21st MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၂၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌အမျိုးသားညီညွတ်ရေးအစိုးရမှဖက်ဒရယ်ရေးရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပိုမိုသိရှိစေရန်နှင့်အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေး

📌စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများကိုရည်ရွယ်ချက်ရှိရှိ စစ်တပ်ဟာ တိုက်ခိုက်လျက်ရှိတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား

📌လွိုင်ကော် (PDF) ကတောင်တန်းဂီတ လို့ အမည်ရတဲ့ ခရီးသွား လက်မှတ်တွေကို ရောင်းချရင်း ရန်ပုံငွေ ရှာဖွေမယ်

📌မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF ဆေးတပ်ဖွဲ့ မွ ရဲဘော်တွေကို COVID 19 ကာကွယ်ဆေးထိုးနှံပေး

📌အစိုးရ ဝန်ကြီးများ အပါအဝင်၊ YDF ကို ထောက်ပံ့ပေးနေတဲ့ အလှူရှင်များအားလုံးပါဝင်တဲ့ YDF တစ်နှစ်ပြည့်ကို အွန်လိုင်းကတဆင့်ကျင်းပမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌အမျိုးသားညီညွတ်ရေးအစိုးရမှဖက်ဒရယ်ရေးရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပိုမိုသိရှိစေရန်နှင့်အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရမှဖက်ဒရယ်ရေးရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပိုမိုသိရှိစေရန်နှင့်အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


မေလ ၁၉ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန နှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံခဲ့ပါတယ်။ 


အစည်းအဝေးတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်ချက်များ၊ ဖက်ဒရယ်ရေးရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပိုမိုသိရှိစေရန်နှင့်အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ပါတယ်။ 


ဝန်ကြီးဌာနနှစ်ခုအကြား ရေရှည်တွင် ထိရောက်မှုရှိစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် လမ်းကြောင်းများကိုလည်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။


အစည်းအဟေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဆာဆာနဲ့ဒေါက်တာလျန်မှုန်းဆာခေါင်တို့တက်ရောက်ခဲ့ပါတယ်။


=======================


📌📌စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများကိုရည်ရွယ်ချက်ရှိရှိ စစ်တပ်ဟာ တိုက်ခိုက်လျက်ရှိတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား


စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများကိုရည်ရွယ်ချက်ရှိရှိ စစ်တပ်ဟာ တိုက်ခိုက်လျက်ရှိတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။


"စစ်တပ်၏လူမဆန်သည့်သတ်ဖြတ်မှုကြောင့် ယနေ့အထိ ပြည်သူ (၁၈၅၀) ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ပြည်သူ (၆၀၀,၀၀၀) နီးပါးသည် စစ်တပ်၏ မမျှတသည့် တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာနေရကြောင်း၊ စစ်တပ်အာဏာသိမ်းမှုကို များစွာခုခံတွန်းလှန်သည့် ကရင်၊ ကယား၊ ချင်းပြည်နယ်များနှင့် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများကိုရည်ရွယ်ချက်ရှိရှိ စစ်တပ်သည် တိုက်ခိုက်လျက်ရှိပြီး၊ ယင်းသည် ၎င်းတို့၏ ကာလရှည်ကြာထားရှိသည့် စစ်ရေးဗျူဟာလည်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၌ အထူးသဖြင့် ဝေးလံသည့် ကျေးလက်ဒေသများ၌ စစ်တပ်သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့်ဖြတ်-လေး-ဖြတ် မဟာဗျူဟာကို အသုံးပြု၍ တိုက်ခိုက်လျက်ရှိကြောင်း"သံအမတ်ကြီးကပြောကြားပါတယ်။


၂၀၂၂ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး - ပဋိပက္ခနှင့် စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။


 အဆိုပါအစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။


အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP အကြီးအကဲ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO အကြီးအကဲ၊ Gro Intelligence အဖွဲ့ အကြီးအကဲတို့တက်ရောက်ခဲ့ကြပါတယ်။



========================


📌📌လွိုင်ကော် (PDF) ကတောင်တန်းဂီတ လို့ အမည်ရတဲ့ ခရီးသွား လက်မှတ်တွေကို ရောင်းချရင်း ရန်ပုံငွေ ရှာဖွေမယ်


လွိုင်ကော် (PDF) ကတောင်တန်းဂီတ လို့ အမည်ရတဲ့ ခရီးသွား လက်မှတ်တွေကို ရောင်းချရင်း ရန်ပုံငွေ ရှာဖွေမယ်လို့သတင်းရရှိပါတယ်။ မေလ၂၀ရက်နေ့မှာ လွိုင်ကော် (PDF)က ခရီးသွား လက်မှတ်တွေကို ရောင်းချမယ်လို့အသိပေးကြေညာခဲ့ပါတယ်။


"ကျွန်တော်တို့ လွိုင်ကော် (PDF) ဟာ မကြာခင်မှာ တောင်တန်းဂီတ လို့ အမည်ရတဲ့ ခရီးသွား လက်မှတ်တွေကို ရောင်းချရင်း ရန်ပုံငွေ ရှာဖွေတော့မှာ ဖြစ်ပါတယ်။အဆိုပါ လက်မှတ်ဟာ ကရင်နီ တစ်ပြည်လုံးကို အမှန်တကယ် လည်ပတ်သွားလာလို့ရတဲ့ ခရီးသွား plan တွေ ပါဝင်ပြီး ခရီးသွား company အစစ်တွေက ပေးတဲ့ service အတိုင်း နေထိုင်သွားလာစားသောက် စရိတ်အားလုံး fully cover ပေးမှာ ဖြစ်ပါတယ်"လို်ဆိုပါတယ်။


 တောင်တန်းဂီတ ခရီးသွားလက်မှတ်တွေ ဝယ်ယူခြင်းဟာ bond ဝယ်သလို / EOD ရှယ်ယာ ဝယ်သလိုပဲ ကိုယ့်ငွေကြေး အလကား မဖြစ်တဲ့ service တစ်ခု ဖြစ်ကာကရင်နီပြည်ရဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လှမ်းက ကူညီခွင့် ရမယ်လို့လည်းသိရပါတယ်။


========================


📌📌မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF ဆေးတပ်ဖွဲ့ မွ ရဲဘော်တွေကို COVID 19 ကာကွယ်ဆေးထိုးနှံပေး


မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF ဆေးတပ်ဖွဲ့မှ ရဲဘော်တွေကို COVID 19 ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့သိရပါတယ်။ မေလ၂၀ ရက်နေ့မှာ ကာကွယ်ဆေးထိုးနှံတဲ့အကြောင်းကို မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ကဆိုပါတယ်။


ပြီးခဲ့တဲ့ဖေဖော်ဝါရီ၁၃ရက်နေ့မှာလည်း ရဲဘော်ရာနဲ့ချီကို မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က COVID 19 ကာကွယ်ဆေးများထိုးနှံပေးခဲ့ပါသေးတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကလည်းပြီးခဲ့တဲ့လများအတွင်း တိုင်းရင်းသားထိန်းချုပ်နယ်မြေများမှာ ကာကွယ်ဆေးထိုးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌အစိုးရ ဝန်ကြီးများ အပါအဝင်၊ YDF ကို ထောက်ပံ့ပေးနေတဲ့ အလှူရှင်များအားလုံးပါဝင်တဲ့ YDF တစ်နှစ်ပြည့်ကို အွန်လိုင်းကတဆင့်ကျင်းပမယ်


အစိုးရ ဝန်ကြီးများ အပါအဝင်၊ YDF ကို ထောက်ပံ့ပေးနေတဲ့ အလှူရှင်များအားလုံးပါဝင်တဲ့ YDF တစ်နှစ်ပြည့်ကို အွန်လိုင်းကတဆင့်ကျင်းပမယ်လို့သတင်းရရှိပါတယ်။ မေလ၂၀ ရက်နေ့မှာ  ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (YDF)က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။


"မကြာခင်အချိန်မှာလည်း ကျွန်တော်တို့ရဲ့ အစိုးရ ဝန်ကြီးများ အပါအဝင်၊ YDF ကို ထောက်ပံ့ပေးနေတဲ့ အလှူရှင်များ၊ မိဘပြည်သူများ၊ ပြည်ပရောက် မြန်မာပြည်သားများ အားလုံးပါဝင်နိုင်မယ့် YDF ရဲ့ တစ်နှစ်ပြည့်ပွဲတစ်ခုကို အွန်လိုင်းမှ တဆင့် ပြုလုပ်သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ ပွဲမှာတော့ YDF မှ ထုတ်လုပ် အောင်မြင်နေသော လက်နက်များ၊ ပြည်သူများထံ တင်ပြ အစီရင်ခံလိုသော သတင်းစကားများ၊ ပြည်သူတွေက ဖြစ်စေချင်ပြီး ကြားချင်ကြသော စကားများကို အကောင်အထည်ဖေါ်ဆောင်နိုင်မည့် အခြေအနေများကို ဆွေးနွေး တင်ပြခြင်းများနှင့် အစိုးရဝန်ကြီးများ၏ အမှာစကားများကိုပါ ပြည်သူ့ထံ အမှာပါးနိုင်အောင် YDF ရဲ့ အွန်လိုင်း အခန်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပသွားဖို့ ရှိတယ်လို့ဆိုပါတယ်။


ယမန်နေ့မေလ ၁၉ ရက်နေ့တွင် ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (YDF) တည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယောဒေသ၏ တနေရာတွင် YDF ရဲဘော်များမှ စစ်ရေးပြသခြင်းတချို့ ပြုလုပ်ခဲ့ပါတယ်။


ဂန်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော .. စတဲ့ မြို့နယ် () မြို့နယ်မှာ အခြေစိုက်တည်ထောင်ခဲ့တဲ့ YDF ရဲ့ သက်တမ်းဟာ ယခုဆိုလျှင် တစ်နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment