၂၀၂၂ ဇွန်လ ၁၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ အပတ်စဉ်သတင်းထုတ်ပြန်ချက် (၇/၂၀၂၂) ကို ထုတ်ပြန်
📌 ၂။ မြန်မာနိုင်ငံအရပ်ရပ်မှာ စစ်ဘေးဒဏ်ခံရပြီး စစ်ရှောင် နေကြရတဲ့ ပြည်သူများရဲ့ ဒုက္ခများနဲ့ ကျောင်းသူကျောင်းသားများရဲ့ပညာရေးကို ဝိုင်း၀န်းကူညီထောက်ပံ့ပေးကြဖို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တိုက်တွန်းပြောကြား
📌 ၃။ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကြားကာလအွန်လိုင်းအခြေပြုပညာရေးအစီအစဉ်များထပ်မံဖွင့်လှစ်မည်
📌 ၄။ အာဆီယံ လူသားချင်းစာနာမှုထောက်ပံ့ရေးအစီအစဉ်တွင် ချင်းပြည်နယ် မပါ၀င်သည့်အပေါ်ဝေဖန်မှုများရှိ
📌 ၅။ ရေစကြိုမြို့နယ် ပခန်းကြီးရဲစခန်းမှ ရဲတပ်သားတစ်ဦးလက်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံ
📌 ၆။ ရေတာရှည်မြို့နယ်တွင် ပြုလုပ်လျှက်ရှိသော စာသင်ကျောင်းများကို ဖောက်ခွဲဖျက်ဆီးခြင်းသည် တပ်ရင်း (၃၅၀၁) တပ်ခွဲ (၃)မှ ပြုလုပ်ဆောင်ရွက်ခြင်း မဟုတ်ဟုဆို
📌 ၇။ "ဇီးကွက်စစ်ဆင်ရေး"အနေနဲ့မုံရွာမြို့၊ ထန်တောရပ်၊ရွှေဝါရောင်လမ်း စကစအဖွဲ့ဝင်များ ဖြတ်လေ့ရှိသောလမ်းတွင် မိုင်းထောင်ခဲ့ရာ မိုင်းထကွဲ၍စကစတပ်ဖွဲ့ဝင်နှစ်ဦးပွဲချင်းပြီးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ အပတ်စဉ်သတင်းထုတ်ပြန်ချက် (၇/၂၀၂၂) ကို ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ အပတ်စဉ်သတင်းထုတ်ပြန်ချက် ကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် အပတ်စဉ် တနင်္လာနေတိုင်း ထုတ်ပြန်ခဲ့ရာ ဇွန်လ ၁၃ ရက်နေ့တွင် အပတ်စဉ်သတင်းထုတ်ပြန်ချက် (၇/၂၀၂၂) ကို ထုတ်ပြန်လိုက်ပါပြီ။ ယင်း ထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားပြီး ဒေါင်းလုပ်ပြုလုပ်နိုင်မည့် လင့်ကိုလည်း ဖေါ်ပြပေးထားပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံအရပ်ရပ်မှာ စစ်ဘေးဒဏ်ခံရပြီး စစ်ရှောင် နေကြရတဲ့ ပြည်သူများရဲ့ ဒုက္ခများနဲ့ ကျောင်းသူကျောင်းသားများရဲ့ပညာရေးကို ဝိုင်း၀န်းကူညီထောက်ပံ့ပေးကြဖို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တိုက်တွန်းပြောကြား
မြန်မာနိုင်ငံအရပ်ရပ်မှာ စစ်ဘေးဒဏ်ခံရပြီး စစ်ရှောင် နေကြရတဲ့ ပြည်သူများရဲ့ ဒုက္ခများနဲ့ ကျောင်းသူကျောင်းသားများရဲ့ပညာရေးကို ဝိုင်း၀န်းကူညီထောက်ပံ့ပေးကြဖို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တိုက်တွန်းပြောကြားလိုက်ပါတယ်။
" ကချင်က စစ်ရှောင်တွေတင်မက၊ မြန်မာနိုင်ငံအရပ်ရပ်မှာ စစ်ဘေးဒဏ်ခံရပြီး စစ်ရှောင် နေကြရတဲ့ ပြည်သူများရဲ့ ဒုက္ခများနဲ့ ကျောင်းသူကျောင်းသားများရဲ့ပညာရေးကို ဝိုင်း၀န်းကူညီထောက်ပံ့ပေးကြဖို့ လည်း တိုက်တွန်းနှိုးဆော်လိုပါတယ်"လို့ဒုဝန်ကြီးကဆိုပါတယ်။
ကချင်ပြည်နယ်မှာ စစ်ဘေးရှောင် တစ်သိန်းကျော်ရှိပြီး စစ်ဘေးရှောင်စခန်းနဲ့ အနီးအနားကစာသင်ကျောင်းများမှာ ပညာသင်ကြားနေကြရပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်များအတွက် အစားအစာနဲ့ ကလေးများအတွက် ပညာသင်ကြားရေးအထောက်အကူ ပစည်းများလိုအပ်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကြားကာလအွန်လိုင်းအခြေပြုပညာရေးအစီအစဉ်များထပ်မံဖွင့်လှစ်မည်
မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကြားကာလအွန်လိုင်းအခြေပြုပညာရေးအစီအစဉ်များထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါတယ်။ ဇွန်လအတွင်း ကြေညာချက်အရ ကျား၊မရေးရာ အမြင်ဖွင့်ခြင်းသင်တန်း၊နိုင်ငံသားတစ်ယောက်အခွင့်အရေးနှင့်တာဝန်များတို့ကို သင်တန်းဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
ကြားကာလ ပညာရေးအား လေ့လာနေသော ကျောင်းသား၊ကျောင်းသူများအတွက် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ရက်တို သင်တန်းများအား အဆက်မပြတ် ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိတယ်လို့လည်းဆိုပါတယ်။
ကျောင်းသား၊ကျောင်းသူတို့အနေဖြင့် မိမိစိတ်ဝင်စားသော အတန်းများအား ပါဝင်တက်ရောက်နိုင်ရန်အတွက် Register ဖွင့်လှစ်မည့်အချိန်တွင် စောင့်ဆိုင်း၍ လျှောက်လွှာတင်ပေးပါရန်မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂကကြေညာထားပါတယ်။
========================
📌📌 ၄။ အာဆီယံ လူသားချင်းစာနာမှုထောက်ပံ့ရေးအစီအစဉ်တွင် ချင်းပြည်နယ် မပါ၀င်သည့်အပေါ်ဝေဖန်မှုများရှိ
အာဆီယံက လူသားချင်းစာနာထောက်ပံ့မှု ပေးရန် သတ်မှတ်ထားသော ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် ချင်းပြည်နယ် မပါ၀င်ခြင်းသည် ချင်းစစ်ဘေးဒုက္ခသည်များ၏ အခွင့်အရေးကို လျစ်လျူရှုခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးလှုပ်ရှားသူများအကြား ဝေဖန်မှုများ ရှိနေပါတယ်။
ပြီးခဲ့သည့် မေလ ၆ ရက်တွင် အာဆီယံ လူသားချင်းစာနာမှု ထောက်ပံ့ရေးအစီအစဉ်၌ ကရင်ပြည်နယ်၊ ကယားပြည်၊မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ပါ၀င်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။
ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ သဘာပတိ ဆလိုင်းအိုက်ဇက်ခင်က "အာဆီယံအနေနဲ့ လူသားချင်းစာနာမှုအထောက်အပံ့မှာ ကရင်၊ ကယား၊ မကွေး၊ စစ်ကိုင်းပါတယ်။ ချင်းပြည်နယ်ကို မထည့် ထားဘူးဆိုတော့ ဘာကြောင့်လဲပေါ့။ အာဆီယံက ချင်းပြည်က ချင်းပြည်သူတွေကို လျစ်လျူရှုတာ ဖြစ်ပါတယ်" ဟု ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့များနှင့်အကြမ်းဖက်စစ် ကောင်စီတို့အကြား တိုက်ပွဲများကြောင့် ချင်းဒေသခံစစ်ဘေးရှောင် ဒုက္ခသည် ၉ သောင်းကျော်ရှိနေပါတယ်။
ပြည်တွင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သန်းကျော်ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပြီး အဆိုပါ အရေအတွက်ထဲတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေရသူ ၄ သောင်းနီးပါးလည်း ပါဝင်ကြောင်း သိရှိရပါတယ်။
အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီက တဆင့် ပေးအပ်ရန် စီစဉ်ခြင်းကို လက်မခံနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့်ချင်းအမျိုးသားတပ်ဦး (CNF) တို့က မေလ ၃၀ ရက်တွင် ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌 ၅။ ရေစကြိုမြို့နယ် ပခန်းကြီးရဲစခန်းမှ ရဲတပ်သားတစ်ဦးလက်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံ
ရေစကြိုမြို့နယ် ပခန်းကြီးရဲစခန်းမှ ရဲတပ်သားတစ်ဦးလက်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့သိရပါတယ်။ ဇွန်လ ၁၃ ရက်နေ့တွင် ရဲတပ်သားတစ်ဦး ခိုလှုံခဲ့တယ်လို့ Young Force (UG) ကထုတ်ပြန်ပါတယ်။
"ရေစကြိုမြို့နယ် ပခန်းကြီးရဲစခန်းမှ ကိုယ်ပိုင်အမှတ်လ/(၂၇၁....)တပ်သား.....ကိုဇင်မင်းသူသည် (၁၃/၆/၂၀၂၂) ရက်နေ့တွင် စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်လို၍ ပြည်သူနှင့်အတူ ပူပေါင်းခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
လက်ရှိတွင်အဆိုပါရဲတပ်သားမှာ Young Force (UG) နှင့် ချိတ်ဆက်ပြီးလွတ်မြောက်နယ်မြေ တစ်နေရာသို့ ရောက်ရှိပြီးဖြစ်ပါတယ်။ ရဲတပ်သားဟာ G3 (တစ်လက်)၊ ကျည်ဘောက်(၂) ခု၊ ကျည်အဆံ အတောင့် (၁၀၀) နှင့်အတူ ပြည်သူ့ ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပါတယ်။
========================
📌📌 ၆။ ရေတာရှည်မြို့နယ်တွင် ပြုလုပ်လျှက်ရှိသော စာသင်ကျောင်းများကို ဖောက်ခွဲဖျက်ဆီးခြင်းသည် တပ်ရင်း (၃၅၀၁) တပ်ခွဲ (၃)မှ ပြုလုပ်ဆောင်ရွက်ခြင်း မဟုတ်ဟုဆို
ရေတာရှည်မြို့နယ်တွင် ပြုလုပ်လျှက်ရှိသော စာသင်ကျောင်းများကို ဖောက်ခွဲဖျက်ဆီးခြင်းသည် တပ်ရင်း (၃၅၀၁) တပ်ခွဲ (၃)မှ ပြုလုပ်ဆောင်ရွက်ခြင်း မဟုတ်ဟုဆိုလိုက်ပါတယ်။ ဇွန်လ ၁၃ ရက်တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် (၃၅၀၁)၊ တပ်ခွဲ (၃) ကအသိပေးထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရေတာရှည်မြို့နယ်တွင် ပြုလုပ်လျှက်ရှိသော စာသင်ကျောင်းများကို ဖောက်ခွဲဖျက်ဆီးခြင်းသည် တပ်ရင်း (၃၅၀၁) တပ်ခွဲ (၃)မှ ပြုလုပ်ဆောင်ရွက်ခြင်း လုံးဝ မဟုတ်ကြောင်းဖော်ပြပါတယ်။
တပ်ရင်း (၃၅၀၁) တပ်ခွဲ (၃)အနေဖြင့် NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန် ထုတ်ပြန်ချက်များနှင့် အညီ တော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ပြည်သူ့ဆေးရုံးများ၊ ပြည်သူအများသွားလာလှုပ်ရှားသည့် နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃၅၀၁) တပ်ခွဲ(၃)မှ ဖောက်ခွဲဖျက်ဆီးမှုများ လုံးဝ လုံးဝ ပြုလုပ်မည်မဟုတ်ပါကြောင်း ရေတာရှည်မြို့နယ် နေ မိဘ ပြည်သူ့များ သိရှိနားလည်စေရန် အသိပေးထုတ်ပြန်အပ်ပါတယ်လို့ဆိုထားပါတယ်။ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် (၃၅၀၁)၊ တပ်ခွဲ (၃) သည် စစ်ရေးပစ်မှတ်များကိုသာအဓိထားတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၇။ "ဇီးကွက်စစ်ဆင်ရေး"အနေနဲ့မုံရွာမြို့၊ ထန်တောရပ်၊ရွှေဝါရောင်လမ်း စကစအဖွဲ့ဝင်များ ဖြတ်လေ့ရှိသောလမ်းတွင် မိုင်းထောင်ခဲ့ရာ မိုင်းထကွဲ၍စကစတပ်ဖွဲ့ဝင်နှစ်ဦးပွဲချင်းပြီးသေဆုံး
"ဇီးကွက်စစ်ဆင်ရေး"အနေနဲ့မုံရွာမြို့၊ ထန်တောရပ်၊ရွှေဝါရောင်လမ်း စကစအဖွဲ့ဝင်များ ဖြတ်လေ့ရှိသောလမ်းတွင် မိုင်းထောင်ခဲ့ရာ မိုင်းထကွဲ၍စကစတပ်ဖွဲ့ဝင်နှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
ဇွန်လ ၁၃ ရက်နေ့ မနက် ၄:၄၀ ခန့်တွင်မဟာမိတ်တပ်ပေါင်းစုတို့ပူးပေါင်း၍ မုံရွာမြို့၊ ထန်တောရပ်၊ရွှေဝါရောင်လမ်း စကစအဖွဲ့ဝင်များ ဖြတ်လေ့ရှိသောလမ်းတွင် မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ပါတယ်။
"ယနေ့မနက် ၄:၄၀ ခန့်တွင် တို့ပူးပေါင်း၍ မုံရွာမြို့၊ ထန်တောရပ်၊ ရွှေဝါရောင်လမ်း စကစအဖွဲ့ဝင်များ ဖြတ်လေ့ရှိသောလမ်းတွင် မြင်သာအောင် မိုင်းထောင်ထားပြီး စကစအဖွဲ့ဝင်များ မိုင်းကိုတွေ့၍ လာရောက်ရှင်းလင်းစဉ် မိုင်းအားဖောက်ခွဲခဲ့ပါတယ်"လို့ DRPA မုံရွာမြို့ပြပြောက်ကျားရဲဘော်များအဖွဲ့ကဖော်ပြပါတယ်။
မိုင်းလာရောက်ရှင်းလင်းသည့် စကစ အဖွဲ့ဝင်နှစ်ယောက် ပွဲချင်းပြီးမိုင်းထိမှန်သေဆုံးပြီး စကစ အဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ စစ်ဆင်ရေးကို DRPA မုံရွာမြို့ပြပြောက်ကျားရဲဘော်များ၊ M.A.C.T ထောက်ပို့တပ်၊ Monywa Night King၊ မဟာမိတ်တပ်ပေါင်းစုတို့ပါဝင်ခဲ့ပါတယ်။
No comments:
Post a Comment