၂၀၂၂ ဇွန်လ ၁၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံတကာကမြန်မာ့အရေးကို မြန်မာပြည်သူတွေနဲ့အတူ နောက်မဆုတ်တမ်း အခိုင်အမာရပ်တည် နေပြီလို့ ပြည်ထဲရေးဝန်ကြီး အသိပေးပြောကြား
📌 ၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ရှောင်တာနယ်လ် အပါအဝင် ငါးဦးကို နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ) ဖြင့် စွဲချက်တင် အမိန့်ချ
📌 ၃။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ မူလတန်း CDM ကျောင်းသားကျောင်းသူများကို ဇွန်လ၁၀ရက်နေ့က စတင်ကျောင်းအပ်လက်ခံမယ်
📌 ၄။ သပိတ်ကျင်း ဖက်ဒရယ် စကူးလ်အတွက် Volunteer ဆရာ/ဆရာမများခေါ်ယူ
📌 ၅။ Yangon Federal School ကဖောင်ဖြည့်ထားတဲ့ ကျောင်းသား ၈၀၀၀ကျော်ကို သင်ကြားပေးနိုင်ဖို့ စတင်စီစဥ်ဆောင်ရွက်
📌 ၆။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၇ နှစ်ပြည့် မွေးနေ့ မှာ MOPFI (United Bonds ) အဖွဲ့ဝင်များက ကျဆုံးသွားသော PDF သူရဲကောင်း ၇ ဦးရဲ့ ကျန်ရစ်သူမိသားစု များအတွက် ငွေတိုက်စာချုပ် ၇ စောင် လှူဒါန်း
📌 ၇။ "ကချင်ဒေသတွင် စစ်ကောင်စီတပ်အား စွန့်ခွာ၍ ခိုလှုံလာသော အရာရှိ၊ စစ်သည် (၁၁)ဦး အား ကူညီထောက်ပံ့ရန် လိုအပ်တယ်လို့ ပြည်သူ့ပန်းတိုင်ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံတကာကမြန်မာ့အရေးကို မြန်မာပြည်သူတွေနဲ့အတူ နောက်မဆုတ်တမ်း အခိုင်အမာရပ်တည် နေပြီလို့ ပြည်ထဲရေးဝန်ကြီး အသိပေးပြောကြား
နိုင်ငံတကာကမြန်မာ့အရေးကို မြန်မာပြည်သူတွေနဲ့အတူ နောက်မဆုတ်တမ်း အခိုင်အမာရပ်တည် နေပြီလို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ဇွန်လ ၉ ရက်နေ့ မှာအသိပေးပြောကြားလိုက်ပါတယ်။
"နိုင်ငံတကာက ပေါ်ပေါ်တင်တင် အသိအမှတ်ပြုတွေ(tacit recognition) ဟာ တရားဝင်အသိအမှတ်ပြုမှုအဆင့်မဟုတ်သေးပေမယ့် မြန်မာ့အရေးကို မြန်မာပြည်သူတွေနဲ့အတူ နောက်မဆုတ်တမ်း အခိုင်အမာရပ်တည် နေပြီး နောက်ထပ် လည်း ဒီထက်ပိုခိုင်မာတဲ့ရပ်တည်မှုတွေ နိုင်ငံအလိုက်ရော ပူးပေါင်း ဆောင်ရွက်မှုတွေအရပါ အမြန်တိုးတက်လာတော့မယ် ဆိုတာတွေကို ဖော်ပြနေတာပါပဲ။မနားမနေကြိုးစာ ပေးနေတဲ့ ဝန်ကြီး ဒုဝန်ကြီး နှင့် ဝန်ကြီးဌာန အတွက် ဂုဏ်ယူ အားတက်နေရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၂ခုနှစ် ဇွန်လ( ၈ )ရက်နေ့တွင် ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မှ ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ann Linde အား မြန်မာအရေးနဲ့ပတ်သက်၍တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ရှောင်တာနယ်လ် အပါအဝင် ငါးဦးကို နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ) ဖြင့် စွဲချက်တင် အမိန့်ချ
ဇွန်လ ၉ ရက်နေ့မှာ နေပြည်တော်ရှိ အထူးတရားရုံးက က စွဲချက်တင် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသတင်းရရှိပါတယ်။ အဆိုပါအမှုအတွက်ပြန်ခေါ်သက်သေ (၄) ဦးကို ခေါ်ယူထားတယ်လို့လည်းသိရပါတယ်။
စကစဘက်က မတရားစီဲဆိုထားသောအမှုမှာ ရှောင်တာနယ်လ်၊ ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ပါဝင်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ မူလတန်း CDM ကျောင်းသားကျောင်းသူများကို ဇွန်လ ၁၀ ရက်နေ့က စတင်ကျောင်းအပ်လက်ခံမယ်
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆိပ်ဖြူမြို့နယ်အတွင်းရှိ မူလတန်း CDM ကျောင်းသားကျောင်းသူများကို ၁၀-၆-၂၀၂၂ ရက်နေမှစတင်ကာ ကျောင်းအပ်လက်ခံပါမယ်"လို့ဆိပ်ဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့ကဆိုပါတယ်။
ကျောင်းအပ် လက်ခံလျှောက်လွှာပုံစံများကို ၁၀-၆-၂၀၂၂ ရက်နေ့ နံနက် ၈ နာရီအချိန်မှာ ဆိပ်ဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့ လူမှုကွန်ရက်စာမျက်နှာတွင် တရားဝင် ကြေညာပေးမှာဖြစ်ပါတယ်။
========================
📌📌 ၄။ သပိတ်ကျင်း ဖက်ဒရယ် စကူးလ်အတွက် Volunteer ဆရာ/ဆရာမများခေါ်ယူ
ဇွန်လ ၉ ရက်နေ့မှာ သပိတ်ကျင်း ဖက်ဒရယ် စကူးလ်အတွက် သင်ကြားရေးဆရာ၊ဆရာများခေါ်ယူနေတယ်လို့အသိပေးကြေညာခဲ့ပါတယ်။
"ကျွန်တော်တို့ သပိတ်ကျင်းမြို့နယ်အတွက် အခမဲ့ TBK Federal School ရဲ့ပထမခြေလှမ်းဖြစ်သော Home Based Learning အစီအစဉ်လေးကို အကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ယခုအခါ ကျွန်တော်တို့ရဲ့ TBK Online Education Program မှာ Volunteer ဆရာ/ဆရာမများအဖြစ် ကူညီအားဖြည့်ပေးလိုသူ များအနေဖြင့် Google form များတွင် စာရင်းဖြည့်သွင်းကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုထားပါတယ်။
နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးနိုင်ဖို့ Thabeikkyin Federal Schoolကစီစဥ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၅။ Yangon Federal School ကဖောင်ဖြည့်ထားတဲ့ ကျောင်းသား ၈၀၀၀ကျော်ကို သင်ကြားပေးနိုင်ဖို့ စတင်စီစဥ်ဆောင်ရွက်
ဇွန်လ ၉ ရက်နေ့ကြေညာချက်အရ ပထမအသုတ် ကလေးများ သင်ကြားသင်ယူမှုစတင်ပြီးတာနဲ့ ကျောင်းသားအသစ်များ ဆက်လက်လက်ခံပေးသွားမှာဖြစ်တယ်လို့ Yangon Federal Schoolကသိရပါတယ်။
"Yangon Federal School ၏ ပြည်သူ့ပညာရေးယန္တရား ကြားကာလပညာရေးအစီအစဥ်များထဲမှာ ပူးပေါင်းပါဝင်ပေးကြတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ကျောင်းအပ်လို့ရသေးလားဆိုတော့ ယခုရက်ပိုင်း ဖောင်များကို ခေတ္တပိတ်ထားပါတယ်ခင်ဗျာ။ ဖောင်ဖြည့်ထားတဲ့ ကျောင်းသား ၈၀၀၀ကျော်ကို သင်ကြားပေးနိုင်ဖို့ စတင်စီစဥ်ဆောင်ရွက်နေခြင်းကြောင့်ဖြစ်ပါတယ်"လို့ဆိုထားပါတယ်။
မြို့နယ်ပညာရေးဘုတ်အဖွဲ့များနဲ့ အွန်လိုင်းစာသင်ကျောင်းများမှ ယခုနှစ် ကျောင်းဖွင့်ရာသီအတွက် ကျောင်းအပ်လက်ခံရာ ကျောင်းသားမိဘများ က ကျောင်းသား သိန်းနဲ့ချီ ကျောင်းအပ်ခဲ့ကြပါတယ်။
အဆိုပါကျောင်းများကို NUG ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုကြောင်းလည်းကြေညာချက်များထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၇ နှစ်ပြည့် မွေးနေ့ မှာ MOPFI (United Bonds ) အဖွဲ့ဝင်များက ကျဆုံးသွားသော PDF သူရဲကောင်း ၇ ဦးရဲ့ ကျန်ရစ်သူမိသားစု များအတွက် ငွေတိုက်စာချုပ် ၇ စောင် လှူဒါန်း
ဇွန်လ ၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ MOPFI ကသတင်းထုတ်ပြန်ချက်အရ" နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၇ နှစ်ပြည့် မွေးနေ့ မှာ MOPFI (United Bonds ) အဖွဲ့ဝင်များက ကျဆုံးသွားသော PDF သူရဲကောင်း ၇ ဦးရဲ့ ကျန်ရစ်သူမိသားစု များအတွက် ငွေတိုက်စာချုပ် ၇ စောင် လှူဒါန်း ကြပါတယ်။ ယခုလို ကျဆုံးသူရဲကောင်းများရဲ့ အမည်နဲ့ ကျန်ရစ်သူမိသားစုဝင်များ အတွက် ငွေတိုက်စာချုပ်များ ဝယ်ယူလှူဒါန်းကြခြင်းဖြင့် တော်လှန်ရေးကာလအတွက်လဲ ဘဏ္ဍာငွေရရှိမှာ ဖြစ်သလို ၊ တော်လှန်ရေးလွန် ကာလမှာလဲ နွေဉီးတော်လှန်ရေးမှာ အသက်ပေးသွားကြရသူများရဲ့ မိသားစုများကို ပြန်လည်စောင့်ရှောက်ခွင့်ရကြမှာဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
ကျဆုံးသူရဲကောင်းများရဲ့ ကျန်ရစ်သူမိသားစုများအတွက် ငွေတိုက်စာချုပ်ဝယ်ယူလိုပါက MOPFI လူမှုကွန်ရက်စာမျက်နှာဖော်ပြထားတဲ့အတိုင်း ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
========================
📌📌 ၇။ "ကချင်ဒေသတွင် စစ်ကောင်စီတပ်အား စွန့်ခွာ၍ ခိုလှုံလာသော အရာရှိ၊ စစ်သည် (၁၁)ဦး အား ကူညီထောက်ပံ့ရန် လိုအပ်တယ်လို့ ပြည်သူ့ပန်းတိုင်ထုတ်ပြန်
ပြည်သူ့ပန်းတိုင်နှင့် ဆက်သွယ်ကာ လက်နက်များနှင့် CDM ပြုလုပ်ခဲ့သည့် အရာရှိနှင့်အခြားအဆင့် နှစ်ဦးအပြင် နွေဦးတော်လှန်ရေး အစမှသည် လက်ရှိအချိန်ထိ ကချင်ဒေသလွတ်မြောက်နယ်မြေဘက်သို့ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်မှ လက်နက်ခဲယမ်းများဖြင့် ဗိုလ်မှူး (၁) ဦး၊ ဗိုလ်ကြီး(၁)ဦးနှင့် စစ်သည် (၉) ဦး၊ စုစုပေါင်း (၁၁) ဦးသည် ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်ခဲ့တယ်လို့ ဇွန်လ ၉ ရက်ဖော်ပြပါတယ်။
လက်နက်များဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ခဲ့သော အရာရှိ၊စစ်သည်များအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်နိင်ရန် ပြည်သူတို့၏ အကူအညီများ လိုအပ်လျက်ရှိတယ်လို့လည်း ပြည်သူ့ပန်းတိုင်ကဆိုပါတယ်။
စစ်ကောင်စီတပ်အားစွန့်ခွာ၍ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ခဲ့သော အရာရှိ၊ စစ်သည်များအား ပြည်သူ့ပန်းတိုင်နှင့် ချိတ်ဆက်၍ ဂုဏ်ပြုငွေ ချီးမြှင့်လိုပါက ပြည်သူ့ပန်းတိုင် page messenger သို့ ဆက်သွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။
No comments:
Post a Comment