၂၀၂၅ အောက်တိုဘာလ ၇ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨ မြန်မာ့နွေဦးတက္ကသိုလ်က နှစ်အတွင်း CDM ကျောင်းသား ၆ဝဝ ကျော်ကို ဘွဲ့ချီးမြင့်ပေးနိုင်ခဲ့ပြီလို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ထားဝယ်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးအောင်ကိုဦးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် ကျဆုံးရတာလို့ PPNM ပြော


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။မုံရွာနဲ့ ချောင်းဦးနယ်အစပ်မှာ သီတင်းကျွတ်မီးထွန်းပွဲလုပ်နေသူတွေကို စစ်တပ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေ အပါအဝင် ၂၀ကျော်သေဆုံးပြီး ၄ဝ ကျော် ဒဏ်ရာရ 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ ဂန့်ဂေါမြို့မှာရှိတဲ့ ခလရ ၅၀ တပ်ရင်းနဲ့ မြို့မရဲစခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ကရင်နီမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အတွင်း အရပ်သား ၆၀ ကျော်သေဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဒီမော့ဆို ဖရူဆိုနဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လေကြောင်းအန္တရယ် သတိထားဖို့နဲ့ မလိုအပ်ပဲ ခရီးမသွားဖို့ KNDF သတိပေး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨ မြန်မာ့နွေဦးတက္ကသိုလ်က နှစ်အတွင်း CDM ကျောင်းသား ၆ဝဝ ကျော်ကို ဘွဲ့ချီးမြင့်ပေးနိုင်ခဲ့ပြီလို့ဆို


အောက်တိုဘာလ ( )ရက်


မြန်မာ့နွေဦးတက္ကသိုလ်အနေနဲ့ နှစ်အတွင်း CDM ကျောင်းသားကျောင်းသူ ၆ဝဝ ကျော်ကို ဘွဲ့ ချီးမြှင့်ပေးနိုင်ခဲ့ပြီလို့ ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

မြန်မာ့နွေဦးတက္ကသိုလ် တည်ထောင်ခြင်း နှစ်ပြည့်တဲ့ ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလာတာဖြစ်ပါတယ်။ 

မြန်မာ့နွေဦးတက္ကသိုလ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်အမှတ် /၂၀၂၂ နဲ့ ၂ဝ၂၂ ခုနှစ် အောက်တိုဘာ ရက်နေ့မှာ လွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ပြည်သူပိုင်တက္ကသိုလ်အဖြစ် စတင် တည်ထောင်ခဲ့ တာလို့ ဆိုပါတယ်။ 

တော်လှန်ရေးကာလမှာ ပညာသင်ကြားမှုရပ်တန့်နေတဲ့ CDM ကျောင်းသားကျောင်းသူတွေ စဉ်ဆက်မပြတ် ပညာသင်ကြား နိုင်အောင် NUG ပညာရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့အတူ ယာယီတက္ကသိုလ်ကောင်စီတွေ၊ ဘာသာဆိုင်ရာဘုတ်အဖွဲ့တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ရတယ်လို့ အသိပေးပါတယ်။

မြန်မာ့နွေဦးတက္ကသိုလ် စတင်တည်ထောင်စဉ်က ယာယီတက္ကသိုလ်ကောင်စီ ၄၅ ခု၊ ဘာသာရပ်ဆိုင်ရာ ဘုတ်အဖွဲ့ ၂၂ ခုသာ ရှိခဲ့ပေမယ့် လက်ရှိမှာ ယာယီတက္ကသိုလ်ကောင်စီ ၆ဝ ခု၊ ဘာသာရပ်ဆိုင်ရာ ဘုတ်အဖွဲ့ ၂၈ ခု နဲ့ ပူးပေါင်းဆောင်ရွက်နေ ပြီလို့ သိရပါတယ်။ 

မြန်မာ့နွေဦးတက္ကသိုလ်ဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဘာသာရပ်စုံတက္ကသိုလ် တခုဖြစ်တာနဲ့အညီ ဝိဇ္ဇာ ဘာသာရပ်တွေ၊ စီးပွားရေးဘာသာရပ်တွေ၊ အနုပညာဘာသာရပ်တွေ၊ စိုက်ပျိုးရေးနဲ့ သမဝါယမ ဘာသာရပ်တွေအပြင် တိရစ္ဆာန်ဆေးပညာနဲ့ မွေးမြူရေးဘာသာရပ်တွေ သင်ကြားပေးနေတယ်လို့ မြန်မာ့နွေဦးတက္ကသိုလ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့နွေဦးတက္ကသိုလ်ကို မဟာဌာနကြီး ၁၅ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဘာသာရပ်ပေါင်း ၄၅ ခုအတွက် ဘွဲဒီဂရီပေါင်း ၁၄၇ ခု သင်ကြားပေးနေတယ်လို့ သိရပါတယ်။ 

မြန်မာ့နွေဦးတက္ကသိုလ်အနေနဲ့ ၂ဝ၂ဝ ပြည့်နှစ်မတိုင်ခင်က အဝေးသင်ကျောင်းသားတွေအပါအဝင် တက်လက်စ ကျောင်းသားကျောင်းသူတွေကို ကျောင်းအပ်လက်ခံတာ ကြိမ်၊ တက္ကသိုလ်ဝင်ခွင့် ကြိမ် ခေါ်ယူခဲ့ရာမှာ ကျောင်းသား ကျောင်းသူပေါင်း တသောင်း ထောင်ကျော် ပညာသင်ယူနေတယ်လို့လည်း သိရပါတယ်။ 

မြန်မာ့နွေဦးတက္ကသိုလ်မှာ စီမံခန့်ခွဲရေးဌာန ခုရှိပြီး သင်ကြားရေးဆရာ ဆရာမ ၅၃၂ ဦး၊ စီမံခန့်ခွဲရေးဝန်ထမ်း ၂ဝ၁ ဦးနဲ့ လည်ပတ်နေသလို သုတေသနစင်တာ တည်ထောင်ထားပြီး သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေသလို တက္ကသိုလ်စာကြည့်တိုက် e – Library တည်ထောင်နိုင်ဖို့လည်း ပြင်ဆင်နေပြီလို့ အသိပေးထားပါတယ်။   

ဒါ့အပြင် တက္ကသိုလ်ရဲ့ ပညာရေးအဆင့်အတန်း၊ သင်ကြားရေးဆိုင်ရာ အရည်အသွေး၊ ကျောင်းသား ကျောင်းသူတို့ရဲ့ အရည်အသွေးဆိုင်ရာ အာမခံချက်ပေးနိုင်ဖို့ အရည်အသွေးအာမခံမှုစင်တာ ဖွင့်ပြီး အမြမြပြတ်စစ်ဆေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

မြန်မာ့နွေဦးတက္ကသိုလ်အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သင်ကြားရေးဆိုင်ရာ ကိစ္စတွေ၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတာရှိပြီး လက်ရှိမှာ ဖိပစ်နိုင်ငံမှာရှိတဲ့ University og Santo Tomas – UST နဲ့ သင်ကြားရေးဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းနေတဲ့အပြင် အခြား နိုင်ငံတကာအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်ရေး၊ အကူအညီ အထောက်အပံ့ ရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မြန်မာ့နွေဦးတက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ထားဝယ်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးအောင်ကိုဦးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် ကျဆုံးရတာလို့ PPNM ပြော


အောက်တိုဘာလ ( )ရက်


ထားဝယ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ကျဆုံးရတာဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် ကျဆုံးရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNM က ပြောကြားလိုက်ပါတယ်။


ထားဝယ်အကျဉ်းထောင်မှာ မတရားဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ကျဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ၅၀၅-က/ ပေါက်ကွဲ - တို့နဲ့ ထောင်ဒဏ် နှစ်  မတရားဖမ်းဆီး အကျဉ်းချ ခံထားရတဲ့ အသက် ၄၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးဟာ အောက်တိုဘာ ရက်နေ့မှာ နှလုံး၊ ဆီးချို ကျောက်ကပ်ရောဂါတွေနဲ့ အသက်သေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။


ကိုအောင်ကိုဦးဟာ ၂၀၂၁ အစောပိုင်းကာလမှာကတည်းက အာဏာသိမ်းစစ်တပ်ကို ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့က ရှင်မုတ္ထီးရွာနေအိမ်မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံရပြီး ပုဒ်မ ၅၀၅ - က၊ ပေါက်ကွဲ - တို့နဲ့ အမှုဖွင့်ခံရကာ ထားဝယ်အကျဉ်းထောင်ကို ပိုဆောင်ခံခဲ့ရသူလို့ သိရပါတယ်။


နှဂိုကတည်းကရှိခဲ့တဲ့ မူလရောဂါအခံကြောင့် ထားဝယ်အကျဉ်းထောင်မှာ အကျဉ်းချခံနေစဉ်မှာ ဆေးဝါးကုသမှုတွေ မကြာခဏ ကုသမှုခံနေရသူဖြစ်ပေမယ့် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် သေဆုံးခဲ့ရ တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အကျဉ်းထောင်အတွင်း ကျဆုံးခဲ့တဲ့အတွက် PPNM အနေနဲ့ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲရတယ်လို့လည်း ပြောထားပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။မုံရွာနဲ့ ချောင်းဦးနယ်အစပ်မှာ သီတင်းကျွတ်မီးထွန်းပွဲလုပ်နေသူတွေကို စစ်တပ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေ အပါအဝင် ၂၀ကျော်သေဆုံးပြီး ၄ဝ ကျော် ဒဏ်ရာရ 


အောက်တိုဘာလ ()ရက်


စစ်ကိုင်းတိုင်း မုံရွာနဲ့ချောင်းဦးမြို့နယ်အစပ်မှာ သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲတော်လုပ်နေသူတွေကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် ဒေသနေပြည်သူ ၂၀ကျော်သေဆုံး ပြီး ၄ဝ ကျော် ဒဏ်ရာရသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

မုံရွာ - ချောင်းဦးအစပ်က ဆီမီးထွန်းပွဲတော်လုပ်နေတဲ့ ရွာတရွာကို အကြမ်းဖက်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ မနေ့ အောက်တိုဘာ ၆ရက် နာရီဝန်းကျင်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခကနေ တက်လာတဲ့ ပါရာမော်တာနဲ့ ဆီမီးထွန်းနေတဲ့ လူအုပ်ထဲကို ၁၂၀ မမ ဗုံးသီး လုံး ကြဲချသတ်ဖြတ်ခဲ့တာလို့ ဒေသသတင်းရင်းမြစ်တွေရဲ့ အဆိုကို ကိုးကားပြီး MFP သတင်းဌာနက ဖော်ပြပါတယ်။

သေဆုံးသွားသူတွေကို ညတွင်းချင်းသင်္ဂြိုဟ်ဖို့နဲ့ ဒဏ်ရာရသွားသူတွေကို ဆေးကုသပေးနိုင်ဖို့ ဒေသနေပြည်သူတွေ ကြိုးစားနေချိန်မှာ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးထပ်ကြဲလာသလို မုံရွာမြို့အဝင် မအူဂိတ်နဲ့ ကျောက်ဆစ်ပုံမှာရှိတဲ့ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ မရပ်မနား ရမ်းကားပစ်ခတ်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်တာ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတာတွေ ဆက်တိုက် လုပ်ခဲ့တာကြောင့် ဒဏ်ရရသူတွေကို ဆေးကုသဖို့ အခက်အခဲဖြစ်ရပြီး သေဆုံးသူအရေအတွက်ဟာ ထပ်တိုးလာနိုင် တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ဗုံးကြဲခံရတဲ့ဖြစ်စဥ်က ဓာတ်ပုံတွေထွက်ပေါ်လာရာမှာ ခြေပြတ်လက်ပြတ်ဖြစ်နေတာတွေ၊ ဒဏ်ရာပရပွနဲ့ ခန္ဓာကိုယ် ဝမ်းဗိုက် ပေါက်ထွက်ပြီး သေဆုံးနေတဲ့ ကလေးငယ်ပုံတွေ တွေ့ရပါတယ်။ 

အကြမ်းဖက်စစ်တပ်က မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခမှာ စက်တပ်လေထီးတွေအပြင် ဂျိုင်ရိုကော်ပတာ Gyrocopter တွေ ပြီးခဲ့တဲ့လက ဖြည့်တင်းထားခဲ့ပြီး အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်လာတာပဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အဲဒီဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တော့ ဒီနေ့ အောက်တိုဘာ ရက် မွန်းလွဲ ၁၂ နာရီအထိ ထုတ်ပြန်လာတာမရှိသေးပါဘူး။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ ဂန့်ဂေါမြို့မှာရှိတဲ့ ခလရ ၅၀ တပ်ရင်းနဲ့ မြို့မရဲစခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် 


အောက်တိုဘာလ ( )ရက်


မကွေးတိုင်း ဂန့်ဂေါမြို့မှာအခြေစိုက်တဲ့ ခလရ - ၅၀ တပ်ရင်းနဲ့ မြို့မရဲစခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ ရဲတွေ ထိခိုက်သေဆုံးနိုင်တယ်လို့ ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။

မနေ့ အောက်တိုဘာ ရက် ညနေ နာရီ ၁၀ မိနစ်ခန့်မှာ ဂန့်ဂေါမြို့အခြေစိုက် အကြမ်းဖက် ခလရ ၅၀ တပ်ရင်းအတွင်းကို ရှော့တိုက်ဒုံး လုံး၊ ဂန့်ဂေါမြို့မရဲ စခန်းအတွင်းကို ရှော့တိုက်ဒုံး လုံးနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် စစ်သားနဲ့ရဲတွေ ထိခိုက်သေဆုံးတာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကိုသိရအောင် ဆက်ပြီး စုံစမ်းနေတယ်လို့ အသိပေးပါတယ်။ 

အခုလို တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံလိုက်ရတာကြောင့် ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး က ဘောလုံးကွင်းမှာ ခလရ ၅၀ တပ်ရင်းမှူး လှမျိုးထွဋ်က ဦးဆောင်ပြုလုပ်တဲ့ သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲအစီအစဉ် ပျက်သွားတယ်လို့ သိရပါတယ်။

ခလရ ၅၀ တပ်ရင်းအတွင်းကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ဇဟောကျေးရွာဘက်ကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားတဦး မစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့ပြီး ပြည်သူတွေမွေးဖြူထားတဲ့ ခိုင်းနွားတကောင်သေဆုံးကာ ကောင် ဒဏ်ရာရသွားတယ်လို့ ဒေသသတင်းရင်းမြစ်ပြောဆိုချက်ကို ကိုးကားပြီး ယောအလင်းတန်းက ဖော်ပြထားပါတယ်။

ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာကြောင့် အနီးအနားပတ် ဝန်းကျင်ကျေးရွာ တွေကို လက်နက်ကြီးတွေနဲ့ အချိန်မရွေးပစ်ခတ် တိုက်ခိုက်လာနိုင်တာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိနေဖို့ ယောအလင်းတန်းက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ကရင်နီမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အတွင်း အရပ်သား ၆၀ ကျော်သေဆုံး


အောက်တိုဘာလ ( )ရက်


ကရင်နီပြည်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အတွင်း အရပ်သား ၆၃ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်ရေးအဖွဲ့ - KnHRG က ဒီနေ့ အောက်တိုဘာ မှာ ထုတ်ပြန်လာပါတယ်။


အခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ စစ်တပ်က ကရင်နီပြည်က အရပ်သားပြည်သူတွေများနေထိုင်ရာ နေရာတွေ ကို လေကြောင်းကနေ ၁၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့ ၃၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ် လို့ ပြောထားပါတယ်။

 

ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆၃ ဦး ထက်မနည်း သေဆုံးခဲ့ရပြီး ၁၁၄ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၀၀ နီးပါး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဇူလိုင်လ ရက်နေ့ ညအချိန်မှာ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ဆောင်းချယ်ရီ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် နှစ်အရွယ် ကလေးငယ်အပါအဝင် တမိသားစုတည်း ဦးသေဆုံးခဲ့ရပြီး စစ်ရှောင် ဦး ဒဏ်ရာ ရခဲ့တာရှိတယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။

 

 ဖားဆောင်းမြို့နယ် မော်ချီးမြို့က လူစည်ကားရာ ၁၆ ကုန်းရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ တဲ့ သြဂုတ်လ ၁၇ ရက်နေ့ကဖြစ်စဉ်မှာဆိုရင်လည်း ကလေးငယ်အပါအဝင် အရပ်သား ၃၂ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရ ပြီး ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

 

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာလည်း စစ်တပ်က သြဂုတ်လအတွင်းမှာ လက်နက်ကြီးတွေနဲ့ ဆက်တိုပ် ပစ်ခတ်တာရှိပြီး စက်တင်ဘာ ၁၁ ရက်နေ့ ၁၀ ဝန်းကျင်မှာ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက အရပ်သား ဦး သေဆုံးပြီး ကလေးငယ် ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

 

ကရင်နီပြည်အတွင်းမှာ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် အရပ်သားပြည်သူ ၁၀၀ ကျော်ကိုလည်း အတွင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကရင်နီလူ့အခွင့်ရေးအဖွဲ့ - KnHRG က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဒီမော့ဆို ဖရူဆိုနဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လေကြောင်းအန္တရယ် သတိထားဖို့နဲ့ မလိုအပ်ပဲ ခရီးမသွားဖို့ KNDF သတိပေး 


အောက်တိုဘာလ ( )ရက်


ကရင်နီပြည် ဒီမော့ဆို ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လေကြောင်းအန္တရယ် သတိထားဖို့နဲ့ မလိုအပ်ပဲ ခရီးမသွားဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က သတိပေး ပြောဆို လိုက်ပါတယ်။ 

ကရင်နီပြည်ထဲက မြို့နယ်အချို့မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြားဖြစ်ခဲ့တဲ့ တပတ်တာ စစ်ရေးသတင်း ထုတ်ပြန်ရာမှာ အခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ 

 ကရင်နီပြည်ထဲက ဒီမော့ဆို ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်တို့မှာ စစ်တပ်ဘက်က စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့ အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ကရင်နီ - ရှမ်းတောင်အစပ် ဖယ်ခုံမှာလည်း စစ်တပ်နဲ့ PNO တပ်တွေ စစ်ရေးလှုပ်ရှား မှုတွေ ရှိနေသလို မိုးဗြဲမှာလည်း စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် အရပ်သားပြည်သူတွေ ကို KNDF က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ 

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ လွိုင်လင်လေးဒေသက လင်ဖုံးကြီးရွာဘက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၈ ရက်စပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ရက် နီးပါး ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့သလို လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေရှိနေတယ်လို့ အသိပေးပါတယ်။ 

ဒီမော့ဆိုဘက်မှာဆိုရင်လည်း ဒေါငံခါးရပ်ကွက်နဲ့ တနန်းဥကွိုင်ရွာဘက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ အတွက် နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေတာမှာ စစ်တပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက် လုပ်နေတယ်လို့ ဆိုပါတယ်။ 

ဒီမော့ဆို - ဖရူဆိုလမ်းပိုင်းမှာလည်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ခဲ့ရာမှာ စစ်ကားတစီးကို ဖျက်ဆီးနိုင်ခဲ့သလို အရာရှိလို ယူဆရတဲ့သူအပါအဝင် စစ်သားတွေ သေဆုံးခဲ့တာရှိတယ်လို့ KNDF က ပြောပါတယ်။ 

ဖရူဆိုမြို့မှာအခြေစိုက်တဲ့ စစ်တပ်တွေဟာဆိုရင်လည်း စစ်ယာဉ်တန်းတွေဖြန့်ခွဲ စုဖွဲ့ထားပြီး အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေး ကျောင်းတွေအနီးက ရွာတွေဘက်ကနေ ဘော်လခဲဘက်ကို စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ အသိပေးပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ PNO တပ်တွေနဲ့ပေါင်းပြီး ဖယ်ခုံမြို့နယ်က တောင်စလုံးကျေးရွာဘက်မှာ တပ်ဖြန့်ကာ အနီး ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်သလို မိုးဗြဲမှာတပ်စွဲနေတဲ့ အကြမ်းဖက်စစ်တပ်ကလည်း စက်တော်ရာ၊ လွယ်ရင်း စတဲ့ရွာတွေဘက်ကို ရံဖန်ရံခါ စစ်ရေးလှုပ်ရှားလာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။ 

အောက်တိုဘာ ရက်နေ့ကဆိုရင် လွိုင်လင်လေးမှာ အခြေစိုက်တဲ့ ခမရ - ၅၃ဝ တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် အသက် ၁ဝ နှစ်အရွယ်ကလေး ဦး ဒဏ်ရာရခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လွိုင်ကော်အရှေ့ခြမ်းမှာရှိတဲ့ရွာတရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၈ ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အသက် ၅ဝ အရွယ် အမျိုးသားတဦး ဒဏ်ရာရခဲ့ပါသေးတယ်။ 

ဒီတပတ်တာအတွင်းမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေက စစ်သား ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ ရှိတယ်ပေမယ့် အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေရှိနေ တာကြောင့် တိုက်ပွဲဖြစ်နေတဲ့ဒေသတွေကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က တိုက်တွန်းနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment