1st AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ PDFများကို လက်နက်တပ်ဆင်မှုအပိုင်းမှာ ဝေပုံကျထက် မဟာဗျူကျကျဦးစားပေးတပ်ဆင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် အသိပေးပြောကြား

📌 ၂။ များမကြာခင် ကာလတွေမှာ တိုက်ပွဲအရှိန်ကို မဟာဗျူဟာကျကျ မြှင့်တင်နိုင်ရဖို့ရှိလာနိုင်တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား

📌 ၃။ တရားမဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် ပြည်ထောင်စုဝန်ကြီး အမိန့်နဲ့နောက်ဆုံးအကြိမ် သတိပေးတားမြစ်

📌 ၄။ ပြည်သူလူထုကို သတ်ဖြတ်ပြီး အာဏာထူထောင်နိုင်မယ်လို့ ထင်ထားတဲ့ စစ်ကောင်စီတွက်ကိန်း လွဲမှားကာသွေးပျက်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ပြောကြားလိုက်

📌 ၅။ အမေရိကန် San Francisco City Hall ရှေ့ ဒီမိုကရေစီ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

📌 ၆။ 14 Inya Final Call မှာ ရရှိခဲ့တဲ့ ဒေါ်လာ . သန်းကျော်ကို အထိရောက်ဆုံး အမြန်ဆုံး အသုံးပြုသွားမှာ ဖြစ်သလို EOD ရဲ့ ပရောဂျက် အသစ်ကိုလည်း ရက်ပိုင်းအတွင်းကြေညာမယ်

📌 ၇။ ကျဆုံးသွားသော သူရဲကောင်း ဦး အတွက် Chin Defence Force - Kanpetlet ကNUG Bond စောင် ဝယ်ယူလှူဒါန်း

📌 ၈။ မြို့လှ KPDF လှုပ်ရှားနယ်မြေအတွင်း မူးယစ်ဆေးဝါးများကို ဆက်စပ်ပစ္စည်းများနှင့်အတူ ပိုင်ရှင်များကိုပါ ဖမ်းဆီးရမိ



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ PDFများကို လက်နက်တပ်ဆင်မှုအပိုင်းမှာ ဝေပုံကျထက် မဟာဗျူကျကျဦးစားပေးတပ်ဆင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် အသိပေးပြောကြား


PDF များကို လက်နက်တပ်ဆင်မှုအပိုင်းမှာ ဝေပုံကျထက် မဟာဗျူကျကျဦးစားပေးတပ်ဆင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် အသိပေးပြောကြားလိုက်ပါတယ်။ ဇူလိုင် ၃၁ ရက်ညပိုင်း ပြည်သူလူထု မေးသမျှဖြေကြားတဲ့အစီအစဥ်မှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။


"PDF တွေကို လက်နက် ထောက်ပံ့မှုနဲ့ပတ်သက်ပြီးပြောရလို့ရှိရင် တစ်နိုင်ငံလုံးမှာ PDF ကသိန်းနဲ့ချီရှိပါတယ်။ သိန်းနဲ့ချီက ဒါ PDF ပဲပြောသေးတာပါ။ ပကဖတွေ မြို့တွင်းပျောက်ကြားအင်အားပါ ပြောရရင် နည်းနည်းနောနော အင်အားမဟုတ်ပါဘူး။ အဲဒီလို အင်အားအများကြီးကို လက်နက်တပ်ဆင်ရတဲ့အခါမှာ ဝေပုံကျ တပ်ဆင်တာမျိုးထက်စာရင် မဟာဗျူဟာကျ ဦးစားပေး တပ်ဆင် တဲ့တပ်ဆင်မှုမျိုးကို လုပ်နေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ရင်း၊ မြို့နယ် ပဖကပေါင်း ၂၅၀၊ LDF နဲ့ လူငယ် မြို့ပြပျောက်ကြားအဖွဲ့ ၄၀၁ ဖွဲ့ရှိတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ များမကြာခင် ကာလတွေမှာ တိုက်ပွဲအရှိန်ကို မဟာဗျူဟာကျကျ မြှင့်တင်နိုင်ရဖို့ရှိလာနိုင်တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား


များမကြာခင် ကာလတွေမှာ တိုက်ပွဲအရှိန်ကို မဟာဗျူဟာကျကျ မြှင့်တင်နိုင်ရဖို့ရှိလာနိုင်တယ်လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေးပြောကြားလိုက်ပါတယ်။ ဇူလိုင် ၃၀ ရက်နေ့ ကျင်းပတဲ့ ကျားဖြူတပ်ခွဲ၁ရဲ့တနှစ်ပြည့်အခမ်းအနားသို့ပေးပို့တဲ့သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကထည့်သွင်းပြောပါတယ်။


"များမကြာခင် ကာလတွေမှာ တိုက်ပွဲအရှိန်ကို မဟာဗျူဟာကျကျ မြှင့်တင်နိုင်ရဖို့ရှိလာနိုင်ပါတယ်။ရဲဘော်တို့ အားလုံးတိုက်ပွဲဝင်ကြဖို့ အသင့်ရှိကြစေလိုပါတယ်။ ရန်သူကိုရန်သူလိုတိုက်ခိုက်ရမှာဖြစ်တယ်။ တိုက်ခိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ် စည်းကမ်းတွေကို လေးစားလိုက်နာကြဖို့ အထူးသတိပေးလိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။


========================


📌📌 ၃။ တရားမဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် ပြည်ထောင်စုဝန်ကြီး အမိန့်နဲ့နောက်ဆုံးအကြိမ် သတိပေးတားမြစ်


တရားမဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် ပြည်ထောင်စုဝန်ကြီး အမိန့်နဲ့နောက်ဆုံးအကြိမ် သတိပေးတားမြစ်လိုက်ပါတယ်။ ဇူလိုင် ၃၁ ရက် မှာ စီမံကိန်း၊ဘဏ္ဍာရေး နဲ့ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ကြေညာချက် ( /၂၀၂၂) နဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို တရားမဝင်လုယူလိုက်သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့မှစတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့်စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များထုတ်ပေးခြင်းကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် အမိန့်ကြော်ငြာစာအမှတ် /၂၀၂၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။


အဆိုပါအမိန့်ကြော်ငြာစာကို၂၀၂၁ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင်ကြေညာချက်အမှတ် /၂၀၂၁ ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက အတည်ပြု ဆက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတစ်ခုခုကခွင့်ပြုသည့် မည်သည့် ရင်းနှီးမြှုပ်နှံမှုအသစ်ကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အသိအမှတ်ပြုလက်ခံမည် မဟုတ်ကြောင်းကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ကြေညာချက်အမှတ် /၂၀၂၁ ဖြင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းညွှန်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။


ထို့အပြင် တားမြစ်ချက်များအား လိုက်နာခြင်းမရှိလျှင် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ကြေညာချက် ၁၀/ ၂၀၂၁ ဖြင့် သတိပေးတားမြစ်စာကို ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ကြေညာပါတယ်။ သို့ဖြစ်ပါ၍ တရားမဝင်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)ထံမှ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များတောင်းခံ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း အလျဉ်းမပြုလုပ်ကြရန်နှင့် ဆောင်ရွက်ဆဲ တရားမဝင်ရင်းမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် နောက်ဆုံးအကြိမ် သတိပေးတားမြစ်လိုက်တယ်လို့ဖော်ပြပါတယ်။ တားမြစ်ချက်အား လိုက်နာခြင်းမရှိပါက လက်တွေ့ကျကျ ပြင်းထန်ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ကြေညာပါတယ်။ ဒါ့အပြင်တားမြစ်ချက်ကို လိုက်နာခြင်းမရှိသော ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ စာရင်းကို အခါအားလျော်စွာ ထုတ်ပြန်ပေးသွားမယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၄။ ပြည်သူလူထုကို သတ်ဖြတ်ပြီး အာဏာထူထောင်နိုင်မယ်လို့ ထင်ထားတဲ့ စစ်ကောင်စီတွက်ကိန်း လွဲမှားကာသွေးပျက်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ပြောကြားလိုက်


ပြည်သူလူထုကို သတ်ဖြတ်ပြီး အာဏာထူထောင်နိုင်မယ်လို့ ထင်ထားတဲ့ စစ်ကောင်စီတွက်ကိန်း လွဲမှားကာသွေးပျက်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ ဇူလိုင် ၃၁ ရက် ညပိုင်း ပြည်သူ့ပန်းတိုင်က ကျင်းပတဲ့ စကားဝိုင်းမှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားခဲ့ပါတယ်။


"အကြမ်းဖက် စစ်ကောင်စီဟာ သူတို့ရည်မှန်းထားသလို အကြောင်းအမျိုးမျိုးပြပြီးတော့ စစ်အာဏာသိမ်း၊ ပြည်သူလူထုကိုသတ်ဖြတ်ပြီးတော့ အာဏာကိုထူထောင်နိုင်မယ်။တစ်ချိန်တည်းမှာပဲ တိုင်းပြည်ကို သူတို့ပြောထားတဲ့အတိုင်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်နိုင်မယ်လို့ သူတို့တွက်ထားသလို မဖြစ်တဲ့အတွက်ကြောင့် သွေးရူးသွေးတန်းတော်တော်ဖြစ်နေပြီဆိုတာကို သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာပုံစံကိုက ဖော်ပြနေတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတွေကို စိုးရိမ်လာပြီးတော့ ပြည်သူလူထုကို လက်နက်နဲ့ချိန်းခြောက်ကာ အကြောက်တရားနဲ့အုပ်ချုပ် ဖို့ပြင်ဆင်သော်လည်း လူထုဟာကြောက်လန့်မသွားဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီးကထပ်လောင်းပြောကြားပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်ကောင်စီဟာ လူပေါင်းနှစ်ထောင်ကျော်ကိုသတ်ဖြတ်ကာ တစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပါတယ်။


========================


📌📌 ၅။ အမေရိကန် San Francisco City Hall ရှေ့ ဒီမိုကရေစီ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ


အမေရိကန် San Francisco City Hall ရှေ့ ဒီမိုမိုကရေစီ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပခဲ့ပါတယ်။ ဇူလိုင် ၃၀ ရက် San Francisco City Hall ရှေ့မှာ  ညနေ :၀၀ နာရီကနေ :၀၀ အထိကျင်းပခဲ့ပါတယ်။ မြန်မာပြည်ဖွားလူမျိုးပေါင်းစုံ၊ တိုင်းရင်းသားအားလုံး၊ ဘာသာပေါင်းစုံ ပါဝင်တဲ့ လူများက ဒီမိုကရေစီ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုခဲ့ကြပြီးတော့နွေဦးတော်လှန်ရေးမှာ မြင့်မြတ်စွာရင်းနှီးပေးဆပ်ကြသူအပေါင်းရဲ့ ကျေးဇူးဂုဏ်ကိုလဲ ဆီမီးထွန်းပြီးအသိအမှတ်ပြုဦးညွှတ်ခဲ့ကြပါတယ်။ အခမ်းအနားကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများလည်းတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၆။ 14 Inya Final Call မှာ ရရှိခဲ့တဲ့ ဒေါ်လာ . သန်းကျော်ကို အထိရောက်ဆုံး အမြန်ဆုံး အသုံးပြုသွားမှာ ဖြစ်သလို EOD ရဲ့ ပရောဂျက် အသစ်ကိုလည်း ရက်ပိုင်းအတွင်းကြေညာမယ်


14 Inya Final Call မှာ ရရှိခဲ့တဲ့ ဒေါ်လာ . သန်းကျော်ကို အထိရောက်ဆုံး အမြန်ဆုံး အသုံးပြုသွားမှာ ဖြစ်သလို EOD ရဲ့ ပရောဂျက် အသစ်ကိုလည်း ရက်ပိုင်းအတွင်းကြေညာမယ်လို့အသိပေးပြောပါတယ်။ ဇူလိုင် ၃၁ ရက်မှာ End of Dictator Shipကလူမှုကွန်ရက်မှာပြောပါတယ်။


"EOD ရဲ့ ၁၄ အင်းလျား ပရောဂျက်မှာ ကျန်ရှိတဲ့ ရှယ်ယာ ၁၂,၂၀၀ စု (ဒေါ်လာ ,၂၂၀,၀၀၀ ဖိုး) ကို Final Call အဖြစ် ၁၀ ရက် ရောင်းချခဲ့ရာ စတုတ္ထနေ့မှာပဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ စတုတ္ထနေ့ ၃၀ ဇူလိုင်မှာ ကျန်ရှိသမျှ ,၉၄၇ ရှယ်ယာ (ဒေါ်လာ ၃၉၄,၇၀၀ ဖိုး) ကို နေ့တစ်ဝက်နဲ့ အပြတ် ဝယ်ယူပြီး ထောက်ပို့ခဲ့ကြပါတယ်။ Final Call မှာ ရရှိခဲ့တဲ့ ဒေါ်လာ . သန်းကျော်ကို အထိရောက်ဆုံး အမြန်ဆုံး အသုံးပြုသွားမှာ ဖြစ်ပါတယ်။ EOD ရဲ့ ပရောဂျက် အသစ်ကိုလည်း ဒီရက်ပိုင်းအတွင်း ကြေညာပါတော့မယ်"လို့ ဆိုပါတယ်။ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ အရေးကြီးတဲ့ ဘဏ္ဍာငွေအတွက် ပါဝင်ထောက်ပို့ကြတဲ့ ဝယ်ယူသူများ၊ EOD ကိုယ်စားလှယ်များ ကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၇။ ကျဆုံးသွားသော သူရဲကောင်း ဦး အတွက် Chin Defence Force - Kanpetlet ကNUG Bond စောင် ဝယ်ယူလှူဒါန်း


ကျဆုံးသွားသော သူရဲကောင်း ဦး အတွက် Chin Defence Force - Kanpetlet ကNUG Bond စောင် ဝယ်ယူလှူဒါန်းခဲ့ပါတယ်။ ဇူလိုင် ၃၁ ရက်မှာ OurSpringHeroes ကအသိပေးဖော်ပြပါတယ်။ အကြမ်းဖက်စစ်တပ်နှင့်ဖြစ်ပွါးခဲ့သော တိုက်ပွဲများအတွင်း Chin Defense Force - Kanpetlet မှ သူရဲကောင်းရဲဘော်များဖြစ်ကြတဲ့ 

- ဆလိုင်းထန်းအွမ် (22-4-2022 ရက်နေ့တွင်ကျဆုံးခဲ့) 

- ဆလိုင်းမနားကွီး (27-6-2022 ရက်နေ့တွင်ကျဆုံးခဲ့) 

- Salai Si Thu Aung (23-1-2021 အပေါ်ရွာနားတိုက်ပွဲတွင်ကျဆုံးခဲ့) 

- Salai Ling Om  (25-9-2021 လေယဉ်ကွင်းတွင်ကျဆုံးခဲ့) 

- Salai Aung Hone Mang (24-9-2021 မိုင်တိုက်ပွဲတွင်ကျဆုံးခဲ့) 

- Salai Ling Shwe (30-5 -2021 တာဝါတိုက်ပွဲတွင်ကျဆုံးခဲ့) 

- Salai Aung Ling  (30 -5 -2021 တာဝါတိုက်ပွဲတွင်ကျဆုံးခဲ့) တို့ဟာ 

တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း မွန်မြတ်စွာအသက်ပေးလှူသွား‌ခဲ့ရပါတယ်။ 


ဒီသူရဲကောင်းရဲဘော် ဦးရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့  Chin Defence Force - Kanpetlet က "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်အား ဝယ်ယူပြီးလှူဒါန်းပေးအပ် ဂုဏ်ပြုလိုက်တယ်လို့ဆိုပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူ မိသားစုအတွက် "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ကြောင်း လည်းသတင်းရရှိပါတယ်။


========================


📌📌 ၈။ မြို့လှ KPDF လှုပ်ရှားနယ်မြေအတွင်း မူးယစ်ဆေးဝါးများကို ဆက်စပ်ပစ္စည်းများနှင့်အတူ ပိုင်ရှင်များကိုပါ ဖမ်းဆီးရမိ


မြို့လှ KPDF လှုပ်ရှားနယ်မြေအတွင်း မူးယစ်ဆေးဝါးများကို ဆက်စပ်ပစ္စည်းများနှင့်အတူ ပိုင်ရှင်များကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက် MYOHLA K-PDF မှ တပ်ရင်းနယ်အတွင်း ဟင်းအွန်/ မြို့ကုန်း/ နောင်ပင်/ ခိုလိပ် / လိပ်ဆင်း/ မိုးစစ်/ရေလဲ/  စီသော် /စီငန်း ရွှေမှော်များပါမကျန် မူးယစ်ဆေးဝါးများကို ဆက်စပ်ပစ္စည်းများနှင့်အတူ ပိုင်ရှင်များကိုပါ ဖမ်းဆီးခဲ့ပါတယ်လို့ဆိုပါတယ်။ ဝယ်ရောင်းလုပ်သူများနှင့် စုံးစမ်းနေဆဲ မှုးယစ်ဆေးဝါး သားကောင်များအား အပြင်းအထန် သတိပေးခဲ့ပြီး ရပ်မိရပ်ဖများရှေ့တွင် ဝန်ခံကတိများ ပြုလုပ်ခိုင်းကာ ပထမ ဆုံးအကြိမ်အဖြစ် ပြန်လွတ်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။ နောက်နောင်များမှာလည်း လူညွှန့်တုန်းစေမည့် မှုးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်းများအား အလျှင်းသင့်သလို စုံစမ်းဖော်ထုတ် နှိမ်နှင်းသွားမယ်လို့ထုတ်ပြန်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment