၂၀၂၅ အောက်တိုဘာလ ၄ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မြန်မာစစ်တပ်ကို ဖိအားပေးဖို့ သားဖြစ်သူ ကိုထိန်လင်းက တရုတ်သမ္မတ ရှီကျင့်ပင်ကို မေတ္တာရပ်ခံ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ တရုတ်ကုမ္ပဏီတွေရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝတွေ ထိခိုက် ပျက်စီးလာတယ်လို့ MRW ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသွားတဲ့ ပလက်ဝဒေသနေပြည်သူတွေရဲ့ မိသားစုကို ULA/AA က ငွေကျပ် ၂၀၃ သိန်း ကူညီထောက်ပံ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။မွန် ကရင် ဗမာ လူငယ်တွေတက်ရောက်တဲ့ လူထုစည်းရုံးရေးနှင့် နိုင်ငံရေး အံတုမှု အခြေခံ ရက်တိုသင်တန်း ကျင်းခဲ့တယ်လို့ KNU ထုတ်ပြန်


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုနေတဲ့ လပခ ဌာနချုပ်ကို တော်လှန်ရေးတပ်တွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်

🚩 ⁨⁨၂။ မင်းတပ်မြို့ကို စစ်တပ်က ဗုံးကြဲတာကြောင့် ဒေသနေပြည်သူ ဦး ပြင်းထန်ဒဏ်ရာရ

🚩၃။ အကြမ်းဖက်စစ်တပ်က ခြေမြန်တပ်မအချို့ကိုခြေလျင်တပ်မအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ MDSI ဆို

🚩၄။သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲ 

🚩၅။ လောင်းလုံးမြို့ပေါ် မှာ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု လုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မြန်မာစစ်တပ်ကို ဖိအားပေးဖို့ သားဖြစ်သူ ကိုထိန်လင်းက တရုတ်သမ္မတ ရှီကျင့်ပင်ကို မေတ္တာရပ်ခံ


အောက်တိုဘာလ ( )ရက်


လူထုခေါင်းဆောင်လည်းဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို ဖိအားပေးရန် သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က တရုတ်သမ္မတ ရှီကျင့်ပင်ကို မေတ္တာရပ်ခံ ထားတယ်လို့ South China Morning Post မှာ ဖော်ပြထားပါတယ်။ 

ဒီနေ့ ကျွန်တော့ မေမေလွတ်မြောက်စေဖို့ တရုတ်နိုင်ငံအနေနဲ့ အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေး ထားပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး ထောင်သွင်းအကျဉ်းချခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါပြဿနာနဲ့ ထောင်တွင်း အခြေအနေတွေ ဆိုးရွားနေမှုကို သားဖြစ်သူ ကိုထိန်လင်းက ထုတ်ဖော်ပြောဆိုလာပြီး တရုတ်သမ္မတ ရှီကျင့်ပင်အနေနဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စစ်တပ်ကို ဖိအားပေးဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။

မေမေ့ကို လွှတ်ပေးဖို့နဲ့ လွတ်မြောက်သင့်သူတွေကို လွှတ်ပေးဖို့ စစ်အစိုးရကို ဖိအားပေးဖို့ တရုတ်သမ္မတ Xi Jinping ကို ကျနော် မေတ္တာရပ်ခံပါတယ်။ တရုတ်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုပေမယ့်လည်း စစ်တပ်က တွေ့ခွင့်မပြုပါဘူး။ အခြားဘယ်သူကိုမှလည်း တွေ့ခွင့်မပေးဘူးလို့ ကိုထိန်လင်းက ပြောထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရှိရေး ကြိုးစားနေသူတွေကို ဖိတ်ခေါ်ထားပြီး တွေ့ခွင့်ရခဲ့မယ်ဆိုရင် အနည်းဆုံး  ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေတယ်ဆိုတာကို အတည်ပြုနိုင်မယ်လို့ ဆိုပါတယ်။ 

အမေ ထောင်ထဲမှာ သေမှာကို တချိန်လုံး ကျနော် စိုးရိမ်နေတယ်။ ထောင်တွင်းအခြေအနေတွေက ကြောက်စရာကောင်း တယ်လို့ ကိုထိန်လင်းက ဆက်ပြောထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အကျဉ်းချထားခြင်းဟာ တိုင်းပြည်အကျပ် အတည်းကို ပိုမိုနက်ရှိုင်းလာစေမယ်လို့ သတိပေးထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာဟာ သဘောထားကွဲလွဲမှုတွေကို ခိုင်မာစေမှာဖြစ်သလို ပဋိပက္ခတွေကို ရှည်ကြာစေမျာဖြစ်တဲ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း ပိုပြီးခက်ခဲစေမှာလို့ NUG  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီး ဒေါက်တာဆာဆာကလည်း South China Morning Post ကို ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကလည်း သူ့အမေကို လူချင်း ပြန်လည် တွေ့ဆုံချင်တဲ့အကြောင်း ပြောကြားထားတယ်လို့ South China Morning Post ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အာဏာရှိနေချိန်တုန်းကဆိုရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထက် တရုတ်နဲ့ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့သလို ပိုပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လို့ ကိုထိန်လင်းက South China Morning Post ကို ပြောထားပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တို့မှာ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားရောက်ခဲ့တာကို ရည်ညွှန်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လိုအပ်နေတဲ့ အခြေအနေတခုလို့ ဖြစ်တယ်လို့ သားဖြစ်သူ ကိုထိန်လင်းက ယုံကြည်နေတယ်လို့ South China Morning Post မှာ ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ တရုတ်ကုမ္ပဏီတွေရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝတွေ ထိခိုက် ပျက်စီးလာတယ်လို့ MRW ပြော


အောက်တိုဘာလ ( )ရက်

ရှမ်းအရှေ့ဒေသ တာလေမြို့နယ်မှာ တရုတ်ကုမ္ပဏီတွေရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ ထိခိုက်ပျက်စီးနေတယ်လို့ Myanmar Resource Watch က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။


Myanmar Resource Watch က ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများဆိုတဲ့ အစီရင်ခံစာတစောင် မနေ့  အောက်တိုဘာ ရက်က ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ 


ရှမ်းပြည်နယ်အရှေ့ပိုင်းဟာ ပထဝီဝင်အနေအထားအရ အရေးပါတဲ့ နေရာဒေသတခုဖြစ်ပြီး တိုင်းရင်းသား မျိုးထက် မနည်း နေထိုင်ကြရာမှာ အဓိကအားဖြင့် ရှမ်း၊ လားဟူ၊ အာခါ၊ ပအိုဝ်း၊ ကိုးကန့်၊ ကချင်၊ ဗမာ နဲ လီဆူ စတဲ့ တိုင်းရင်းသားတွေ နေထိုင်ကြတယ်လို့ ဆိုပါတယ်။

 

တာချီလိတ်ခရိုင်မှာဆိုရင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ တသိန်း ၄သောင်းကျော်ရှိပြီး အမျိုးသား ၅၀ ဒသမ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၉ ဒသမ ရာခိုင်နှုန်းနေထိုင်ကြတယ်လို့ သိရပါတယ်။


တာချီလိတ်မြို့ဟာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်မြို့တမြို့ဖြစ်ပြီး ထိုင်း -မြန်မာ ကုန်သွယ်ရေးပြုလုပ်နေတဲ့ တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ် ခုအနက် တခုအပါအဝင် ဖြစ်တယ်လို့လည်း သိရပါတယ်။ 


တာချီလိတ်မြို့နဲ့ ကျိုင်းတုံမြို့ကို အာရှအဝေးပြေးလမ်းမကြီးနဲ့ ဆက်သွယ်ထားတာကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ သွားရောက်နိုင်တာကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းအတွက် အလွန် အရေးပါတဲ့ နေရာဒေသတခုဖြစ်ပြီး ထိုင်းငွေကြေးကို အဓိက သုံးစွဲကြတယ်လို့ Myanmar Resource Watch ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


ဒေသတွင်း စီးပွားရေးလုပ်ငန်းအနေနဲ့ စိုက်ပျိုးရေးနဲ့ သတ္တုတူးဖော်ရေးကိုအဓိကလုပ်ကိုင်ကြတာကြောင့် ဒီ လုပ်ငန်းတွေ ဟာ ဒေသတွင်းစီးပွားရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်နေပြီး အဓိကအားဖြင့် တရုတ်နဲ့ထိုင်းနိုင်ငံကို တင်ပို့ ရောင်းချကြတယ်လို့ သိရပါတယ်။ 


တာချီလိတ်ခရိုင်အတွင်းက ရွှေလုပ်ငန်းတွေရှိရာ တာလေမြို့ နားအွန်ရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ခန့်ရှိပြီး အရင်က ဒေသခံတွေဟာ မီးသွေးဖုတ်တာနဲ့ ရာသီအလိုက် လယ်ယာလုပ်ငန်းတွေကို အဓိက လုပ်ကိုင်ခဲ့ပေမယ့် အခုအခါမှာတော့ တရုတ်ကုမ္ပဏီတွေ ရွှေတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်လာတာကြောင့် ဒေသ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေဟာ သိသာထင်ရှားစွာ ပြောင်းလဲလာခဲ့တယ်လို့ ဆိုပါတယ်။

 

ရှမ်းပြည်နယ်အရှေ့ပိုင်းဟာ "ရွှေတြိဂံ" ဒေသအစိတ်အပိုင်းမှာ ပါဝင်နေတာကြောင့် မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှု စတဲ့ စီးပွားရေးကွန်ရက်တွေရဲ့ လွှမ်းမိုးမှုဒဏ်ကို ခံစားနေကြရပြီး ဒီပြဿနာတွေကြောင့် ဒေသတွင်း လူမှုရေးအခြေအနေတွေ ရှုပ်ထွေးစေပြီး လူငယ်တွေရဲ့ အနာဂတ်အပေါ် ဆိုးရွားတဲ့ သက်ရောက် မှုတွေ ရှိစေတယ်လို့ Myanmar Resource Watch က ထုတ်ဖော်ပြောဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသွားတဲ့ ပလက်ဝဒေသနေပြည်သူတွေရဲ့ မိသားစုကို ULA/AA က ငွေကျပ် ၂၀၃ သိန်း ကူညီထောက်ပံ့


အောက်တိုဘာလ ( )ရက်

 

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံး ဒဏ်ရာရသွားတဲ့ ပလက်ဝဒေသနေပြည်သူ တွေရဲ့ မိသားစုကို ULA/AA က ငွေကျပ် ၂၀၃ သိန်း ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ ဒဏ်ရာရသူတွေကို ULA/AA လက်အောက်မှာရှိတဲ့ ပလက်ဝခရိုင်ပါတီကော်မတီက ကူညီထောက်ပံ့ပေးခဲ့တာလို့ We Love Paletwa အဖွဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

  

ချင်းပြည်နယ် ပလက်ဝမြို့ လူနေရပ်ကွက်တွေကို စက်တင်ဘာ ၂၉ ရက်နေ့က အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လာရောက် ဗုံးကြဲခဲ့တာကြောင့် အပြစ်မဲ့ အမျိုးသမီး ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၂၃ ဦး ဒဏ်ရာရှိခဲ့တယ် လို့ အာရက္ခတပ်တော် - AA က မနေ့ကပဲ ထုတ်ပြန်ထားပါတယ်။ 


အကြမ်းဖက်စစ်တပ်လက်ချက်ကြောင့် သေဆုံးသွားခဲ့တဲ့ အမျိုးသမီး၂ ဦးအတွက် တဦးကို ကျပ် ၁၅ သိန်းစီ ထောက်ပံ့ပေးခဲ့ ပြီး ဒဏ်ရာပြင်းထန်သူ တဦးကို ငွေကျပ် ၁၀ သိန်းစီနဲ့ အနည်းငယ် ဒဏ်ရာရရှိသူတွေကို ကျပ် သိန်းစီ ထောက်ပံ့ပေးခဲ့ တယ်လို့ We Love Paletwa လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

အာရက္ခတပ်တော် - AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့က ဆေးရုံအပါအဝင် မြို့ပေါ်နေရာအချို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲတာကြောင့် မမြမြခင် ၁၉ နှစ်နဲ့ ဒေါ်သူဇာဝင်း () ဘုတ်ဘုတ် ၄၂ နှစ်တို့ သေဆုံးခဲ့ကြရပြီး ကလေးငယ်တွေအပါအဝင် ၂၃ ဦးဒဏ်ရာရရှိခဲ့တာလို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။မွန် ကရင် ဗမာ လူငယ်တွေတက်ရောက်တဲ့ လူထုစည်းရုံးရေးနှင့် နိုင်ငံရေး အံတုမှု အခြေခံ ရက်တိုသင်တန်း ကျင်းခဲ့တယ်လို့ KNU ထုတ်ပြန်


အောက်တိုဘာလ ( )ရက်


မွန် ကရင်နဲ့ ဗမာ လူငယ်တွေတက်ရောက်တဲ့ လူထုစည်းရုံးရေးနှင့် နိုင်ငံရေး အံတုမှု အခြေခံ ရက်တိုသင်တန်းတခု ဒူးပလာယာခရိုင်ထဲက နယ်စပ်တနေရာမှာ ကျင်းခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


အဲဒီသင်တန်းကို ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင်က တာဝန်ရှိခေါင်းဆောင်တွေ၊ မွန်ပြည်ဖွံ့ဖြိုးရေး စင်တာ Mon State Development Center - MSDC က တာဝန်ရှိခေါင်းဆောင်တွေနဲ့ Power For Change -PFC ဒီမိုကရက်တစ်အင်အားစုတို့ ပူးပေါင်းပြီး ကျင်းပခဲ့တာလို့ သိရပါတယ်။


လူငယ်တွေ နိုင်ငံရေးအကြောင်း ပိုပြီး သိရှိ နားလည်လာစေဖို့၊ တိုင်းရင်းသားလူငယ်တွေကြား ချိတ်ဆက်မှု အားကောင်း လာစေပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ ပိုပြီး လှုပ်ရှားဆောင်ရွက်လာနိုင်စေဖို့နဲ့ စစ်ကော်မရှင်က လုပ်မယ့် အတုအယာင် ရွေးကောက်ပွဲ ဆန်ကျင့်ရေးမှာ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ လူထုစည်းရုံးရေးနှင့် နိုင်ငံရေး အံတုမှု အခြေခံ ရက်တိုသင်တန်းကို စက်တင်ဘာ ၂၉ ကနေ ၃၀ ရက်နေ့အထိ ရက်တာ သင်ကြားပို့ချတာလို့ အသိပေးပါတယ်။


အဲဒီသင်တန်းမှာ ကရင်လူငယ်ကိုယ်စားလှယ်တွေ၊ မွန်လူငယ်ကိုယ်စားလှယ်တွေနဲ့ ဗမာလူငယ် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း ၂၅ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 


တချိန်တည်းမှာပဲ စစ်အုပ်စုကကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲဟာ ပဋိပက္ခကို ဖြေရှင်းနိုင်မလား ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံရေးစကားဝိုင်း - Talk Show အစီအစဉ်လည်း လုပ်ဆောင်ခဲ့တယ်လို့  KNU ဒူးပလာယာခရိုင် ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩၁။စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုနေတဲ့ လပခ ဌာနချုပ်ကို တော်လှန်ရေးတပ်တွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်


အောက်တိုဘာလ ( )ရက်


အကြမ်းဖက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုနေတဲ့ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် လပခ ကို တော်လှန်ရေးတပ်တွေက ၁ဝ၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar – BWM အဖွဲ့က ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ပြန်လာပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးတက္ကသိုလ် နှစ်တရာပြည့်ပွဲတက်ဖို့ မနေ့ အောက်တိုဘာ ရက်နေ့ ညပိုင်းက ပြင်ဦးလွင်ကနေ မန္တလေးကိုရောက်ရှိလာပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လပခ မှာ တည်းခိုနေတယ်လို့ သတင်းရတဲ့အတွက် ညတွင်းချင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး မန်းတက္ကသိုလ်ရာပြည့်ပွဲတက်ရောက် မှာ ဖြစ်တဲ့အတွက် အခုလို ညတွင်းချင်း တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ 

မင်းအောင်လှိုင်တက်ရောက်တဲ့ပွဲကို တိုက်ခိုက်တာဟာ ပိုပြီး လွယ်ကူပေမယ့် အရပ်သားပြည်သူတွေ ထိခိုက်မှာ စိုးရိမ်တဲ့ အတွက် မင်းအောင်လှိုင် တည်းခိုတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လပခ အတွင်းကို ပစ်ခတ်တိုက်ခိုက်ရတာလို့ BWM အဖွဲ့က ရှင်းပြထားပါတယ်။ 

အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး မန်းတက္ကသိုလ်ရာပြည့်ပွဲတက်ရောက်နေတဲ့ မင်းအောင်လှိုင်ကို တိုက်ခိုက်ဖို့ အခွင့်အရေး မရခဲ့ပေမယ့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်မှုမှာ မင်းအောင်လှိုင် လက်အောက်ခံ စစ်သားတွေ ထိခိုက်မှုရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အခုမစ်ရှင်ဟာ နာရီပိုင်းအတွင်း လျှပ်တပြက်စီစဉ်ရတဲ့ မစ်ရှင်ဖြစ်ပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်တဲ့ မစ်ရှင်ဖြစ်ခဲ့တာကြောင့် ကူညီအားဖြည့်ပေးခဲ့ကြတဲ့ မဟာမိတ်အဖွဲ့တွေကို ကျေးဇူးတင်တဲ့အကြောင်းလည်း အသိပေးထားပါတယ်။ 

ဒီမစ်ရှင်ဟာ BWM အဖွဲ့ရဲ့ ၄၆ ကြိမ်မြောက် မစ်ရှင်ဖြစ်ပြီး BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship NMD – PDF အဖွဲ့ People Servant Force PSF အဖွဲ့၊ ရတနာပုံတပ်ဦးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ⁨⁨၂။ မင်းတပ်မြို့ကို စစ်တပ်က ဗုံးကြဲတာကြောင့် ဒေသနေပြည်သူ ဦး ပြင်းထန်ဒဏ်ရာရ


အောက်တိုဘာလ ( )ရက်


ချင်းပြည်နယ် မင်းတပ်မြို့ကို အကြမ်းဖက်စစ်က ဗုံးကြဲတာကြောင့် ဒေသနေပြည်သူ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ Chin Defence Force - Mindat က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

မင်းတပ်မြို့က ဒေသနေပြည်သူတွေ အိပ်မောကျနေချိန် အောက်တိုဘာ ရက် ဒီနေ့မနက် နာရီ ၂၃ မိနစ်နဲ့ ၃၄ မိနစ်တို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသနေပြည်သူတွေ ပြင်းထန်ဒဏ်ရာရခဲ့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မင်းတပ်မြို့က နေရာ ခုကို လေကြောင်းတိုက်ခိုက်မှု ကြိမ်ပြုလုပ်ခဲ့တာကြောင့် အရပ်သား ပြည်သူတွေ ပြင်းထန်ဒဏ်ရာရခဲ့တဲ့အပြင် ပြည်သူလူထုရဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့ကို ချင်းညီ‌နောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဟာ မင်းတပ်မြို့ကို မြေပြင်ထိုးစစ် မလုပ်နိုင်သေးတဲ့အခြေအနေမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ လက်လွှတ်ထားရတဲ့ ဒေသတွေကို ပြန်လည်ရယူနိုင်ဖို့ နိုင်ငံအဝှမ်းထိုးစစ်ဆင်နေသလို လေကြောင်းကလည်း အဆက်မပြတ်ဗုံးကြဲ တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။


========================


🚩🚩၃။ အကြမ်းဖက်စစ်တပ်က ခြေမြန်တပ်မအချို့ကိုခြေလျင်တပ်မအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ MDSI ဆို


အောက်တိုဘာလ ( )ရက်


အကြမ်းဖက်စစ်တပ်ရဲ့ အမာခံ တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ ခြေမြန်တပ်မအချို့ကိုခြေလျင်တပ်မအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ မြန်မာ့စစ်ဘေးရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ - MDSI က ထုတ်ဖော် ပြောဆိုလာပါတယ်။ 


ခြေမြန်တပ်မအချို့ကိုခြေလျင်တပ်မအဖြစ် ပြောင်းလဲဖွဲ့စည်းဆိုတဲ့ ခေါင်းစဉ်နဲ့ MDSI အဖွဲ့က ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ အမာခံ တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ ခြေမြန်တပ်မအချို့ကို ခြေလျင်တပ်မဌာနချုပ် လို့ အမည်ပြောင်းလဲ ဖွဲ့စည်းလာတာ တွေ့ရပြီး လက်ရှိမှာ အမှတ် ၂၂၊ ၅၅ နဲ့ ၉၉ စတဲ့ ခြေမြန်တပ်မတွေကို ခြေလျင်တပ်မများအဖြစ် တရားဝင်ပြောင်းလဲ အသုံးပြုနေပြီး ကျန်တပ်မတွေကိုတော့ ဆက်လက်‌စိစစ်နေ တယ်လို့ အသိပေးထားပါတယ်။ 


ခြေမြန်တပ်မအချို့ကို ခြေလျင်တပ်မဌာနချုပ်အဖြစ် အမည်ပြောင်းပြီး ပြင်ဆင်ဖွဲ့စည်း အသုံးပြုလာတာ ဟာ ၂၀၂၂ ခုနှစ်ဝန်းကျင်ကတည်းကလို့ MDSI အဖွဲ့က သုံးသပ်ထားပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ တိုက်ခိုက်ရေးတပ်တေါကို ခြေလျင်နဲ့ခြေမြန်လို့ ခွဲခြားထားပေမယ့် ဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်တွေဟာ အတူတူဖြစ်ပြီး အခြေခံအားဖြင့် ခြေလျင်တပ်တေါဟာ တိုင်းကွပ်ကဲမှုအောက် နယ်မြေစစ်ဆင်ရေးတာဝန်ယူပြီး ခြေမြန်တပ်တွေက ရွှေ့ပြောင်းလှုပ်ရှားစစ်ဆင်ရေးတာဝန် ကက - ကြည်း ကွပ်ကဲမှုတပ်တွေဖြစ်တယ်လို့ သိရပါတယ်။


ခြေမြန်တပ်မတွေဟာ ကက - ကြည်း ကွပ်ကဲမှုအောက် ရွှေ့ပြောင်းစစ်ဆင်ရေးတပ်တွေဖြစ်ပေမယ့် ခြေမြန် ရော ခြေလျင်တပ်ရင်းတွေပါ ဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်။ 


တပ်မဌာနချုပ်တခုမှာ နည်းဗျူဟာ ခု၊ တိုက်ခိုက်ရေးတပ်ရင်း ၁၀ ရင်း ပါဝင်ဖွဲ့စည်းထားပြီး လက်ရှိမှာ ခြေလျင်တပ်မအဖြစ် အမည်ပြောင်းလဲလိုက်ပေမယ့် စစ်ဆင်ရေးတာဝန်နဲ့ နည်းဗျူဟာစုဖွဲ့မှုကတော့ ထူးထူးခြားခြား ပြောင်းလဲလာတာ မတွေ့ရသေးဘူးလို့ MDSI အဖွဲ့က ပြောပါတယ်။


အာဏာမသိမ်းခင်ကာလက ခြေမြန်တပ်မတွေရဲ့ စစ်ထွက်အင်အားဟာ ပျမ်းမျှ ၁၃၀၀ ကနေ ၁၅၀၀ ဝန်းကျင်ဖြစ်ပေမယ့် ၂၀၂၂ - ၂၀၂၃ ဝန်းကျင်မှာတော့ အင်အား ၇၀၀ ကနေ ၈၀၀ ခန့်အထိသာရှိတော့တာ ကြောင့် စစ်ဆင်ရေးလိုအပ်ချက်အရ တိုင်းအရန်တပ်တွေက အင်အားကို ထုတ်နှုတ် ဖြည့်တင်းပေးနေပေ မယ့် ထိခိုက်ကျဆုံး များတာကြောင့် စစ်ထွက်အင်အားဟာ တထောင်ဝန်းကျင်အောက်ပဲ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။


၂၀၂၄ ခုနှစ်မှာ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းရရှိမှုကနေ တဖြည်းဖြည်းချင်း အင်အား ပြန်လည်ဖြည့်တင်းလာနိုင်ခဲ့တာကြောင့် လက်ရှိမှာဆိုရင် တိုက်ခိုက်ရေးတပ်မတွေရဲ့ စစ်ထွက်အင်အားဟာ ပျမ်းမျှ ၃၀၀၀ ဝန်းကျင်အထိ ရှိလာတဲ့အတွက် ဒါဟာ အာဏာမသိမ်းခင်ကာလရှိခဲ့တဲ့ တပ်မအဆင့် အရွယ်အစားထက် ဆဝန်းကျင် ကြီးမားလာတယ်လို့ MDSI က အသိပေးထားပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ကာလတွေမှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခတွေထဲက စကခ ၃၊ နဲ့ ၁၆ တို့ကိုလည်း ခြေလျင်တပ်မဟာအဖြစ် အမည်ပြောင်းလဲပြီး လေကြောင်းချီတိုက်ခိုက်ရေး တပ်တွေအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲ 


အောက်တိုဘာလ ( )ရက်


ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ နယ်မြေဖြစ်တဲ့ သီပေါမြို့နယ်ထဲက မန်ဟဲကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ရက် မနက်ပိုင်းမှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီနေ့မနက် နာရီ ၄၉ မိနစ်အချိန်မှာ မန်ဟဲကျေးရွာမှာရှိတဲ့ စစ်တပ်ရဲစခန်းဟောင်းအတွင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး လုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ အရပ်သားပြည်သူထိခိုက်မှုမရှိဘူးလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ နားလည်ရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ကြေညာပြီးနောက်ပိုင်း အောက်တိုဘာ ရက်နေ့ တုန်းကလည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာက ကုမုဒြာဟိုတယ်က ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပေါင် ၅၀၀ ဗုံး လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံတခု ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ 

အောက်တိုဘာလ ရက်နေ့မှာပဲ တိုက်ပွဲဖြစ်တာမရှိတဲ့ နမ္မတူမြို့တွင်းကိုလည်း ပေါင် ၅၀၀ ဗုံးတလုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦးသေဆုံးခဲ့ရပြီး ဦး ဒဏ်ရာရရှိကာ အိမ် လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုရှိရာနေရာတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် နေတာကြောင့် မိဘပြည်သူများအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲ ရှိနေဖို့ လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ TNLA က နှိုးဆော်ထားပါတယ်။


========================


🚩🚩၅။ လောင်းလုံးမြို့ပေါ် မှာ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု လုပ်


အောက်တိုဘာလ ( )ရက်


တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်မှာ မနေ့ အောက်တိုဘာ ရက်နေ့ နေ့လည်ပိုင်းက စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ - DDMSC က ထုတ်ပြန်ထားပါတယ်။ 


အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပြီး ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့အနေနဲ့အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

 

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုဟာ စစ်အာဏာသိမ်းမှုထားတဲ့ နှစ်ကျော်ကြာကာလအတွင်းမှာ အရပ်သားပြည်သူ တွေအပေါ် အကြမ်းဖက်ဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့အပြင် နေ‌အိမ်ပေါင်းများစွာကို လည်း မီးရှို့ဖျက်ဆီးနေတယ်လို့ အသိပေးထားပါတယ်။

 

စစ်ခေါင်းဆောင်တွေဟာ အရပ်သားပြည်သူတွေအပေါ် အခုလို တရားလက်လွတ် အကြမ်းဖက်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ စစ်အာဏာသိမ်းမှုကို ဆက်ထိမ်းထားနိုင်ဖို့နဲ့ နိုင်ငံ့အာဏာကို မတရားသဖြင့် ဆက်လက်ရယူထားနိုင်ဖို့ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး အာရုံလွှဲလှည့်ဖြားဖို့ ကြိုးပမ်းနေတာလို့လည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ - DDMSC အဖွဲ့က ပြောထားပါတယ်။ 

 

အာဏာသိမ်း အကြမ်းဖက်စစ်‌ကော်မရှင်အနေနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပခွင့် နိုင်ငံရေးအခွင့်အာဏာမရှိတဲ့အပြင် အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့ အကြမ်းဖက် လက်နက်ကိုင်အုပ်စုမျှသာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မသိမ်းယူထားတဲ့ နိုင်ငံတော် သစ္စာဖောက် တွေဖြစ်တာကြောင့် ပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေးတောင်းဆိုမှုဖြစ်တဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အကြမ်းဖက်စစ်တပ် စစ်အုပ်စုကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်သွားကြဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ - DDMSC အဖွဲ့က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment