📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၂ ဇွန်လ ၁၁ ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲပြင်းထန်လျက်ရှိ ၊ စစ် ကောင်စီ တပ်သားများ အထိနာ၍ ဒေသခံများကို ဓါးစာခံ အဖြစ်ဖမ်းဆီး နေ
အင်အား ၁၈၅ ယောက်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် CDF-Kanpetlet တို့သည် ၊ ဇွန်လ ၉ ရက် တွင် ကန်ပက်လက်မြို့နယ် အထက်လက်မွန်ရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း CDF-Kanpetlet က ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် The Youth Force (Saw,Kyaukhtu)၊ PDF (ညောင်ရမ်း)၊ Saw PDFတပ်ရင်း (၂)(YRPA)တို့မှ စစ်ကူ အဖြစ် ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြ ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများနိုင်ကြောင်းခန့်မှန်းရပြီး CDF-Kanpetlet နှင့်ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ကြောင်း CDF ကန်ပက်လက်၏ ထုတ်ပြန်ချက်တွင် ပါရှိပါသည်။ စစ်ကောင်စီစစ်ကြောင်း ကြောင့် လက်မွန်ရွာတစ်ရွာလုံး စစ်ဘေးရှောင်နေရပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများ သည် ထိုလက်မွန်ရွာရှိ အိမ်မွေးတိရစ္ဆာန်များ ခိုးယူသတ်ဖြတ်စားသောက်နေကြောင်း သိရသည်။
ထို့အပြင် တိုက်ပွဲအတွင်း၌အထိနာ နေသည့် စစ်ကောင်စီတပ်သားများသည် ကျေးရွာနေအပြစ်မဲ့ပြည်သူများကို ဓါးစာခံ အဖြစ်ဖမ်းဆီထား၍ အထက်လက်မွန်ကျေးရွာ အနီးတွင်တပ်စွဲနေပြီးတိုက်ပွဲများ ဆက်လက်ပြင်းထန် လာနိုင်ဖွယ် ရှိသည်ဟု CDF ကန်ပက်လက်က သတင်းထုတ်ပြန်ထားသည်။
"စစ်ရေးတင်းမာမှုများအရ တိုက်ပွဲများဆက်လက်ပြင်းထန်မယ့် အခြေအနေရှိ နေတဲ့အတွက် မိဘပြည်သူများအနေနဲ့ CDF-Kanpetletက လိုအပ်ချက်အရထုတ်ပြန်ချက်တွေကို တသ ဝေမတိမ်းလိုက်နာပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ် ၊ပြည်တွင်းပြည်ပမှာရှိတဲ့ မိတ် ဆွေ တွေအနေနဲ့လည်း ရာသီဥတု ဆိုးရွားတဲ့ကြား မိုးကာမပါဘဲ ရွပ်ရွပ်ချွှံချွှံ တိုက်ပွဲ ဝင်နေကြ သောပြည်သူ့သူရဲကောင်းများကို ဆက်လက်ဝန်းရံကူညီပေးကြပါ" ဟု CDF ကန်ပက်လက်၏ တပ်မဟာမှူးက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
📌📌 ၂။ CDF ကန်ပက်လက်အနေဖြင့် စစ်ကောင်စီ ယန္တရားလည်ပတ်မှုမရှိစေရေးနှင့် Non-CDM ဝန်ထမ်းများအား တရားစီရင် ရေးဆိုင်ရာမူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိ
CDF ကန်ပက်လက်အနေဖြင့် စစ်ကောင်စီ ယန္တရားလည်ပတ်မှုမရှိစေရေးနှင့် Non-CDM ဝန်ထမ်းများအား တရားစီရင် ရေး ဆိုင်ရာမူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း CDF ကန်ပက်လက်က ဇွန်လ ၅ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။
ပြည်သူနှင့် ပူးပေါင်းခြင်းမပြုဘဲ စစ် ကောင်စီလက် အောက်တွင် အလုပ်လုပ်ပြီး CDM ဝန်ထမ်းများကို ခြိမ်း ခြောက် အကျပ်ကိုင် နေသည့် ဌာနဆိုင်ရာအသီးသီးမှ Non-CDMဝန်ထမ်း ၈ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းကာ သင့် လျော် သော အပြစ် ပေးအ ရေးယူခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ် ကြောင်း CDF ကန်ပက်လက်၏ ထုတ်ပြန်ချက်တွင်တွေ့ရသည်။
အရေးယူခံရသူ Non-CDM များ၏ ထွက်ဆိုချက်အရ ကန်ပက်လက်မြို့နယ်အတွင်း စစ် ကောင်စီနှင့်ပူး ပေါင်းကာ ပြည်သူ့ ဘဏ္ဍာအလွဲသုံးစား လုပ် နေသူများ၏ သတင်းအချက်အလက်များကိုလည်း ရရှိထားပြီး အချိန်မီ ပြည်သူနှင့် မပူးပေါင်းလာပါက ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဟု CDF ကန်ပက်လက်က ထုတ်ပြန်သည်။
📌📌 ၃။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ မင်းတပ်မြို့ပေါ်ရှိ စစ်ရှောင်စခန်း (၄)ခုတွင် ဆန်ရိက္ခာထောက်ပံ့
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း MRCS မှ မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်စခန်းဟု သတ်မှတ်ထားသည့် နေရာ ၄ ခုတွင် ဆန် ရိက္ခာကို ဇွန်လ ၅ ရက်နေ့က ထောက်ပံ့ပေးခဲ့ကြောင်း မင်းတပ်မြို့ ဒေသခံပြည်သူတစ်ဦးကပြောသည်။
"အရင်က စစ်ဘေးရှောင်စခန်းလို့ သတ်မှတ်ထားတဲ့ အနောက်ကျောင်း၊ ဗဟိုကျောင်း၊ RC ဘုရားကျောင်းနှင့် စာရင်းပေးတဲ့ အိမ်ထောင်စုတွေကိုပေးတာ၊ ကျန်တဲ့သူတွေက မရပါဘူး" ဟု ၎င်းကပြောသည်။
မင်းတပ်မြို့အတွင်းမှာ စစ်ဘေးရှောင်စခန်းဟု သတ်မှတ်သည့် တောင်ပုလုကျောင်း၊ ဗဟိုကျောင်းနှင့် အရှေ့မြို့ဦး ကျောင်းရှိ အိမ်ထောင်စု ၂၁ စုစီ၊ RC ဘုရားကျောင်းအိမ်ထောင်စု တစ်စု အပါအဝင် အိမ်ထောင်စု ၆၄ စုအဖို့ ဆန်၊ ဆီ၊ အသုံးဆောင် ပစ္စည်းအချို့ကို ထောက်ပံ့ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
ယခုလို မြို့တွင်း တစ်ခုတည်းကိုသာ ထောက်ပံ့ခြင်းမဟုတ်ဘဲ မင်းတပ်မြို့နယ် ကျေးရွာများတွင် အမှန်တကယ် လိုအပ် နေသော ပြည်သူများထံ ထောက်ပံ့နိုင်ရန်ကြိုးစားကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအသင်း တာဝန်ရှိသူ များက ပြောသည်။
📌📌 ၄။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ရှေ့တန်းသို့သွားရောက်ပြီး PDF ရဲဘော်များနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းသည် ရှေ့တန်းစစ်စခန်းတစ်ခုသို့သွားရောက်ပြီး PDF ရဲဘော်များနှင့်တွေ့ဆုံ အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဇွန်လ ၄ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှေ့တန်းစစ်မျက်နှာပြင်ရောက်ရှိခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။
"လူငယ် တွေ တကယ် တော့ အေး အေးချမ်းချမ်းပညာသင် နေကြရမယ့်က လေး တွေ တိုင်းပြည်လိုအပ်ချိန်မှာ ရှေ့တန်း ထွက်ပြီး ပါဝင်လာကြတာ အရမ်းပဲ လေးစားကျေးဇူးတင်ကြောင်း၊ စိတ်ဓါတ်ကအ ရေးကြီးကြောင်း၊ CDMတွေဆို လည်းဒီလိုပဲ တောင့်ခံ ပေးထားကြတာ ဂုဏ်ယူ လေးစားဖို့ကောင်းကြောင်း၊ တိုင်းရင်းသား တွေနဲ့ ငါတို့နဲ့ တသားတည်း ဒီ တော်လှန် ရေးကို နိုင် အောင်တိုက်ကြမည်ဖြစ်ကြောင်း" ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံအားအလေးပြုခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
📌📌 ၅။ ဆွီဒင်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ
ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ဇွန်လ ၈ ရက်မှာ ဆွီဇင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာတွေ့ဆုံခဲ့ကြပါတယ်။ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်း ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီး Ann Lindeက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။
မြန်မာပြည်တွင်းကအခြေအနေ၊ နောက် မြန်မာ့ဒီမိုကရေစီနဲ့ ငြိမ်းချမ်းစွာအဖြေရှာရေးမှာ မြန်မာလူထုကို ဆက်လက် ထောက်ပံ့ဖို့ အရေးတွေ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဆွီဒင်နိုင်ငံတကာ ဖွဲ့ဖြိုးရေးအေဂျင်စီ(စီဒါ)ဟာ မြန်မာပြည်တွင်းမှာ နိုင်ငံ့အဖွဲ့အစည်း တွေဆီကို တိုက်ရိုက်အကူအညီပေးတာ မျိုးမရှိတော့ ဘဲ အရပ်ဘက်အဖွဲ့အစည်းတွေကနေတဆင့်ပဲ အကူအညီတွေ ပေးနေပါတယ်။
📌📌 ၆။ အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဝဏ္ဏမောင်လွင်ကို မဖိတ်
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သဘောထားအတိုင်း အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖိတ်ကြားမည်မဟုတ်ကြောင်း The Economic Times သတင်းဌာနက ဖော်ပြသည်။ လာမည့်အပတ်တွင် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားမည်ဟု သိရှိရသည်။
အစောပိုင်းကတည်းက အကြမ်းဖက်စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်အနေနှင့် အဆိုပါ အစည်းအဝေးတွင် ဖိတ်ကြားခံရဖွယ် မရှိကြောင်း သတင်းများက ရေးသား ဖော်ပြထားသော်လည်း လက်ရှိတွင် အိန္ဒိယသတင်းများက ဝဏ္ဏမောင်လွင်ကို မဖိတ်ကြောင်း အတိအကျ ဖော်ပြလာခြင်းဖြစ်သည်။
ထိုသို့ မဖိတ်ကြားရန် ဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်ကောင်စီဘက်က အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေခြင်းကြောင့် ဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဧပြီလတွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ပြီး နိုင်ငံတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုမှုများကို လစ်လျူရှုထားဆဲဖြစ်သည်။
ပြီးခဲ့သည့် မေလက The Hindu သတင်းဌာန၏ ဖော်ပြချက်အရ ဇွန်လလယ်တွင် ကျင်းပမည့် အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို အစည်းအဝေးတက်ရန် ဖိတ်ကြားစာ ပေးပို့ထားသည်ဟု ကနဦးသိရှိရသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ကို ယခုချိန် မသိရှိသေးပေ။
အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေသည့် အကြမ်းဖက်တပ်ဖွဲ့ကို နိုင်ငံတကာက အသိအမှတ်ပြုမှုများ ရှောင်ရှားသလို မကြာသေးခင်ကလည်း သြစတြေးလျနိုင်ငံဘက်က သံတမန်ရေးရာအရ အဆင့်နှိမ့်ပြီးဆက်ဆံရန် ဆုံးဖြတ်ထားသေးသည်။
No comments:
Post a Comment