၂၀၂၂ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြင်သစ်လွှတ်တော်နှစ်ရပ်လုံးက အမျိုးသားညီညွတ်ရေးအစိုးရကိုသာ အသိအမှတ်ပြုတယ်လို့ ဆုံးဖြတ်
📌ဘာလင်မြို့က စစ်သံမှူးရုံးကို ဂျာမနီအစိုးရက ပိတ်ပစ်
📌ပူတာအိုမှာ စစ်ဘေးရှောင်ပြည်သူတွေ အရေးပေါ်အကူအညီလိုအပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြင်သစ်လွှတ်တော်နှစ်ရပ်လုံးက အမျိုးသားညီညွတ်ရေးအစိုးရကိုသာ အသိအမှတ်ပြုတယ်လို့ ဆုံးဖြတ်
ပြင်သစ်အောက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ အဆိုပြုချက်ကို ဆွေးနွေးခဲ့ကြရာ အမျိုးသား ညီညွတ်ရေးအစိုးရကိုသာ အသိအမှတ်ပြုဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ပြင်သစ်လွှတ်တော်နှစ်ရပ်လုံးက အမျိုးသား ညီ ညွတ်ရေးအစိုးရကိုသာ အသိအမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မနေ့က လုပ်ခဲ့တဲ့ ပြင်သစ်အောက်လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှဝ် ၅၇ ဦးက မြန်မာ့အရေးအတွက် မဲပေးခဲ့ ကြပြီးတော့ အားလုံးက ထောက်ခံမဲပေးခဲ့ကြတယ်လို့ဆိုထားပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်ကောင်စီကို လုံးဝအသိအမှတ်မပြုဘဲ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စား လှယ်တွေကိုသာ အားပေးထောက်ခံမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
“ဒီကနေ့ဆုံးဖြတ်ချက်မှာ အကြမ်းဖက် စစ်ကောငီ်ကို လုံးဝမသိမှတ်မပြုကြောင်း၊ ပြည်သူရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များကိုသာ အားပေးထောက်ခံမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုဆုံးဖြတ် ချက်ကို ပြင်သစ်အထက် လွှတ်တော်မှာလည်း ချပြီးပါပြီ။ ခုလိုအထက်လွှတ်တော်ရော အောက်လွှတ်တော်ရော စကစကိုလုံးဝအသိ မှတ်မပြုကြောင်း ပြတ်ပြတ်သားဆုံးဖြတ်ခဲ့တာကိုကြည့်ရင် ပြစ်သစ်လွှတ်တော်နှစ်ရပ်လုံးရဲ့ မြန်မာနိုင်ငံဒီမိုကရေစီအတွက် ရပ်တည်မှုကိူ ထင်ထင်းရှားရှားမြင်နိုင်ပါတယ်။” လို့ ဖေ့စ်ဘွတ်ခ်မှာ ရေး သားခဲ့တာပါ။
ဒါအပြင် ဆွေးနွေးသွားကြတဲ့အောက် လွှတ်တော် အမတ်အများစုကလည်း အမျိုးသားညီညွတ်ရေးအစိုးရသာ မြန်မာပြည်သူများရဲ့အစိုးရဖြစ်တယ်ဆိုတာနဲ့ NUG ကိုသာ တရားဝင် အစိုးရအဖြစ်အသိမှတ်ပြုကြောင်း ဝိုင်းတိုက်တွန်းပေးခဲ့ကြတာလည်းတွေ့ရပါတယ်။ မြန်မာပြည်သူတွေရဲ့ မြန်မာ့ဒီမိုကရေစီ ပြန်ရရေးအတွက် ကြိုးစားနေမှုတွေကို အသိမှတ်ပြုကြောင်း ပြောဆိုသွားကြပါတယ်။
========================
📌📌ဘာလင်မြို့က စစ်သံမှူးရုံးကို ဂျာမနီအစိုးရက ပိတ်ပစ်လိုက်ပါတယ်
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ကျော်မိုးနဲ့ သူ့လက်အောက်လူ(၄)ဦးဟာ ဖေဖော်ဝါရီ ၂၄ရက်နေ့မှာ ဂျာမနီနိုင်ငံက ထွက်ခွါသွားရပြီလို့သိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပရောက်မြန်မာများရဲ့ တက်ကြွတဲ့လှုပ်ရှားမှုနှင့်အတူ အကြမ်းဖက်စစ်အုပ်စုကို ဆက်ဆံရေးတွေရပ်တန့်ဖို့နှင့် သံရုံးတွေပိတ်ပစ်ဖို့ ဖိအားပေးတောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာလည်း စစ်ကောင်စီလက်အောက်က စစ်သံရုံးများကို ပိတ်ပစ်နိုင်ရေးအတွက် German Solidarity with Myanmar Democracy e.V.အဖွဲ့က ဦးဆောင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ ၁၂လတာကာလအတွင်းမှာ စစ်သံရုံးရှေ့ဆန္ဒဖော်ထုတ်ခြင်းအပါအဝင် ဂျာမနီနိုင်ငံလွှတ်တော်တွေက ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေကို တိုက်တွန်းတာနဲ့ မီဒီယာတွေကတဆင့်ဖိအားပေးတာတွေပါလုပ်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တစ်နှစ်ပတ်လုံး ဆန္ဒဖော်ထုတ်ကြခြင်း၊ တယ်လီဖုန်းများဖြင့် ဆက်သွယ်စကားပြောညှိနှိုင်းဆွေးနွေးခြင်း၊ အကြံပြုစာ၊ အိတ်ပိတ်ပေးစာများ ရေးပို့ခြင်းတို့က အကျိုးရှိခဲ့ကြောင်း ထင်ထင်ရှားရှားသက်သေပြခဲ့ပြီလို့ German Solidarity with Myanmar Democracy e.V. က၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားတာတွေ့ရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်သံရုံးတွေရုပ်သိမ်းဖို့ နိုင်ငံအချို့မှာလှုပ်ရှားမှုတွေရှိခဲ့ပြီး အခုလိုစစ်သံရုံးပိတ်သိမ်းခံရတာ ဂျာမနီက ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ အာဏာသိမ်းအုပ်စုမှ စစ်သံမှူးကို အရင်က ဗီဇာ ၃ လပေးခဲ့ရာကနေ တလအထိလျှော့ချခဲ့ပြီးနောက် အခုလို ဗီဇာထပ်မပေးတော့ပဲ နှင်ထုတ်လိုက်တာဖြစ်ပါတယ်။
မိမိနိုင်ငံသူ၊ နိုင်ငံသားတို့ကို အကြမ်းဖက်ဖိနှိပ်နေသည့် မြန်မာစစ်အာဏာရှင်ကို ကိုယ်စားပြုနေသူ ဂျာမနီနိုင်ငံတွင် ရှိနေခြင်းဆိုသည်မှာ ယနေ့မှစ၍ မရှိတော့ပါ။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ နေထိုင်ရုံးစိုက်သည့် မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်အောင်ကျော်မိုးနှင့် စစ်သား (၄) ဦးတို့မှာ ၂၄.၂.၂၀၂၂ ရက်နေ့တွင် ဂျာမနီနိုင်ငံမှ ထွက်ခွါသွားပြီ ဖြစ်ပါကြောင်း German Solidarity with Myanmar Democracy e.V.က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီအရေးသည် နိုင်ငံတစ်နိုင်ငံ၊ ခြေလှမ်းတစ်လှမ်းတွင်သာ ရပ်တန့်နေမည် မဟုတ်ဟုယုံကြည်ကြောင်း၊ ထို့ကြောင့် ကျွန်တော်၊ ကျွန်မတို့ German Solidarity with Myanmar Democracy e.V. အနေဖြင့် ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဂျာမနီနိုင်ငံအစိုးရက အသိအမှတ်ပြုရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ချက်ချင်းပေးပို့ရန် ဆက်လက်တောင်းဆိုလိုက်သည် ဟုလည်း စစ်သံရုံးပိတ်သိမ်းနိုင်ဖို့ အဓိကလှုပ်ရှားခဲ့တဲ့ အဖွဲ့ကြီးက သဘောထားထုတ်ပြန်ပါတယ်။ အခုဆိုရင် ဂျာမနီအစိုးရက စစ်သံမှူးနှင့်အဖွဲ့ကို ဗီဇာသက်တမ်းတိုးမပေးတော့တာကြောင့် ဆက်နေခွင့်မရတော့ဘဲ စစ်သံရုံးပါ ရုပ်သိမ်းလိုက်ရတာဖြစ်ပါတယ်။
========================
📌📌ပူတာအိုမှာ စစ်ဘေးရှောင်ပြည်သူတွေ အရေးပေါ်အကူအညီလိုအပ်လျက်ရှိပါတယ်
ကချင်ပြည်နယ် ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာကို စစ်ကောင်စီမှတိုက်လေယာဉ် နှစ်ကြိမ် ဗုံးလာကြဲခဲ့ပြီးနောက် ဒေသခံ ၁၀၀၀ ကျော်ဟာ စစ်ဘေးလွတ်ရာ တောတောင်များထဲ ထွက်ပြေးနေကြရပြီး ယခုခါ ဆန်နှင့် အခြေခံ စား သောက်ကုန်များ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံများမှတဆင့်သိရပါတယ်။
“ရွာကလူတွေ အကုန်လုံး ဒုက္ခရောက်နေပြီ။ အခုက စားဖို့သောက်ဖို့က အကုန် အရေးပေါ်လိုအပ်နေတယ်။ ရွာက လူတွေက နဂိုက တခါတလေကြတော့ အိမ်မှာလာပြီး ဆန်တွေဘာတွေ လာယူတာ အခုတော့ လာမယူရဲ ကြ တော့ဘူး။ စပါးလည်း မကြိတ်ရဲကြတော့ဘူး။ ဆန်စားဖို့နဲ့ ထမင်းဟင်းက နည်းနည်း အရေးတကြီး လိုအပ်နေ တာ” ဟု ဆွမ်ပီယန်ကျေးရွာက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ တိုက်လေယာဉ်များနဲ့ ဆွမ်ပီယန်ကျေးရွာအတွင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်တွင် ပထမ အကြိမ် ဂျက်လေယာဉ် နှစ်စီး နှင့် ဗုံးကြဲခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဒုတိယ အကြိမ် ဗုံးလာကြဲခဲ့တယ်လို့ သိရပါတယ်။ ပထမအကြိမ်ဗုံးကြဲခံရမှုမှာ နေအိမ်အချို့ မီးလောင်ကာ ဒေသခံများ ထွက်ပြေးခဲ့ရပြီး အသက် ၁၂ နှစ် အရွယ်နှင့် အသက် ၅၀ ကျော်အမျိုးသမီးနှစ်ဦးတို့ အပါအဝင် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာ၇ရှိခဲ့ကြပါတယ်။ ဆွမ်ပီယန်ကျေးရွာအနီးတဝိုက်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်အုပ်စုစခန်းတွေကို KIA နှင့် ပူးပေါင်း PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုတွေရှိနေပြီး စစ်ကောင်စီဘက်ကတော့ တိုက်ပွဲဖြစ်ပွားသည့်အခါတိုင်း အခုလိုလေကြောင်းတိုက်ခိုက်မှုအဖြစ် ဒေသခံရွာတွေကိုဗုံးကြဲလေ့ရှိတာဖြစ်ပါတယ်။
ယခုနှစ်အတွင်း ကချင်ပြည်နယ်အတွင်း KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ တိုက်ပွဲများ ပိုမိုပြင်းထန်လာနေပါတယ်။ ပူတာအိုမြို့နယ်အတွင်းရှိ လုံရှာယန်ကျေးရွာ၊ အင်စီယန်ကျေးရွာနှင့် ဖတ်မာ ကျေးရွာ၊ ဆွမ်ပီယန်ကျေးရွာ၊ တန်ဂျာကျေးရွာတို့ အနီးအနားတွင် တိုက်ပွဲများ ပြင်းထန်စွား ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံရွာသားများက စစ်ဘေးလွတ်ရာ တောတောင်များနှင့် ပူတာအိုမြို့ ပေါ်ရှိ ဆွေမျိုးနီးစပ်သူများထံ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် အခြေခံစားသောက်ကုန်များ အရေးပေါ်လိုအပ်ချက်ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၅ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲမှာလည်း အပြစ်မဲ့အရပ်သားများ ထွက်ပြေးနေချိန်တွင် စစ်ကောင်စီတပ်များရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပူတာအိုမြို့နယ်ရှိ ဖတ်မာကျေးရွာမှ လင်မယားနှစ်ဦး အသက်သေဆုံးခဲ့ရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment