12th JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ၁၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ နော်ဝေအစိုးရ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံသို့ရောက်ရှိနေ

📌 ၂။ ပြည်သူ့ရင်ခွင်သို့ လက်နက်နှင့်တကွ ဝင်ရောက်လာသူများအား MOD ကဂုဏ်ပြုဆုငွေချီးမြှင့်

📌 ၃။ NUGအစိုးရနဲ့ နွေဦးတော်လှန်ရေးကို အသိအမှတ်ပြုမှုမြင့်မားလာအောင် နိုင်ငံတကာအစိုးရနဲ့လူကိုယ်တိုင်တွေ့ရခြင်းဖြစ်တယ်လို့ နိုင်ငံခြားရေးဒုဝန်ကြီးဆို

📌 ၄။ ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော ဗီဇာမဲ့ မြန်မာနိုင်ငံသား သုံးဦးအား NUG အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ်က ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့

📌 ၅။ ပြည်သူ့အတွက် တာဝန်ကျေပွန်စွာ ရပ်တည်ခဲ့သူဖြစ်လို့ ကိုဂျင်မီအတွက် ဂုဏ်ယူတယ်လို့ ဇနီးဖြစ်သူ မနီလာသိန်းပြော

📌 ၆။ CDM ဆရာ၊ဆရာမများတွက်ပညာဒါန TOT Training” ကိုနွေဦးတက္ကသိုလ်နဲ့ သိပ္ပံ Hub တို့ပူးပေါင်းဖွင့်လှစ်

📌 ၇။ ရေစကြို ဖက်ဒရယ်အထက်တန်းကျောင်း (YFHS) မှာ ကျောင်းသားအင်အား ထပ်တိုး လက်ခံ

📌  ရေစကြိုမြို့နယ် သစ်ကြီးတောရွာအားမီးရှို့ပြန်လာသော စကစတပ်များကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ နော်ဝေအစိုးရ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံသို့ရောက်ရှိနေ


အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ နော်ဝေအစိုးရ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံသို့ရောက်ရှိနေတယ်လို့သတင်းရရှိပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်တို့လည်း လိုက်ပါလာကာ နော်ဝေနိုင်ငံကိုရောက်ရှိနေပါတယ်။


နော်အစိုးရ အဆင့်မြင့်အရာရှိများနဲ့လည်းတွေ့ဆုံဖွယ်ရှိကာ NUGကိုယ်စားလှယ်အဖွဲ့ဟာဇွန်လ၁၀ရက်နေ့ညနေပိုင်းမှာ မြန်မာမိသားစုများနဲ့တွေ့ဆုံစကားပြောခဲ့ကြတယ်လို့သိရပါတယ်။ နော်ဝေနိုင်ငံဟာ မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေး ပူးပေါင်းဆောင်ရွက်နေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။


========================


📌📌 ၂။ ပြည်သူ့ရင်ခွင်သို့ လက်နက်နှင့်တကွ ဝင်ရောက်လာသူများအား MOD ကဂုဏ်ပြုဆုငွေချီးမြှင့်


ပြည်သူ့ရင်ခွင်သို့ လက်နက်နှင့်တကွ ဝင်ရောက်လာသူများအား MOD ကဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့တယ်လို့သတင်းရရှိပါတယ်။ဇွန်လ () ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ပြည်သူ့သားကောင်းများအား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ 


ကြေညာချက်အရ M 22 တစ်လက်၊ ကျည်(၁၀၂)တောင့်၊ ကျည်ဘောက်()ခု ဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော  ရဲဒုတပ်ကြပ် ကိုရဲ(အမည်လွှဲ) ကို နှစ်ဆယ့်လေးသိန်းငါးသောင်းကျပ်တိတိ MA-2 ()လက်၊ ကျည်(၁၃၇)တောင့်၊ ကျည်ဘောက်()ခုဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော   တပ်သား ကိုဇော်(အမည်လွှဲ)ကို နှစ်ဆယ့်တစ်သိန်းကျပ်တိတိ၊ MA-1 ()လက်၊ ကျည်အိမ်()ခု၊ ကျည်(၇၈)တောင့်၊ ကျည် ကာအင်္ကျီ()ထည်၊ ယူနီဖောင်း() စုံ ဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော  တပ်သား ကိုနိုင်(အမည်လွှဲ) ကို ဆယ့်ရှစ်သိန်းကျပ်တိတိ၊ လက်ပစ်ဗုံး လုံး၊ M 22 ကျည် ()တောင့်၊ 9 mm ကျည် ()တောင့်၊ 7.62 ကျည် (၁၄)တောင့်ဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ရဲတပ်ကြပ်ကြီး ကိုစစ်(အမည်လွှဲ)ကို  ငါးသိန်းကျပ်တိတိ ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပြီး စုစုပေါင်း ခြောက့်ဆယ့်ရှစ်သိန်းငါးသောင်းကျပ်တိတိ ကို ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ပြည်သူ့သားကောင်း တပ်သားနှင့်ရဲသားများကို ဥပဒေများဖြင့် အကာအကွယ်ပေးသွားမည်ဖြစ်ပြီး လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာခဲ့သော တပ်သားများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ရန် ဆက်လက်စီစဥ်လျက်ရှိနေကြောင်း အသိပေးထုတ်ပြန်အပ်ပါတယ်လို့ကာကွယ်ရေးဝန်ကြီးဌာန ကကြေညာပါတယ်။


========================


📌📌 ၃။ NUGအစိုးရနဲ့ နွေဦးတော်လှန်ရေးကို အသိအမှတ်ပြုမှုမြင့်မားလာအောင် နိုင်ငံတကာအစိုးရနဲ့လူကိုယ်တိုင်တွေ့ရခြင်းဖြစ်တယ်လို့ နိုင်ငံခြားရေးဒုဝန်ကြီးဆို


NUG အစိုးရနဲ့ နွေဦးတော်လှန်ရေးကို အသိအမှတ်ပြုမှုမြင့်မားလာအောင် နိုင်ငံတကာအစိုးရနဲ့လူကိုယ်တိုင်တွေ့ရခြင်းဖြစ်တယ်လို့ နိုင်ငံခြားရေးဒုဝန်ကြီးဦးမိုးဇော်ဦးကဆိုလိုက်ပါတယ်။ ဇွန်လအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးကထည့်သွင်းပြောကြားခဲ့ပါတယ်။


"အခုနောက်ပိုင်း ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက လူကိုယ်တိုင်တွေ့မယ်ဆိုပြီးဆုံးဖြတ်တယ်။နိုင်ငံတကာမှာရှိတဲ့ ခေါင်းဆောင်တွေနဲ့ လူကိုယ်တိုင်တွေ့ဆုံတယ်။ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးနဲ့လူကိုယ်တိုင်တွေ့တယ်။ရင်းနှီးမှုဆက်ဆံရေးတည်ဆောက်တာလည်းပါတယ်။နောက်တစ်ခုက ကျနော်တို့ရဲ့အစိုးရ၊ကျနော်တို့ရဲ့တော်လှန်ရေးကို အသိအမှတ်ပြုမြင့်မားလာအောင် ဆောင်ရွက်တဲ့သဘောနဲ့ တွေ့တာလည်းပါတယ်"လို့ ဆိုပါတယ်။


၂၀၂၂ ခုနှစ် ဇွန်လ( )ရက်နေ့တွင် ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မှ ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ann Linde အား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၄။ ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော ဗီဇာမဲ့ မြန်မာနိုင်ငံသား သုံးဦးအား NUG အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ်က ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့


ကိုးရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော ဗီဇာမဲ့ မြန်မာနိုင်ငံသား သုံးဦးအား NUG အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ်က ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက် ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာ အလုပ်သမားဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။


ဖြစ်စဥ်မှာကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂျွန်းမြို့တွင် နေထိုင်‌လုပ်ကိုင်နေသော ဗီဇာမဲ့ မြန်မာနိုင်ငံသား ()ဦးသည် တရားမ၀င်နေထိုင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အတွက် ကူညီပေးပါရန်  မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား)မှတစ်ဆင့် မြန်မာကိုယ်စားလှယ်ရုံးထံ ဆက်သွယ်အကူအညီတောင်းခံလာခဲ့တယ်လို့သိရပါတယ်။


၄င်းအကူအညီတောင်းခံလာမှုအား NUG မြန်မာကိုယ်စားလှယ်ရုံးရှိ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းသည် ဇွန်လ၉ရက်နေ့တွင် ဒယ်ဂျွန်း လ၀ကသို့ သွားရောက်၍ မြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးအတွက် တာ၀န်ခံအရာရှိနှင့် တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ဆိုပါတယ်။


လက်ရှိအချိန်တွင် ဗီဇာမဲ့မြန်မာနိုင်ငံသားများအား အတင်းအကြပ် ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပြန်ပို့ခြင်းမပြုလုပ်ရေး၊ အထောက်ထားခိုင်လုံမှုရှိပါက ဆက်လက်နေထိုင်လုပ်ကိုင်ခွင့်/ ခုံလှုံခွင့် လျှောက်ထားနိုင်ရေး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီးနောက် အဆိုပါမြန်မာနိုင်ငံသား သုံးဦး ပြန်လည် လွှတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနကဆိုပါတယ်။


ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် အခက်အခဲ၊ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက NUG မြန်မာကိုယ်စားလှယ်ရုံး၊ အလုပ်သမားရေးရာ တာဝန်ခံ ကိုယ်စားလှယ် ဦးမျိုးဟိန်း (ဖုန်း 032-503-2022 (10AM~6PM/ FRI & SAT OFF) နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ကိုရီးယား)ထံ ဆက်သွယ်အကူအညီတောင်းခံ နိုင်ပါကြောင်းသိရပါတယ်။


========================


📌📌 ၅။ ပြည်သူ့အတွက် တာဝန်ကျေပွန်စွာ ရပ်တည်ခဲ့သူဖြစ်လို့ ကိုဂျင်မီအတွက် ဂုဏ်ယူတယ်လို့ ဇနီးဖြစ်သူ မနီလာသိန်းပြော


အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီအပါအဝင် လေးဦးကို သေဒဏ်စီရင်မယ်လို့ သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် ကိုဂျင်မီ က ပြည်သူ့အတွက် တာဝန်ကျေပွန်စွာ ရပ်တည်ခဲ့သူဖြစ်လို့ ဂုဏ်ယူတယ်လို့ ဇနီးဖြစ်သူ ၈၈ မျိုးဆက် ငြိမ်း/ပွင့်က မနီလာသိန်းက မှတ်ချက်ပြုပြောကြားလိုက်ပါတယ်။


ခင်ပွန်းဖြစ်သူအပေါ် ဘယ်လိုသတင်းစကားပါးချင်လဲဆိုပြီး RFA သတင်းဌာနရဲ့ မေးမြန်းမှုအပေါ်မှာသူလုပ်ဆောင် နေတဲ့ သူ့ရဲ့ယုံကြည်ချက် သူ့ရဲ့ ရပ်တည်ချက်အတွက် သူ့သမိုင်းကို သူရှင်သန်အောင်လုပ်နေတယ်။ ပြည်သူတွေအတွက် သူတာဝန်ကျေစွာ သူရပ်တည်ဆောင်ရွက်နေတဲ့အတွက် ကျွန်မကတော့ ဂုဏ်ယူနေတဲ့စကားကို ပြောချင်ပါတယ်လို့ မနီလာသိန်းက ပြောကြားလိုက်တာပါ။


အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့လေးဦးကို သေဒဏ် ကိုအတည်ပြုပြီး ကွပ်မျက်ရန်လုပ်ဆောင်နေပြီလို့ ဇွန် ရက်မှာ သတင်းထုတ်ပြန်လိုက်တာပါ။


ကျွန်မတို့ခေတ်အဆက်ဆက်မှာပေါ့နော် ဘယ်စနစ် ဘယ်ခေတ်ကိုပဲရောက်ရောက် လူထုအားက နိုင်ငံရဲ့ အရွေ့တစ်ခုပဲ ဖြစ်ပါတယ်။ အခုနွေဦးတော်လှန်ရေးမှာလည်း ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အားပဲ။ ဒီအားက ကြောက်ခမန်းလိလိပဲ။ နွေဦးတော်လှန်ရေးမှာ တစ်ယောက်ခြင်းတိုင်း တစ်ယောက်ခြင်းတိုင်းရဲ့ တာဝန်ယူမှုကို ပြသနေတဲ့ ပုံရိပ်တွေဟာ တကယ်သမိုင်းမှတ်တိုင်ပဲဖြစ်ပါတယ်။ အခုလဲ ကျွန်မတို့ ဘယ်လိုအကြောင်းအရာဘဲ ရင်ဆိုင်ရပါစေ ကျွန်မသည် ပြည်သူ့အားကို ယုံတယ်။ အဓိက အရေးကြီးဆုံးက ကျွန်မတို့တွေအားလုံး စည်းစည်းလုံးလုံးနဲ့ လက်ခြင်းချိတ်ပြတော့ ဒီစစ်အာဏာရှင်စနစ်ပြုတ်ကျအောင် တိုက်ထုတ်နိုင်မယ်။ အဲဒါက ဘာလည်းဆိုရင် ကျွန်မတို့ပြည်သူတွေရဲ့ အား ပါပဲ။ စည်းလုံးညီညွတ်မှုအားပါပဲလို့ မနီလာသိန်းကပြောပါတယ်။


ကိုဂျင်မီကို ဖမ်းဆီးရမိတဲ့နေ့ကစပြီး လက်ရှိအချိန်ထိ မိသားစုဆီကို ကျန်းမာရေး၊ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ် လာတာမျိုး လုံးဝမရှိဘူးလို့ မနီလာသိန်းကပြောပါတယ်။ မိသားစုအနေနဲ့ ကိုဂျင်မီအမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာပူးပေါင်းဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်တာမျိုးမရှိဘူးလို့ ဆိုထားသလို ဘယ်ရှေ့နေ တစ်ဦးတစ်ယောက်နဲ့မှ အသနားခံစာတင်တာ၊ အယူခံဝင်တာတွေ မလုပ်ခဲ့ဘူးလို့လည်းပြော ကြားထားတာ တွေ့ရပါတယ်။


========================


📌📌 ၆။ CDM ဆရာ၊ဆရာမများတွက်ပညာဒါန TOT Training” ကိုနွေဦးတက္ကသိုလ်နဲ့ သိပ္ပံ Hub တို့ပူးပေါင်းဖွင့်လှစ်


CDM ဆရာ၊ဆရာမများတွက်ပညာဒါန TOT Training” ကိုနွေဦးတက္ကသိုလ်နဲ့ သိပ္ပံ Hub တို့ပူးပေါင်းဖွင့်လှစ်လိုက်ပါတယ်။ နွေဦးတက္ကသိုလ်နဲ့ သိပ္ပံ Hub အတူပူးပေါင်းပြီး CDM ဆရာ၊ဆရာမများတွက် ၂၁ ရာစုရဲ့နည်းပညာရပ်သစ် များကို လက်ဆင့်ကမ်းမျှဝေပေးခဲ့ရာ Batch 9 အထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဇွန်လ ၁၁ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။


TOT ဆိုတာက Training of Trainers လို့အဓိပ္ပာယ်ရပြီး CDM မှာ ပါဝင်တဲ့ ဆရာ/ဆရာမတွေအတွက် Computer Science နဲ့ ပတ်သတ်တဲ့ အသိပညာ၊ ဗဟုသုတတွေကို ကလေးငယ်များထံ နည်းစနစ်ကျကျ ပြန်လည်သင်ကြား ပေးစေနိုင်ရန်အတွက် ပညာဒါန ပြုလုပ်တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။ 


 TOT training ကိုတော့ June (27) ရက်နေ့မှ July (22) ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး Class A နှင့် Class B ဟူ၍ အတန်း () တန်းခွဲ သွားမှာဖြစ်ကာအတန်း ခုစီတွင် ဆရာ/ဆရာမ အရေအတွက် ၅၀ တိတိ လက်ခံသွားမှာဖြစ်ပါတယ်။


အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ အချိန်ကာလအားဖြင့် စုစုပေါင်း () ပတ် သင်ကြားပေးသွားမှာ ဖြစ်လို့ Class A (1-2:30 pm) နှင့်  Class B (6-7:00 pm) ဆိုပြီး ( ) ချိန် သတ်မှတ်ထားကာ မိမိအဆင်ပြေတဲ့အချိန်ကို ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၇။ ရေစကြို ဖက်ဒရယ်အထက်တန်းကျောင်း (YFHS) မှာ ကျောင်းသားအင်အား ထပ်တိုး လက်ခံ


ရေစကြို ဖက်ဒရယ်အထက်တန်းကျောင်း (YFHS) မှာ ကျောင်းသားအင်အား ထပ်တိုး လက်ခံတယ်လို့သိရပါတယ်။ ကျောင်းအပ်နှံလိုသူများအနေနဲ့ရေစကြို ဖက်ဒရယ်အထက်တန်းကျောင်း (YFHS) လူမှုကွန်ရက်စာမျက်နှာတွင် ဖောင်များဖြည့်သွင်းရန်ဖော်ပြထားတယ်လို့သတင်းရရှိပါတယ်။


လျှောက်လွှာ ဖြည့်သွင်းရာတွင် KG ကျောင်းသားများ မှာ 31-8-2022 တွင် အသက် နှစ် ပြည့်မှသာ လက်ခံပါမှာဖြစ်တယ်လို့သိရပါတယ်။


လက်ရှိမှာ မြို့နယ် ပညာရေးဘုတ်အဖွဲ့များနဲ့ အွန်လိုင်းပညာရေးကျောင်းများမှ ဖွင့်သော အတန်းကျောင်းများကို အသိအမှတ်ပြုကြောင်း NUG ပညာရေးဝန်ကြီးဌာနကကြေညာထားပါတယ်။


========================


📌📌 ၈။ ရေစကြိုမြို့နယ် သစ်ကြီးတောရွာအားမီးရှို့ပြန်လာသော စကစတပ်များကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုတိုက်ခိုက်


ရေစကြိုမြို့နယ် သစ်ကြီးတောရွာအားမီးရှို့ပြန်လာသော စကစတပ်များကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်။ ဇွန်လ ( ၁၁ ) ရက်နေ့ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (People Defense Force Yesagyo)မှထုတ်ပြန်ပါတယ်။


"ယမန်နေ့ ညနေ () နာရီဝန်းကျင်ခန့်က သစ်ကြီးတောရွာအားမီးရှို့ပီးထွက်လာသော စခများနှင့်မိမိတို့  ရဲဘော်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မိမိတို့ဘက်မှ ၄၀ မမ ( ) လုံးအပါအဝင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ စကစတပ်များ ထိခိုက်သေဆုံးမှုအားအတည်ပြုနေဆဲဖြစ်ပါတယ်။


စကစတပ်များသည် အရပ်ဝတ်များဖြင့် PDF ဟန်ဆောင်ကာလှုပ်ရှားနေသောကြောင့် ပြည်သူလူထုအနေဖြင့် သတိထားရှောင်ရှားကြပါရန် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုPeople Defense Force Yesagyo ကဆိုပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment