10th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးတွင် တိုင်းရင်းသားများ အရေးသည်လည်း ချန်လှပ်ထား၍ မရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ နေရာတိုင်းမှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အကြမ်းဖက် စစ်တပ်က ဘယ်နည်းနဲ့မှ ဖြိုခွင်းနိုင်စရာအကြောင်းမရှိလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၃။ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနဲ့ NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းတို့တွေ့ဆုံ

📌 ၄။ မိုးကုတ်ဖက်ဒရယ်ကျောင်းတွင် ထက် ၊လယ်မူ ကျောင်းသားတစ်ထောင်ခန့်ပညာသင်ကြားလျက်ရှိ

📌 ၅။ ကသာမြို့နယ် အနောက်ဘက်ကမ်းတွင် စကစတပ်နဲ့ ကာကွယ်ရေးတပ်များ တစ်နေ့တည်း သုံးကြိမ်တိုက်ပွဲဖြစ်၍ စကစတပ်များ အကျအဆုံးများပြားနိုင်

📌 ၆။ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့အတွက် အခက်အခဲမျိုးစုံကြုံခဲ့ရပေမယ့် နောင်တမရဘူးလို့ CDM ရဲတပ်ဖွဲ့ဝင်တွေကပြော

📌 ၇။ စစ်ကောင်စီက မေလ တစ်လတည်းမှာ နိုင်ငံတဝှမ်းကနေအိမ် ထောင်ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar အဖွဲ့ကထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးတွင် တိုင်းရင်းသားများ အရေးသည်လည်း ချန်လှပ်ထား၍ မရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး (၁၅/၂၀၂၂) ကျင်းပရာမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက "တော်လှန်ရေးတွင် တိုင်းရင်းသားများ အရေးသည်လည်း ချန်လှပ်ထား၍ မရပါကြောင်း၊ ယမန်နေ့က ICNCCနှင့် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအကြား တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားဒေသများအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးအား အပတ်စဉ် အောင်မြင်စွာ ကျင်းပလာခဲ့မှုကြောင့် မြေပြင် အုပ်ချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်လာသဖြင့် များစွာဝမ်းမြောက်မိကြောင်း လည်းပြည်ထောင်စုဝန်ကြီးချုပ်ကထပ်မံဆိုပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဌ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ပြီး ဒုတိယဥက္ကဌ() ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ အတွင်းရေးမှူးအဖွဲ့များ၊ ဒုတိယဝန်ကြီးများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ နေရာတိုင်းမှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အကြမ်းဖက် စစ်တပ်က ဘယ်နည်းနဲ့မှ ဖြိုခွင်းနိုင်စရာအကြောင်းမရှိလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားရာမှာ "မြို့နယ်တိုင်းမှာ ပကဖရှိတယ်။ နောက် PDF တပ်ရင်း၂၅၀ ကျော်ရှိတယ်။တစ်နိုင်ငံလုံးမှာ ၉၉၇ ဖွဲ့ရှိတယ်။ပြည်သူတွေမှာ ကိုယ်ပိုင်တပ်ရှိတယ်။နေရာတိုင်းမှာရှိတယ်။ရွာတိုင်းမှာရှိတယ်။အဲဒီလိုအခြေအနေမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။ဒီလိုမျိုးနေရာတိုင်းမှာ ရှိတဲ့တပ်ကို သူတို့ ဘယ်နည်းနဲ့မှ ဖြိုခွင်းနိုင်စရာ အကြောင်းမရှိဘူး"လို့ဝန်ကြီးကဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်များကို ၂၀၂၁ ခုနှစ် မေလတွင်တည်ထောင်ခဲ့ပြီးလက်ရှိမှာ PDF နဲ့ညီနောင်တပ်ရင်း၂၅၈ ရင်းဖွဲ့စည်းပြီးဖြစ်ပါတယ်။


"ဒီဟာနဲ့ပတ်သက်လို့ရှိရင် ကျနော်တို့နိုင်မှာပဲ။ဘယ်နည်းနဲ့မှ ပြိုကွဲစရာအကြောင်းမရှိဘူး။ NUCC NUG PDF ပြိုကျစရာအကြောင်းမရှိဘူး။ တော်လှန်ရေးက နိုင်ကိုနိုင်မှာဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကထပ်မံဆိုပါတယ်။


========================


📌📌 ၃။ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနဲ့ NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းတို့တွေ့ဆုံ


ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆောင်သော တာဝန်ရှိ ပုဂ္ဂိုလ်များသည် ဇွန်လ   ရက်နေ့ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံး Cernin Palace တွင် NUG အစိုးရ၏ လူအခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့အား လက်ခံတွေ့ဆုံခဲ့ပါတယ်။


လာမည့် ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီ အစည်းအဝေးတွင် ချက်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအရ  မြန်မာနိုင်ငံအရေးအား ဦးစားပေး စာရင်းတွင် ရှိသည့် အားလျော်စွာ မြန်မာနိုင်ငံအား အမြန်ဆုံး ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကိစ္စများဆိုင်ရာ ရလာဒ်ကောင်းများဖြစ်ထွန်းစေမည့် ဆောင်ရွက်ရွန် ကိစ္စများကို အားတက်သရော ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ၄င်းတို့ အနေဖြင့် တာဝန်ခံမှုရှိစေရေး၊ စစ်ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခြင်းများ အတွက် တရားနိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာစေရေးအပါအဝင် လတ်တလော မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများကိစ္စများနှင့် ချက်သမ္မတနိုင်ငံအနေဖြင့် ယူကရိန်းအရေးကဲ့သို့ မြန်မာ့အရေးကို အလေးအနက်ထား ဦးစားပေးကာ မြန်မာပြည်သူများနှင့် အတူ ရပ်တည်ကြောင်း ဒုတိယ ဝန်ကြီး က ပြောဆိုပါတယ်။


========================


📌📌 ၄။ မိုးကုတ်ဖက်ဒရယ်ကျောင်းတွင် ထက် ၊လယ်မူ ကျောင်းသားတစ်ထောင်ခန့်ပညာသင်ကြားလျက်ရှိ


မိုးကုတ်ဖက်ဒရယ်ကျောင်းသည် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ စေတနာ့ဝန်ထမ်းဆရာဆရာမများ၊ ရုံးဝန်ထမ်းများအား ဒေတာထောက်ပံ့ကြေးများ၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိတယ်လို့လည်သိရပါတယ်။


မိုးကုတ်ဖက်ဒရယ်ကျောင်းကို ၁၈..၂၀၂၂ (တနင်္လာနေ့) က စတင်ဖွင့်လှစ်ခဲ့ပြီး စာသင်ကာလတစ်လတာကို အောင်မြင်စွာ သင်ကြားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသားဦးရေ ၁၀၀၀ ခန့် အား ဆရာဆရာဦးရေ ၁၀၀ ခန့် ကသင်ကြားပေးလျက်ရှိပါတယ်။


ကျောင်းဖွင့်ကာလ တစ်လကျော် ကြာခဲ့ပြီဖြစ်သော်လည်း ကျောင်းအပ်နှံလိုသူအများအပြားရှိနေသေးသည့်အတွက် ကျောင်းနေအရွယ်ကလေးများ ကြားကာလတွင် ပညာသင်ယူခွင့်မဆုံးရှုးစေရန်ရည်ရွယ်၍ တန်းခွဲအသစ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။


========================


📌📌 ၅။ ကသာမြို့နယ် အနောက်ဘက်ကမ်းတွင် စကစတပ်နဲ့ ကာကွယ်ရေးတပ်များ တစ်နေ့တည်း သုံးကြိမ်တိုက်ပွဲဖြစ်၍ စကစတပ်များ အကျအဆုံးများပြားနိုင်


ဇွန်လ ရက်နေ့ ကသာမြို့နယ် အနောက်ဘက်ကမ်းမှာ တိုက်ပွဲ သုံးကြိမ် သုံးနေရာထိတွေ့ခဲ့ကြောင်း ကသာပကဖက အတည်ပြုထုတ်ပြန်ပါတယ်။


ဖြစ်စဥ် တွင် ကသာမြို့မှ ထွက်လာသော စကစ ကားသုံးစီးအား လမ်းခွ အနီး ကသာခရိုင် PDF တပ်ရင်း-() ဗိုလ်ဇာမနည် ခေါင်းဆောင်သော ကသာ PDF တပ်ခွဲနှင့် ပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်သော်လည်း မိုင်းများ jumper မိ၍ မကွဲသောကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


ဖြစ်စဥ် တွင်၎င်း စကစတပ် ကားများသည် ပင်းမလွတ်ရွာတွင် ခဏနားပြီး ထွက်လာရာ နေ့လည် (:၄၅) တွင် () မိုင်၌ ကသာခရိုင် PDF ရင်း-() အထူးတပ်ခွဲမှ လမ်းဘေးနှစ်ဖက်မှ RPG (2) လက်ဖြင့်ညှပ်ထုရာ ကားတစ်စီးအားညှပ်မှန်ရာ ထိရောက်မူ့ကောင်း၍ ကားပေါ်ပါလာသော စကစ တပ်ဖွဲ့ဝင် အယောက်သုံးဆယ်ခန့်မှာ သေဆုံးနိုင်တယ်လို့ ကသာပကဖကဆိုပါတယ်။


ဖြစ်စဥ် တွင် ကသာမြို့အထက်ဘက်၊ ဝဲကြီးအုပ်စု၊ကျောက်ဖြူချောင်းနားတစ်ဝိုက်တွင် ဗိုလ်ကံ ဦးဆောင်သော(ကသာ ပကဖ)-(မိုးတားတိုက်နယ်တပ်ခွဲ)နှင့် ပူးပေါင်းတပ်များမှ မိုင်းကွင်းအတွင်းဝင်လာသော စကစ အုပ်စုအား ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ပါတယ်။ 


အခုတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့တာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၆။ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့အတွက် အခက်အခဲမျိုးစုံကြုံခဲ့ရပေမယ့် နောင်တမရဘူးလို့ CDM ရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ်။


စစ်အာဏာသိမ်းပြီး ၁၅ ကျော်ကြာတဲ့အထိ CDM ဝန်ထမ်းတွေဟာ စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ စားဝတ်နေရေး၊ မိသားစုအရေး၊ မလုံခြုံမှုမျိုးစုံကို ကြုံတွေ့ခဲ့ရပေမယ့် CDM ဝင်မိလို့နောင်တရတာမျိုးလုံးဝမရှိဘူးလို့ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ကနေ သပိတ်အစောပိုင်းကာလကတည်းက CDM ဝင်ခဲ့တဲ့ ရဲဝန်ထမ်းတစ်ယောက်ကပြောပါတယ်။


CDM ရဲဝန်ထမ်းတစ်ဦး

((((((((((()))))))))))))


ဇွန်လ ရက်နေ့က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကံမမြို့နယ်ရဲကင်းစခန်းတစ်ခုကနေ လက်နက်အပြည့်အစုံနဲ့ CDM ဝင်ခဲ့တဲ့ ရဲဝန်ထမ်းတစ်ယောက်ကလည်း စစ်သားနဲ့ရဲတွေ CDM အမြန်ဝင်ကြဖို့တိုက်တွန်းပါတယ်။ အဲ့ဒီရဲဝန်ထမ်းဟာ လက်နက်အပြည့်အစုံနဲ့ CDM ဝင်ခဲ့တာကြောင့် ဒေသတွင်း PDF တွေဆီက ငွေကျပ်သိန်းတစ်ရာ ချီးမြှင့်ငွေရရှိခဲ့ပါတယ်။


CDM ရဲဝန်ထမ်းတစ်ဦး

((((((((())))))))))))


မကွေးတိုင်း၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို လက်နက်အပြည့်အစုံနဲ့ လာရောက်ပူးပေါင်းပြီး CDM ဝင်မယ့် ပြည်သူ့ဘက်တော်သား ရဲနဲ့စစ်သားတွေကို ငွေကျပ် သိန်း-၇၀ ဆုချီးမြင့်သွားမှာဖြစ်ပြီး  လူကိုတော့လွတ်မြောက်နယ်မြေရောက်တဲ့အထိ ပို့ဆောင်ပေးမယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလအတွင်းမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။


ဒီသတင်းကိုတော့နွေဦးK ကပေးပို့တာဖြစ်ပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီက မေလ တစ်လတည်းမှာ နိုင်ငံတဝှမ်းကနေအိမ် ထောင်ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar အဖွဲ့ကထုတ်ပြန်ပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ မေလ (၃၁) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း နေရာပေါင်း ၄၃၅ နေရာလောက်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကမီးရှို့ဖျက်ဆီးခဲ့တဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ သောင်း ထောင် ရာကျော်ရှိခဲ့တယ်လို့ Data For Myanmar အဖွဲ့က ဇွန်လ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒီလိုစစ်ကောင်စီက အကြမ်းဖက်ရက်စက်ခဲ့တဲ့အတွက် စစ်ကိုင်းဒေသခံ PDF တွေက စစ်ကောင်စီအခြေစိုက်စခန်းတွေကို မကြာခင်ထိုးစစ်ဆင်တိုက်ခိုက်မယ်လို့ဆိုပါတယ်။


ကိုခန့် (မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ယင်းမာပင်)

(((((((((((((((((((())))))))))))))))))


ဧပြီလအထိစာရင်းမှာ နေအိမ် ၁သောင်း ၁ထောင်ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်တဲ့အတွက် မေလတစ်လတည်းမှာ စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းနေအိမ်ပေါင်း ၇ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကိုတုံ့ပြန်ဖို့ ပြည်သူတွေနဲ့ အလှူရှင်တွေက  PDF တွေကို လုံလောက်တဲ့လက်နက်အင်အားတပ်ဆင်ပေးဖို့ စစ်ကိုင်းဒေသခံ အမျိုးသမီး PDF ခေါင်းဆောင်တစ်ယောက်က မေတ္တာရပ်ခံပါတယ်။


စစ်ကိုင်းတိုင်းအမျိုးသမီး PDF ခေါင်းဆောင်တစ်ဦး

((((((((((((((((((((())))))))))))))))))


စစ်ကိုင်းတိုင်းမှာအိမ်ခြေ ၁၃၈၀၀ ကျော်၊ မကွေးမှာအိမ်ခြေ ၃၀၀၀ ကျော်၊ ချင်းမှာအိမ်ခြေ ၁၃၀၀ ကျော်၊ ကရင်နီမှာအိမ်ခြေ ၄၀၀ ကျော်၊ ရှမ်း(တောင်)မှာ အိမ်ခြေ ၁၂၀ ကျော်၊ မန္တလေးမှာအိမ်ခြေ ၅၀ ကျော်၊ တနင်္သာရီမှာအိမ်ခြေ ၅၀ ကျော်၊ ပဲခူး(အနောက်ခြမ်း)မှာအိမ်ခြေ ၂၄ လုံး၊ ကရင်ပြည်နယ်မှာ နေအိမ် လုံး၊ ကချင်ပြည်နယ်မှာနေအိမ် လုံး၊ စုစုပေါင်းအိမ်ခြေ ၁သောင်း ထောင် ရာကျော်မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။


ဒီသတင်းကိုတော့နွေဦးK ကပေးပို့တာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment