11th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၁၀ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများအဖွဲ့ဟာ နယ်သာလန်နိုင်ငံ မြန်မာ Community နှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်
📌ပိတ်မိခဲ့တဲ့ PDF စစ်သည်နှစ်ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးမှုမခံဘဲ အဆုံးစီရင်သွားခဲ့
📌ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံရေးတရား ဟောပြောပွဲများ ထပ်မံကျင်းပ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများအဖွဲ့ဟာ နယ်သာလန်နိုင်ငံ မြန်မာ Community နှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့သည် နယ်သာလန်နိုင်ငံရှိ မြန်မာ Community များနှင့် ဇန်နဝါရီလ ၉ ရက်နေ့က ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံပွဲကို နယ်သာလန်နိုင်ငံ မြန်မာ Community မှ တိုင်းရင်းသား၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများတက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးတို့က နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့၏ လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ နယ်သာလန်ရှိ မြန်မာ Community အဖွဲ့များမှလည်း ၎င်းတို့ ဆောက်ရွက်ချက်များ လက်ရှိဆောင်ရွက်နေမှုများကို ပြန်လည်တင်ပြခဲ့ပြီး သိရှိလိုသည်များကိုလည်းမေးမြန်းခဲ့ကြတ.ယ်လို့ သိရှိရပါတယ်။

========================

📌📌ပိတ်မိခဲ့တဲ့ PDF စစ်သည်နှစ်ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးမှုမခံဘဲ အဆုံးစီရင်သွားတဲ့သတင်းတပုဒ်ကို ဖတ်ကြားပေးပါ့မယ်

ဇန်နဝါရီလ ၁၀ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်တွင် မြိုင်မြို့မြောက်ဘက် ဗဟင်းလမ်းရှိ သက္ကယ်ကန်ရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်သားနှစ်ဦးဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ကြပါတယ်။ ၎င်းတပ်သားနှစ်ဦးကတော့ အသက် ၂၈ နှစ်အရွယ်နှင့် ၂၅ နှစ်အရွယ်လူငယ်များဖြစ်ပီး အမည်နှင့် အခြားအချက်အလက်များကိုတော့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်မှ ပြန်ကြားရေး တာဝန်ခံ ခွန့်ချိန့် က လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။
“သူတို့နှစ်ဦးက စစ်ကြောင်းတွေကို မိုင်းဆွဲသွားရင်း ပိတ်မိသွားတာပါ။ စစ်ကြောင်းက သုံးခုဆုံတဲ့ အဲ့ဒီအလယ်မှာ ပိတ်မိသွားတဲ့သဘော သူတို့နောက်က ကင်းထောက်လိုက်သွားတဲ့ ရဲဘော်တွေလည်း ဘာမှသိပ်ပြီးမကူညီနိုင်လိုက်ဘူး။ သူတို့က အင်အား ၄၀ ဝန်းကျင်လောက်နဲ့ ပိတ်ဆို့ထားတာဆိုတော့ ရဲဘော်နှစ်ယောက်က သူတို့ဆီမှာပါတဲ့ ဆွဲမိုင်းနဲ့ သူတို့အသေခံပြီး ဖောက်ခွဲလိုက်တာပါ “ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်မှ ပြန်ကြားရေး တာဝန်ခံ ခွန့်ချိန့် ကပြောပြပါတယ်။

မြိုင်မြို့နယ်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းမှာ မြိုင်မြို့ တောင်ဘက် ကိုင်းတောမလမ်းတွင် အင်အား ၅၀ခန့်၊ အနောက်ဘက် ဗဟင်းလမ်းတွင် အင်အား ၁၀၀ ခန့်နှင့် မြောက်ဘက် မင်းသားကျလမ်းတွင် အင်အား ၈၀ ခန့် ဖြင့် စစ်ကြောင်းထိုး တောနင်းခဲ့ကြတာပါ။
မိမိတို့ရဲဘော်နှစ်ဦး အဆုံးစီရင်သွားသည်ကို သိရပေမယ့် စစ်ကောင်စီတပ် အင်အားများလွန်းတာမို့ ကျဆုံးရဲဘော်နှစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ခွန့်ချိန့်က ပြောပါတယ်။ ထိုကျဆုံးရဲဘော် နှစ်ဦးအား သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ရှိသည်ဟု Myaing PDF မှ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။

“ကျွန်တော်တို့ရဲ့ ရဲဘော်နှစ်ဦးရဲ့ ရဲရင့်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက် ကျွန်တော်တို့က အမြဲအလေးပြု အောက်မေ့နေမှာပါ။ သူတို့ဟာ သူရဲကောင်းတွေပါ “လို့ ခွန့်ချိန်က ကျဆုံးရဲဘော်နှစ်ဦးအတွက် ဂုဏ်ပြုစကားပြောခဲ့ပါတယ်

လူဦးရေ ၂၅၀,၀၀၀ ကျော် နေထိုင်သည့် မြိုင်မြို့နယ်သည် မြောက်ဘက်တွင် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ အနောက်ဘက်တွင် ပေါက်မြို့နယ်၊ အရှေ့ဘက်တွင် ရေစကြိုမြို့နယ်များနှင့် နယ်နိမိတ်ထိစပ်နေပြီး ထိုမြို့နယ်များသည် စစ်ကောင်စီတပ်အား ရရာလက်နက်ဖြင့်တိုက်ထုတ်နေသည့် တော်လှန်ရေးအင်အားကောင်းသော မြေပြန့်ဒေသမြို့နယ်များ ဖြစ်ပါတယ်။ဇန်နဝါရီလ ၉ ရက်နေ့တွင် ဒေသခံ PDF များလက်ချက်ဖြင့် စစ်ကောင်စီတပ် နှစ်ကြိမ်မိုင်းဆွဲခံရမှုတွင် စစ်ကောင်စီတပ်သား ၁၇ ဦးခန့် သေဆုံးသည်ဟု မြိုင် PDF မှ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြိုင်-ပခုက္ကူလမ်း ကိုင်းကွေ့နားတွင် ကားရပ်ကာ မိုင်းရှာနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်း ၁၆ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ၁၀ ဦးခန့် သေဆုံးသွားပြီး ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ထန်းငယ်တော အရှေ့ဘက် ချောင်းခွလမ်းခွဲတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ကားမှောက်သွားပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးခန့် သေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့ကြောင်း သိရပါတယ်။

========================

📌📌ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံရေးတရား ဟောပြောပွဲများ ထပ်မံကျင်းပခဲ့ကြပါတယ်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ မုံရွာလူထုသပိတ်တိုက်ပွဲဦး‌ဆောင်ကော်မတီအဖွဲ့ဝင် များသွားရောက်ပူးပေါင်းပီး တက်ရောက်ကြသော ဒေသခံပြည်သူလူထုများအတွက် နိုင်ငံရေးတရားများ၊ သပိတ်တရား ဟောပြောပွဲများကို ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းပခဲ့ကြပါတယ် နိုင်ငံအဝန်းမှာ စစ်အာဏာရှင်တော်လှန်ရေး သပိတ်တိုက်ပွဲများ နေရာအနှံ့ဖြစ်ပေါ်ခဲ့ပီး ပုလဲမြို့နယ်သည် အင်အားစုဖွဲ့မှုညီညွတ်မှုကောင်းကောင်းနဲ့ အရှိန်အဟုန်မြင့်တဲ့ တော်လှန်ရေးနယ်မြေတခုဖြစ်ခဲ့ပါတယ်။ သပိတ်တိုက်ပွဲနှင့်အတူ လက်နက်ကိုင် ပြောက်ကျားခုခံစနစ်ကိုလည်း ဟန်ချက်ညီစွာ ဖော်ဆောင်နေတဲ့ဒေသတခုဖြစ်ပါတယ် ။ ထိုကဲ့သို့ဘက်ပေါင်းစုံမှနေပီး အာဏာသိမ်းကောင်စီကိုတော်လှန်တိုက်ခိုက်နေကြတဲ့ ဒေသခံတွေဟာ (ဇန်နဝါရီ ၈ရက်)ညပိုင်းမှစလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရား ဟောပြောပွဲ ကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက လုံခြုံရေးစောင့်ရှောက်ယူပေးခဲ့ကြပါတယ်။ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း ထပ်မံ၍ ဒေသခံလူထုများစုဝေးမှုနှင့်အတူ တက်ကြွလှုပ်ရှားသူခေါင်းဆောင်များက နိုင်ငံရေးသပိတ်တရားပွဲကိုဒုတိယကြိမ်အဖြစ် ကျင်းပနိုင်ခဲ့ကြတာပါ။ ပုလဲမြို့နယ်ရှိ လူထုညီညွတ်မှုကြောင့် ယခုကဲ့သို့ စစ်ကောင်စီက အုပ်ချုပ်ခွင့် မရသေးခြင်း ဖြစ်ကြောင်း၊ ထိုသို့ အုပ်ချုပ်ခွင့် မရသည့်အတွက် စစ်ကောင်စီက လူထုကို ကြောက်စိတ်ဝင်ရန် ရက်ရက်စက်စက် သတ်ဖြတ်ဖိနှိပ်ပြနေခြင်း ဖြစ်ကြောင်း ဟောပြောခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ လူမဆန်တဲ့ ဖိနှိပ်မှုဒဏ်တွေကို ပြည်သူလူထုဟာ ရင်ဆိုင်ခါးစည်းခံပြီး ဒီနေ့အထိ အစွမ်းကုန် ဘက်ပေါင်းစုံကနေ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေဆဲဖြစ်တယ်။ ဒီနေ့လိုမျိုး သပိတ်စစ်ကြောင်းတွေ၊ လူထုသပိတ်တွေ ရှိလာခြင်းဟာ လူထုအနေနဲ့ နိုင်ငံရေးကိုကော လက်နက်ကိုင်လမ်းစဉ်ကိုကော ဟန်ချက်ညီညီလာချိတ်ဆက်ပြီး အားကောင်းကောင်းနဲ့ပုံဖော်လာနေတယ်။ ပိုညီညွှတ်လာတယ်ဆိုတာ ပြသနေပါတယ်။ ဒါဟာ အင်မတန်အားရ ဝမ်းသာစရာကောင်းပါတယ် " လို့ သပိတ်ခေါင်းဆောင်ကိုသန်းကျော်ဦးရဲ့ ဟောပြောချက်မှာ ထည့်သွင်းပြောကြားသွားပါတယ်။ ပုလဲနှင့်ယင်းမာပင်မြို့နယ်တွေဟာ အာဏာသိမ်းအုပ်စုက အပြည့်အဝအုပ်ချုပ်ခွင့် ရသည့်နေရာ မဟုတ်ကြောင်း၊ လက်ရှိထိ ပြည်သူလူထုက နယ်မြေစိုးမိုးမှု သိမ်းပိုက်ထားဆဲဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ဆက်လက်ပြီး ညီညီညွတ်ညွတ် စစ်ကောင်စီ၏ ဖိနှိပ်မှုများကြားက သံမဏိစိတ်ဓာတ်ဖြင့် အဆုံးထိ တိုက်ပွဲဝင်ကြရန် သပိတ်ဦးဆောင်သူက တိုက်တွန်းပါတယ်။ " အရေးတော်ပုံ အောင်ခြင်း မအောင်ခြင်းဆိုတာက ပြည်သူလူထုအနေနဲ့ တော်လှန်ရေးမှာ ဘယ်လောက်ထိ ပူးပေါင်းပါဝင်နိုင်မှု ရှိမလဲဆိုတာအပေါ် မူတည်နေတာမို့ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်ပေးကြပါ။ လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းကို လူထုလှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ပြီး စစ်ကောင်စီ ပြုတ်ကျရေးကို နည်းလမ်းမျိုးစုံ သုံးပြီး ဆောင်ရွက်ကြဖို့ ပြည်သူလူထုတရပ်လုံးကို လေးလေးနက်နက် တိုက်တွန်းလိုက်ရပါတယ် "ဟု သပိတ်ဦးဆောင်သူက ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ကျဆုံးရေးအတွက် လက်နက်ကိုင်ပုန်ကန်မှုနှင့်အတူ လူထုလှုပ်ရှားမှုများ ပေါင်းစပ်နိုင်ဖို့ အရေးကြီးပါတယ်။ ကျေးလက်ဒေသတွေသာမက မြို့ပြ တွေပါ ထကြွသင့်ချိန် ရောက်ရင် တပြိုင်နက်တည်း ထကြွ သိမ်းပိုက်နိုင်ကြဖို့ လိုပါတယ် အခုကတည်းက စိတ်ရော၊ လူပါ ပြင်ဆင်ထားကြပါစို့ "ဟု နိုင်ငံရေးတရားများ ဟောပြောကာ ညီညွတ်ခဲ့ကြပါတယ်။ အာဏာသိမ်းအကြမ်းဖက်အုပ်စုဟာ နည်းပေါင်းစုံနဲ့တော်လှန်ရေးအားကောင်းနေတဲ့ ဒေသများကိုတိုက်လေယာဉ် စစ်ရဟတ်ယာဉ် အစရှိတဲ့ သာလွန်အင်အားဖြင့် ဖိနှိပ်နိုင်ရန်ကြိုးစားနေပီး ဇန်နဝါရီလ ၁၀ ရက်နေ့ မှာလည်း ပုလဲမြို့နယ်တွင်းကကျေးရွာတချို့ကို စစ် ရဟတ်ယာဉ်(၄)စီးသုံးကာ ပစ်ခတ်ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment