငွေကြေးကောက်ခံနေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့အား အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်ခဲ့

🚩 ၃။ ထားဝယ်မြို့မှ စစ်ကူလာသော အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံပြီး ၁၀ဦး သေဆုံး

🚩 ၄။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ

🚩 ၅။ မတ္တရာမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံး

🚩 ၆။ စက်တင်ဘာလ ပထမအပါတ်အတွင်း စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၂၅ ဦး လက်နက်ချ အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့

🚩 ၇။ လောင်းလုံး(ပကဖ) တပ်စု အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး


စက်တင်ဘာ ၁၆ 

Radio NUG 


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် :၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကာ နံနက် :၄၀ နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်မှ ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့တယ်လို့ သိရှိပါတယ်။


========================


📌📌 ၂။ ကျောက်တော် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အချက်အလက်များကို ကုလသမဂ္ဂရဲ့ (IIMM) မှ တောင်းခံ


စက်တင်ဘာလ ၁၆ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်က စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှု နဲ့ ပတ်သက်ပြီး မျက်မြင် ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူတွေအနေနဲ့ အထောက်အထားတွေကို မျှဝေဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က တောင်းဆိုလိုက်ပါတယ်။


စက်တင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်တော်မြို့နယ်၊ သရက်တပင် ကျေးရွာရှိ ဘော်ဒါကျောင်းဆောင်ကို ညနက်သန်းခေါင် လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ကျောင်းသား/သူ အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တာပါ။


IIMM အနေနဲ့ အဆိုပါ ဖြစ်ရပ်အပါအဝင် တခြား လေကြောင်းတိုက်ခိုက်မှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို စုဆောင်းနေပြီး ဒဏ်ရာရရှိမှု၊ အပျက်အစီးများ၊ လေယာဥ်နဲ့ လက်နက်ခဲယမ်းများရဲ့ ဓာတ်ပုံ (သို့မဟုတ်) ဗီဒီယို၊ ထိခိုက်ခဲ့သူတွေရဲ့ အချက်အလက်များ၊ လေကြောင်း တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ လေယာဉ်နဲ့ လက်နက်အမျိုးအစား အချက်အလက်တွေ၊ ပါဝင်သူ လေယာဉ်မှူးတွေနဲ့ သူတို့ကို ပေးအပ်တဲ့ အမိန့်များ အချက်အလက်တွေကို ပေးပို့ပေးကြဖို့ တောင်းဆိုထားပါတယ်။


အဆိုပါ အချက်အလက်တွေကို လက်ဝယ်ရရှိထားပါက စုံစမ်းစစ်ဆေးမှု ယန္တရားအား ဆက်သွယ်ပေးပို့ဖို့ တောင်းဆိုထားပြီး မျှဝေသူများသည် အရေးကြီးတာကြောင့် ဘေးကင်းလုံခြုံတဲ့ နေရာရောက်မှသာ ပေးပို့ဖို့ မေတ္တာရပ်ခံထားပါတယ်။


ယခု ဖြစ်စဉ််ဟာ ၂၀၂၁၊ ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်းတွေကို ဆိုးဝါးစွာ တိုက်ခိုက်မှုတွေထဲက တခုအပါအဝင် ဖြစ်နေပြီး တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ အတင်းအကျပ် နေရပ်ရွှေ့ပြောင်းခံရ တာတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကို ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်က အရပ်သား လူမျိုးစုတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို ပိုမိုဆိုးဝါး လာစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ အကြီးလေးဆုံးသော နိုင်ငံတကာ ရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေ အတွက် အထောက်အထား စုဆောင်းဖို့နဲ့ စိစစ်သုံးသပ်နိုင်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၃။ လောက်ကိုင်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်းများ ပြုလုပ်


စက်တင်ဘာ ၁၆ 

Radio NUG 


စက်တင်ဘာလ( ၁၅ )ရက်နေ့တွင် ကျန်းမာရေးဌာနမှ လက်ရှိ အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပြန့်ပွားမှုကို အလေးထားကာကွယ်ရန်နှင့် ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် လောက်ကိုင်မြို့ရှိ ပြည်သူများကို အာဖရိကဝက် အပြင်းဖျားရောဂါအတွက် အရေးပေါ်ကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများနှင့် အသိပညာပေးလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း MNDAA မှ သတင်းဖော်ပြထားပါတယ်။


မကြာသေးမီက လောက်ကိုင်မြို့တွင် ဝက်များ ဖျားနာသေဆုံးမှုများ ဖြစ်ပွားခဲ့ရာ အထူးဒေသကျန်းမာရေးဌာနမှ သွားရောက်စစ်ဆေးချက်အရ ၎င်းသည် အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ကြောင်း အတည်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာလ( ၁၅ )ရက်နေ့ မွန်းလွဲ( )နာရီတွင် ရောဂါဖြစ်ပွားမှု အရေးပေါ်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးပွဲကို လောက်ကိုင်မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး Dr. Song Ke Li သည် ကျန်းမာရေးဌာနမှ ဆေးဝန်ထမ်းများနှင့်အတူ   ပြည်သူများအား အသိပညာများ ရှင်းလင်းခြင်းနှင့် ပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် ဝက်မွေးမြူရေးခြံများတွင် တင်းကျပ်ခိုင်မာသော  (bio-security measures) များကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ နေ့စဉ်သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်းလုပ်ငန်းများအပေါ် အလုံးစုံ မူတည်ကြောင်း ဓာတ်ပုံများနှင့်တကွ အသေးစိတ် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။


ထို့ကြောင့် ဝက်မွေးမြူသူများအနေဖြင့် ဝက်ခြံပတ်ဝန်းကျင်နှင့် မွေးမြူရေးဆိုင်ရာ ကိရိယာများကို မှန်မှန်ကန်ကန် စနစ်တကျဆေးကြော သန့်စင်ပိုးသတ်ရန်နှင့် ဝက်ခြံများကို လေဝင်လေထွက်ကောင်းမွန်ပြီး အလင်းရောင်ပြည့်ဝသော စံနှုန်းများနှင့်ကိုက်ညီစွာ တည်ဆောက်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။


ထို့အပြင် အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ရန်အတွက် အသုံးပြုနိုင်သော ပိုးသတ်ဆေးများကိုလည်း ပြည်သူများအား မိတ်ဆက်ခဲ့ပြီး ဝက်မွေးမြူရေးသမားများအနေဖြင့် ကြိုတင်ကာကွယ်မှုများ စနစ်တကျပြုလုပ်ကြရန်နှင့် မလိုလားအပ်သော စီးပွားရေးဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် မျှော်မှန်းကြောင်း ဦးစီးမှူးမှ ပြောကြားခဲ့ပါတယ်။


ပညာပေးလှုပ်ရှားမှု ပြီးဆုံးချိန်တွင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး ကြိုတင်ကာကွယ်ရေး အသိပညာများကို အခြားသူများထံသို့ ဆင့်ကဲပြောပြပေးရန် နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး စနစ်ကို အတူတကွခိုင်မာစွာ တည်ဆောက်ကြရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၄။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ရခိုင်ပြည်အတွင်း စစ်တပ်တိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးစုစုပေါင်း ၁၈၄ ဦး သေဆုံး


စက်တင်ဘာ ၁၃ 

Radio NUG 


 ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးစုစုပေါင်း ၁၈၄ ဦး သေဆုံးကာ ၄၇၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးသူ (၁၀၂) ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၂၁၃) ဦး ပါဝင်ကြောင်း HDCO မှ သတင်းထုတ်ပြန်ပါတယ်။


ထို့အပြင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း (၃၇) ကျောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စာသင်ကျောင်း (၁၀) ကျောင်း စုစုပေါင်း စာသင်ကျောင်း (၄၇) ကျောင်း တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာလ ၁၂ ရက် မနက် နာရီခန့်အချိန်တွင် မြန်မာစစ်တပ်က ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာကို လေကြောင်းမှ ပေါင် ၅၀၀ ဗုံး လုံး ကြဲချရာ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းအရှေ့တွင် တိုက်ရိုက်ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းသူ/သားများ အပါအဝင် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ (၂၀) ဦး ရှိလာတယ်လို့ သိရပါတယ်။


ထိုသို့ ကျောင်းသားများနှင့် ကလေးသူငယ်များကို အစုလိုက်အပြုံလိုက် သေစေသည့် လေကြောင်းတိုက်ခိုက်မှုသည် မြန်မာစစ်တပ်၏ အလွန်ပြင်းထန်သည့် စစ်ရာဇဝတ်ကျူးလွန်မှု တစ်ရပ် ဖြစ်တာကြောင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အမြန်ဆုံး တားဆီးရန်နှင့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်ပေးနိုင်ရန် အရေးတကြီး ဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ကော့သောင်းမှာ ရေလမ်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ရက်ဆက် တိုက်ခိုက်ချေမှုန်းခဲ့


စက်တင်ဘာလ ၁၆ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းနဲ့ ခမောက်ကြီး မြို့နယ်အတွင်း ရေလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ရက်နေ့က ယုဇန ဆီအုန်းပျိုးခင်းရှိ စစ်ကော်မရှင်တပ် အင်အား ၁၀၀ ခန့်မှ ထုတ်နှုတ်အင်အား ၃၀ ခန့်ဟာ ခမောက်ငယ် ရွာဘက်ကို လှေငယ် စီးဖြင့် စစ်ကြောင်းထိုးလာရာ မနက် ၁၂ နာရီ ခွဲခန့်မှာ စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲတွင်း ယုဇနဆီအုန်းပျိုးခင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့မှ ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးများ ပစ်ကူပေးခဲ့ကာ နာရီခန့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်သားများ လိုက်ပါလာတဲ့ လှေငယ် တစီး နစ်မြုပ်ခဲ့ကာ အများအပြား သေကြေ ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။


ထိုနောက် စက်တင်ဘာ ၁၀ ရက်နေ့မှာ ကော့သောင်းမြို့မှ စက်လှေ စီးဖြင့် စစ်ကူပေးဖို့ ထွက်လာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို မလိဝမ်းကျေးရွာ၊ ဆယ်အိမ်စုအနီးတွင် မနက် နာရီ ၂၀ မိနစ်မှာ တကြိမ်၊ နာရီခွဲမှာ တကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


သုံးနာရီခန့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်သား အများအပြား သေကြေဒဏ်ရာရရှိခဲ့ကာ လက်နက်ကြီးများ အဆက်မပြတ် ပစ်ကူပေး၍ သေဆုံး၊ ဒဏ်ရာရသူများကို သယ်ဆောင်ကာ ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။


ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန် မြင့်လာနိုင်တာကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိ အမြဲရှိကြဖို့ နဲ့ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို မပူးပေါင်း မပါဝင်ဘဲ ဝိုင်းဝန်း တိုက်ဖျက်ကြဖို့ ကော့သောင်းခရိုင် ပကဖ က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ မန္တလေး-မုံရွာ လမ်းပေါ်မှာ ငွေကြေးကောက်ခံနေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့အား အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်ခဲ့


စက်တင်ဘာလ ၁၆ ရက်၊ 

Radio NUG


မုံရွာ - မန္တလေး လမ်းမပေါ်မှာ ပြည်သူအပေါ် အနိုင်ကျင့်အကြမ်းဖက်ပြီး ငွေကြေးကောက်ခံနေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်၊ အမှတ် တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၆ ရက်နေ့ မနက် နာရီခွဲ အချိန်မှာ ၎င်း စစ်ကော်မရှင် တပ်ဖွဲ့ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင် တပ်သား ဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း () တပ်ခွဲ () - 5/ Commando Force က ဦးဆောင်ကာ မုံရွာခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၂၈) တပ်ခွဲ () နှင့် တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း () တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


မိဘပြည်သူများ အနေဖြင့် မုံရွာ-မန္တလေး လမ်းပေါ်မှာ စစ်ကော်မရှင် ကားတန်းများနဲ့ တွေ့ပါက ကပ်မလိုက်ကြဖို့ မုံရွာခရိုင်၊ အမှတ် တပ်ရင်းက မေတ္တာရပ်ခံ ထားပါတယ်။


========================


🚩🚩 ၃။ ထားဝယ်မြို့မှ စစ်ကူလာသော အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံပြီး ၁၀ဦး သေဆုံး


စက်တင်ဘာ ၁၆ 

Radio NUG 


စက်တင်ဘာလ (၁၄)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် ကျောက်မဲတောင်တပ်စခန်းမှ ထားဝယ်မြို့သို့ စစ်ကြောင်းချိန်းပြန်လာနိုင်ရန်အတွက် ထားဝယ်မြို့မှ တက်လာသော အာဏာသိမ်းတပ် စစ်ကူအင်အား (၁၀၀)ဝန်းကျင်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ‌တပ်မဟာ() တပ်ရင်း(၁၂)တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပကာရီ‌ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်မှ သတင်းထုတ်ပြန်ပါတယ်။


ထိုတိုက်ခိုက်မှုကြောင့် အာဏာသိမ်းအကြမ်းဖက်တပ်မှ (၁၀)ဦး သေဆုံးပြီး (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ  MA1 ()လက်အပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ အထိနာသဖြင့် တိုက်ပွဲနှင့် သက်ဆိုင်မှု မရှိသော ပကာရီကျေးရွာ အတွင်းသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း () ကျောင်း အပါအဝင် ပြည်သူလူထု နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ


စက်တင်ဘာ ၁၆ 

Radio NUG 


စက်တင်ဘာ ၁၅ ရက် နေ့လယ် နာရီကျော်အချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ထိုသို့ ပစ်ခတ်တိုက်ခတ်မှုကြောင့် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး၏ ပေါင်နှင့် ခါးတို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မတ္တရာမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံး


စက်တင်ဘာလ ၁၆ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဒီယာကျေးရွာ နဲ့ ဥက္ကံကျေးရွာ အနီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ဦး သေဆုံးခဲ့တယ်လို့ Voice of Mandalay နဲ့ Wetlet Information Network က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၆ ရက်၊ နေ့လယ် နာရီ ၁၆ မိနစ်၊ ၁၈ မိနစ်၊ ၂၄ မိနစ်တို့မှာ တံတားဦး လေတပ်မှ Jet Fighter တစီးဖြင့် ပေါင် ၃၀၀ နှင့် ပေါင် ၅၀၀ ဗုံးသီးများကို ကြိမ်တိုင် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးသီးများဟာ ဒီဃာရွာ စာသင်ကျောင်း အနီး နဲ့ ဥက္ကံရွာ အနီးတဝိုက်က ဝပ်ရှော့ဆိုင်တို့မှာ ကျရောက်ပေါက်ကွဲ ခဲ့ကာ ဒီဃာရွာမှ ပြည်သူ ဦးနဲ့ ဥက္ကံရွာမှ ပြည်သူ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ထိခိုက်ဒဏ်ရာ ရခဲ့သူများလည်း ရှိခဲ့ပြီး ဥက္ကံရွာမှ အသက် (၃၀) အရွယ် ပြည်သူတဦး လက်ပြတ်ခဲ့ကာ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။


စက်တင်ဘာလ ၁၅ ရက်နေ့ ၁၁ နာရီ ၂၃ မိနစ်ခန့်မှာလည်း ဆည်တော်ရွာ အနီးတဝိုက်ကို Y-12 ဖြင့် ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့ကာ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ စက်တင်ဘာလ ပထမအပါတ်အတွင်း စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၂၅ ဦး လက်နက်ချ အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့


စက်တင်ဘာလ ၁၆ ရက်၊ 

Radio NUG


၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမအပတ်အတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် ၂၅ ဦးအထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။


ပြည်သူ့ပန်းတိုင်က အပတ်စဉ်တင်ဆက်နေတဲ့ "ပြေးဟပရောဂျက်ယခုတစ်ပတ်" အစီအစဉ်မှ ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ယခုတပတ်အတွင်း အလင်းဝင် ပူးပေါင်းလာသူ ၁၅ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။


အလင်းဝင် စစ်သား ၁၅ ဦးထဲမှာ ဦးဟာ အဓမ္မဖမ်းဆီး စုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များ ဖြစ်ကြပြီး ၁၃ ဦးဟာ စစ်ကော်မရှင် တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်နေတာကို တွေ့ရပါတယ်။


စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၁၀ ဦး ရှိခဲ့ပြီး ၎င်းတို့ထဲက ဦးမှာ စစ်မှုထမ်း တပ်သားသစ်များ ဖြစ်ကြတယ်လို့ သိရှိရပါတယ်။


ထူးခြားချက်အနေနဲ့ ယခုနောက်ပိုင်း အုပ်စုလိုက်အလင်းဝင်လာသူများမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဟောင်းများက ဦးဆောင်လာကြတာကို မကြာခဏ တွေ့မြင်လာရတယ်လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။


ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ပထမအပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ,၀၂၉ ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ လောင်းလုံး(ပကဖ) တပ်စု အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်


စက်တင်ဘာ ၁၆ 

Radio NUG 


လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြုလုပ်သည့် /၂၀၂၅ အပတ်စဉ်()အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်၉နာရီတွင် အခမ်းအနားဖြင့် ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာ၀န်ရှိသူများ၊ လောင်းလုံးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူများ၊ လောင်းလုံးမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာ၀န်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပြီး အခမ်းအနားကို အစီအစဉ် ()ခုဖြင့်  ပြုလုပ်ခဲ့ကာ နံနက် ၁၁နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment