19th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌နော်ဝေနိုင်ငံအခြေစိုက် Telenor Group လုပ်ငန်းစု၏ မြန်မာနိုင်ငံဆိုင်ရာ လက်ခွဲကုမ္ပဏီဖြစ်သော Telenor Myanmar ကို စစ်ကောင်စီနှင့် နီးစပ်သည့် Investcom လုပ်ငန်းစုထံ ရောင်းချမည်ကိစ္စအား တားဆီးနိုင်ရေးအတွက် ရည်ရွယ်သည့် အွန်လိုင်းဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြုလုပ်
📌မိမိပြည်သူအပေါ် ဗုံးကြဲနေသော အကြမ်းဖက်အာဏာသိမ်းစစ်တပ်ရဲ့ လေတပ်စခန်းများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရ
📌စစ်ကောင်စီကိုထောက်ခံသူတစ်ယောက်က စင်ကာပူက လုပ်ငန်းရှင်တစ်ယောက်ကို ဆိုင်ရှေ့တွင် စော်ကားစိန်ခေါ်ရန်ရှာမှု ဖြစ်ပွား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌နော်ဝေနိုင်ငံအခြေစိုက် Telenor Group လုပ်ငန်းစု၏ မြန်မာနိုင်ငံဆိုင်ရာ လက်ခွဲကုမ္ပဏီဖြစ်သော Telenor Myanmar ကို စစ်ကောင်စီနှင့် နီးစပ်သည့် Investcom လုပ်ငန်းစုထံ ရောင်းချမည်ကိစ္စအား တားဆီးနိုင်ရေးအတွက် ရည်ရွယ်သည့် အွန်လိုင်းဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီး ဦးထင်လင်းအောင်၊ ဝန်ကြီး၏ အတွင်းရေးမှူး ဦးလွှမ်းမိုး၊ NUG ၏ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ CRPH/NUG ထောက်ကူပြုအဖွဲ့ (နော်ဝေ) ၏ အတွင်းရေးမှူး ဒေါ်ဝတ်မှုန်ဝင်းနှင့် နော်ဝေလွှတ်တော်အမတ်များဖြစ်ကြသည့် Mr. Ola Elvestuen (Liberal Party), Mr. Dag Inge Ulstein (Christian Democratic Party) နှင့် Rasmus Hansson (Green Party) တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ဦးထင်လင်းအောင်က - တယ်လီနော-မြန်မာတွင် သုံးစွဲသူ ဦးရေ ၁၈ သန်းကျော် ရှိသည် ဖြစ်ရာ၊ ထိုအရေအတွက်သည် မြန်မာနိုင်ငံသား ဦးရေစုစုပေါင်း၏ သုံးပုံတပုံ ရှိကြောင်း၊ ထိုကဲ့သို့ သုံးစွဲသူ ဦးရေ များပြားရခြင်းမှာ မြန်မာနိုင်ငံသားများအပေါ် စိတ်ရင်းမှန်ကန်သည့် နော်ဝေနိုင်ငံအား မြန်မာနိုင်ငံသားများက ယုံကြည်လေးစားရင်းစွဲရှိသောကြောင့် ဖြစ်ကြောင်း၊ တယ်လီနော-မြန်မာကို Investcom လုပ်ငန်းစုထံ ရောင်းချလိုက်လျှင် သုံးစွဲသူများ၏ အချက်အလက် အသေးစိတ်တို့ကို စစ်တပ်က ရရှိသွားမည်ဖြစ်သောကြောင့် သုံးစွဲသူများ၏ လုံခြုံရေးကို ထိခိုက်နိုင်ပြီး အသက်အန္တရာယ်ပင် ရှိပါကြောင်း၊ ထို့ကြောင့် တယ်လီနော-မြန်မာအား ရောင်းချမှုကို ရပ်ဆိုင်းထားရန် မိမိတို့အစိုးရက တောင်းဆိုပါကြောင်း ပြောဆိုပါသည်။

နော်ဝေပါလီမန်အမတ်များက - မိမိတို့အနေဖြင့် ဦးထင်လင်းအောင်နှင့် တသဘောတည်း ရှိပါကြောင်း၊ ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် လွှတ်တော်တွင်း အမေးအဖြေကဏ္ဍတွင် တယ်လီနော-မြန်မာအား ရောင်းချမှုကို အစိုးရက ၀င်ရောက်စွက်ဖက်မည် မဟုတ်ဟု ကုန်သွယ်ရေးနှင့် စက်မှုဌာန ဝန်ကြီးက ဖြေဆိုခဲ့ကြောင်း၊ သို့ဖြစ်ရာ ထိုရောင်းချမှု အထမမြောက်စေရန် မြန်မာလူထုအား ကိုယ်စားပြုသည့် NUG အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောဆိုပါသည်။

ထို့နောက် တယ်လီနော-မြန်မာအား ရောင်းချမှုကို ရပ်တန့်သွားစေနိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးကြပြီး အမြန်ဆုံး အကောင်အထည်ဖေါ်ကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။

========================

📌📌မိမိပြည်သူအပေါ် ဗုံးကြဲနေသော အကြမ်းဖက်အာဏာသိမ်းစစ်တပ်ရဲ့ လေတပ်စခန်းများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပါတယ် ဒီသတင်းကိုပြောပြပေးပါ့မယ်

ဖေဖေါ်ဝါရီလ ၁၈ ရက် ည ၁၁ နာရီ ၄၀ မိနစ်တွင် People's Force အဖွဲ့က အ​​ဝေးထိန်းခလုတ်နှိပ်​ဖောက်ခွဲခြင်းဖြင့် ရန်ကုန်မြို့ ​​မှော်ဘီမြို့နယ်ရှိ စစ်​ကောင်စီ​လေတပ်ဌာနချုပ်မှ Fighter ဂျက်​လေယာဥ်များကိုတိုက်ခိုက်ခဲ့ကြပါတယ်။ People's Force အဖွဲ့က ထုတ်ပြန်ချက်အရ
စစ်ဘေးရှောင်များနှင့် လက်နက်ကိုင်တိုင်းရင်းသား​ဒေသများသို့ ဗုံးကျဲတိုက်ခိုက်​နေ​သော Fighter ဂျက်​လေယာဥ်များထားရှိ​သော​နေရာသို့ People's Force တပ်သားများက ဝင်​ရောက်ပြီး အ​​ဝေးမှခလုတ်နှိပ်​ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြပါတယ်။ တိုက်ခိုက်နိုင်မှုကြောင့် ဂျက်တိုက်လေယာဉ်နှစ်စီး ထိခိုက်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ် Fighter ဂျက်​လေယာဥ်တစ်စီးမှာ ​ပေါက်ကွဲသွားပြီး ကျန်​လေယာဥ် တစ်စီးမှာလည်း​ပေါက်ကွဲမှုမှအပိုင်းအစများစင်ကာ ​ရေဒါစနစ် ထိ့ခိုက်ပျက်စီးသွား​ကြောင်းဆိုပါတယ်။ ပျက်စီးထိခိုက်သွား​သော​တိုက်လေယာဥ် နှစ်စီး နံပတ်များမှာ ၁၈၀၂ ၊၁၈၀၃ ဖြစ်​ပြီး ရုရှားနိုင်ငံထုတ် YAK 130 တိုက်ခိုက်​ရေး​လေယာဥ်များဖြစ်ပါတယ်။ ၂၀၁၆တွင် ရုရှားမှ ၆ စီးကို စာချုပ်ချုပ် ဝယ်ယူခဲ့ခြင်းတွင်ပါဝင်ကြောင်း သိရပါတယ်။ ထိုလေယာဉ်များသည် ၂၀၁၈တွင် ရုရှားမှ​ရောက်ရှိလာပြီး အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က ထို​လေယာဥ်များကို သ​ပြေခက်ဖြင့်ဆွတ်ဖျန်း၍ တပ်​တော်ဝင်ခဲ့ပါတယ်။ ရုရှားမှ ထုတ်လုပ်​သော YAK -130 ဖိုက်တာဂျက်​လေယာဥ်များသည်တစ်စီးလျှင် အ​မေရိကန် ​​ဒေါ်လာ ၁၅ သန်းဈေးရှိတယ်လို့ သတင်းများမှာ ဖော်ပြထားတာတွေ့ရပါတယ်
လေယာဥ်များပျက်စီးမှုကို စစ်​ကောင်စီ ကက​(လေ) စစ်ဦးစီးဌာနက အပြန်အလှန် မေးမြန်း ​ဖြေကြား​နေသော အသံဖိုင်များလည်း လူမှုကွန်ရက်တွင်ပေါ်ထွက်နေတာ ကြားသိရပါတယ်။ လေတပ်ဗိုလ်ကြီး​ကြောက်လန့်၍ အချက်အလက်များကို ဖုံးကွယ်၊ ထိန်း​ပြောရန် ကြိုးစားနေတယ်လို့လည်း ဝေဖန်သံတွေထွက်ပေါ်နေသလို အသံဖိုင်မှာ လုပ်ကြံအသံဖိုင်တုဖြစ်နိုင်တယ်လို့လည်း ဝေဖန်မှုတွေရှိပါတယ်။
အဆိုပါဖြစ်စဉ်နဲ့တရက်တည်းတွင်ပဲ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ စစ်ကောင်စီတပ်၏ မုံရွာလေတပ်စခန်း ဌာနချုပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ Freedom Revolution Force(FRF) က သတင်းထုတ်ပြန်ခဲ့ပါတယ်။ တိုက်ခိုက်မှုကိုဖေဖေါ်ဝါရီလ ၁၈ ရက် ညနေ ၆ နာရီ မိနစ်၂၀ ဝန်းကျင်ခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)၊အကြမ်းဖက်စစ်ကောင်စီ၏ မုံရွာလေတပ်စခန်း ဌာနချုပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ FRFက သတင်းထုတ်ပြန်ထားပါတယ် 107mm ရှော့တိုက်ဒုံးခြောက်လုံးနှင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက်မှာတော့ FRFနှင့်အတူ KG၊ ဗိုလ်လင်းယုန်အဖွဲ့ မဟာမိတ်အင်အားစုများဟာ ဘေကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းဆိုပါတယ်။

========================

📌📌စစ်ကောင်စီကိုထောက်ခံသူတစ်ယောက်က စင်ကာပူက လုပ်ငန်းရှင်တစ်ယောက်ကို ဆိုင်ရှေ့တွင် စော်ကားစိန်ခေါ်ရန်ရှာမှု ဖြစ်ပွား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လက်ရှိ CRPH နှင့် NUGတို့ကို အွန်လိုင်းမှ ကြမ်းတမ်းစွာ စော်ကားပြောဆိုနေသော စင်ကာပူတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးသည် စင်္ကာပူတွင် စီးပွားရေးလုပ်ကိုင်နေသူ မအိုင်ရင်း အမည်ရှိ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး၏ ဆိုင်ရှေ့ မှ live လွှင့်ကာ ဆိုင်ပိုင်ရှင် အမျိုးသမီးကို စိတ်ဆိုးအောင် တမင်ဆွကာ စိန်ခေါ် ခြပြီး တပြိုင်နက် လူမှုကွန်ယက်တွင် Live လွှင့်ခဲ့တဲ့ ကိစ္စ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီကိုထောက်ခံသူတစ်ယောက်က သူမသည် စစ်ကောင်စီထောက်ခံအားပေးပြီး အောက်တန်းကျသောစကားလုံးများဖြင့် ဒေါ်အောင်ဆန်စုကြည့်အပါအဝင် ပြည်သူ့ခေါင်းဆောင်များ အမြဲ ဆဲဆိုစော်ကားနေသူတစ်ဦးဖြစ်ပါတယ်။ မအိုင်ရင်းမှာ မြန်မာ့နွေဦးတော်လှန်ရေးတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါသည်။ အခင်းဖြစ်ပွားမှုတွင် ဆိုင်ပိုင်ရှင်အမျိုးသမီးက ၎င်းဆိုင်ကြမ်းခင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ပုံများ ကပ်ထား၍ ခြေဖြင့်နင်းခြင်းကို ရဲအရာရှိက မေးမြန်း၍ ဖြုတ်ခိုင်းရာတွင် ဆိုင်ရှင်က မိမိ၏ အမျိုးများ အသတ်ခံရ၍ မကျေနပ်သဖြင့် ကပ်ထားတာဖြစ်သောကြောင့် မဖြုတ်နိုင်ဟု ပြန်ပြောခဲ့ကြောင်းသိရပါတယ်။
“ဒါင့ါဧရိယာ ငါစျေးရောင်းတဲ့ Area ငါ့ပိုင်နက်၊ သူငါ့ပိုင်နက်ထဲကိုဝင်လာချင်ရင် အဲ့ဒီမင်းအောင်လှိုင်ကို နင်းပြီးဝင်လာရမယ်၊ အခုလက်ရှိ ရဲလည်း ငါ့ရုံးထဲကိုဝင်လာရင် ဒီကောင်ကိုနင်းပြီးမှဝင်လာရတယ်မဟုတ်လားလို့ ဒီကောင်ကိုနင်းပြီးမှပဲ ငါ့ကို အမှုစစ်ရတယ်မဟုတ်လား အဲ့အတွက်ကြောင့် ဒီကောင်ကိုငါမဖြုတ်နိုင်ဘူး၊ ဆိုတော့ သူကပြောတယ်တဲ့ အမေစုပုံကို ဘာလို့ ဘုရားနဲ့ တစ်ဂိုဏ်းတည်းမထားတာလဲတဲ့၊ ဒါလည်းငါ့ကိစ္စလို့ ဘုရားနဲ့ တစ်ဂိုဏ်းတည်းထား ထား မထား ထား သူ့ကိစ္စမဟုတ်ဘူး ငါ့ကိစ္စ၊ ဒါလည်း Police law ထဲမှာ မငြိဘူး၊ Singapore law ထဲမှာလည်းမငြိဘူး၊ ငါကြိုက်တဲ့လူကို ငါ့ဘာသာငါ ဘုရားစင်ပေါ်တင်နိုင်တယ် ငါ့ရဲ့နယ်မြေထဲမှာ ငါမကြိုက်တဲ့လူကို ငါဟာငါ စိတ်ကြိုက်နင်းချေနိုင်တယ် အဲ့ဒါ ငါ့ရဲ့နယ်မြေထဲမှာ ငါ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့် ငါ့ရဲ့ ဒီမိုကရေစီပဲ”
နောက်ဆုံးတွင် စင်္ကာပူရဲများက ထိုအမျိုးသမီးက ဥပဒေချိုးဖေါက်နေသဖြင့် သူမအား အပြင်သို့ခေါ်ထုတ်သွားပြီး နောက်တစ်ကြိမ် ဒီလို လာလုပ်ရင် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးလိုက်ကြောင်းသိရှိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment