28th MAY 2022 - Evening Daily News by Radio NUG

၂၀၂၂ မေလ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌One Day Challengeလှုပ်ရှားမှုဆိုင်ရာက အဌမအကြိမ်မြောက် ဒေါ်လာ တစ်သိန်း အမျိုးသားညီညွတ်ရေးအစိုးရ NUGသို့ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့

📌အမျိုးသားညီညွတ်ရေးအစိုးရကို တရုတ်အစိုးရအနေနဲ့ တစ်ချိန်တွင် လက်တွဲမယ်လို့ ယုံကြည်ကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား

📌ယူကေနိုင်ငံ အစိုးရမှ တာဝန်ရှိသူများနှင့် NUG မှ ပြည်ထောင်စုဝန်ကြီးနှစ်ဦးတွေ့ဆုံခဲ့

📌စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်းနည်းကာ စီးပွားရေးများပျက်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို

📌စစ်ကောင်စီ လက်အောက်တွင် ကျောင်းအပ်နှံခြင်းကို တက္ကသိုလ် ကောင်စီမှ လက်မခံပယ်ချကန့်ကွက်ပြီး  အမည်ပျက်စာရင်းသွင်းမယ်လို့ ရန်ကုန်နည်းပညာ တက္ကသိုလ် ကောင်စီမှကြေညာ

📌ဂန့်ဂေါမြို့နယ်တောင်ပိုင်း လေကြောင်းတိုက်ခိုက်ခံရမှုတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် () ဦးထက်မနည်း ကျဆုံးသွားခဲ့

📌စက်သုံးဆီဈေး အဆမတန်တက်နေတာကြောင့် ပရဟိတသမားတွေက အရင်လို အကူအညီတွေအပြည့်အဝမပေးနိုင်တော့တဲ့အတွက် အခြေခံပြည်သူတွေဟာ ခက်ခဲမှုတွေနဲ့ကြုံတွေ့နေ

📌တိုက်ပွဲတွေမှာ ရခိုင့်တပ်တော် AA ပါဝင်လာတာဟာ နွေဦးတော်လှန်ရေးအတွက်အားအင်ဖြစ်တယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတွေကပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌One Day Challengeလှုပ်ရှားမှုဆိုင်ရာက အဌမအကြိမ်မြောက် ဒေါ်လာ တစ်သိန်း အမျိုးသားညီညွတ်ရေးအစိုးရ NUGသို့ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့


One Day Challenge လှုပ်ရှားမှုဆိုင်ရာက အဌမအကြိမ်မြောက် ဒေါ်လာ တစ်သိန်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သို့ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့ပေးခဲ့တဲ့အတွက် မေ ၂၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။


စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)သည် ၂၀၂၁ ခုနှစ် သြဂုတ်လမှ ၂၀၂၂ ခုနှစ် မေလအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထံ ပေးပို့လာခဲ့ရာ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ သိန်းအား ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် ONE DAY CHALLENGE ထောက်ပံ့ငွေအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နယ်မြေစိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲလျှက် ရှိကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌အမျိုးသားညီညွတ်ရေးအစိုးရကို တရုတ်အစိုးရအနေနဲ့ တစ်ချိန်တွင် လက်တွဲမယ်လို့ ယုံကြည်ကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား


မေလ နောက်ဆုံးပတ် ပြည်သူမှပြည်သူသို့ တွေ့ဆုံမေးမြန်းရာတွင် ပညာရေးနဲ့ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုဆိုလိုက်ပါတယ်။


"တရုတ်နိုင်ငံသာ သုံးသပ်တတ်မယ်ဆိုရင်ပေါ့ ဒါသူလည်းသုံးသပ်တတ်မှာပါ။သူတို့မတွေးတတ်ဘူးဆိုရင်တော့ အတွေးအခေါ်ပိုင်းဆိုင်ရာမှာကျရှုံးမှာပဲ။ဒါပေမဲ့ တရုတ်ဟာ အဲဒီလိုဖြစ်မဲ့နိုင်ငံမဟုတ်ပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရကိုတရုတ်အစိုးရအနေနဲ့ တစ်ချိန်တွင် လက်တွဲလာမှာယုံကြည်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ တရုတ်အစိုးရဟာ စစ်ကောင်စီကို သံတမာန်ရေးဆက်ဆံမှုများနဲ့ ကူညီထောက်ပံမှုများရှိနေတယ်လို့သိရပါတယ်။


========================


📌📌ယူကေနိုင်ငံ အစိုးရမှ တာဝန်ရှိသူများနှင့် NUG မှ ပြည်ထောင်စုဝန်ကြီးနှစ်ဦးတွေ့ဆုံခဲ့


မေလ (၂၇) ရက်နေ့တွင် ယူကေနိုင်ငံ အစိုးရမှ တာဝန်ရှိသူများနှင့် NUG မှ ပြည်ထောင်စုဝန်ကြီးနှစ်ဦးတွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပရော်ဖက်ဆာ ဒေါက်တာဦးဇော်ဝေစိုး  နှင့်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့ဟာမေလ (၂၇) ရက်နေ့တွင် ယူကေနိုင်ငံ အစိုးရမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားပြုကာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ယူကေနိုင်ငံကိုရောက်ရှိနေခြင်းဖြစ်ပါတယ်။


========================


📌📌စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်းနည်းကာ စီးပွားရေးများပျက်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို


"အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပြည်သူတွေအားလုံးဒုကခရောက်ပါတယ်။အလုပ်အကိုင်တွေလည်းပျက်တယ်။အလုပ်အကိုင်အခွင့်အလမ်းနည်းသွားပြီး စီးပွားရေးတွေပျက်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ စကစဟာ လုပ်ငန်းရှင်နဲ့ သူဌေးကြီးများကိုလည်း ပုဒ်အမျိုးမျိုးတပ်ကာ အမှုဖွင့်ဖမ်းဆီးထားပါတယ်။ လက်ရှိမှာ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ လူဦး​‌ရေတစ်သောင်းကျော်ရှိပြီဖြစ်ပါတယ်။


========================


📌📌စစ်ကောင်စီ လက်အောက်တွင် ကျောင်းအပ်နှံခြင်းကို တက္ကသိုလ် ကောင်စီမှ လက်မခံပယ်ချကန့်ကွက်ပြီး  အမည်ပျက်စာရင်းသွင်းမယ်လို့ ရန်ကုန်နည်းပညာ တက္ကသိုလ် ကောင်စီမှကြေညာ


စစ်ကောင်စီ၏လုပ်ငန်းစဉ်များတွင် ပါ၀င်ပတ်သက်ခြင်းနှင့်စပ်လျဉ်း၍ တက္ကသိုလ်ကောင်စီ၏ သဘောထားကြေညာချက်ကိုမေလနောက်ဆုံးပတ်မှာထုတ်ပြန်ခဲ့တာပါ။


" စစ်ကောင်စီ၏ ကျောင်းအပ်နှံခြင်းလုပ်ငန်းစဉ်များတွင် ဖောင်ထုတ်ယူခြင်းမှအစ အပ်နှံရန် စာရင်းပေးသူ၊ အပ်နှံသူ၊ တက်ရောက်နေသူများသည် အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ချီမှု အတွက် ခိုင်မာသောအထောက်အပံ့ဖြစ်စေသည်ဟု  တက္ကသိုလ်ကောင်စီမှ သတ်မှတ်ပါတယ်။  စစ်ကောင်စီ လက်အောက်တွင် ကျောင်းအပ်နှံခြင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံးကို တက္ကသိုလ် ကောင်စီမှ လက်မခံပယ်ချကန့်ကွက်ပြီး  အမည်ပျက်စာရင်းသွင်းရမယ်လို့အခိုင်အမာ ယုံကြည် ပါတယ်"လို့ဖော်ပြပါတယ်။


ယင်းသို့စာရင်းသွင်းခြင်းခံရသူများအနေဖြင့် ကြေညာခံရသည့်နေ့ရက်မှ အလုပ်ရက် () ရက် အတွင်း ပြန်လည်ရှင်းလင်းတင်ပြနိုင်ပြီး ကောင်စီက စစ်ဆေးကြားနာမည်ဖြစ်ကာ ခိုင်လုံပါက အမည်ပျက်စာရင်းမှ ပယ်ဖျက်‌ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် ၎င်းတို့၏ CDM ID များကို ပြန်လည် ရုပ်သိမ်းခြင်းနှင့် မော်ကွန်း၀င်ကျောင်းသားစာရင်းမှ ပယ်ဖျက်ခြင်းခံရမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌ဂန့်ဂေါမြို့နယ်တောင်ပိုင်း လေကြောင်းတိုက်ခိုက်ခံရမှုတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် () ဦးထက်မနည်း ကျဆုံးသွားခဲ့


မေလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီကျော် ဝန်းကျင်ခန့်ကအကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ဂန့်ဂေါမြို့နယ် မြစ်သာဆည် အနီးတဝိုက်ဝန်းကျင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စခန်းချရာနေရာအချို့တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


"အဆိုပါဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် () ဦးထက်မနည်း ကျဆုံးသွားခဲ့ရပါတယ်။ထပ်တိုး ထိခိုက်ကျဆုံးမှုများ ရှိနိုင်ပြီး နယ်မြေအခြေအနေအရ ထိခိုက်ဆုံးရှုံးမှုအသေးစိတ်ကိုအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ကျဆုံးသွားသည့်ရဲဘော်များအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်"လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဂန့်ဂေါမြို့နယ်ကဆိုပါတယ်။ လက်ရှိအချိန် အဆိုပါဒေသတွင် စစ်ရေးတင်းမာနေဆဲ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရာအရပ်ဒေသများတွင်သာ နေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။

အခုတင်ပြပေးခဲ့တဲ့သတင်တွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌စက်သုံးဆီဈေး အဆမတန်တက်နေတာကြောင့် ပရဟိတသမားတွေက အရင်လို အကူအညီတွေအပြည့်အဝမပေးနိုင်တော့တဲ့အတွက် အခြေခံပြည်သူတွေဟာ ခက်ခဲမှုတွေနဲ့ကြုံတွေ့နေရပါတယ်။


မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ဇန်နဝါရီလကစပြီး စက်သုံးဆီဈေးတွေဆက်တိုက်မြင့်တက်ခဲ့တာပါ။ အခုမေလ ၂၈ရက်နေ့မှာ ဓါတ်ဆီတစ်လီတာကို ငွေကျပ် ၂၂၀၀ ဝန်းကျင်အထိဈေးတက်နေတာကြောင့် လူနာတင်ယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေးတွေနဲ့အကူအညီပေးနေတဲ့ ပရဟိတအသင်းတွေဟာ အရင်ကကူညီနိုင်ခဲ့တာထက် တစ်ဝက်လောက်လျော့နည်းပြီးတော့ပဲ ကူညီနိုင်တော့တယ်လို့ ရန်ကုန်မြို့ခံပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။


ရန်ကုန်မြို့ခံပရဟိတအသင်းတာဝန်ရှိသူတစ်ဦး

(((((((()))))))))


ရန်ကုန်မြို့က နာရေးကူညီတဲ့အသင်းတွေ၊ လူနာတင်ကားဝန်ဆောင်မှုပေးတဲ့အသင်းတွေ၊ စားသောက်ကုန်ပံ့ပိုးတဲ့အသင်းတွေအားလုံးမှာ ရန်ပုံငွေတစ်နေ့ထက်တစ်နေ့နည်းပါးလာတယ်လို့ဆိုပါတယ်။ ကုန်ဈေးနှုန်းအဆမတန်တက်နေတာ၊ အလုပ်အကိုင်နဲ့ပုံမှန်ဝင်ငွေမရှိတော့တာတွေကြောင့် ပြည်သူတွေပိုကျပ်တည်းလာတာကို မြင်နေရပေမယ့် အလှူရှင်တွေကိုယ်တိုင်လည်း လက်ပန်းကျလာတဲ့အတွက် အကူအညီတွေလိုသလောက်မပေးနိုင်ဘူးလို့ ပရဟိတသမားတစ်ယောက်ကပြောပါတယ်။ 


ရန်ကုန်မြို့ခံပရဟိတသမားတစ်ဦး

(((((())))))))))


ရန်ကုန်မြို့မှာ သပိတ်တွေကို စစ်တပ်က အကြမ်းဖက်ခဲ့ပြီးနောက်ပိုင်း မြို့ပြပြောက်ကျားလူငယ်တွေက ဆိုင်ကယ်တွေကို အသုံးပြုပြီးတိုက်ခိုက်တာတွေရှိလာတဲ့အတွက် ဆိုင်ကယ်စီးခွင့်ကို စစ်ကောင်စီက ပိတ်ပင်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ဆိုင်ကယ်ကယ်ရီဆွဲပြီး အသက်မွေးနေတဲ့သူတွေအတွက် ဝင်ငွေရလမ်းရပ်တန့်သွားပြီး အလုပ်လက်မဲ့ပြဿနာနဲ့ကြုံတွေ့ခဲ့ရပါတယ်။ လျှပ်စစ်မီးပုံမှန်မရတာ စက်သုံးဆီဈေးတက်တာတွေကြောင့် တနိုင်တပိုင် အသေးစားနဲ့အလက်စားလုပ်ငန်းတွေလည်း ရပ်ဆိုင်းနေပြီး အဲ့ဒီလုပ်ငန်းတွေကိုမှီခိုနေရတဲ့ အခြေခံပြည်သူတွေဟာလည်း စားဝတ်နေရေးကြပ်တည်းနေပါတယ်။ ဒီသတင်းကိုတော့ နွေဦးKက ပေးပို့ထားတာဖြစ်ပါတယ်။


========================


📌📌တိုက်ပွဲတွေမှာ ရခိုင့်တပ်တော် AA ပါဝင်လာတာဟာ နွေဦးတော်လှန်ရေးအတွက်အားအင်ဖြစ်တယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတွေကပြောပါတယ်။


မေလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ လက်နက်ကြီးပစ်ခတ်သံတွေအချက်ပေါင်းများစွာပေါ်ထွက်ခဲ့ပြီး ရခိုင့်တပ်တော် AAနဲ့ စစ်ကောင်စီတို့ရဲ့ စစ်ရေးမတည်ငြိမ်မှုစတင်ခဲ့တာပါ။ ဧပြီလဆန်းပိုင်းကတည်းက စစ်ကောင်စီက ပလက်ဝမြို့မှာ အင်အားတိုးမြှင့်ချထားပြီး စစ်ရေးအတွက်ကြိုတင်ပြင်ဆင်ခဲ့တာလို့ မုံရွာသပိတ်ဦးဆောင်ကော်မတီ-ကိုစိုးဝင်းဆွေက အခုလိုဆိုပါတယ်


ကိုစိုးဝင်းဆွေ (မုံရွာသပိတ်ဦးဆောင်ကော်မတီ)


စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေရဲ့ဆန့်ကျင်မှုကိုခံခဲ့ရတာကြောင့် ရခိုင်ပြည်နယ်ဘက်ကို မလှည့်နိုင်ခဲ့ပေမယ့် တဖြေးဖြေးအင်အားကြီးလာတဲ့ ရခိုင့်တပ်တော်ရဲ့အခြေအနေဟာ စစ်ကောင်စီအတွက် ခြိမ်းခြောက်မှုဖြစ်လာတယ်လို့ ဦးသန်းစိုးနိုင်- စစ်ရေးလေ့လာသူက အခုလိုပြောပါတယ်။ 


ဦးသန်းစိုးနိုင်(နိုင်ငံရေးလေ့လာသူ)


ဧပြီ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရခိုင့်တပ်တော် AA ရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ခိုင်သုခရဲ့ပြောဆိုချက်တွေအရ AA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့နီးစပ်လာခဲ့ပြီး ရခိုင့်တပ်တော်ရဲ့စစ်ရေးအရပြင်ဆင်ထားတာတွေကိုလည်း ခိုင်သုခက တစိတ်တပိုင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီသတင်းကိုတော့ နွေဦးKက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment