1st AUG 2022 - Evening Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ခရိုင်အဆင့် တရားလွှတ်တော်ချုပ်တွေ ဖော်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ တိုင်ပင်နေ

📌 ၂။ နွေဦးတော်လှန်ရေးမှာ တောက်လျှောက်ကူညီခဲ့တဲ့ ပြည်ပရောက် ပြည်ထောင်စုသားများကို  အမျိုးသားညီညွတ်ရေးအစိုးရကဂုဏ်ထူးဆောင်နိုင်ငံသားပေးအပ်မယ်

📌 ၃။ လွတ်မြောက်ဒေသနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ပြည်သူ့ကျောင်းတက်တဲ့ ကျောင်းသား သောင်းနဲ့ ချီတိုးလာတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၄။ တပ်မ (၇၇) မှ စစ်သားများနှင့် ပျူစောထီး အင်အား (၁၀၀) ခန့်က ပုလဲမြို့နယ်ရှိရွာသားများကို သတ်ဖြတ်ခြင်းမှတ်တမ်းမှတ်ရာများ လူ့အခွင့်ရေးဝန်ကြီးဌာန ထုတ်ပြန်

📌 ၅။ မြိုင်မြို့နယ်အတွင်းအာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးပြည်သူများက ငွေသားများနဲ့ဝတ်ဆင်လာကြသော ရွှေနားဆွဲများ ရွှေနားကပ်များချွတ်၍ တော်လှန်ရေးအတွက်လှူဒါန်း

📌 ၆။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ခရိုင်အဆင့် တရားလွှတ်တော်ချုပ်တွေ ဖော်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ တိုင်ပင်နေ


ခရိုင်အဆင့် တရားလွှတ်တော်ချုပ်တွေ ဖော်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ တိုင်ပင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ကပြောပါတယ်။ ဇူလိုင် ၃၁ ရက် ညပိုင်း လူထုမေးမြန်းမှုများကိူ NUG ဖြေကြားမှုအစီအစဥ်မှာ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။


"သိပ်မကြာခင်မှာ ကျနော်တို့ ခရိုင်အဆင့်အနေနဲ့ တရားလွှတ်တော်ချုပ်တွေကို ဖော်ဆောင်ဖို့အတွက်တိုင်ပင်နေတာရှိပါတယ်။ စစ်ကောင်စီဘက်က ကျူးလွန်ထားတဲ့ပြစ်မှုတွေကို ခရိုင်အလိုက် မြို့နယ်အလိုက် အားလုံးစုစည်းထားတာရှိပါတယ်။ ကာယကံရှင်ကိုယ်တိုင် တိုင်ကြားထားတဲ့ တိုင်ကြားချက်ငါးရာလောက် နီးပါးရှိနေပြီဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ မြို့နယ် ၁၅ မြို့နယ်တွင် တရားသူကြီးအဖွဲ့များဖွဲ့စည်းကာ တရားရေးလုပ်ငန်းများဆောင်ရွက်ဖို့ ယာယီသမ္မတက အာဏာအပ်နှင်းပြီးဖြစ်ပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးမှာ တောက်လျှောက်ကူညီခဲ့တဲ့ ပြည်ပရောက် ပြည်ထောင်စုသားများကို  အမျိုးသားညီညွတ်ရေးအစိုးရကဂုဏ်ထူးဆောင်နိုင်ငံသားပေးအပ်မယ်


နွေဦးတော်လှန်ရေးမှာ တောက်လျှောက်ကူညီခဲ့တဲ့ ပြည်ပရောက် ပြည်ထောင်စုသားများကို  အမျိုးသားညီညွတ်ရေးအစိုးရကဂုဏ်ထူးဆောင်နိုင်ငံသားပေးအပ်မယ်လို့ ဇူလိုင်၃၁ရက် ညပိုင်းမှာပြုလုပ်တဲ့လူထုမေးမြန်းမှုများကိုNUGဖြေကြားမှုအစီအစဥ်မှာပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောကြားခဲ့တာဖြစ်ပါတယ်။


"​တော်လှန်ရေးမှာ တောက်လျှောက်ကူညီခဲ့တဲ့ ကျနော်တို့ရဲ့ ပြည်ထောင်စုသားတွေ ပါဝင်မှုတွေကို ကျနော်တို့ NUGအစိုးရကနေပြီးတော့ ခိုင်ခိုင်မာမာ အသိအမှတ်ပြုတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားတွေပေးမယ်။ဒါနဲ့ပတ်သတ်ပြီးတော့ ဒီအပတ်အတွင်းမှာ လုပ်ငန်းမူဘောင် ကိုအပြီးကြိုးစားနေပါတယ်။ရှေ့အပတ် အစိုးရအဖွဲ့အစည်းအဝေးမှာ ဒီပေါ်လစီကိုတင်ပြပြီးတော့ အတည်ပြုချက် ယူပါမယ်" လို့ ဝန်ကြီးကဆိုပါတယ်။


တော်လှန်ရေးတွင် ထဲထဲဝင်ဝင်ပါဝင်သော ပြည်ပရောက် ပြည်ထောင်စုသားများကို အခွန်ဆိုင်ရာ ရှုထောင့်အရလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စဥ်းစားသုံးသပ်နေပြီး သြဂုတ်လအတွင်း ဂုဏ်ထူးဆောင်နိုင်ငံသားပေးမှုအပါအဝင် အခြားအကြောင်းအရာများကိုပါ ပြည်သူလူထုထံချပြအသိပေးသွားမယ်လို့ ဝန်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ လွတ်မြောက်ဒေသနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ပြည်သူ့ကျောင်းတက်တဲ့ ကျောင်းသား သောင်းနဲ့ ချီတိုးလာတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


ဇူလိုင် ၃၁ ရက် ညပိုင်း လူထုမေးမြန်းမှုများကိူ NUG ဖြေကြားမှုအစီအစဥ်မှာ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလိုပြောပါတယ်။


"လွတ်မြောက် ေနတဲ့ဒေသတွေမှာ မြေပြင်မှာ စာတွေ သင်နိုင်တယ်။စာတွေသင်နေတာပဲ။အလားတူပဲ တိုင်းရင်းသား တော်လှန်ရေးဒေသတွေမှာလည်း ဟိုအရင်တုန်းကထက် ကျောင်းသားတွေများလာတာပဲ။ကျောင်းသား နှစ်ထောင်၊ သုံးထောင်ကနေ အခု တက်နေကြတာ ကျောင်းသား နှစ်သောင်း၊သုံးသောင်းရှိတယ်" လို့ ဝန်ကြီးကဆိုပါတယ်။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်နီဒေသများကျောင်းသားများတိုးပွားလာ၍ သင်ကြားရေးဝန်ထမ်းအသစ်များပင်ခေါ်ယူခန့်အပ်ရကြောင်း ဝန်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၄။ တပ်မ (၇၇) မှ စစ်သားများနှင့် ပျူစောထီး အင်အား (၁၀၀) ခန့်က ပုလဲမြို့နယ်ရှိရွာသားများကို သတ်ဖြတ်ခြင်းမှတ်တမ်းမှတ်ရာများ လူ့အခွင့်ရေးဝန်ကြီးဌာန ထုတ်ပြန်


တပ်မ (၇၇) မှ စစ်သားများနှင့် ပျူစောထီး အင်အား (၁၀၀) ခန့်က ပုလဲမြို့နယ်ရှိ ရွာသား၂၉ ဦးကိုသတ်ဖြတ်ခြင်းမှတ်တမ်းမှတ်ရာများ လူ့အခွင့်ရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်ပါတယ်။

 

"တိုင်းပြည်အေးချမ်းသာယာလျက်ရှိသည်လို့ မကြာခဏ ဟစ်ကြွေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ မြန်မာပြည် အလယ်ပိုင်း စစ်ကိုင်းတိုင်းမှာ စဉ်ဆက်မပြတ် အကြမ်းဖက်မှုတွေကို ကျူးလွန်နေဆဲ ဖြစ်ပါတယ်"လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ရွာသစ်ရွာ (တောင်ပိုင်း) ကျေးရွာက ရွာသား (၂၉) ဦး သတ်ဖြတ်ခံခဲ့ရပြီး ဒီအထဲမှာ အသက် (၁၅) နှစ်အရွယ် အသက်မပြည့်သေးသူတစ်ဦး ပါဝင်ခဲ့ပါတယ်။ ရွာသူရွာသားများရဲ့ ပိုင်ဆိုင်မှုများကိုလည်း အကြမ်းဖက်ဖျက်ဆီးမှုများရှိခဲ့ပါတယ်။ 

 

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီ က စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် () ခုကို အသေးစိတ်မှတ်တမ်းရရှိထားပြီး ထပ်မံ ကျုးလွန် ခံရတဲ့ ကျေးရွာများလည်း  ရှိတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာသတင်းအချက်အလက်တွေကို ပေးပို့တိုင်ကြားမယ်ဆိုရင် report@mohr.nugmyanmar.org သို့ ဆက်သွယ် သတင်းပေးပို့နိုင်ပါတယ်။


========================


📌📌 ၅။ မြိုင်မြို့နယ်အတွင်းအာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးပြည်သူများက ငွေသားများနဲ့ဝတ်ဆင်လာကြသော ရွှေနားဆွဲများ ရွှေနားကပ်များချွတ်၍ တော်လှန်ရေးအတွက်လှူဒါန်း


ဇူလိုင် ၃၁ ရက်နေ့မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ပြုလုပ်သော အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးမှာ ပြည်သူများက အခုလို လှူဒါန်းခဲ့တာလို့ BEGSC-MYAING ကပြောပါတယ်။


"မနေ့က ဇူလိုင်လ(၃၁)ရက်နေ့တွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ပြုလုပ်သော အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးတွင် ပြည်သူများက ငွေသားများအပြင် မိမိတို့ဝတ်ဆင်လာကြသော ရွှေနားဆွဲများ ရွှေနားကပ်များနှင့် ရွှေလက်စွပ်များကိုပါချွတ်၍ ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် ကြားကာလပညာရေးဖော်ဆောင်လျက်ရှိသော ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းအတွက် ကူညီထောက်ပံ့ခဲ့ကြတယ်"လို့ဆိုပါတယ်။ နားကပ်နှင့်နားဆွဲစုစုပေါင်း (၃၂) စုံ လက်စွပ် ()ကွင်းနှင့် ငွေသားစုစုပေါင်း သိန်း သောင်းကျပ်တိတိကို ထောက်ပံ့ခဲ့ကြပါတယ်။


========================


📌📌 ၆။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုပြုလုပ်


နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ကနေ ဦးဆောင်ပြီး ယနေ့ သြဂုတ်လ ရက်၊ နံနက်ပိုင်းက ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုကို "ခြွေလို့ရရင်ရမယ် နှင်းဆီနီဘယ်တော့မှ မကြွေဘူး" ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီ၏ မတရားသေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။


အဆိုပါလှုပ်ရှားမှုမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်မှုများပြိုင်တူဟစ်ကြွေးခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုမှာ LGBT အခြေခံပညာကျောင်းသူ/သားတွေနဲ့ လူငယ်အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့နဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်စေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်အတွင်း ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment