၂၀၂၅ အောက်တိုဘာလ ၃ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် တက်ရောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြေပြင်အခြေအနေအရ အကျဥ်းသားထွက်ပြေးမှုများ ရှိနေတာကြောင့် တရားရုံးအနေဖြင့် အထူးသတိချပ်စေလိုကြောင်း တရားရေးဝန်ကြီးဌာန ပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံသည့် ဂျပန်လွှတ်တော်သမဂ္ဂ စစ်ကောင်စီကို ဆန့်ကျင်ကြိုးပမ်းမှု ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။  ကျွန်းလှမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်စတင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။စမ်းချောင်း ပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် ဦးအား စစ်ကော်မရှင်က မတရား ဖမ်းဆီးထား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ သာယာဝတီ အကျည်းထောင်မှ လွတ်ရက်စေ့ နိုင်ငံ‌ရေး အကျဉ်းသား ဦး ပြန်လည်ဖမ်းဆီးခံရ


========================




ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် တက်ရောက်


အောက်တိုဘာ  

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၅/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ() ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။


တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ ယခုသတင်းပတ်အတွင်း ဒေသတွင်း ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီးနောက် အစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၅) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းကာ တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ (၁၂:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရှိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြေပြင်အခြေအနေအရ အကျဥ်းသားထွက်ပြေးမှုများ ရှိနေတာကြောင့် တရားရုံးအနေဖြင့် အထူးသတိချပ်စေလိုကြောင်း တရားရေးဝန်ကြီးဌာန ပြောကြား


အောက်တိုဘာ  

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေးပွဲ အမှတ်စဉ် (/၂၀၂၅)ကို စက်တင်ဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါအခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုး ပြစ်မှုနှင့် တရားမဌာနညွှန်ကြားရေးမှူး ဦးကျော်စိုး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်၊ ရုံးအဖွဲ့မှူး ဒေါ်ရွှေနွယ်ရိုး၊ ဦးစီးဌာနတာဝန်ရှိ ဝန်ထမ်းများနှင့် မြို့နယ်တရားရုံး (၃၂) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုးမှ လက်ရှိကာလ တော်လှန်ရေးနယ်မြေများတွင် လုံခြုံရေးခြိမ်းခြောက်မှုများ ကြုံတွေနေရသည့် အခြေအနေများတွင် တရားရုံးများအနေဖြင့်လည်း မိမိတို့၏ တရားရုံးအမှုတွဲများနှင့် စာရွက်စာတမ်းများ အပါအဝင် မိမိတို့၏ လုံခြုံရေးကို ဂရုပြုရမည့် ကိစ္စရပ်များအားလုံး စနစ်တကျထားရှိရန် လိုကြောင်း အမှုသည်များ၏ ဥပဒေပါ အခွင့်အရေးများရရှိစေရန် ဖော်ဆောင်ပေးဖို့လိုရုံသာမကဘဲ အမှုသည်များကိုလည်း ဥပဒေပါ အခွင့်အရေးများ ရရှိစေရမည်ကို ရှင်းပြပေးစေလိုကြောင်း၊ ယခုမြေပြင်အခြေအနေအရ အကျဥ်းသားထွက်ပြေးမှုများရှိနေတာကြောင့် တရားရုံးအနေဖြင့် အထူးသတိချပ်စေလိုကြောင်း၊ အာမခံပေးနိုင်သည့် အမှုများအား အာမခံပေးပြီး၊ အာမခံလျှောက်ထားလာခြင်းမရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ တရားခံထွက်ပြေးမှုများရှိ၍ ထူးခြားကိစ္စရပ်များ ပေါ်ပေါက်လာပါက ဌာနသို့ အစီရင်ခံတင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်သေခံပစ္စည်းစီမံခန့်ခွဲသည့် အမိန့်များ ချမှတ်ပါကလည်း ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ အမိန့်ချရန် လိုကြောင်း၊ ဌာနမှ ဖွင့်လှစ်မည့် စာရေးဝန်ထမ်းသင်တန်းကိုလည်း မိမိတို့ ရုံးစာရေးဝန်ထမ်းများ မပျက်ကွက်ဘဲ ကြိုးစားတက်ရောက်ပေးစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မြေပြင်တရားသူကြီးများမှ မေးမြန်းလာသည့် မေးခွန်းများအား ညွှန်ကြားရေးမှူးချုပ်၊ ပြစ်မှုနှင့် တရားမဌာန ညွှန်ကြားရေးမှူး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး၊ ရုံးအဖွဲ့မှူးတို့မှ အသီးသီးပြန်လည် ဖြေကြားပေးခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်မှုအား အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံသည့် ဂျပန်လွှတ်တော်သမဂ္ဂ စစ်ကောင်စီကို ဆန့်ကျင်ကြိုးပမ်းမှု ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြား


အောက်တိုဘာ  

Radio NUG 


ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော လွှတ်တော်အမတ်များသမဂ္ဂသည် အဖွဲ့ဝင် လွှတ်တော်အမတ် ၆၁ ဦးဖြင့် ဖွဲ့စည်းထားပြီး၊ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပြန်လည်ထွန်းကားရေးအတွက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် ပြည်သူများကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ ထုတ်ဖော်ပြောကြားကြောင်း (NUG) ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ အသိပေးထုတ်ပြန်ပါတယ်။


လွှတ်တော်သမဂ္ဂအနေဖြင့်

(က) မြန်မာစစ်တပ်၏ လက်နက်ဖြင့် ပြည်သူများအပေါ်  ဖိနှိပ်နေမှု ချက်ချင်းရပ်တန်သွားရန် သံတမန်ရေးလမ်းကြောင်းမှ ကြိုးပမ်းအားထုတ်သွားရေး၊ ( UN, ASEAN,EU, အစရှိသည့် အဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်လုပ်ဆောင်ခြင်း၊ ICC/ICJ လုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ခြင်း)


() စစ်တပ်မှ ကျင်းပပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲအား ထောက်ခံမှု (လုံးဝ)မပြုရေး၊ အထောက်အပံ့ မဖြစ်စေရေးနှင့် အရေအတွက် မြင့်တက်လာသည့် ပြည်တွင်းစစ်ရှောင်၊ စစ်ရှောင်စခန်းများအား အကူအညီတိုးမြှင့်ပေးရေး။


() နယ်စပ်ဖြတ်ကျော် မြန်မာဒုက္ခသည်များအား ကူညီပေးရေးနှင့် ဂျပန်နိုင်ငံမှ လက်ခံပေးရေး။


() မိုင်းရှင်းလင်းရေး၊ ခြေတုလက်တုစသည့်ပစ္စည်းများ ထောက်ပံ့ပေးရေးနှင့် အသစ်ထပ်မံ ပေါ်ပေါက်လာမည့် အရာများကိုလည်း ဆက်လက်ကူညီဆောင်ရွက်ရေး

စသည်တို့ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။


လွှတ်တော်သမဂ္ဂ၏ စတုတ္ထအကြိမ်ညီလာခံတွင် အဆိုပါ အကြောင်းအရာများကို ရှင်းလင်းတင်ပြခွင့်ရရှိခဲ့ပြီး၊ အောက်တိုဘာလ ရက်နေ့တွင် အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာကွန်ဒိုဆိုအိခ် (Mr. Kondo Soichi) အပါအဝင် လွှတ်တော်အမတ် ဦးတို့သည် ဂျပန်နိုင်ငံ ဒုတိယဝန်ကြီး မီယာဂျီ (Miyaji) ထံသို့ တရားဝင်တင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထိုကြိုးပမ်းမှုများအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည့်အပြင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထွန်းကားရေး၊ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် လွှတ်တော်သမဂ္ဂ၏ တန်ဖိုးရှိသော အကူအညီများကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။  ကျွန်းလှမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်စတင်


အောက်တိုဘာ  

Radio NUG 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ထဲမှာ ပဋိပက္ခကာလအတွင်း အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်း (WCP) ကို စက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြုလုပ်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။


သင်တန်းတွင် ကလေးသူငယ်အခွင့်အရေးသဘောတရားနဲ့ အခြေခံမူ၊ ကလေးအခွင့်အရေးစာချုပ် (CRC) Six Grave Violations စစ်ပွဲအတွင်း ကလေးသူငယ်တွေကို ထိခိုက်စေတဲ့ပြစ်မှု ၆မျိုး၊ လိင်အခြေပြုအကြမ်းဖက်မှုများ (Gender Based Violence) နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သာမာန်ရာဇဝတ်မှုတွေနဲ့  ခွဲခြားသိမြင်နိုင်ခြင်း စတာတွေကို ဆွေးနွေးသင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။


သင်တန်းသားတွေအနေနဲ့လည်း သင်တန်းမှာ တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြပြီး ကလေးသူငယ်အခွင့်အရေးများအပေါ် ပိုမိုသိရှိလာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သာမန်ရာဇဝတ်မှုများကို ကွာခြားသိမြင်လာခြင်း စတဲ့အမြင်ပြောင်းလဲမှုတွေ ရရှိခဲ့တယ််လို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။


သင်တန်းပြုလုပ်နေချိန်မှာလည်း လေကြောင်းအန္တရာယ်စိုးရိမ်စွာ နားစွင့်ခဲ့ရပြီး သင်ကြားခဲ့ရပေမယ့် သင်တန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ကျွန်းလှမြို့နယ်မှာ ပြုလုပ်တဲ့ သင်တန်းမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးတာဝန်ခံ တစ်ဦးနဲ့  အမျိုးသမီးနှင့် ကလေးသူငယ်တာဝန်ခံ တစ်ဦးက ဦးဆောင်ပြီး သင်ကြား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။စမ်းချောင်း ပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် ဦးအား စစ်ကော်မရှင်က မတရား ဖမ်းဆီးထား


အောက်တိုဘာ ရက်၊ 

Radio NUG


ရန်ကုန် လူထုလှုပ်ရှားမှု သပိတ်များမှာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ ရဲဘော် ဦးအား စစ်ကော်မရှင်က အကြမ်းဖက် ဖမ်းဆီးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


စမ်းချောင်း ပင်မသပိတ်စစ်ကြောင်း အဖွဲ့ဝင် ဟိန်းနိုင်ဇော် () အိုမီနဲ့ သိမ့်သီရိဝေ  () မမြရင်တို့ဟာ မြေပြင်ကိစ္စ သွားလာရင်း ၂၀၂၅၊ ဇွန်လ ရက်နေ့မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး မတရား ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။


၎င်းတို့ ဦးဟာ ဖမ်းဆီးခံခဲ့ရပြီးနောက် အကြမ်းဖက် စစ်တပ်ရဲ့ စစ်ကြောရေး ငရဲခန်း ဖြတ်သန်းမှုများနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာ မတရားဥပဒေဖြင့် အကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရတယ်လို့ သိရပါတယ်။


အဆိုပါ ရဲဘော် ဦး ဖမ်းဆီးခံခဲ့ရ ပြီးနောက် ကျန်ရှိနေတဲ့ ရဲဘော်များရဲ့ လုံခြုံရေး အခြေအနေကြောင့် ဖမ်းဆီးခံရတဲ့ အခြေအနေကို ချက်ချင်း သတင်းထုတ်ပြန်ဖို့ အခွင့်မသာခဲ့ဘူးလို့ ဆိုပါတယ်။


အဆိုပါ ရဲဘော် ဦးဟာ မြန်မာပြည်မှာ ဆိတ်သုဉ်းနေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေး၊ တန်းတူညီမျှရေးနဲ့ ဒီမိုကရေစီ အရေးတို့ ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာ လူထု တိုက်ပွဲ နည်းလမ်းဖြင့် ပြည်သူလူထုနဲ့ တသားထဲ ရပ်တည်ခဲ့ကြသူများ ဖြစ်ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ သာယာဝတီ အကျည်းထောင်မှ လွတ်ရက်စေ့ နိုင်ငံ‌ရေး အကျဉ်းသား ဦး ပြန်လည်ဖမ်းဆီးခံရ


အောက်တိုဘာ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား () ဦးကို စစ်ကော်မရှင်က နောက်အမှုများကပ်ကာ ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ရက်နေ့မှာ သာယာဝတီ အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား ၁၆ ဦး အပါအဝင် အကျဉ်းသား ၃၀ ဟာ လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။


လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား (၁၆) ဦးအနက် () ဦးကို စစ်ကော်မရှင် လက်အောက်ခံ ပြည်ထဲရေးဌာနမှ ထောင်ဗူးဝမှာပင် ပြန်လည်ဖမ်းဆီးကာ သာယာဝတီရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။


ပြန်လည်ဖမ်းဆီးခံရသူ () ဦးအနက် ကိုစိုင်းအောင်ငင်း၊ ကိုဂျယ်ရီကောင်းထိုက်၊ ကိုတင်စိုး()နတ်ဆိုး၊ မမေမြတ်သူနဲ့ နောက်တဦး စုစုပေါင်း () ဦးကို အကြမ်းဖက်ပုဒ်မ ၅၂ ဖြင့် ထပ်ကပ်ခဲ့ကာ သာယာဝတီ အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။


ယခုကဲ့သို့ မဟုတ်မမှန်တဲ့ စွပ်စွဲမှုများဖြင့် နိုင်ငံရေး အကျဉ်းသားများကို အကြမ်းဖက် ပုဒ်မများတပ်ကာ ပြန်လည်ဖမ်းဆီးခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တာကြောင့် PPNM အနေနဲ့ အပြင်းအထန် ကန့်ကွတ်ရှုတ်ချထားပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့်မှုများ ပြုလုပ်ကြဖို့ကို တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ဗန်းမော်တွင် KIA ပူးပေါင်းတပ်ဖွဲ့များ စစ်တပ်စခန်းများကို ပြန်သိမ်းပိုက်၊ တိုက်ပွဲများ ပြင်းထန်နေ


အောက်တိုဘာ

Radio NUG

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ယခင်လက်လွှတ်လိုက်ရသော စစ်တပ်စခန်းအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူများပြားခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များမှ သိရပါတယ်။


စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဗန်းမော်မြို့ရှိ မိုင်စခန်း၊ ရွှေပြည်သာစခန်းနှင့် KBC ဘုရားကျောင်းကုန်းတို့ကို စစ်တပ်၏ အမှတ် ၁၁ စစ်မြေပြင်ဆေးတပ်ရင်းနှင့် အမှတ် ဆက်သွယ်ရေးတပ်တို့က စစ်ကြောင်း ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် KIA ပူးပေါင်းတပ်ဖွဲ့များမှာ ယာယီဆုတ်ခွာခဲ့ရသော်လည်း အောက်တိုဘာလ ရက်နေ့ ညနေပိုင်းတွင် KIA နှင့်ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ်ဆင်ကာ အဆိုပါစခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမော်မြို့ရှိ စစ်တပ်စခန်းများကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး လက်ရှိအချိန်ထိ စခန်းအများအပြားကို ထိန်းချုပ်ထားပါတယ်။


========================


🚩🚩 ၂။ နတ်ရေကန် တိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂၇ ဦးကို အရှင်ဖမ်းဆီးရမိ


အောက်တိုဘာ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် ဝန်းကျင် တိုက်ပွဲများမှ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် (၂၇) ဦးကို အရှင်ဖမ်းဆီးရမိထားတယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA - Magway) က ထုတ်ပြန်ထားပါတယ်။


အဆိုပါ စစ်သုံ့ပန်းများဟာ စစ်ကော်မရှင် တပ်မ (၉၉) နဲ့ စကခ (၁၇) လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ပြီး အများစုဟာ အဓမ္မ စစ်မှုထမ်း ဥပဒေဖြင့် ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း အပတ်စဉ် () မှ အပတ်စဉ် (၁၃) သင်တန်းဆင်း တပ်သားများ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေ၊ စည်းမျဉ်းများနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်း ထားရှိတယ်လို့ PRA - Magway က အသိပေးထားပါတယ်။


နိုင်ငံတဝှမ်း ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်ကို မဟာမိတ်များနဲ့အတူ PRA - Magway အနေနဲ့ ကြံ့ကြံ့ခံ ခုခံလျက်ရှိပြီး စစ်နောက်ပိုင်း ဒေသများမှာလည်း ပြောက်ကျားဒေသများ တိုးချဲ့ဖော်ဆောင်လျက် ရှိတယ်လို့ ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်ကော်မရှင် တကျော့ပြန် အားကောင်းလာမှုနှင့်အတူ တော်လှန်ရေးတပ်များ ထိန်းချုပ်ဒေသ အချို့ ပြန်လည်လက်လွှတ်ရမှုများ ရင်ဆိုင်နေရကာ တော်လှန်ရေးအင်အားစု အသီးသီးအနေနဲ့ တပ်ပေါင်းစု မူဝါဒကို လက်တွေ့ကျကျ ကျင့်သုံး အကောင်အထည်ဖော်ရမယ့် ကာလဖြစ်တယ်လို့ အကြံပြုထားပါတယ်။


မိမိတို့ တသင်းတဖွဲ့ အားကောင်းရေးထက် တော်လှန်ရေး တစုံလုံး အားကောင်းရေးကို ဦးတည်နိုင်ရမှာ ဖြစ်ပြီး ကွဲပြားသော အမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အား ပြန့်ကြဲမှု၊ ဘဏ္ဍာရေး လေလွင့်မှုများကို အကျစ်လစ်ဆုံးပေါင်းစည်းကာ တညီတညွတ်ထဲ တိုက်ပွဲဝင်ရမယ့် ကာလဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၃။ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


အောက်တိုဘာ  

Radio NUG 


စက်တင်ဘာလ ၃၀ ရက်နေ့တွင် သံချပ်ကာကား စီးနှင့် အင်အား ၁၀၀ ကျော်ဖြင့် အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာသို့ စစ်ကြောင်းထိုးလာခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ရက်နေ့ နာရီအထိ ကြိမ် ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သတင်းရရှိပါတယ်။


တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ စစ်သား ဦးပြီး ညတွင်းချင်း အုတ်ဖိုမြို့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ခွဲ ၃၊ ပကဖ ဒရုန်းတပ်ဖွဲ့၊ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့၊ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့၊ BlackDragon GBK PDF တပ်ဖွဲ့နှင့် ဇီးကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ စစ်ကော်မရှင်၊ BGF ပူးပေါင်းစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ


အောက်တိုဘာ ရက်၊ 

Radio NUG


စစ်ကော်မရှင်တပ်နဲ့ မောင်လှကြိုင် ဦးဆောင်တဲ့ BGF ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေး တပ်ဖွဲ့များ ထိပ်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်ဘက်က ၁၀ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Black Dragon Column က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလကုန်ပိုင်းမှာ ဖာပွန်ခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် + BGF ပူးပေါင်း အင်အား (၃၀၀) ခန့်ပါ စစ်ကြောင်းနဲ့ မီတာ ၁၀၀ ခန့် အကွာအထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတိုက်ပွဲအတွင်း စစ်ကော်မရှင် စစ်ကြောင်းဘက်က ၁၀ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှ ရဲဘော် ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


() ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ ဒရုန်း နဲ့ စစ်ကူအင်အားများ ရောက်ရှိလာတာကြောင့် စစ်ကော်မရှင် စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပေမယ့် အင်အားဖြည့်တင်းပြီး ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်မယ်လို့ သတင်းအခိုင်အမာ ရထားကြောင်း ဖော်ပြထားပါတယ်။


နဂါးနက် စစ်ကြောင်းအနေဖြင့် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ရဲဘော်များ ဆေးဝါးကုသရန် နှင့် ခဲယမ်းများ ဖြည့်တင်းရန် အကူအညီ လိုအပ်လျက်ရှိတယ်လို့ မေတ္တာရပ်ခံထားပြီး နွေဦးတော်လှန်ရေး အမြန် အောင်မြင်အောင် တစိုက်မတ်မတ် ကြိုးစားအားထုတ်သွားမယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ စစ်ကိုင်း ကန့်ဘလူမြို့နယ် အုန်းတောရွာ ပျူစောထီး ကင်းစခန်း တိုက်ခိုက်သိမ်း၊ ပျူစောထီး နှစ်ဦး သေဆုံး၊ ခြောက်ဦး ဖမ်းမိ


အောက်တိုဘာ  

Radio NUG 


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အုန်းတောရွာ ပျူစောထီး ကင်းစခန်းတစ်ခုကို တော်လှန်ရေး အင်အားများက အောက်တိုဘာ ရက် ၁၀နာရီဝန်းကျင်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင်တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဖမ်းမိခဲ့ကြောင်း ကန့်ဘလူခရိုင် အမှတ် PDF တပ်ရင်းမှ သတင်းရရှိပါတယ်။


တိုက်ခိုက်မှုကို ကန့်ဘလူ ခရိုင် PDF အမှတ် တပ်ရင်း၊ ပကဖ လှုပ်ရှားရေး တပ်ရင်းနှင့် နယ်မြေခံ ပကဖ အင်အားများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး အုန်းတောရွာ ပျူစောထီး ကင်းစခန်းကို အလစ်အငိုက်လျှပ်တပြက်ပြောက်နည်းစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုတွင် ပျူစောထီး အင်အားများက ခုခံဖို့ ကြိုးစားခဲ့သော်လည်း ထိတွေ့ ပစ်ခတ်မှု မဖြစ်ပေါ်ခဲ့ဘဲ အလစ်ဝင်ရောက်ခဲ့ခြင်းကြောင့် G3 အမျိုးအစား သေနတ် သုံးလက်၊ ကာဘိုင်း သေနတ် နှစ်လက်၊ ပြောင်းချော သေနတ် နှစ်လက်နှင့် ခဲယမ်း ပစ္စည်း အချို့ကို လွယ်ကူစွာ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ စက်တင်ဘာလအတွင်း ဗိုလ်ကြီး () ဦး အပါအဝင် စုစုပေါင်း (၆၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ


အောက်တိုဘာ  

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပြည်သူ့ရင်ခွင် (People’s Embrace) တို့ကို ချိတ်ဆက်၍ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး () ဦး အပါအဝင် ရန်သူ့ တပ်ဖွဲ့ဝင် (၆၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


ပြည်သူ့ရင်ခွင် ခိုလှုံလာသူ (၆၈) ဦးတွင် လက်နက်ဖြင့် ဝင်ရောက်လာသူ (၁၈) ဦး ရှိပြီး MA-1 (၁၁) လက်၊ MA-3 () လက်၊ လက်ပစ်ဗုံး () လုံး၊ နင်းမိုင်း () လုံး၊ ကျည်မျိုးစုံ (၅၉၀) တောင့်ကျော်တို့ ပါရှိတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ ၆၈ဦး မှာ အကြမ်းဖက်စစ်တပ်၏ အဓမ္မလူသစ်စုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း (၅၇) ဦး၊ ရဲ () ဦး၊ ဗိုလ်ကြီး () ဦး၊ တပ်ကြပ်ကြီး () ဦးနှင့် တပ်သား () ဦးတို့ ဖြစ်ကာ အခွင့်အရေးရသည်နှင့် ပြည်သူနှင့်အတူ ရပ်တည်ရန် ရန်သူ့တပ်တွင်းရောက်ရှိနေသူများ ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။


အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများအနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ KPLA-တပ်ရင်း(၉၄၂၀) ကျဆုံးရဲဘော် ၃၇ဦး ကို ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း


အောက်တိုဘာ  

Radio NUG 


ကလလတ၊ KPLA-တပ်ရင်း (၉၄၂၀) မှ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော်များကို ရည်စူးကာ ကျန်ရစ်သူ တပ်ရင်း (၉၄၂၀)ရဲဘော်များမှ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ဝတ္ထုကပ်လှူခြင်းများကို ဘာသာရေးထုံးတမ်းစဥ်လာများနှင့်အညီ ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာလ ၂ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။


တပ်ရင်း (၉၄၂၀)မှ လူမျိုးစုံ၊ ဘာသာစုံရဲဘော်များမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဘုဥ်းဖွယ်ရာများကို စီစဥ်‌ဆောင်ရွက်ခဲ့ပြီး ကျဆုံးရဲဘော်များအား ရည်စူး၍ ရေစက်ချ အမျှဝေခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းတွင် စဖွဲ့စည်းချိန်မှစ၍ ပြည်သူ့လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် အသက်ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် (၃၇) ဦး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KNDF တပ်ရင်း (၁၂) အသိပေး


အောက်တိုဘာ ရက်၊ 

Radio NUG


စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ် (၁၂) တည်ထောင်ခြင်း () နှစ်ပြည့်မှာ သဝဏ်လွှာ ထုတ်ပြန်ထားပါတယ်။


၂၀၂၅ ခုနှစ် အောက်တိုဘာ ရက်နေ့ဟာ KNDF/B - 12 တပ်ရင်း တည်ထောင်ခြင်း () နှစ်ပြည့်တဲ့နေ့ ဖြစ်တယ်လို့ သိရပါတယ်။


လက်နက်အားကိုးဖြင့် မတရား အုပ်ချုပ်နေတဲ့ စစ်ကောင်စီကို အစပိုင်းမှာ အမဲလိုက် တူးမီးများ၊ Point 22 များ၊ လက်လုပ်သေနတ်များဖြင့် စတင်တွန်းလှန်ခဲ့ကြရာမှ ပြည်သူလူထုကို အားပြုရင်း အခက်အခဲများစွာကို စိုးရိမ်မှုကင်းမဲ့စွာ အသက်၊ သွေး၊ ချွေးများဖြင့် ကြံ့ကြံ့ခံခဲ့တာ () နှစ် ပြည့်ပြီလို့ ဖော်ပြထား ပါတယ်။

 

KNDF - အမှတ် (၁၂) တပ်ရင်း အနေဖြင့် ပြည်သူလူထုကို ကိုယ်စားပြု မျက်နှာမူပြီး တော်လှန်ရေးရဲ့ အဆုံးစွန်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ့် တပ်ရင်း ဖြစ်ကြောင်းကိုလဲ တည်ထောင်ခြင်း () နှစ်ပြည့်မှာ ပြည်သူလူထုထံ ထပ်မံ ကတိသစ္စာပြု အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။









#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment