19th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၁၈ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ဟွန်ဆန်ဥက္ကဌဖြစ်လာပီးနောက် အာဆီယံအဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေဖြစ်နေ
📌ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော်နှင့် အာဏာသိမ်းစစ်တပ်ကြား စစ်ရေးတင်းမာမှုတကျော့ပြန်ဖြစ်လာ
📌ထားဝယ်မြို့တွင် စစ်တပ်ထုတ်ကုန်များကိုအားပေးရောင်းချခြင်းတားဆီးနိုင်ဖို့ ထားဝယ်ခရိုင်သပိတ်ကော်မတီတွေက ကြိုးစားသတိပေး

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ဟွန်ဆန်ဥက္ကဌဖြစ်လာပီးနောက် အာဆီယံအဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေဖြစ်နေတဲ့သတင်းကို တင်ပြပေးပါ့မယ်

တရုတ်နိုင်ငံရဲ့ဖိအားကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ခံနေရတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် အလေးထားဆက်ဆံမှုကို အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်မှုအချို့ရှိခဲ့ပီး ယခုပတ်တွင်းကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးလည်း ရက်ရွှေ့ဆိုင်းသွားပါပီ။
ဟွန်ဆင်အနေနဲ့ အာဆီယံဥက္ကဌရာထူးလက်ခံရရှိတာနဲ့ တပြိုင်နက်လိုလိုမှာပဲ အဆင့်မြင့်ဝန်ကြီးချုပ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကိုသွားရောက်ခဲ့တာပါ။ ခရီးစဉ်မှာ ထွေထွေထူးထူးသဘောတူချက်တွေထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပေမယ့် နိုင်ငံခေါင်းဆောင်အဖြစ် ဖယ်ကျဉ်ထားဖို့အများသဘောတူထားတဲ့ စစ်အုပ်စုအပေါ် အာဆီယံ ဥက္ကဌတဦးရဲ့အလေးပေးမှုဟာ စောလွန်းတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ အာဆီယံတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်စေခဲ့ပီဆိုတာ သံတမန်များနှင့် အစိုးရအရာရှိများမှတဆင့်သိရပါတယ်။ အာဆီယံ အစည်းအဝေးများမှာ အာဏာသိမ်းခေါင်းဆောင်တွေ တက်ရောက်ခွင့်ရရေး ဆိုတဲ့ ပြသနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သည့် အဗ္ဗဒူလ် ကက်ဒီအာ ဂျိုင်လာနီက ပြောပါတယ်။
"အာဆီယံအဖွဲ့တွင်း အမြင်သဘောထားတွေ ညီညွတ်မှုရှိဖို့အတွက် အချိန်ယူဖို့ လိုနေဆဲ ဆိုတာကို ဝန်ခံရပါလိမ့်မယ်" လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှ၊ ပစိဖိတ်နှင့် အာဖရိကရေးရာ ညွှန်ကြားရေးမှူးချုပ် ဂျိုင်လာနီက ပြောခဲ့တာပါ။ ဇန်နဝါရီလ ၁၈ ရက်မှာစတင်ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ရက်ရွှေ့လိုက်ရတာနဲ့ပက်သက်ပီး ကိုဗစ်ရောဂါ မီခရွန် မျိုးကွဲရဲ့ ခြိမ်းခြောက်မှုကြောင့်လို့ နားလည်နိုင်ကြောင်း ၎င်းကဆိုပါတယ်။ ခရီးသွားလာမှုဆိုင်ရာ အခက်အခဲများက အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးအချို့ အစည်းအဝေး တက်ရောက်မှုအပေါ် အတားအဆီးဖြစ်စေတယ် ဆိုပြီး ကမ္ဘောဒီးယားက ပြီးခဲ့သည့်အပတ် အစည်းအဝေး ပျက်ယွင်းမှုကို အကြောင်းပြပါတယ်။ စစ်အုပ်စုကို ခေါင်းဆောင်မှုအစည်းအဝေးများမှာ ပြန်လည်နေရာယူနိုင်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်အနေနဲ့ကြိုးစားနေတာ သိသာစေနိုင်တဲ့အချက်တခုက အာဆီယံ၏ ယခုနှစ် အဖွင့်အစည်းအဝေးအတွက်လည်း စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖိတ်ကြားထားခြင်းဖြစ်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာနှင့် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ကတော့ ဒါကို ကန့်ကွက်ဆန့်ကျင်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ထားခဲ့ပါတယ်။ ကန့်ကွက်ရာမှာလည်း မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုအနေနဲ့ အာဆီယံဘုံသဘောတူချက်တွေကို တိုးတက်အောင် လုပ်ဆောင်ထားခြင်းမရှိသေးတာမို့ ဒီအချက်အလက်တွေကို အခြေခံထောက်ထားပီးမှသာ စဉ်းစားသင့်တယ်လို့ ဆိုခဲ့ပါတယ်။ မည်သည့်အတွက်ကြောင့် အာဆီယံဝန်ကြီးများ အစည်းအဝေး မတက်ရောက်နိုင်သလဲ ဆိုတာကိုတော့ အကျယ်တဝင့် ရှင်းလင်းဖို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကွေကူအုန်းက ငြင်းဆန်ခဲ့ပါတယ်။ ဟွန်ဆန် မြန်မာနိုင်ငံသို့ လာရောက်ပြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီးနောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရွှေ့ဆိုင်းသည့် ရလဒ်ထွက်ရှိခဲ့တာတွေကတော့ တပြိုင်တည်းလိုလိုပါပဲ "အဓိက ပြဿနာက ကမ္ဘောဒီးယားက ဝဏ္ဏမောင်လွင်ကို အစည်းအဝေးဖိတ်ကြားမှုနဲ့ပတ်သက်လို့ သဘောကွဲလွဲမှုတွေပဲဖြစ်ပါတယ်" လို့ ဒေသတွင်း ပါတနာများနှင့် စကားပြောဆိုခဲ့သည့် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ဗိုလ်ချုပ်များဘက်က အာဏာသိမ်းပြီးနောက် ထုတ်ဖော်ခဲ့တဲ့ လမ်းပြမြေပုံဆိုတာကလည်း အာဆီယံ သဘောတူညီချက်နှင့် သိသိသာသာ ကွဲလွဲနေတာတွေ့ရပါတယ် အာဆီယံ ဘုံသဘောတူညီချက်ကို မည်သည့် လမ်းပြမြေပုံနှင့်မျှ မချိတ်ဆက်သင့်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး သီအိုဒိုရို လော့ဆင်က အလေးပေးပြောပါတယ်။ အခုလိုအာဆီယံတွင်း သဘောထားကွဲနေမှုနဲ့ပက်သက်ပီး “ကွဲပြားနေတဲ့အမြင်တွေကို စုစည်းဖြေရှင်းဖို့ အချိန်လိုသေးတယ်ဆိုတာ ဝန်ခံရပါမယ်” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှ၊ ပစိဖိတ်နှင့် အာဖရိကရေးရာ ညွှန်ကြားရေးမှူးချုပ် Jailani က သတင်းထောက်တွေကို ပြောခဲ့တယ်လို့ ရိုက်တာသတင်းကဖော်ပြထားပါတယ်။ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ မြန်မာနှင့် ရပ်တည်မှုအတွက် ဟွန်ဆန်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

========================

📌📌ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော်နှင့် အာဏာသိမ်းစစ်တပ်ကြား စစ်ရေးတင်းမာမှုတကျော့ပြန်ဖြစ်လာနေပါတယ်

မြန်မာပြည်အာဏာသိမ်းခံရပီးနောက် စစ်ရေးထိတွေ့မှုမရှိတဲ့ ရက္ခိုင့်တပ်တော် AA ရှိရာ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလတွင်း ပထမဆုံးစစ်ရေးတင်းမာမှုတွေ ရှိခဲ့ပေမယ့် နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာမျိုးမရှိခဲ့ပါဘူး။ ဇန်နဝါရီလ ၁၇ ရက်နေ့ကစလို့ ကျောက်တော်မြို့ နယ်အတွင်း က ရခိုင်လက်နက်ကိုင် AA ထိန်းချုပ်ထားတဲ့ ပီးချောင်းဒေသဖက်ကို စစ်တပ်တွေ ဝင်လာတာကြောင့် ပီထုကျေးရွာသားတစ်ချို့ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြပါတယ်။ ရက္ခိုင့်တပ်တော် AA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အကြား ဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပီးနောက်ပိုင်း ရခိုင်မြောက်ပိုင်းဒေသမှာ အခုလို စစ်ရေးတင်းမာမှုတချို့ ပြန်ဖြစ်လာခဲ့တာပါ ။ NUG နဲ့ AA တပ်ဖွဲ့တို့ကြား ဆွေးနွေးမှုရှိတယ်မရှိဘူးဆိုတာနဲ့ပက်သက်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကတော့ ဒါကိုသူမသိဘူးလို့ VOA သတင်းဌာနကို ပြောခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က ခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်လှုပ်ရှားမှုတွေကို တွေ့ရတယ် မြို့ထဲအထိပါရောက်လာတတ်ပီး အချို့လမ်းဆုံလမ်းဂွတွေမှာနေရာယူတာလည်း တွေ့ရတဲ့အကြောင်း ဒေသခံတွေကပြောပါတယ် ဒီလိုလှုပ်ရှားမှုတွေကြောင့် ပြည်သူကြား ထဲမှာလည်း နည်းနည်းလှုပ်လှုပ်ရွရွ ဖြစ်သွားတယ်၊ တစ်ချို့ ဒေသဖက်တွေမှာလည်း မတည်မငြိမ်မှုတွေ ဖြစ်သွားတယ်၊ စိုးရိမ်စိတ်တွေနဲ့ တစ်ချို့ ကစစ်ဖြစ်မှာစိုးပီး မိသားစုလိုက် တိမ်းရှောင်ကြတဲ့ အနေအထားတောင်မှ ကျနော်တို့ ကြားရတယ်ပေါ့” လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းကပြောပါတယ်။ နှစ်ဖက်တပ်တွေရှိတဲ့ ကျောက်တော်မြို့ နေရာတချို့မှာ စစ်တပ်ဘက်ကရော AA ဘက်ကပါ နယ်မြေချဲ့ ထွင်တပ်စွဲမှုတွေလုပ်လာနေကြပါပီ။ ခုချိန်ထိ စစ်ကောင်စီဖက်က ဝင်စုရွာမှာရှိနေတုန်းပါ။ နောက်ပြီး အဲဒီနားက မွတ်ဆလင်ဆေးခန်းမှာလည်း အာဏာသိမ်းအုပ်စု တပ်စွဲထားကြတုန်းပါ။ ပိချောင်းထဲမှာတော့ ရေတပ်က နေဗီကိုရပ်ထားပြီး ရေလမ်းခရီးအသွားအလာတွေကို ပိတ်ထားတဲ့အကြောင်း ဟု ဒေသခံရွာသားတစ်ဦးကပြောပါတယ်။ အနီး အနားရှိကျေးရွာတချို့မှ ကလေးသူင ယ်နှင့်သက်ကြီးရွယ်အိုအပါအဝင် ရွာ သားတချို့ ဇန်နဝါရီလ ၁၇ ရက်နေ့က စတင်ပီး ကျောက်တော်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိလာနေပါတယ်။ ''ခုချိန်က နှစ်ဖက်စလုံးမှာ တိုက်ပွဲဖြစ်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့မြင်ပါတ ယ်။ စစ်တပ်ဖက်ကတော့ အေအေကိုသွေးတိုးစမ်းချင်နေတာလားတော့မသိဘူး။ စစ်တပ်ဖက်ကရှေ့တိုးလာရင်တော့ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်လို့ '' ဟု ဒေသခံတစ်ဦးက သူအမြင်ကို ပြောပါတယ်။ မြန်မာပြည်အနှံ့မှာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်တပ်တို့ပူးပေါင်းပီး စစ်ကောင်စီအပေါ် ခုခံတွန်းလှန်စစ် တိုက်ပွဲတွေပြင်းထန်နေဆဲပါပဲ။ နှစ်ဖက်တပ်တွေ လှုပ်ရှားမှုနဲ့ပက်သက်ပီး ''ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်ကလက်န က်သယ်တဲ့ နေဗီကြီးတစ်စီး စစ်တွေသို့ ရောက်တယ်။ဒီနေ့ ၁၂ နာရီလောက်ကတော့ စစ်တွေဖက်ကနေ ဘူးသီးတောင်ဖက်သို့ စစ်ရဟတ်ယာဥ်တစ်စီးပျံသွားပါတယ်။စစ်တပ်ဖက်ကတော့ စစ်ရေးပြင်ဆင်နေတယ်လို့ပြောလို့ရပါတယ်။'' ဟု ရခိုင်ဒေသခံတစ်ဦးက MPA သတင်းဌာနကိုပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)အနေနှင့်လွတ်လ ပ်ရေးကို သေချာပေါက်လိုချင်ကြောင်း ရခိုင်ပြည် ဖိုးဖီးတို့မြေကိုပြန်ရနိုင်ဖို့ အင်အားသုံးသောင်းကနေငါးသောင်းထိလိုအပ်ကြောင်း ရက္ခိုင်တပ်တော်(AA)၏ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က နိုင်ငံ တကာ မီဒီယာသို့ ပြောဆို ထားတာလည်း ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမတ ဒူဝါလရှီးလက စစ်အာဏာရှင်စနစ်ပြုတ်ကျရေး တော်လှန်ရေးခရီးမှာ AA နှင့် အတူလက်တွဲကြိုးပမ်းလိုကြောင်း AA ထံပေးပို့သည့်အကြောင်းကြားစာတွင် ထည့်သွင်းရေးသားဖူးပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ကလည်း NUG ယာယီသမတထံပေးပို့တဲ့ မင်္ဂလာသဝဏ်လွှာတွင် အမျိုးသား လွတ်မြောက်ရေးအောင်ပွဲကို ရယူနိုင်ပါစေကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့က ဆုတောင်းပေးပို့ခဲ့ကြောင်း သိရပါတယ်။

========================

📌📌ထားဝယ်မြို့တွင် စစ်တပ်ထုတ်ကုန်များကိုအားပေးရောင်းချခြင်းတားဆီးနိုင်ဖို့ ထားဝယ်ခရိုင်သပိတ်ကော်မတီတွေက ကြိုးစားသတိပေးနေကြပါတယ်

အာဏာသိမ်းစစ်တပ်တဲ့အကြမ်းဖက်နှိမ်နင်းမှုကို ခံနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ အရောင်းဆိုင် တချို့နှင့် စားသောက်ဆိုင်များတွင် စစ်ကောင်စီကိုအထောက်အပံ့ဖြစ်စေတဲ့ စစ်တပ်ထုတ် အဖျော်ယမကာများကို ရောင်းချခြင်း မပြုရန် သတိပေးလှုံ့ဆော်နေကြပါတယ်။ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) မှ သတိပေး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့တာ အခုဆိုရင် သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရပါတယ်။
အခုလို သပိတ်ကော်မတီတွေက အကြိမ်ကြိမ်သတိပေးနေပေမယ့် ကိုယ်ကျိုးအတ္တတခုသာကွက်ကြည့်တတ်တဲ့ ဆိုင်တချို့မှာတော့ စစ်အုပ်စုစီးပွားရေး ထုတ်ကုန်များကို ဆက်လက်ရောင်းချနေသေးတယ်လို့ ထားဝယ်မြို့ခံတွေမှ သိရပါတယ်။ အဆိုပါ စစ်တပ်ထုတ် အဖျော်ယမကာများ ဖြစ်ကြတဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Anadaman Gold ဘီယာများ ဆက်လက်ရောင်းချနေသည့် အရောင်းဆိုင်များတွင် ဝယ်ယူအားပေးခြင်းမပြုဘဲ သပိတ်မှောက် ဆန့်ကျင်စေလိုတဲ့အကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)က နှိုးဆော်နေပါတယ်။
"ကျွန်တော်တို့ အနေနဲ့ ထားဝယ်ဒေသ အတွင်းက စစ်တပ်ထုတ် အဖျော်ယမကာတွေနဲ့ စစ်တပ် ထုတ်ကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ အရောင်းဆိုင်များကို ဆက်လက် စုံစမ်းဖော်ထုတ်နေပါတယ်။ အခုဆိုရင် သုံးကြိမ်မြောက် အထိ သပိတ်မှောက် သတိပေးထားပါတယ်" လို့ ဒီမိုကရေစီ အရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ သပိတ်ကော်မတီများရဲ့ သတိပေးမှုတွေကြောင့် တချို့ဆိုင်တွေမှာ ချက်ချင်း လိုက်နာဖို့ မဖြစ်နိုင်ပေမယ့် ရှိပြီးသား ကုန်ပစ္စည်းများ ရောင်းချကုန်သွားလျှင် ဆက်လက် ရောင်းချခြင်း မပြုတော့ဘဲ ရပ်နား သွားမယ်လို့လည်း သိရပါတယ်။
"ကျနော်တို့က စစ်တပ်ထုတ်ကုန် ရောင်းနေတဲ့ ဆိုင်တွေကို နာမည်စာရင်းနဲ့ တကွ ထုတ်ပြန်ကြေညာပါတယ်။ စစ်တပ်ထုတ် အရက်၊ ဘီယာရောင်းတဲ့ စားသောက်ဆိုင်တွေအပြင် Mytel ဆင်းကတ်အရောင်းနှင့် ဝန်ဆောင်မှုပေးတဲ့ ဆိုင်တွေကိုလည်း စုံစမ်းဖော်ထုတ်သွားပါမယ်" ဆိုတဲ့အကြောင်း ဒီမိုကရေစီ အရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောဆိုသည်။
အခုလို စစ်အုပ်စုရဲ့ ထောက်တိုင်စီးပွားရေး သွေးစွန်းငွေရပ်တန့်ရေး လှုပ်ရှားမှုကို လစဥ်လုပ်သွားမည် ဖြစ်ပြီးစစ်တပ် ထုတ်ကုန် ရောင်းနေဆဲဖြစ်သည့်ဆိုင်များကို အဖွဲ့ကထုတ်ပြန်သည့် Boycott List ထဲ လစဥ် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကချင် ကယား စစ်ကိုင်းနှင့် မကွေးစတဲ့ ခုခံတော်လှန်စစ်တိုက်ပွဲများ ပြင်းထန်ရာဒေသတွေမှာတော့ စစ်တပ်စီးပွားရေး ရပ်တန့်ပစ်နိုင်ရေးအဖြစ် စစ်တပ်ထုတ်ကုန်တွေကို ရောင်းဝယ်ဖောက်ကားမှု ခွင့်မပြုတဲ့အပြင် သိမ်းဆည်းရမိတဲ့ စစ်တပ်ထွက်ကုန်တွေကိုလည်း ဖျက်ဆီးပစ်တာတွေ လုပ်နေကြပါတယ်။
စစ်ကိုင်းတိုင်း​​ဒေသကြီး အင်းတော်မြို့နယ် တွင်း ကသာမှ မော်လူးဘက်သို့ ကားဖြင့် မောင်းနှင် သယ်ဆောင်လာသော စစ်တပ် ထုတ်ကုန် Beer ၁၃၃ ဖာ ခန့်မှန်းအရေအတွက် ၂၃၇၆ ဗူးခန့်ကို အင်းတော်မြို့နယ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၈ ရက်မှာပဲ ဖျက်ဆီးပစ်နိုင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ အနှံ့တွင် စစ်တပ်ပိုင်မိုင်တဲတာဝါတိုင်များ တခုပီးတခု ဖြိုချဖျက်ဆီးပစ်ခြင်းကို အဖိနှိပ်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးအသွင်ပြုလုပ်နေကြဆဲဖြစ်ပါတယ်။ အခုလိုစစ်တပ်စီးပွားရေးကို ရပ်တန့်ပစ်နိုင်ရေးလှုပ်ရှားမှုမျိုးစုံကို ကမ်ပိန်းပုံစံဖြင့် ပုံမှန်လုပ်လာခဲ့ရာမှာ စစ်တပ်ထုတ်ကုန်ရောင်းအားများ တစစကျဆင်းနေတယ်လို့လည်းသိရှိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment