📌(ချင်း တိုင်းရင်းသား - Kaang ကာဏ်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၂ ဧပြီလ ၁ ရက်နေ့ ရပြည်တွင်းသတင်းများ
📌📌၁ ။ မင်းတပ်မတူပီလမ်းမကြီးတစ်နေရာတွင် CDF-Mindat နှင့်စစ် ကောင်စီ တပ်တို့ တိုက်ပွဲ ပြင်းထန်လျက် ရှိ ၊ တယ်လီဖုန်းလိုင်းများ ပြတ် တောက် နေ
မင်းတပ် မတူပီလမ်းမကြီးတစ်နေရာတွင် CDF-Mindat နှင့် စစ် ကောင်စီ တပ်တို့ တိုက်ပွဲ ပြင်းထန်လျက် ရှိ ကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။ သတင်းအမှောင်ချချင်လို့ မင်းတပ်မြို့နယ်တွေမှာ ဖုန်းလိုင်းတွေ ကြိုတင်ကြံစည် ဖြတ်တောက်ထားခြင်း ဖြစ် ကြောင်း CDF မင်းတပ်ကဆိုသည်။ ၂၉ ရက်နေ့ မနက်ပိုင်းတွင် မင်းတပ်မြို့တွင်း၊ ဘဝသစ်ရပ်ကွက်၌ နာရီ ဝက် နီးပါး ပစ်ခတ်သံများ ကြားရ ကြောင်း ဒေသခံများက ဆိုသည်။ စစ် ကောင်စီတပ် နှင့် CDF Mindatတို့ ယခုအချိန်အထိ တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး C.D.F Mindat မှ မိုင်းဆွဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများကြောင့် စစ် ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး၊ အများအပြားထိခိုက်ဒဏ်ရာရကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။
📌📌၂ ။ မတူပီမှစစ်ကူမင်းတပ်ဘက်သို့ ထွက်ခွာကြောင်းနှင့် စစ်ကောင်စီရဟတ်ယာဥ်တစ်စီးပျက်တဲ့ သတင်း
၂၀၂၂ မတ်လ ၃၀ ရက်နေ့တွင် မင်းတပ်-မတူပီကြား စစ်ယဉ်တန်းများ တိုက်ခိုက်ခံရမှုကြာင့် မတူပီမှ စကစ အင်အား ၁၅၀ ခန့် စစ်ကူပေးနိုင်ရန် ၂၀၂၂ မတ်လ ၃၀ ရက်နေ့ မနက် ခြေချင်ဖြင့် ထွက်ခွာလာခဲ့ရာ ခြန်းပြန်း (ခ)ကျေးရွာသို့ ရောက်ရှိနေကြပြီဖြစ် ကြောင်း သတင်းရရှိပါသည်။ မတ်လ ၂၉ နံနက်ပိုင်း ဟားခါးမြို့တစ် နေရာတွင် စစ် ကောင်စီ ရဟတ်ယာဥ်တစ်စီးပျက်ကျသွားခဲ့သည်။ အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား ၂ဦး၊ ပညာရေးဝန်ထမ်း ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း ကဆိုသည်။
📌📌၃ ။ ရန်ကုန်တွင် "သတိုးမင်းရဲကျော်ထင်" စစ်ဆင်ရေးစတင်သည့်အနေဖြင့် စစ်ကောင်စီယာဥ်ကို အဝေးထိန်းပဒေသာမိုင်းနှစ်လုံးဖြင့် GODအဖွဲ့တိုက်ခိုက်
ရန်ကုန်မြို့တွင် "သတိုးမင်းရဲကျော်ထင်"စစ်ဆင်ရေး စတင်အသက်သွင်းသည့်အနေဖြင့် ပြောက်ကျား သပိတ်ငယ်အသွင်ယူကာ စစ်ကောင်စီယာဥ်ကို အဝေးထိန်းပဒေသာမိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အထိအခိုက်များကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Gods Of Death က အသိ ပေးထုတ်ပြန်သည်။ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ် (အ.ထ.က) သုဝဏ္ဏကျောင်းရှေ့၌ စစ်ကျွန်ပညာရေးအလိုမရှိသော ကျောင်းသား ပြောက်ကျား သပိတ်ငယ် အသွင်ယူကာ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် မိုင်းချခဲ့သည့်နေရာသို့ကင်းလှည့် စစ်ကောင်စီ DC ကားတစ်စီး လာရောက်စစ်ဆေးချိန် ဖောက်ခွဲမှုအားပြုလုပ်ခဲ့ကာ စစ်ကောင်စီဘက်၌ အထိအခိုက် များရှိသည်ဟုကြားသိရပြီး အသေးစိတ်ကိုမသိရှိသေးဟု G.O.D က အသိပေးသည်။
ယခုစစ်ဆင်ရေးသည် ပြင်းထန်သော စစ်ဆင်ရေးဖြစ်သည့်အတွက် နောက်လာမည့်ဖြစ်စဥ်များတွင် စစ်ဆင်ရေးကိုသာဦးစားပေး၍ တစ်ရှိန်ထိုးဆက်သွားမည် ဖြစ်သဖြင့် မိဘပြည်သူ များအနေဖြင့် အပျော်ပါးများလျှော့၍ စစ်ကောင်စီနှင့် ပတ်သက်သောနေရာဟူသမျှရှောင်ကြဥ် ရန် နောက်ဆုံးအကြိမ်အဖြစ် G.O.D က မေတ္တာရပ်ခံသည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့ကို လက်ရှိအချိန်အထိ မထိန်းချုပ်နိုင်သေးကြောင်း ပြသသည့်အနေဖြင့် ဘုရင့်နောင်(၅၃၂)တပ်ရင်းအနီး အဝေးထိန်းဗုံးဖြင့် G.O.Dက ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ အလားတူ မတ်လ ၅ ရက်ကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးကို အဝေးထိန်းဗုံးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
📌📌၄ ။ ရုရှား ယူကရိန်း ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်တွေ့ဆုံ
တူရကီသမ္မတ Recep Tayyip Erdogan က အပစ်အခတ်ရပ်စဲကြဖို့ ရုရှားနဲ့ယူကရိန်းကို တောင်းဆိုလိုက်ပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ဟာ နှစ်ပတ်အတွင်းမှာ အင်္ဂါနေ့က တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြတဲ့ပွဲမှာ တူရကီသမ္မတက ခုလို ပြောလိုက်တာပါ။ ဆွေးနွေးပွဲမှာ တိုးတက်မှုရှိခဲ့ရင် နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။ တရားမျှတတဲ့ ငြိမ်းချမ်းရေးမှာ ရှုံးသူ မရှိပါဘူးလို့ သမ္မတအာဒိုဂန်က မိန့်ခွန်းမှာ ပြောသွားပါတယ်။ ယူကရိန်းနိုင်ငံက ရုရှားနဲ့နေတိုး ဘယ်ဘက်မှမပါဘဲ ကြားနေကြောင်းကြေညာဖို့ အဆင်သင့်ရှိတယ်လို့ ယူကရိန်းသမ္မတက ဆွေးနွေးပွဲမတိုင်မီမှာ ပြောခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်းက သီးခြားနိုင်ငံအဖြစ်ကြေညာထားတဲ့ Donbas ဒေသအရေး နဲ့ပတ်သက်ပြီး စေ့စပ်ဖို့အတွက်လည်း ယူကရိန်းက ဖွင့်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဆွေးနွေးပွဲကို တူရကီအစိုးရအဆောက်အဦးမှာ ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။အဲဒီ ဆွေးနွေးပွဲကို ချယ်ဆီးဘောလုံးအသင်းပိုင်ရှင် Roman Abramovich လည်း တက်ရောက်နေပါတယ်။ သူဟာ ပူတင်နဲ့လည်း ရင်းနှီးသူပါ။ သူ့ရဲ့အခန်းကဏ္ဍကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ယူကရိန်းတပ်တွေရဲ့ခုခံမှုက မျှော်လင့်ထား တာထက် ပို အားကောင်းတာကြောင့် ရုရှားတပ်တွေဟာ နွံနစ်နေသလို ဖြစ်လာတဲ့အတွက် ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေးသူပုန်တွေရှိတဲ့ ရုရှားစကားပြော Donbas ဒေသ ကိုပဲ ပိုမို အာရုံစိုက်တော့ မယ့်ပုံ ပေါ်လာတယ်လို့ အနောက်နိုင်ငံတာဝန်ရှိသူတွေက သုံးသပ်ကြပါတယ်။
📌📌၅ ။ မြန်မာအခြေအနေ ဒေသတွင်းတည်ငြိမ်းရေး ခြိမ်းခြောက်ဟု ကန်-စင်ကာပူ ပူးတွဲထုတ်ပြန်
၂၀၂၂ မတ်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ခြိမ်းခြောက်လာနေတဲ့အတွက် ဒါကို အမေရိကန်ပြည်ထောင်စုနဲ့ စင်ကာပူနိုင်ငံတို့က အထူးစိုးရိမ်ကြောင်း မတ်လ ၂၉ ရက်နေ့က ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့် ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံခြားသားတွေအပါအဝင် ဖမ်းဆီးခံထားရသူ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံကို ရောက်နေတဲ့ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ သမ္မတ Joe Biden တို့ ဝါရှင်တန် ဒီစီက သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေအပါအဝင် အာဆီယံ-အမေရိကန် ဆက်ဆံရေးနဲ့ ဒေသတွင်း အခြေအနေတွေကို မတ်လ ၂၉ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။ “မြန်မာနိုင်ငံမှာ စစ်တပ်က မနှစ်က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်ပိုင်းဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ ပြည်သူတွေ ခံစားနေကြရတဲ့ အခြေအနေတွေအပေါ် ကျနော်တို့ နှစ်ယောက်စလုံးက အထူးပဲ စိုးရိမ်ပူပန်ကြပါတယ်။
ဒီအာဏာသိမ်းမှုက စာနာမှုဆိုင်ရာ ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်ပေါ်စေပြီး မြန်မာပြည်သူတွေအတွက် ဆယ်စုနှစ်နဲ့ချီ ဒီမိုကရေစီနဲ့ စီးပွားရေးဆိုင်ရာ တိုးတက်ခဲ့မှုတွေကို နောက်ပြန်လှည့်သွားစေပါတယ်။” “မြန်မာစစ်ကောင်စီအနေနနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး လုပ်ဆောင်ဖို့ စင်ကာပူနဲ့ အမေရိကန်ပြည်ထောင်စုတို့က သဘောတူခဲ့ကြပါတယ်။
” တွေ့ဆုံမှုအပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ - မြန်မာ့အရေး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် စင်ကာပူနဲ့ အာဆီယံအဖွဲ့တို့က အပြုသဘောဆောင်ပြီး ကြားဝင် ဆောင် ရွက်ပေးနေတဲ့အပေါ် ကျေးဇူးတင်ကြောင်း၊ စာနာမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ပေးနိုင်ရေးအတွက် တောင်းဆိုပါကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် မကြာခင်မှာ အာဆီယံခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုကို ဖိတ်ကြားပြီး ထိပ်သီးစည်းဝေးပွဲ ကျင်းပသွားဖို့ စီစဉ်နေတယ်ဆိုတာကိုလည်း သမ္မတ Biden က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment