၂၀၂၂ ဇွန်လ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီရဲ့လုပ်ရပ်ကို ကြုံတွေ့ခံစားနေရတဲ့ ပြည်သူလူထုအများစုဟာ စစ်ကောင်စီကို မယုံကြည်ကြတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ် မြောက်မွေးနေ့အထိမ်းအမှတ် အနေဖြင့် Profile Campaigns တွင်ပါဝင်ရန် NYCBC ကနှိုးဆော်
📌 ၃။ စစ်တပ်နဲ့ရဲ ပူးတွဲတပ်စွဲထားတဲ့ ဝေါလေရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့
📌 ၄။ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ၅၆၄၅ ကျပ်ကြေညာသော်လည်း ပြင်ပတွင် တစ်ပိဿာ ၈၀၀၀ ကျပ်ဖြင့် ပြည်သူလူထုက ဝယ်ယူစားသုံးနေရ
📌 ၅။ နွေဦးအောင်နိုင်ရေးခရီးစဥ်အဖွဲ့မှ နွေဦးတော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာသုံးထောင်နီးပါး ရရှိထား
📌 ၆။ အောင်ပွဲနဲ့အတူပြန်လာသော ဆားလင်းကြီး PDF များကို ပြည်သူလူထုက သပြေပန်းများဖြင့်ကြိုဆိုပြီး အအစားအစာများပေးကမ်း
📌 ၇။ ထိုင်းနိုင်ငံတောင်ပိုင်းကနေတဆင့် မလေးရှားကိုသွားဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသားတွေဖမ်းဆီးခံရတာကို NUG အစိုးရကအကူအညီပေးစေချင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်မြန်မာလူမှုကူညီရေးအဖွဲ့တွေက မေတ္တာရပ်ခံ
📌 ၈။ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ဇွန်လကုန်နောက်ဆုံးထားပြီး လုပ်သားစာရင်းတင်ခွင့်ပေးပြီး အလုပ်လုပ်ခွင့်နဲ့နေထိုင်ခွင့်ပြုဖို့ ထိုင်းအာဏာပိုင်တွေက သတ်မှတ်ထား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီရဲ့လုပ်ရပ်ကို ကြုံတွေ့ခံစားနေရတဲ့ ပြည်သူလူထုအများစုဟာ စစ်ကောင်စီကို မယုံကြည်ကြတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
ပြည်သူလူထုအများစုရဲ့သဘောထားနှင့်ပတ်သက်ပြီးပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလိုဆိုထားပါတယ်။
"ပြည်သူရဲ့ကဏ္ဍာအရမ်းအရေးကြီးပါတယ်။ဒါအားလုံးလည်းသိတယ်။ပြည်သူတွေအနေနဲ့ကတော့ စကစရဲ့ လုပ်ရပ်ကို မျက်ဝါးထင်ထင် ကြုံတွေ့ခံစားနေရတဲ့ သူတွေဖြစ်တဲ့အတွက်ကြောင့် သူတို့ ဘာလုပ်လုပ် ဘာပြောပြော မယုံကြည်ကြပါဘူး။နိုင်ငံတကာအနေနဲ့ကြတော့ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့အခြေအနေအားလုံးကို သိမြင်မှုက လိုအပ်နေဆဲပါ"လို့ဝန်ကြီးကဆိုပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာ လူဦးရေ တစ်သောင်းကျော် ဖမ်းဆီးချုပ်နှောင်ထားပြီး လူဦးရေတစ်ရာကျော်ကို ပုဒ်မအမျိုးမျိုးတပ်ကာသေဒဏ်ချမှတ်ထားပါတယ်။ ဒါ့အပြင်လူနှစ်ထောင်နီးပါးကို စကစတပ်များက သတ်ဖြတ်ထားပြီး နယ်မြို့များမှာ ရွာများကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးထားပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ် မြောက်မွေးနေ့အထိမ်းအမှတ် အနေဖြင့် Profile Campaigns တွင်ပါဝင်ရန် NYCBC ကနှိုးဆော်
ဇွန်လ ၁၃ ရက် နေ့မှာ NYCBC က Profile ချိန်းနည်းကိုပါ ၄င်းလူမှုကွန်ရက်မှာဖော်ပြထားပါတယ်။
"လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ် မြောက်မွေးနေ့အထိမ်းအမှတ် အနေဖြင့် Profile Campaigns ကို ကမ္ဘာမှာရော မြန်မာပြည်မှာပါ အမေစုကိုချစ်တဲ့ ညီအကိုမောင်နှမများအားလုံးအတူတကွ Profile Campaigns မှာ ချိန်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ပြီး အမေ့ကိုလွမ်းဆွတ်သတိရမှုကိုအတူတကွပြသကြအောင်"လို့ဆိုထားပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၇ နှစ် ပြည့်မှာဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်တပ်နဲ့ရဲ ပူးတွဲတပ်စွဲထားတဲ့ ဝေါလေရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့
မြ၀တီမြို့တောင်ဘက်၊ ဝေါလေမြို့အဝင်က စစ်တပ်နဲ့ရဲ ပူးတွဲတပ်စွဲထားတဲ့ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ က ဒီနေ့မနက်မှာ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရှင်ဖမ်းမိခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဝေါလေရဲစခန်း အချုပ်ခန်းထဲမှာ ဖမ်းဆီးထားတဲ့ CDM ရဲ ၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေပြီးစီးသွားပါက စစ်ရေးအခြေအနေကို တရားဝင်ထုတ်ပြန်ပေးသွားမယ်လို့ သိရကြောင်း KIC ကဆိုပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ၅၆၄၅ ကျပ်ကြေညာသော်လည်း ပြင်ပတွင် တစ်ပိဿာ ၈၀၀၀ ကျပ်ဖြင့် ပြည်သူလူထုက ဝယ်ယူစားသုံးနေရ
ဇွန်လ ၁၂ ရက်နေ့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနကစားအုန်းဆီအခြေခံစျေးနှုန်းများကို ထိန်းညှိပေးနေကြောင်း၊ဇွန်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရန်ကုန်အထိုင်စျေးနှုန်းမှာ တစ်ပိဿာ ၅၆၄၅ ကျပ်ဖြစ်ပြီး ယခင်စျေးနှုန်းတိုင်း ဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။
"ဘယ်မှာဝယ်ဝယ် တစ်ပိဿာ ၈၀၀၀ ကျပ်ပဲ။ သူတို့ပြောတဲ့ စျေးက ဘယ်နေရာရလဲတော့မသိဘူး။ အခု အကြော်စားချင်ရင်တောင် အကြော်သည် ရပ်ကွက်ထဲရှာမရတော့ဘူး။ ဆီစျေးနဲ့မကိုက်လို့မရောင်းကြတော့ဘူး။တပြင့်နေရာတွေမှာဆီစျေးက တစ်ပိဿာ ၈၀၀၀ တောင်ကျော်တယ်"လို့ ရန်ကုန်မြို့ လှိုင်မြို့နယ်နေအိမ်ရှင်မတစ်ဦးကဆိုပါတယ်။
စစ်ကောင်စီဟာ အခြေခံကုန်စျေးနှုန်းများကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ကုန်သည်များကိုသာ သတိပေး ချိန်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်းတို့သာ လုပ်ဆောင်နိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ နွေဦးအောင်နိုင်ရေးခရီးစဥ်အဖွဲ့မှ နွေဦးတော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာသုံးထောင်နီးပါး ရရှိထား
ဇွန်လအတွင်းလှူဒါန်းပေးကြတဲ့ ထောက်ပို့တပ်ဖွဲ့ဝင်များ၏ ဂုဏ်ပြုမှတ်တမ်းများကို နွေဦးအောင်နိုင်ရေး လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားညီညွတ်ရေးအစိုးရအားထောက်ခံသည့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများဦးဆောင်၍ မြန်မာပြည်ဖွား တိုင်းရင်းသား အများအပြားနေထိုင်လျှက်ရှိသော ပြည်နယ်ပေါင်း (၃၀) ၊ မြို့ပေါင်း (၁၀၀) ကျော်ဆီသို့ လှည့်လည်ပြီး တော်လှန်ရေးကြီးမှာ အဆုံးထိပါဝင်ကြဖို့ တမြို့ဝင်တမြို့ထွက် တိုက်တွန်းစည်းရုံးသွားမည့် နွေဦးအောင်နိုင်ရေးခရီးစဉ် ‘‘Democracy Road Trip for Burma’’ ကို ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် စတင်ခဲ့ပါတယ်။
အထက်ပါအစီအစဥ်နဲ့အတူပြည်သူ့တော်လှန်ရေး ထောက်ပို့ အစီအစဉ်အတွက် PDF တစ်ဦးလျင် ဒေါ်လာ $၂၀ မှစတင်၍ စုစုပေါင်းလူဦးရေ နှစ်သောင်းပါဝင်ခြင်းဖြင့် တစ်လ လျှင် $400,000 ပုံမှန်ထောက်ပို့နိုင်မည့် ရည်မှန်းချက်ကို အကောင်အထည် ဖော်မည့် “$400 Thousands from Twenty thousand supporters” campaignလည်းပါဝင်ပါတယ်။
========================
📌📌 ၆။ အောင်ပွဲနဲ့အတူပြန်လာသော ဆားလင်းကြီး PDF များကို ပြည်သူလူထုက သပြေပန်းများဖြင့်ကြိုဆိုပြီး အအစားအစာများပေးကမ်း
ဇွန်လ ၁၂ ရက် ညပိုင်းတွင် Salingyi Border Task Force က အောင်ပွဲနဲ့အတူပြန်လာသော ရုပ်သံကိုဖော်ပြခဲ့ပါတယ်။
တိုက်ပွဲပြန် ပြည်သူ့ရဲဘော်များကို ပြည်သူများမှ အောင်ပန်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။ဂုဏ်ဒြပ်ဆိုတာ ပကာသဏပါပဲ ပြည်သူ့ရဲ့အားပေးထောက်ခံမှုကတော့ ကျွန်ုပ်တို့ရဲ့ ခွန်အားတစ်ရပ်ပါပဲ။ ပြည်သူအများရဲ့အားပေးထောက်ခံမှုနဲ့အတူကျွန်ုပ်တို့ရဲဘော်များသည် တော်လှန်ရေးအောင်မြင်သည့်အချိန်အထိ ပြည်သူတို့၏ အသက် အိုး အိမ် စည်းစိမ် တို့ကို ကာကွယ်ရင်း အသက်ပေးတိုက်ပွဲဝင်သွားကြမှာဖြစ်ပါတယ်"လို့ Salingyi Border Task Force ကဆိုပါတယ်။
အဆိုပါ အောင်ပွဲရ PDF များကို ကြုိဆိုရာတွင် ဒေသခံပြည်သူလူထုများထဲတွင် သက်ကြီးရွယ်အိုနဲ့ကလေးငယ်များပါဝင်ပြီး သပြေပန်းများဖြင့် ပျော်ရွှင်စွာကြိုဆိုခဲ့တာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌 ၇။ ထိုင်းနိုင်ငံတောင်ပိုင်းကနေတဆင့် မလေးရှားကိုသွားဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသားတွေဖမ်းဆီးခံရတာကို NUG အစိုးရကအကူအညီပေးစေချင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်မြန်မာလူမှုကူညီရေးအဖွဲ့တွေက မေတ္တာရပ်ခံပါတယ်။
ဇွန်လဆန်းကစပြီး ထိုင်းနိုင်ငံတောင်ပိုင်းကနေတဆင့် မလေးရှားကိုအလုပ်အကိုင်ရှာဖွေဖို့သွားတဲ့ မြန်မာ ၄၀၀ နီးပါး ထိုင်းနိုင်ငံထဲမှာဖမ်းဆီးခံထားရတာပါ။ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေဟာ ကူကယ်ရာမဲ့နေတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကူအညီတွေပေးစေချင်တယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့မှာ အခြေစိုက်တဲ့ မြန်မာလူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IBEC - SWO လူမှုကူညီရေးအဖွဲ့အစည်းမှ ကိုသားကြီးက အခုလိုဆိုထားပါတယ်။
ကိုသားကြီး (IBEC - SWO လူမှုကူညီရေးအဖွဲ့အစည်း)
(((((((((((((()))))))))))))
လတ်တလောမှာ လူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက အဖမ်းခံရသူတွေစားဝတ်နေရေးအတွက် တတ်နိုင်သလောက်အကူအညီပေးနေကြပါတယ်။ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခံရသူတွေကို သူတို့နိုင်ငံဥပဒေအတိုင်းပြင်းပြင်းထန်ထန်အရေးမယူပေမယ့် မြန်မာပြည်ကိုပြန်ပို့ဖို့စီစဉ်နေပါတယ်လို့ အကူအညီပေးနေသူတစ်ဦးကပြောပါတယ်။
အကူအညီပေးနေသူတစ်ဦး
((((((((())))))))))
ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေမှာ စစ်ဘေးရှောင်ပြည်သူတွေ တစ်နေ့ထက်တစ်နေ့များပြားလာပြီး စားဝတ်နေရေးခက်ခဲနေကြပါတယ်။ ဒုက္ခသည်တွေကိုကူညီဖို့ ကုလနဲ့အာဆီယံက စီစဉ်နေတယ်ဆိုပေမယ့် စစ်ကောင်စီနဲ့ပေါင်းပြီးမှ အကူအညီတွေပေးလို့ရမှာဖြစ်တဲ့အတွက် အမှန်တကယ်လိုအပ်နေသူတွေဆီကိုရောက်ဖို့မဖြစ်နိုင်ဘူးလို့လေ့လာသူတွေက ပြောဆိုထားပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
========================
📌📌 ၈။ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ဇွန်လကုန်နောက်ဆုံးထားပြီး လုပ်သားစာရင်းတင်ခွင့်ပေးပြီး အလုပ်လုပ်ခွင့်နဲ့နေထိုင်ခွင့်ပြုဖို့ ထိုင်းအာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။
ဇွန်လ ၁၆ ရက်နေ့ကနေ ဇွန်လကုန်နောက်ဆုံးထားပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်ခွင့်အတွက် လုပ်သားစာရင်းတင်ဖို့ ထိုင်းအာဏာပိုင်တွေကခွင့်ပြုပေးထားတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRM မှကိုဇော်ကပြောပါတယ်။ မြန်မာနိုင်ငံတွင်းစစ်ရေးအခြေအနေတွေကြောင့် ပြည်တွင်းကိုပြန်မပို့ဘဲ ငဲ့ညှာတဲ့အနေနဲ့အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ အရပ်ဖက်အဖွဲ့တွေက တောင်းဆိုတဲ့အတွက် အခုလိုခွင့်ပြုတာလို့ဆက်ပြောထားပါတယ်။
ကိုဇော် - ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRM)
((((((((((()))))))))))))
မြန်မာပြည်တွင်းမှာ စက်ရုံအလုပ်ရုံတွေပိတ်သိမ်းတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေပျက်စီးကုန်တာ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ဖို့မဖြစ်နိုင်တော့တာတွေကြောင့် ပြည်သူတွေဟာ ပြည်ပထွက်ခွာပြီး စားဝတ်နေရေးအတွက်နည်းလမ်းရှာလာတာဖြစ်ပါတယ်လို့ မြန်မာပြည်တွင်းအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ဦးကဆက်ပြောထားပါတယ်။
မြန်မာပြည်တွင်းအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ဦး
(((((((((((())))))))))
သိန်းနဲ့ချီတဲ့မြန်မာပြည်သူတွေဟာ ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် ဝင်ရောက်ခဲ့ပြီး ဖမ်းဆီးခံရလို့ ပြည်တွင်းကိုပြန်ပို့ခံရသူတွေအများအပြားရှိနေပါတယ်။ ကိုဗစ်ကာလတစ်နှစ်နဲ့ စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကာလမှာ ပြည်သူတွေဟာ အကြမ်းဖက်မှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး စားဝတ်နေရေးအတွက် ရပ်တည်ဖို့မဖြစ်နိုင်တော့တာကြောင့် ပြည်ပကိုထွက်ခွာတဲ့နည်းလမ်းကို စဉ်းစားလာကြတာဖြစ်ပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
No comments:
Post a Comment