27th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၂၇ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုတို့အား တရားဥပဒေအရ ထိုက်တန်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ်အစည်းအဝေး ခေါ်ယူ

📌 ၂။ သယံ ဇာတစီမံအုပ်ချုပ်မှုမှ ဒဏ်ကြေးနှင့် အခွန်ငွေ သိန်းပေါင်း သုံးထောင်နီးပါး ရရှိလာခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြော

📌 ၃။ စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ပြုလုပ်တဲ့ တင်ဒါများဝင်ဆွဲသော လုပ်ငန်းရှင်များ တန်ဖိုးထက်၂ဆ ပြန်လည်ပေးသွင်းလျော်ရမယ်လို့ NUG အစိုးရသတိပေး

📌 ၄။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စု ပြန်လမ်းနောက်ဆုံးနေ့ ရွေးသွားပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၅။ NUG Pay ကမြန်မာ၊ ထိုင်း၊ UK စင်္ကာပူ ထပ်တိုး အေးဂျင့်များစာရင်းကြေညာ

📌 ၆။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ဦးအား သေဒဏ်ပေးမှုကို ကန့်ကွက်ခြင်းနှင့် ထိုင်းနိုင်ငံအစိုးရအနေနဲ့မြန်မာစစ်တပ်ကို ဆက်ဆံမှုမပြုလုပ်ရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားများဆန္ဒပြ

📌 ၇။ဇေယျာသော်စစ်ဆင်ရေးကိုကာကွယ်ရေးတပ်များပူးပေါင်းဆင်နွှဲရာ ပျူသုံးဦးနဲ့ စစ်သားလေးဦးသေ

📌 ၈။ ဒီမိုကရေစီတော်လှန်ရေးရဲဘော် () ဦးအတွက် ဒီမော့ဆို PDF နဲ့ ပူးပေါင်းအဖွဲ့များ စကစတပ်များကို စီးနင်းတိုက်ခိုက်ရာ စကစတပ်က သုံးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုတို့အား တရားဥပဒေအရ ထိုက်တန်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ်အစည်းအဝေး ခေါ်ယူ


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုတို့အား တရားဥပဒေအရ ထိုက်တန်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ က ပုံမှန်ကျင်းပနေကျ Cabinet အစည်းအဝေးကို ရပ်နားပြီး နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် အတွင်းဝန်များတက်ရောက်သော အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ဦးကျော်မင်းယု() ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ () ဦးအား အကြမ်းဖက်စစ်ကောင်စီက ပြစ်ဒဏ်စီရင်ဆောင်ရွ့က်ပြီးခဲ့ပြီဟု ထုတ်ပြန်ကြေညာ အတည်ပြုချက်ပေးခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအားလုံး၏ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိနေသည့် လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး စုစည်းညီညွတ်စွာဖြင့် စနစ်တကျ တုံ့ပြန်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။


ပြည်သူလူထုအား နည်းမျိုးစုံဖြင့် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ရုံသာမကပဲ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်များကို သွေးအေးစွာ သတ်ဖြတ်ပြခြင်းဖြင့် အဆုံးစွန်ဆုံးသော ရက်စက်မှုကို ပြသခဲ့သည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုတို့အား တရားဥပဒေအရ ထိုက်တန်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မိတ်ဖက်မဟာမိတ်အင်အားစုများအားလုံး ပူးပေါင်းကာ နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်း၊ စစ်ရေးနည်းလမ်း စသည့် နည်းလမ်းပေါင်းစုံသုံး၍ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်သွားနိုင်ရန် အလေးပေးဆွေးနွေးခဲ့ကြပါတယ်။ ကြေညာချက်တွေ၊ အစည်းအဝေးတွေရဲ့ နောက်မှာ တိကျခိုင်မာတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အသေအချာကို တွဲပါလာမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်းပြောပါတယ်။


========================


📌📌 ၂။ သယံ ဇာတစီမံအုပ်ချုပ်မှုမှ ဒဏ်ကြေးနှင့် အခွန်ငွေ သိန်းပေါင်း သုံးထောင်နီးပါး ရရှိလာခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြော


သယံ ဇာတစီမံအုပ်ချုပ်မှုမှ ဒဏ်ကြေးနှင့် အခွန်ငွေ သိန်းပေါင်း သုံးထောင်နီးပါး ရရှိလာခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR)ရဲ့(/၂၀၂၂) အစည်းအဝေးမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။


"မြေပြင်တွင် သယံဇာတစီမံအုပ်ချုပ်မှုများကို ပြည်သူဗဟိုပြုစနစ်ဖြင့်အကောင်အထည်ဖော်လျက်ရှိရာ ယခုအခါ မြို့နယ်များတွင် အတိုင်းအတာတစ်ခုအထိ နိုင်နိုင်နင်းနင်းဆောင်ရွက်လာနိုင်ပြီဖြစ်ပြီး သယံ ဇာတစီမံအုပ်ချုပ်မှုမှ ဒဏ်ကြေးနှင့် အခွန်ငွေ သိန်းပေါင်း သုံးထောင်နီးပါး ရရှိလာခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက်မှ (၇၀) ရာခိုင်နှုန်းကို သက်ဆိုင်ရာ မြို့နယ်များ၏ ပြန်လည်ထူထောင်ရေးနှင့် လူမှုဝန်ဆောင်မှု ကဏ္ဍများတွင် သုံးစွဲခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


နွေဦးတော်လှန်ရေးဟာ ပြည်သူမှ ပြည်သူသို့ ထောက်ပံ့ကူညီရင်း စစ်အာဏာရှင် တိုက်ထုတ်နေခြင်း ဖြစ်သကဲ့သို့ သယံဇာတကဏ္ဍမှလည်း အခွန်ဝင်ငွေများ ယခုထက် ပိုမိုရရှိနိုင်ရေး စနစ်တကျ ဆက်လက် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုတယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အကြမ်းဖက် စစ်ကောင်စီကလုပ်လို့ မီးရှို့ဖျက်ဆီးခံရတဲ့ စာသင်ကျောင်းနဲ့ ပြည်သူ့နေအိမ်များပြန်လည်တည်ဆောက်ရန် တိုင်၊ မျော၊ ဝါးတို့ကို အခွန်အခမဲ့ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ်လမ်းညွှန်မှာကြားခဲ့ပါတယ်။


"စစ်ကောင်စီက ပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းကဲ့သို့ စစ်ရာဇဝတ်မှု အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိရာ လုံခြုံဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်ကြရလျက်ရှိသည့် ပြည်သူများအတွက် ယာယီနေအိမ်များ တည်ဆောက်ရေးနှင့် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်၊ စာသင်ကျောင်းများအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ယာယီအဆောက်အဦများအနေဖြင့် တည်ဆောက်နိုင်ရန် လိုအပ်သော တိုင်၊ မျော၊ ဝါးတို့ကို အခွန်အခမဲ့ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးရန် လိုအပ်လာပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


သို့ဖြစ်ပါ၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် သက်ဆိုင်ရာမြို့နယ်များအနေဖြင့် သစ်တော ကဏ္ဍကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ပေးရန် လိုလာပါကြောင်း၊ လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်အကောင်အထည်ဖော်သွားရန် တိုက်တွန်းလိုတယ်လို့ဝန်ကြီးချုပ်ကထပ်မံပြောကြားပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ပြုလုပ်တဲ့ တင်ဒါများဝင်ဆွဲသော လုပ်ငန်းရှင်များ တန်ဖိုးထက်၂ဆ ပြန်လည်ပေးသွင်းလျော်ရမယ်လို့ NUG အစိုးရသတိပေး


ဇူလိုင် ၂၆ ရက်မှာစစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ပြုလုပ်သည့် တင်ဒါများနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်ကို NUG အစိုးရကထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီလက်အောက်ခံ မြန်မာ့သစ်လုပ်ငန်းနှင့်လုပ်ငန်းများပူးပေါင်းဆောင်ရွက်နေမည်ဆိုပါကအဓိကတာဝန်ရှိသော စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို နိုင်ငံတော်ပိုင် အလွဲသုံးစားမှုနဲ့အရေးယူမယ်လို့ဆိုပါတယ်။ ဒါ့အပြင် လုပ်ငန်းနဲ့လုပ်ငန်းရှင်များအား အမည်ပျက်စာရင်းရေးသွင်းခြင်းနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ပိတ်သိမ်းခြင်း၊လုပ်ငန်းဆောင်ရွက်စဥ်ကပေးချေခဲ့သော တန်ဖိုးနှစ်ဆအား ပြန်လည်ပေးလျော်စေပြီးခိုးရာပါ လက်ခံမှုနဲ့အမှုဖွင့်ဆောင်ရွက်မယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စု ပြန်လမ်းနောက်ဆုံးနေ့ ရွေးသွားပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဇူလိုင် ၂၅ ရက်နေ့က သတင်းမီဒီယာတစ်ခုက မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကမင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စု ပြန်လမ်းနောက်ဆုံးနေ့ ရွေးသွားပြီလို့ ပြောကြားလိုက်ပါတယ်။


"မင်းအောင်လှိုင်နဲ့ စကစအပေါင်းအပါတစ်စု မပြန်လမ်း နောက်ဆုံးနေ့ ရွေးသွားပြီလို့ ကျနော်ပြောချင်ပါတယ်။ကျနော်တို့တတွေ ပိုမိုပြီး ရန်၊ငါ ပြတ်သွားပါစေတယ်။ရန်၊ ငါလုံးဝပြတ်သွားပြီလို့ ပြောလို့ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်မှု ပြီးစီးကြောင်း ဇူလိုင်၂၅ရက်မှာထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ NUG Pay ကမြန်မာ၊ ထိုင်း၊ UK စင်္ကာပူ ထပ်တိုး အေးဂျင့်များစာရင်းကြေညာ


NUG Pay ကမြန်မာ၊ ထိုင်း၊ UK စင်္ကာပူ ထပ်တိုး အေးဂျင့်များစာရင်းကြေညာပါတယ်။ ဇူလိုင်၂၆ ရက်မှာ NUG Pay ကသတင်းထုတ်ပြန်ခဲ့တာပါ။


"မြန်မာ၊ ထိုင်း၊ UK စင်္ကာပူ ထပ်တိုး အေးဂျင့်များအား ထည့်သွင်း ကြေညာထားပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်း၌ နေထိုင်သူ မိဘပြည်သူများအနေဖြင့် အေးဂျင့်များထံ၌လည်းကောင်း၊ KPICT-NUG ပူးပေါင်းသည့် SUMBU_KPICT-NUGPay လည်းကောင်း activation code များ ဝယ်ယူရရှိနိုင်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိစမ်းသပ်ကာလ၌ NUGPay အေးဂျင့်များသည် ကန့်သတ်အရေအတွက်ဖြင့်သာ activation code များ ရောင်းချနိုင်သည့်အတွက် ဝယ်ယူမရနိုင်သည့် အခြေအနေအချို့ ရှိနိုင်၍ ၄င်းအဆင်မပြေမှုအတွက် တောင်းပန်အပ်တယ်လို့လည်း NUGPayကဆိုပါတယ်။ NUGPay Agent များထံမှ Activation Code များကို ဝယ်ယူရရှိနိုင်မည် ဖြစ်ပြီး လက်ရှိ Pilot ကာလ၌ Agent တစ်ဦးသည် Wallet (၁၀) ခုကိုသာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၆။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ဦးအား သေဒဏ်ပေးမှုကို ကန့်ကွက်ခြင်းနှင့် ထိုင်းနိုင်ငံအစိုးရအနေနဲ့မြန်မာစစ်တပ်ကို ဆက်ဆံမှုမပြုလုပ်ရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားများဆန္ဒပြ


ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ၄ဦးအား သေဒဏ်ပေးမှုကို ကန့်ကွက်ခြင်းနှင့် ထိုင်းနိုင်ငံအစိုးရအနေနဲ့မြန်မာစစ်တပ်ကို ဆက်ဆံမှုမပြုလုပ်ရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားများဆန္ဒပြခဲ့ကြပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြမှုကို မြန်မာနိုင်ငံသားများက လူဦးရေ ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။


စစ်ကောင်စီမှ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ဦးကို သေဒဏ်ပေး ကွပ်မျက်မှုအား ကန့်ကွက်ကြောင်းနဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကိုလက်မခံကြောင်း ဟစ်ကြွေးခဲ့ကြပါတယ်။ အဲ့ဒီဆန္ဒပြမှုကိုတော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ သေဒဏ်ပေးမှုကိုလက်မခံနိုင်တဲ့ ထိုင်းနိုင်ငံသားများပါတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၇။ဇေယျာသော်စစ်ဆင်ရေးကိုကာကွယ်ရေးတပ်များပူးပေါင်းဆင်နွှဲရာ ပျူသုံးဦးနဲ့ စစ်သားလေးဦးသေ


ဇေယျာသော်စစ်ဆင်ရေးကိုကာကွယ်ရေးတပ်များပူးပေါင်းဆင်နွှဲရာ ပျူသုံးဦးနဲ့ စစ်သားလေးဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့က ပေါက်တောင်ပိုင်း စစ်ကောင်စီတပ်စွဲထားသော တပ်ကုန်းရွာ ပျူရွာတစ်ရွာကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှစီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Yaw Defense Force - SAW ကဆိုပါတယ်။


"ဇူလိုင်လ ၂၆ ရက်နေ့က ပေါက်တောင်ပိုင်း စစ်ကောင်စီတပ်စွဲထားသော တပ်ကုန်းရွာ ပျူရွာတစ်ရွာကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ  ဒီမိုက‌ရေစီအတွက် တိုက်ပွဲဝင်သော  အင်အားစုများအား စစ်ကောင်စီမှ မတရားစီရင်ချက်ချခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့်ဇေယျာသော်စစ်ဆင်ရေးအဖြစ်  ပျူ ၃ဦး နှင့် စစ်ကောင်စီ  တပ်သား ၄ဦးအားတိုက်ခိုက်ခဲ့ရာသေဆုံးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


တိုက်ခိုက်မှုအပြီးသိမ်းဆည်းရရှိခဲ့သော ပစ္စည်းများ မှာ Shotgun လက်၊ Uzi ကျည် 24 တောင့်၊ G-3ကျည် 3 တောင့်၊ 5.56 ကျည် 69 တောင့်၊ ကပစ ၁၂ ကျည် 29 တောင့်နှင့် လက်ပစ်ဗုံး လုံးတို့ကို တပ်ပေါင်းစုမှ သိမ်းဆည်းရရှိခဲ့ပါတယ်။ ဇေယျာသော် 'စစ်ဆင်ရေး(Operation Zayar Thaw) ကို ပူးပေါင်းဆင်နွှဲခဲ့သော မဟာမိတ်တပ်ပေါင်းစုများမှာ ပေါက်တောင်ပိုင်း ပျောက်ကြားတပ်-SPGF YDF Saw တပ်ရင်း - ၉၊ ၁၀၊ Yenangyang PDF တပ်ရင်း (၇၁၂) PPC Pauk PDF တပ်ရင်း -၄၊ Pauk PDF တပ်ရင်း -၆၊CAF -Spu pdf Young Revolution Front - YRF တို့ဖြစ်ပါတယ်။


📌📌 ၈။ ဒီမိုကရေစီတော်လှန်ရေးရဲဘော် () ဦးအတွက် ဒီမော့ဆို PDF နဲ့ ပူးပေါင်းအဖွဲ့များ စကစတပ်များကို စီးနင်းတိုက်ခိုက်ရာ စကစတပ်က သုံးဦးသေဆုံး


ဒီမိုကရေစီတော်လှန်ရေးရဲဘော် () ဦးအတွက် ဒီမော့ဆို PDF နဲ့ ပူးပေါင်းအဖွဲ့များ စကစတပ်များကို စီးနင်းတိုက်ခိုက်ရာ စကစတပ်က သုံးဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင်လ (၂၆) ရက်နေ့ မွန်းလွဲ (၀၃း၂၀) နာရီမှ (၀၄း၃၀) နာရီ နာရီကျော်ကြာအောင် သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဒီးမော့ဆို DMO-Local PDF ကပြောပါတယ်။


"ဇူလိုင်လ (၂၅) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဒီမိုကရေစီ ရဲဘော် () ဦးဖြစ်သော ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးသူရဇော်နှင့် ဦးလှမျိုးအောင်အား ကြိုးမိန့်ဖြင့် အသေသတ်ဖြတ်ခဲ့ခြင်းဟာ ဒီးမော့ဆို DMO-Local PDF အနေဖြင့် လုံးဝလုံးဝလက်သင့်မခံနိုင်သဖြင့် လူ့အခွင့်အရေးဆိုင်ရာ အခွင့်အရေးအမျိုးမျိုးကို ချိုးဖောက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ပြင်းထန်စွာဆက်လက်ရှုံချနေဆဲဖြစ်ပါတယ်။ ထို့ကြောင့် မတရားကြိုးမိန့်ပေးခံခဲ့ရသည့် ဒီမိုကရေစီ ရဲဘော် () ဦးအတွက် လက်တုန့်ပြန်တိုက်ခိုက်နိုင်ရန်အတွက် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ ပြည်သူများ၏နေအိမ်၌ စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်းစီအား တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။


တိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-Local PDF အလယ်ပိုင်းတိုင်းလက်အောက်ရှိ ၁၁၀၂ တပ်ရင်းနှင့် ၁၁၀၆ တပ်ရင်းတို့ ပူပေါင်းကာ ဇူလိုင်လ (၂၆) ရက်နေ့ မွန်းလွဲ (၀၃း၂၀) နာရီမှ (၀၄း၃၀) နာရီ နာရီကျော်ကြာအောင် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုမှာ ဒီမိုကရေစီတော်လှန်ရေးရဲဘော် () ဦးအတွက် ရည်စူးကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား () ဦးကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာအများအပြားရရှိအောင်လည်းပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ DMO-Local PDF ဖက်မှလည်း ရဲဘော် () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment