24th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ငွေတိုက်စာချုပ်မှရရှိငွေများနဲ့လှူဒါန်းငွေများကိုတော်လှန်ရေး အတွက်အစွမ်းကုန်စနစ်တကျ စီစဥ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
📌စစ်​ဘေးသင့်ပြည်သူများကို ပိုမိုကူညီနိုင်​ရေး ​ဆွေး​နွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးတက်ရောက်ဆွေးနွေး
📌နောင်ပုလဲကျေးရွာနှင့် အိုခူးရီကျေးရွာကို နယ်မြေရှင်းလင်းရေးများပြုလုပ်ပြီးနောက် စကစတပ်မှအသုံးပြုသော နင်းမိုင်း ၁၁ လုံးနဲ့ ၆၀ မမ​ ၄ လုံးသိမ်းဆည်းရမိကြောင်း KNDF ထုတ်ပြန်
📌ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာအနီး တိုက်ပွဲတွင် ကာကွယ်ရေးတပ်များတိုက်ခိုက်မှုကြောင့် စကစတပ်က ငါးဦးသေဆုံး
📌ဖရဲသီးသတင်းအရ တမူး - အောင်ဇေယျကားလမ်းပိုင်း၌ တပ်အချိန်းပြောင်းပြုလုပ်နေသည့် စကစတပ်ယာဉ်တန်းအား ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ကြရာ စကစတပ်က ၁၅ ဦးထက်မနည်းသေဆုံး
📌အရာတော်မြို့နယ် အမှတ် (၁၀) လေ့ကျင့်ရေးတပ်ကို ယမန်နေ့ညက ဒရုန်းနဲ့ ဗုံးကြဲခဲ့
📌ကျောက်ထု - ပခုက္ကူ လမ်းပိုင်းတစ်နေရာတွင် ကျောက်ထု PDF မှ စစ်တပ်ထုတ်ကုန် စီးကရက်ဗူးများကို မီးရှို့ဖျက်ဆီး

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ငွေတိုက်စာချုပ်မှရရှိငွေများနဲ့လှူဒါန်းငွေများကိုတော်လှန်ရေး အတွက်အစွမ်းကုန်စနစ်တကျ စီစဥ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

ငွေတိုက်စာချုပ်မှရရှိငွေများနဲ့လှူဒါန်းငွေများကိုတော်လှန်ရေး အတွက်အစွမ်းကုန်စနစ်တကျ စီစဥ်ဆောင်ရွက်နေတယ်လို့ ဧပြီ ၂၃ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။

"ကျနော်တို့အနေနဲ့ ပြည်သူလူထုက တော်လှန်ရေးအောင်စိတ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကတဆင့် ဘွန်းဝယ်ကြတာ၊ လှူဒါန်းကြတာတွေကို အစွမ်းကုန် စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရက PDF ရဲဘော်များကို တစ်ဦးလျှင် ကျပ်ခြောက်သောင်း စတင်ကူညီထောက်ပံ့နေတယ်လို့ ပီဒီအက်ဖ်ရဲဘော်အချို့က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။ အထူးငွေတိုက်စာချုပ်မှာ လက်ရှိအချိန်ထိစာချုပ်ပေါင်းခုနစ်သောင်းကျော်ရောင်းချခဲ့ပြီးအမေရိကန်ဒေါ်လာသုံးဆယ့်သုံးမီလီယံရရှိပြီးဖြစ်ပါတယ်။

========================

📌📌စစ်​ဘေးသင့်ပြည်သူများကို ပိုမိုကူညီနိုင်​ရေး ​ဆွေး​နွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးတက်ရောက်ဆွေးနွေး

မြန်မာနိုင်ငံ ရှိ စစ်​ဘေးသင့်ပြည်သူများကို ပိုမိုကူညီနိုင်​ရေး ​ဆဆွေးနွေးပွဲသို့ ဧပြီလနောက်ဆုံးပတ်မှာ Foreign Corespondent Club - Thailand (FCCT) နဲ့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

"FCCT ၏ ဖိတ်ကြားမှု​ကြောင့် ပြည်ထောင်စုဝန်ကြီး ​နော်စူစန်နာလှလှစိုးဟာမြန်မာနိုင်ငံ ​ရှိ စစ်​ဘေးသင့်ပြည်သူများကို ပိုမိုကူညီနိုင်​ရေး ​ဆွေး​နွေးပွဲ သို့ video conferencing ဖြင့် တက်​ရောက် ​ဆွေးနွေးခဲ့သလို နိုင်ငံတကာ မှ သတင်းထောက်များ နှင့် အပြန်အလှန် ဆွေးနွေးမှုများ ၄င်းတို့ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပါတယ်။

========================

📌📌နောင်ပုလဲကျေးရွာနှင့် အိုခူးရီကျေးရွာကို နယ်မြေရှင်းလင်းရေးများပြုလုပ်ပြီးနောက် စကစတပ်မှအသုံးပြုသော နင်းမိုင်း ၁၁ လုံးနဲ့ ၆၀ မမ​ ၄ လုံးသိမ်းဆည်းရမိကြောင်း KNDF ထုတ်ပြန်

နောင်ပုလဲကျေးရွာနှင့် အိုခူးရီကျေးရွာ၌တပ်စွဲထားသော စကစတပ်များကို KA, KNDF တပ်များမှ နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ နောင်ပုလဲကျေးရွာနှင့် အိုခူးရီကျေးရွာကို နယ်မြေရှင်းလင်းရေးများပြုလုပ်ပြီးနောက် စကစ တပ်မှအသုံးပြုသော နင်းမိုင်း (၁၁)လုံး၊ 60mm (၄)လုံး၊ လေယာဉ်ပစ်ဗုံးခွံနှင့် အခြားသော အရာများရရှိ သိမ်းယူနိုင်ခဲ့ပါတယ် လို့ဧပြီ ၂၄ ရက် မှာ KNDF ကဆိုပါတယ်။ ကရင်နီဒေသ ဒီမော့ဆိုမြို့နယ်မှာ စကစတပ်များနဲ့ ကာကွယ်ရေးတပ်များ ဧပြီလအတွင်းမှာ နေ့စဥ်ပစ်ခတ်မှုတို့ဖြစ်ပွားပြီးနောက် စိုးမိုးနယ်မြေများကို KNDF ကပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

========================

📌📌ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာအနီး တိုက်ပွဲတွင် ကာကွယ်ရေးတပ်များတိုက်ခိုက်မှုကြောင့် စကစတပ်က ငါးဦးသေဆုံး

ဧပြီ ၂၄ ရက် နံနက် ၁ နာရီ စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာအနီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စကစတပ်များ တတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပါတယ်"တယ်လို့ ဝန်းသိုတော်လှန်ရေးအင်အားစုကဆိုပါတယ်။ အထိနာတဲ့ စကစတပ်များဟာ စိန်လည်၊ သပြေသာ၊ ရှမ်းစု ရွာ ၃ ရွာကို စစ်ကောင်စီဘက်မှ မီးရှို့ရာသပြေသာရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ခံရတယ်လို့သိရပါတယ်။

========================

📌📌ဖရဲသီးသတင်းအရ တမူး - အောင်ဇေယျကားလမ်းပိုင်း၌ တပ်အချိန်းပြောင်းပြုလုပ်နေသည့် စကစတပ်ယာဉ်တန်းအား ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ကြရာ စကစတပ်က ၁၅ ဦးထက်မနည်းသေဆုံး

ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းတွင် ဖရဲသီးသတင်းအရ တမူး - အောင်ဇေယျကားလမ်းပိုင်း၌ တပ်အချိန်းပြောင်းပြုလုပ်နေသည့် စကစတပ်ယာဉ်တန်းအား ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ရာ စကစတပ်က ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တပ်ရင်း - ၁) တမူးကဆိုပါတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မူ့ဖြစ်ပွားခဲ့ပါတယ်။ (၂:၁၉ )နာရီ မှ (၂:၄၀) နာရီတွင် တစ်ကြိမ် (၃:၂၂)နာရီ မှ (၃:၅၄) နာရီတွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူအများပြားဖြင့် တမူးမြို့တွင်းသို့ ကားများ၊ ဆိုင်ကယ်များဖြင့် ကစဉ့်ကလျား ပြန်လည်ဆုတ်ခွာသွားခဲ့ကြဟုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ( တပ်ရင်း - ၁ )တမူးကထုတ်ပြန်ပါတယ်။

========================

📌📌အရာတော်မြို့နယ် အမှတ် (၁၀) လေ့ကျင့်ရေးတပ်ကို ယမန်နေ့ညက ဒရုန်းနဲ့ ဗုံးကြဲခဲ့

ဧပြီ ၂၃ ရက် ည ၇ နာရီအချိန်က စစ်ကိုင်းတိုင်းအရာတော်မြို့၊ အမှတ် (၁၀) လေ့ကျင့်ရေးတပ်လူနေဆောင်အား ဖရဲသီးအကူအညီနဲ့ ဒရုန်းတွင် ဗုံးတပ်ဆင်ကာ တိုက်ခိုက်ခဲ့တယ်လို့ "လျှပ်စီးမိုးကြိုးမုန်တိုင်း" တပ်ဖွဲ့ကဆိုပါတယ်။ "လျှပ်စီးမိုးကြိုးမုန်တိုင်း"တပ်ဖွဲ့ နှင့် "ဗိုလ်မိုးသီး"တပ်ဖွဲ့ ဦးဆောင်၍ အရာတော်မြောက်ပိုင်း မဟာမိတ်ညီနောင်များဖြစ်တဲ့ မှင်စာအဖွဲ့၊မီးခဲ အဖွဲ့နှင့် ဗိုလ်တစ်ထောင်အဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကြဲခြင်းဆောင်ရွက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာထိခိုက်ပျက်စီးမှုစာရင်းကိုအတည်ပြုနေဆဲဖြစ်ပါတယ်။

========================

📌📌ကျောက်ထု - ပခုက္ကူ လမ်းပိုင်းတစ်နေရာတွင် ကျောက်ထု PDF မှ စစ်တပ်ထုတ်ကုန် စီးကရက်ဗူးများကို မီးရှို့ဖျက်ဆီး

​ကျောက်ထု - ပခုက္ကူ လမ်းပိုင်းတစ်နေရာတွင် ကျောက်ထု PDF မှ စစ်တပ်ထုတ်ကုန် စီးကရက်ဗူးများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဧပြီ ၂၃ ရက်တွင် စစ်တပ်ထုတ်ကုန်များ စစ်ဆေးအရေးယူခြင်းကို ကျောက်ထု PDF ကဆိုပါတယ်။ "ဧပြီ ၂၁ ရက်ကျောက်ထု - ပခုက္ကူ လမ်းပိုင်းတစ်နေရာတွင် ကျောက်ထု PDF မှ သတင်းအရရှောင်တခင် ကားတစ်စီးအားစစ်ဆေးခဲ့ရာ စစ်တပ်ထုတ်ကုန် ( Red Ruby ) စီးကရက်ဗူး ၅၀၀ ပါအတောင့် ၅၀ နှင့် (Premium goal) စီးကရက်ဗူး ၅၀ ပါအတောင့် ၅တောင့်တို့အား စစ်ဆေးတွေ့ရှိ၍ မီးရှို့ဖျက်စီးခဲ့ကြပါတယ်"လို့ဆိုပါတယ်။ ကျောက်ထုဒေသအတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများအားဝယ်ယူရောင်းချ​အသုံးပြုခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်သတိပေး အပ်ပါတယ်လို့ကျောက်ထု PDF ကဆိုပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment