11th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ နော်ဝေအစိုးရ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံသို့ရောက်ရှိနေ

📌 ၂။ စစ်ကောင်စီရဲ့ အပေါ်ယံ ဗန်းပြလုပ်ဆောင်မှုတွေကြားမှာ ပါးနပ်မှုမရှိရင် အာဆီယံနဲ့ကုလ သမဂ္ဂ ကိုယ်တိုင် စစ်ကောင်စီထောင်ချောက်မိနိုင်တယ်လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးဆို

📌 ၃။ ကျောင်းသားဦးရေ နှစ်သိန်းကျော်အထိ ကျောင်းအပ်နှံမှုရှိတာကြောင့်ကျောင်းသားဦးရေသုံးသောင်းအထိထပ်မံတိုးမြှင့် လက်ခံမယ်လို့ Kaung For You Federal Private School ကြေညာ

📌 ၄။ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ စီနင်းလိုက်ပါလာသော အဖြူရောင် Hijet ကားတစ်စီးအား ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်တွင်မိုင်းခွဲ တိုက်ခိုက်ခံရ၍စကစဘက်က နှစ်ဦးသေ ငါးဦးပြင်းထန်ဒဏ်ရာရ 

📌 ၅။ တောကြီးမြွေပွေးအဖွဲ့မှ ပေါက်ကွဲအားကောင်းသော လက်နက်ကြီးများတီထွင်အောင်မြင်

📌 ၆။ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးရှေ့ဆက်အလားအလာကို ကြိုတင်မမှန်ခန်းတော့တာဟာ စစ်ကောင်စီကိုအသိအမှတ်မပြုတာကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်

📌 ၇။ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးရှေ့ဆက်အလားအလာကို ကြိုတင်မခန့်မှန်းနိုင်တော့တဲ့အတွက် ရှေ့ဆက်နိုင်ငံရေးအလားအလာမှာ ပြည်သူတွေက စားဝတ်နေရေးအတွက်ကြိုတင်စဉ်းစားဖို့လိုတယ်လို့ တိုင်းရင်းသားတော်လှန်ရေးလူငယ်တွေက ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ နော်ဝေအစိုးရ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံသို့ရောက်ရှိနေ


ဇွန်လ ၁၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်တို့လည်း လိုက်ပါလာကာ နော်ဝေနိုင်ငံကိုရောက်ရှိနေပါတယ်။


နော်အစိုးရ အဆင့်မြင့်အရာရှိများနဲ့လည်းတွေ့ဆုံဖွယ်ရှိကာ NUG ကိုယ်စာစလှယ်အဖွဲ့ဟာ ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းမှာ မြန်မာမိသားစုများနဲ့တွေ့ဆုံစကားပြောခဲ့ကြတယ်လို့သိရပါတယ်။


နော်ဝေနိုင်ငံဟာ မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေး ပူးပေါင်းဆောင်ရွက်နေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီရဲ့ အပေါ်ယံ ဗန်းပြလုပ်ဆောင်မှုတွေကြားမှာ ပါးနပ်မှုမရှိရင် အာဆီယံနဲ့ကုလ သမဂ္ဂ ကိုယ်တိုင် စစ်ကောင်စီထောင်ချောက်မိနိုင်တယ်လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးဆို


NUG မှ မိဘပြည်သူများသို့ အစီအစဥ်တွင်လူသားခြင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကထည့်သွင်းပြောကြားခဲ့ရာမှာ"ပြည်သူတွေ ပုံမှန်ဘဝကို လုပ်ဆောင်နေတယ်ဆိုတာ ဟန်ပြ ပြသနိုင်ဖို့အတွက် တောက်လျှောက် စကစဟာ ကြိုးပမ်းခဲ့တာဖြစ်ပြီးတော့ ပြည်သူများရဲ့ဆန့်ကျင်အာခံမှုတွေကြောင့်သာ သူတို့လုပ်ရပ်မအောင်မြင်ဖြစ်နေတာဖြစ်ပါတယ်။နိုင်ငံတကာကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နိုင်တယ်ဆိုပြီး ပြတယ်။လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်နေပြီးအခုပဲ အာဆီယံကိုယ်စားလှယ်ကို ဖိတ်ကြားတယ် စသဖြင့်အပေါ်ယံဗန်းပြလုပ်ဆောင်မှုတွေ သူတို့လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ဒါကိုအာဆီယံနဲ့ကုလသမဂ္ဂက ပါးနပ်မှုရှိစွာနဲ့နားလည်သဘောပေါက်ဖို့လိုပါတယ်။ဒါမှမဟုတ်ရင် စကစ စီရင်ထားတဲ့ထောက်ချောက်ထဲကို သူတို့ကိုယ်တိုင်မိနိုင်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ ကျောင်းသားဦးရေ နှစ်သိန်းကျော်အထိ ကျောင်းအပ်နှံမှုရှိတာကြောင့်ကျောင်းသားဦးရေသုံးသောင်းအထိထပ်မံတိုးမြှင့် လက်ခံမယ်လို့ Kaung For You Federal Private School ကြေညာ


Kaung For You Federal Private School ရဲ့ ကျောင်းအပ်လက်ခံမှုကို ဇွန် ရက်မှာ အွန်လိုင်းကတဆင့်စတင်လက်ခံခဲ့ရာတစ် နာရီအတွင်း ကျောင်းသား သိန်း ကျော်ထိ ကျောင်းအပ်နှံမှုရှိခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေးစနစ်အတိုင်း  Kaung For You Federal Private Schoolမှာသင်ကြားပေးမှာဖြစ်တယ်လို့သိရပါတယ်။ Kaung For You Federal Private School ကို ကျောင်းအပ်နှံထားတဲ့ ကျောင်းသားအရေအတွက်မှာ (၂၀၀,၁၂၆) ဦးထိ ရှိနေခဲ့ပါတယ်။


ထပ်မံတိုးလက်ခံလိုက်တဲ့ကျောင်းတက်ရောက်ခွင့်ရမယ့် ကျောင်းသား တွေကိုလာမယ့် ဇွန် ၁၄ နဲ့ ၁၅ ရက်တွေမှာ ဆက်သွယ်မှာ ဖြစ်တယ်လို့ Kaung For You Federal Private School က ကြေညာပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဖွဲ့စည်းကာ တရားဝင်အသိအမှတ်ပြုဖို့ နိုင်ငံတကာကို လိုက်လံချိတ်ဆက်ဆောင်ရွက်နေသော်လည််း ယနေ့အချိန်အထိ အသိအမှတ်ပြုမခံရသေးဘူးဖြစ်ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ စီနင်းလိုက်ပါလာသော အဖြူရောင် Hijet ကားတစ်စီးအား ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်တွင်မိုင်းခွဲ တိုက်ခိုက်ခံရ၍စကစဘက်က နှစ်ဦးသေ ငါးဦးပြင်းထန်ဒဏ်ရာရ 


ဇွန်လ ၁၁ ရက်နေ့ နံနက် () နာရီခွဲ ဝန်းကျင်ကျီးကန်ရွာနား အရောက်တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်လို့ 


" ဇွန်လ ၁၁ ရက်နေ့ နံနက် ()နာရီခွဲ ဝန်းကျင်တွင်အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများ စီနင်းလိုက်ပါလာသော အဖြူရောင် Hijet ကားတစ်စီးအား ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်ရှိ ကျီးကန်ရွာနား အရောက်တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ပါတယ်"လို့Yesagyo PDFကဆိုပါတယ်။


()ဦးခန့်လိုက်ပါလာသော အဆိုပါအုပ်စုမှ ()ဦးမှာ ဘဝပြောင်းသွားပြီး ကျန်()ဦးမှာ ပြန်လည်တိုက်ခိုက်မှုပင်မလုပ်နိုင်တော့တဲ့ထိ  အပြင်းထန် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်လို့ဖော်ပြပါတယ်။


အဆိုပါ တိုက်ခိုက်မှုအား  Yesagyo PDF Northern Yesagyo (N-YSO)ပြောက်ကျားတပ်၊ Myaing Rural Guerilla Force Steel Hawk(သံမဏိသိန်းငှက်) PDF -Myaing Township တို့ပါဝင်ခဲ့ပါတယ်။


========================


📌📌 ၅။ တောကြီးမြွေပွေးအဖွဲ့မှ ပေါက်ကွဲအားကောင်းသော လက်နက်ကြီးများတီထွင်အောင်မြင်


ဇန်နဝါရီ ၁၀ ရက်နေ့မှာ တောကြီးမြွေပွေးအဖွဲ့မှ လက်နက်ကြီးများ ဖော်ထုတ်ပြသခဲ့ပါတယ်။


"PDF ထုပ်လုပ်မှုတွင်အကြီးဆုံးနှင့် စွမ်းအားကြီးသော ပြင်းအားကြီးသော ပေါက်ကွဲမှု့အားကြီးသော အင်အားအကောင်းဆုံး ROCKET မမ ( ၅၀၀ ) လက်နက်ကြီးအားအောင်မြင်စွာတီထွင်ထုပ်လုပ်ဖန်းတီးနိူင်ခ့ဲကြောင်း မိဘပြည်သူများကို ကျနော်တို့ တောကြီးမြွေပွေး အဖွဲ့မှအသိပေးကြေညာအပ်ပါတယ်"လို့ဖော်ပြပါတယ်။


တောကြီးမြွေပွေးအဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ စကစတပ်များကိုခုခံတွန်းလှန်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။


အခုတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းကပေးပို့တာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၆။ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးရှေ့ဆက်အလားအလာကို ကြိုတင်မမှန်ခန်းတော့တာဟာ စစ်ကောင်စီကိုအသိအမှတ်မပြုတာကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။


ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးအခြေအနေကို ၂၀၂၁ခုနှစ်အထိပဲ တွက်ချက်ထားခဲ့ပြီး ရှေ့ဆက်အလားအလားကို မခန့်မှန်းဘဲချန်လှပ်ထားခဲ့တဲ့ အစီအရင်ခံစာတစ်စောင် ဇွန်လ ၁၀ ရက်နေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးအညွှန်းကိန်းဟာ -၁၈ အထိကျဆင်းခဲ့ပြီး နောင်နှစ်တွေအတွက်အလားအလာကို ကမ္ဘာ့ဘဏ်က မခန့်မှန်းတော့ဘဲ ကွက်လပ်ထားခဲ့တာကိုတွေ့ရပါတယ်။ ဒီအကြောင်းကိုနိုင်ငံရေးလေ့လာသူဦးသန်းစိုးနိုင်က အခုလိုပြောဆိုထားပါတယ်။


ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသူ)

((((((((((((())))))))))))


ကမ္ဘာ့ဘဏ်ဆီရဲ့အစီအရင်ခံစာဟာ စစ်ကောင်စီကို ကမ္ဘာ့နိုင်ငံတွေက စီးပွားရေးအရလက်မခံနိုင်ကြောင်း၊ စီးပွားရေးမျှော်မှန်းချက်မရှိတဲ့အတွက် လက်တွဲအလုပ်လုပ်ဖို့မဖြစ်နိုင်တော့ကြောင်း ဖော်ပြတဲ့သဘောသက်ရောက်နေပါတယ်။ ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီတွေ၊ စွမ်းအင်ကုမ္ပဏီတွေနဲ့ နိုင်ငံတကာလုပ်ငန်းရှင်တွေထွက်ခွာသွားပြီး အခြေအနေမှန်ကိုမသိနိုင်တော့တဲ့အတွက် မခန့်မှန်းတော့တာဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 


ဆင်းရဲနွမ်းပါးသူအရေးတက်ကြွလှုပ်ရှားသူတစ်ဦး

(((((((((((((((())))))))))))))))


အခြေခံပြည်သူတွေကတော့ ကိုဗစ် ၁၉ကပ်ရောဂါစတင်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက အလုပ်လက်မဲ့ပြဿနာနဲ့ရင်ဆိုင်ခဲ့ရပြီး စားဝတ်နေရေးကြပ်တည်းခဲ့တာပါ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှာတော့ မြန်မာနိုင်ငံဟာ အဖက်ဖက်က ယိုယွင်းခဲ့ပြီး ပြည်သူတွေဟာ အဆိုးဆုံးအခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။


ဒီသတင်းကိုတော့နွေဦးK ကပေးပို့တာဖြစ်ပါတယ်။


========================


📌📌 ၇။ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးရှေ့ဆက်အလားအလာကို ကြိုတင်မခန့်မှန်းနိုင်တော့တဲ့အတွက် ရှေ့ဆက်နိုင်ငံရေးအလားအလာမှာ ပြည်သူတွေက စားဝတ်နေရေးအတွက်ကြိုတင်စဉ်းစားဖို့လိုတယ်လို့ တိုင်းရင်းသားတော်လှန်ရေးလူငယ်တွေက ပြောပါတယ်။


ချင်းပြည်နယ်ဟာ နဂိုကတည်းက မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်ဖြစ်ခဲ့ပြီးလမ်းပန်းဆက်သွယ်ရေးမကောင်းတာ၊ သဘာဝသယံဇာတကြီးကြီးမားမားမရှိတာတွေကြောင့် ဒေသခံပြည်သူတွေဟာ ရှင်သန်ရပ်တည်ဖို့ ရုန်းကန်ခဲ့ရတဲ့လို့ ချင်းပြည်နယ်တော်လှန်ရေးလူငယ်တစ်ဦးကအခုလိုပြောထားပါတယ်။


ချင်းပြည်နယ်တော်လှန်ရေးလူငယ်တစ်ဦး

((((((((((((((())))))))))))))


စစ်ကောင်စီရဲ့အဆိုးဆုံးအကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကရင်နီဒေသတွေမှာ စစ်ဘေးသင့်ပြည်သူ သန်းနဲ့ချီပြီးရှိနေတာပါ။ လတ်တလောမှာ ဒုက္ခသည်စခန်းတွေက အလှူရှင်တွေရဲ့ပံ့ပိုးမှုတွေနဲ့အကူအညီပေးနေပေမယ့် ရေရှည်မှာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားလာရလိမ့်မယ်လို့ ကရင်နီပြည်နယ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ကပြောပါတယ်။


ကရင်နီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦး

(((((((((((((())))))))))))


စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အာဏာသိမ်းမှုကိုလက်မခံကြောင်း ပြည်သူတွေက နည်းလမ်းစုံနဲ့ ကန့်ကွက်ခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ လက်နက်ကိုင်လမ်းစဉ်အခြေအနေကိုရောက်ရှိခဲ့ပြီး နိုင်ငံ့သမိုင်းတစ်လျှောက်အဆိုးဆုံးအခြေအနေနဲ့ရင်ဆိုင်လာရတာဖြစ်ပါတယ်။


ဒီသတင်းကိုတော့နွေဦးK ကပေးပို့တာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment