28th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မင်းအောင်လှိုင်ဟာ ဘယ်တော့မှ ကတိကဝတ်ပြုမဲ့သူမဟုတ်ဘူးဆိုတာကို အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနားလည်ထားရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဆို

📌 ၂။ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ကာကွယ်ရေးဝန်ကြီး ကတိပြု

📌 ၃။ သူရဲကောင်းလေးယောက် ဖြစ်စေချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ဒေါသတွေကို အားအင်အဖြစ်ပြောင်းလဲပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

📌 ၄။  နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် CRPH တို့ တွေ့ဆုံ၍ ဆက်သွယ်ဆက်ဆံရေးကဏ္ဍအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး

📌 ၅။ ကိုဂျင်မီ ကိစ္စကို အကြောင်းပြုပြီး အလှူခံတာမျိုးတွေကြားသိနေရတဲ့အတွက် ကူငွေလက်မခံဘဲ တော်လှန်ရေးအတွက်သာ လှူပါလို့ မနီလာသိန်းပြောကြား

📌 ၆။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွင်းမှာ ထိန်းသိမ်းခံနေရသူ (၇၄) ဦး တို့ကိုထပ်မံ၍ တရားလက်လွတ်သတ်ဖြတ်ခံရမယ့် အလားအလာများရှိနေတယ်လို့ AAPP ထုတ်ပြန်

📌 ၇။ "တရားသူသာ နိုင်ကြေးဟေ့" ဘန်နာကိုင်ဆောင်သော စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အိမ်စီးကားဖြင့် ဖြိုခွင်းခံရသော်လည်း အထိအခိုက်မရှိ လူငယ်များလွတ်မြောက်

📌 ၈။ ရန်ကုန်မြို့မှာရှိတဲ့ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ရဲ့ နေအိမ်တွေကို Light Truck ကားတွေနဲ့ရောက်လာတဲ့ လူတစ်စုက ပြည်သူ့သဘောထားနဲ့ဆန့်ကျင်ကာ နေအိမ်ကိုခဲများနဲ့ပစ်ပေါက်၍ အော်ဟစ်ဆဲဆို

📌 ၉။ ဒဂုံဘီယာများကို ဇိုမီး PDF နှင့် ကလေးမြို့ရဲတပ်ဖွဲ့ (KPS) တို့ ပူးပေါင်းသိမ်းဆည်းကာဖျက်ဆီး

📌 ၁၀။ CDF ကန်ပက်လက်မှ သူရဲကောင်းလေးဦးအတွက် စစ်ဆင်ရေးဖော်ဆောင်ရာ အကြမ်းဖက် စစ်တပ်မှလေးဦးသေဆုံး

📌 ၁၁။ ခင်ဦးမြို့နယ်၊ မကျီးအုပ်ကျေးရွာအနီး အကြမ်းဖက် စစ်တပ်ပစ်ခတ်၍ လူငယ်တစ်ဦးကျည်ထိမှန်မှုကို ဒေသခံရွာသားက ဆေးရုံလိုက်ပို့ရာ လမ်းတွင် စကစတပ်ကထပ်မံပစ်ခတ်သောကြောင့် နှစ်ဦးစလုံးသေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မင်းအောင်လှိုင်ဟာ ဘယ်တော့မှ ကတိကဝတ်ပြုမဲ့သူမဟုတ်ဘူးဆိုတာကို အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနားလည်ထားရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဆို


မင်းအောင်လှိုင်ဟာ ဘယ်တော့မှ ကတိကဝတ်ပြုမဲ့သူမဟုတ်ဘူးဆိုတာကို အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနားလည်ထားရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဇူလိုင်လအတွင်းမှာ ဆိုလိုက်တာပါ။


"ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့၏ ဂုဏ်သတ္တိကို အလေးပြုရင်း စကစရဲ့အကြမ်းဖက်လုပ်ရပ်ကြောင့် အခြားအသက် ၁၅၀၀၀ ကျော်ဆုံးရှုံးခဲ့ရတာကို သတိရမိပါတယ်။မင်းအောင်လှိုင်ဟာ ဘယ်တော့မှ ကတိကဝတ်ပြုမှာ မဟုတ်ဘူးဆိုတာကို အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနားလည်ထားရမယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ဟာ ကျရှူံးသွားပြီလို့ဝန်ကြီးကဆိုထားပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ကာကွယ်ရေးဝန်ကြီး ကတိပြု


နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဇူလိုင် ၂၆ ရက် လူမှုကွန်ရက်မှာ  ကတိပြုရေးသားပြောကြားခဲ့ပါတယ်။


"တမလွန်က ရဲဘော်များစိတ်ချပါ"လို့ဝန်ကြီးကဆိုပါတယ်။ ဇူလိုင် ၂၅ ရက်နေ့ကလည်း မင်းအောင်လှိုင်ကို ဖမ်းမိပြီး တရားစီရင်လို့မပြီးမချင်း နွေဦးတော်လှန်ရေးမပြီးဘူးလို့ ကာကွယ်ရေးဝန်ကြီးကဆိုထားပါတယ်။ လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို အမိန့်ပေးကွပ်ကဲမှု စနစ်တည်ဆောက်နေပြီး တိုက်ပွဲဝင်ဖို့အတွက် စီမံချက်များရေးဆွဲရန်ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ သူရဲကောင်းလေးယောက် ဖြစ်စေချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ဒေါသတွေကို အားအင်အဖြစ်ပြောင်းလဲပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း


သူရဲကောင်းလေးယောက် ဖြစ်စေချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ဒေါသတွေကို အားအင်အဖြစ်ပြောင်းလဲပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇူလိုင်နောက်ဆုံးပတ်အတွင်း သတင်းဌာနတစ်ခုသို့ ဖြေကြားရာမှာ ပြောကြားလိုက်တာပါ။


"ဒီကျနော်တို့ရဲ့ဆူနေတဲ့သွေးတွေနဲ့ ဒေါသတွေကို တော်လှန်ရေးအတွက် အသုံးချရမှာဖြစ်ပါတယ်။ တော်လှန်ရေးအတွက်ကို အသုံးပြီး ကိုဂျင်မီတို့၊ ကိုဖြိုးဇေယျာသော်တို့၊ကိုလှမျိုးအောင်တို့၊ကိုအောင်သူရဇော်တို့ဖြစ်စေချင်တဲ့ စစ်အာဏာရှင် မရှိတဲ့ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ အတွက် အားတွေအဖြစ်ပြောင်းရမှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင်နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် ငွေအား၊လူအားလိုအပ်မှာဖြစ်ပြီးတော့ ပြည်သူလူထုအနေနဲ့ယခုအချိန်မှာ အစွမ်းကုန်ပါဝင် ဖြည့်ဆည်းဖို့ကိုလည်း ဝန်ကြီးကထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၄။  နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် CRPH တို့ တွေ့ဆုံ၍ ဆက်သွယ်ဆက်ဆံရေးကဏ္ဍအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး


နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် CRPHတို့ တွေ့ဆုံ၍ ဆက်သွယ်ဆက်ဆံရေးကဏ္ဍအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့၊ မွန်းလွဲ :၃၀ အချိန် ဗီဒီယိုကွန့်ဖရင့်ဖြင့် တွေ့ဆုံ၍ CRPH ပြင်ပဆက်ဆံရေးကဏ္ဍ နှင့်ဆက်သွယ်‌ရေးနည်းပညာကဏ္ဍတို့ အပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေး၌ သတင်းနှင့် ပြန်ကြားရေးကော်မတီ ဥက္ကဌ ဒေါက်တာ ဝေဖြိုးအောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်းနှင့် အတွင်းရေးမှူး ဦးတင်ကိုကိုဦး၊ IPU မှ တာဝန်ရှိသူများနှင့် အကူအညီ‌ပေးရေး အစီအစဉ်တွင် ပါဝင်မည့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပါတယ်။


IPU နှင့် မြန်မာလွှတ်တော်တို့အကြား သဘောတူညီထားတဲ့အကူအညီပေးရေးစီမံကိန်းအရ CRPH လုပ်ငန်းများ အားကောင်းလာစေရန် နိုင်ငံတကာ/သံတမန်ဆက်ဆံရေး၊ နည်းပညာကဏ္ဍတို့ အပါအဝင်  နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွေ့ကျသော ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုတို့ ပိုမိုဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။


========================


📌📌 ၅။ ကိုဂျင်မီ ကိစ္စကို အကြောင်းပြုပြီး အလှူခံတာမျိုးတွေကြားသိနေရတဲ့အတွက် ကူငွေလက်မခံဘဲ တော်လှန်ရေးအတွက်သာ လှူပါလို့ မနီလာသိန်းပြောကြား


ကိုဂျင်မီ ကိစ္စကို အကြောင်းပြုပြီး အလှူခံတာမျိုးတွေကြားသိနေရတဲ့အတွက် ကူငွေလက်မခံဘဲ တော်လှန်ရေးအတွက်သာ လှူပါလို့ မနီလာသိန်းပြောကြားလိုက်ပါတယ်။ ဇူလိုင် ၂၇ ရက် လူမှုကွန်ရက်မှာ ကိုဂျင်မီရဲ့ဇနီးဖြစ်သူ မနီလာသိန်းကရေးသားပြောပါတယ်။


"ကျမတခုပြောပါရစေ။ နာရေးမလုပ်ဘူး။ ဆွမ်းမသွပ်ဘူး။ အမျှမဝေဘူး။ ကိုဂျင်မီ ကိစ္စကို အကြောင်းပြုပြီး အလှူခံတာ လုပ်တာမျိုး၊ နာရေးအခမ်းအနား လုပ်တာမျိုးဟာ ဘယ်နိုင်ငံမှာပဲ လုပ်လုပ် ကျမနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိသလို ကိုဂျင်မီ့ကို အကြောင်းပြုပြီး အလှူခံတာမျိုးတွေ ရှိနေတယ်လို့ ကြားသိနေရတယ်။ကျမအတွက်ကူငွေမလိုဘူး။ လုံးဝလုံးဝလက်မခံပါ။ တော်လှန်ရေးအတွက်ဘဲ ကူပါ လှုပါ။ ပြိုင်တူတွန်းကြပါ။ ရုန်းကြပါ"လို့ ဆိုပါတယ်။


ဇူလိုင်လ (၂၅) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဒီမိုကရေစီ ရဲဘော် () ဦးဖြစ်သော ဦးဖြိုးဇေယျာသော်၊ဦးဂျင်မိ၊ဦးသူရဇော်နှင့်ဦးလှမျိုးအောင်အား စီရင်ပြီးကြောင်းထုတ်ပြန်ပါတယ်။ သို့သော် စီရင်မှုအားမိသားစုဝင်များအား အကြောင်းမကြားဘဲ၊ သွားရောက်မေးမြန်းအတည်ပြုရာ အင်းစိန်ဒုထောင်ပိုင်က အတည်ပြုခဲ့ပြီး ရုပ်အလောင်းကိုလည်း မရှိဘူးလို့ ဆိုခဲ့ပါတယ်။


========================


📌📌 ၆။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွင်းမှာ ထိန်းသိမ်းခံနေရသူ (၇၄) ဦး တို့ကိုထပ်မံ၍ တရားလက်လွတ်သတ်ဖြတ်ခံရမယ့် အလားအလာများရှိနေတယ်လို့ AAPP ထုတ်ပြန်


နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွင်းမှာ ထိန်းသိမ်းခံနေရသူ (၇၄) ဦး တို့ကိုထပ်မံ၍ တရားလက်လွတ်သတ်ဖြတ်ခံရမယ့် အလားအလာများရှိနေတယ်လို့ AAPP ကထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၇ ရက်နေ့မှာနွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ အကျဉ်းထောင်တွင်း၌ ထိန်းသိမ်းခံထားရတဲ့ သေဒဏ်ချမှတ်ခံထားရသူများစာရင်းကို AAPP ကထုတ်ပြန်ခဲ့ပါတယ်။


"အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုဂျင်မီ () ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ () ဦးကို တရားလက်လွတ် သတ်ဖြတ်ခဲ့ပြီး တိကျသောထုတ်ပြန်မှုမျိုး မရှိခဲ့ပါ။ အကျဉ်းထောင်လက်စွဲဥပဒေအရဆိုလျှင် ဥပဒေပုဒ်မ ၁၀၂၇ အရ သေဒဏ်ကွပ်မျက်ခံရသူများအား မီးသဂြိုဟ်ခွင့်မရှိဘဲ သင်္ချိုင်းမြေနေရာများတွင် မှတ်တိုင်စိုက်ထူ၍  သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် သေဆုံးသည့် နေ့ရက်တို့ကို ရေးသားဖော်ပြ၍ မြှုပ်နှံရမှာဖြစ်ပါတယ်။ထိုသို့ လုပ်ဆောင်ရန်ပျက်ကွက်ခြင်းဟာ လူသတ်အလောင်းဖျောက်ခြင်းမြောက်ပေတယ်"လို့ AAPP ကဖော်ပြပါတယ်။


ထို့အပြင် ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်ထိ စုဆောင်းကောက်ယူထားသည့်အချက်အလက်များအရ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွင်း၌ ထိန်းသိမ်းခံနေရသူ (၇၄) ဦး တို့သည်လည်း ထပ်မံ၍ တရားလက်လွတ်သတ်ဖြတ်ခံရမည့် အလားအလာများရှိနေတယ်လို့AAPPကဆိုပါတယ်။


========================


📌📌 ၇။ "တရားသူသာ နိုင်ကြေးဟေ့" ဘန်နာကိုင်ဆောင်သော စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အိမ်စီးကားဖြင့် ဖြိုခွင်းခံရသော်လည်း အထိအခိုက်မရှိ လူငယ်များလွတ်မြောက်


"တရားသူသာ နိုင်ကြေးဟေ့"ဘန်နာကိုင်ဆောင်သောစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အိမ်စီးကားဖြင့် ဖြိုခွင်းခံရသော်လည်း အထိအခိုက်မရှိ လူငယ်များလွတ်မြောက်သွားခဲ့ပါတယ်။ ဇူလိုင်၂၇ ရက်မှာ ရန်ကုန်မြို့တနေရာမှာ လူငယ်များဆန္ဒထုတ်ဖော်ပြသစဥ် စကစဘက်က ကားနဲ့တိုက် ဖမ်းဆီးခဲ့တာလို့ လူငယ်များသမဂ္ဂ- ဗဟို သတင်းပြန်ကြားရေးကဆိုပါတယ်။


"ဇူလိုင် ၂၇ရက်  "တရားသူသာ နိုင်ကြေးဟေ့" စာသားပါ စာတန်းဖြင့် အကြမ်းဖက်စစ်တပ် မတရားသဖြင့် ကြိုးပေးသတ်ဖြတ်မှု များကို ကန့်ကွက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ပြသစဥ် အိမ်စီးကားဖြင့် ဝင်ရောက် ဖြိုခွင်းခဲ့တာဖြစ်ပါတယ်"လို့ဆိုပါတယ်။ လူငယ်များကြွေးကြော်နေစဥ် လမ်းအကွေ့မှ ရုတ်တရက် ဝင်တိုက်ခြင်းဖြစ်ပြီး ကားပေါ်မှ အင်္ကျီ အပြာကွက် နှင့် ပုဆိုး အပြာရောင် ဝတ်စဥ်ထားသူ လူတစ်ဦးမှ ဆင်းကာ လိုက်လံဖမ်းဆီးခဲ့သော်လည်း လျှင်မြန်စွာ ရှောင်ပြေးနိုင်ခြင်းကြောင့် လူငယ်များအထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြပါတယ်။


========================


📌📌 ၈။ ရန်ကုန်မြို့မှာရှိတဲ့ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ရဲ့ နေအိမ်တွေကို Light Truck ကားတွေနဲ့ရောက်လာတဲ့ လူတစ်စုက ပြည်သူ့သဘောထားနဲ့ဆန့်ကျင်ကာ နေအိမ်ကိုခဲများနဲ့ပစ်ပေါက်၍ အော်ဟစ်ဆဲဆို


ရန်ကုန်မြို့မှာရှိတဲ့ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ရဲ့ နေအိမ်တွေကို Light Truck ကားတွေနဲ့ရောက်လာတဲ့ လူတစ်စုက ပြည်သူ့သဘောထားနဲ့ဆန့်ကျင်ကာ နေအိမ်ကိုခဲများနဲ့ပစ်ပေါက်၍ အော်ဟစ်ဆဲဆိုခဲ့ပါတယ်။ ဇူလိုင်၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်မှာ ကိုဇေယျာသော်နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းက နေအိမ်ကို လူတစ်စုကကားများနဲ့ရောက်လာကာလမ်းမပေါ်မှ အော်ဟစ်ဆဲဆိုပြီးခဲများနဲ့အိမ်ကိုပေါက်ခဲ့ပါတယ်။


ထို့အတူပဲအင်းစိန်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ လမ်းမှာရှိတဲ့ ဂျင်မီရဲ့ နေအိမ်ကိုလည်း Light Truck ကားများနဲ့လူတစ်စုရောက်လာကာ လူမိုက်သဖွယ် အော်ဟစ်စိန်ခေါ်ကာ ဆဲဆိုပြောကြားခဲ့ပါတယ်။ အဆိုပါလုပ်ရပ်များကို တားဆီးသူမဲ့ခဲ့ပြီး ယင်းလူအုပ်ထဲတွင် စကစခန့်အခြားမြို့နယ်မှ အုပ်ချုပ်ရေးမှူးအချို့ပါဝင်ကြောင်း သတင်းအရင်းအမြစ်တချို့ကအတည်ပြုပါတယ်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ဦးကို သေဒဏ်ပေး ကွပ်မျက်မှုအားဇူလိုင် ၂၅ ရက်နေ့မှာအကြမ်းဖက် စကစဟာထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၉။ ဒဂုံဘီယာများကို ဇိုမီး PDF နှင့် ကလေးမြို့ရဲတပ်ဖွဲ့ (KPS) တို့ ပူးပေါင်းသိမ်းဆည်းကာဖျက်ဆီး


ဒဂုံဘီယာများကို ဇိုမီး PDF နှင့် ကလေးမြို့ရဲတပ်ဖွဲ့ (KPS) တို့ ပူးပေါင်းသိမ်းဆည်းကာဖျက်ဆီးခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက် လမ်းပိုင်းကို စစ်ဆေးနေစဥ်မှာ ကုန်တင်လာတဲ့ကားတစ်စီးမှာ ဒဂုံဘီယာများကိုစ်ဆေးတွေ့ရှိတယ်လို့ ဇိုမီး PDF ကဆိုပါတယ်။


ကားနှင့် ကားမောင်းသမားကို ပြန်လည်လွှတ်ပေးသော်လည်း စစ်ကောင်စီ ထုတ်ကုန်ဘီယာများကို လမ်းမပေါ်မှာဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ နောက်နောင်တွင် စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာပါက ကားသမားကိုပါအရေးယူမယ်လို့ ဇိုမီး PDF ကထုတ်ပြန်ပါတယ်။


========================


📌📌 ၁၀။ CDF ကန်ပက်လက်မှ သူရဲကောင်းလေးဦးအတွက် စစ်ဆင်ရေးဖော်ဆောင်ရာ အကြမ်းဖက် စစ်တပ်မှလေးဦးသေဆုံး


CDF ကန်ပက်လက်မှ သူရဲကောင်းလေးဦးအတွက် စစ်ဆင်ရေးဖော်ဆောင်ရာ အကြမ်းဖက် စစ်တပ်မှလေးဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင် ၂၇ ရက် မှာ စစ်ရေးသတင်းကို Chin Defense Force Kanpetlet ကဆိုပါတယ်။


"ဇူလိုင်၂၇ရက်နေ့တွင်  CDF-Kanpetlet အနေဖြင့် စစ်ကောင်စီမှ မတရားကြိုးပေးကွက်မျက်ခဲ့သည့်ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော် နှင့်ကိုလှမျိုးအောင်တို့အတွက် တရားမျှတမှု ပြန်လည်ရယူရန် စစ်ဆင်ရေးဖော်ဆောင်ခဲ့ပါတယ်။"လို့ ဆိုပါတယ်။


ရဲဘော်များမှ စစ်ကြောင်း ခုခွဲ၍ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးရုံးနှင့် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတို့တွင် တပ်စွဲထား သော စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာ ရဲ ()ဦး၊ စစ်သား ()ဦး၊ စုစုပေါင်း () ဦးသေဆုံး၍ စစ်သား () ဦးဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲကြာမြင့်ချိန်မှာ ၁၂:၂၅ အချိန်မှ :၂၀ အချိန်ထိ ဖြစ်ပြီးရဲဘော်များဘက်မှ တစ်စုံတစ်ရာ အကျအဆုံးမရှိခဲ့ပါ။


အကြမ်းဖက်စစ်ကောင်စီမှ ယခုကဲ့သို့ မတရားကြိုးမိန့်ပေးခြင်းအပါအဝင်၊ စစ်ရာဇဝတ်မှုများကို ဆက်လက်လုပ်ဆောင်နေပါက မိမိတို့ CDF-Kanpetlet အနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ (MOD) CJDC တို့၏ လမ်းညွှန်ချက်များကို လိုက်နာ၍ မြို့တွင်း စစ်ဆင်ရေးများကို အရှိန်မြှင့်တင်‌ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၁၁။ ခင်ဦးမြို့နယ်၊ မကျီးအုပ်ကျေးရွာအနီး အကြမ်းဖက် စစ်တပ်ပစ်ခတ်၍ လူငယ်တစ်ဦးကျည်ထိမှန်မှုကို ဒေသခံရွာသားက ဆေးရုံလိုက်ပို့ရာ လမ်းတွင် စကစတပ်ကထပ်မံပစ်ခတ်သောကြောင့် နှစ်ဦးစလုံးသေဆုံးခဲ့


ခင်ဦးမြို့နယ်၊ မကျီးအုပ်ကျေးရွာအနီး အကြမ်းဖက် စစ်တပ်ပစ်ခတ်၍ လူငယ်တစ်ဦးကျည်ထိမှန်မှုကို ဒေသခံရွာသားက ဆေးရုံလိုက်ပို့ရာ လမ်းတွင် စကစတပ်ကထပ်မံပစ်ခတ်သောကြောင့် နှစ်ဦးစလုံးသေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မကျီးအုပ်ကျေးရွာအနီးကို စစ်သား ၈၀ ခန့်ရှိသော စစ်ကြောင်းတစ်ခု ရောက်ရှိလာခဲ့ပြီး ပစ်ခတ်သောကြောင့် အသက် ၁၄ နှစ်အရွယ် မောင်ခန့်ခန့်ငြိမ်း လက်နှင့် ရင်ဘတ်တွင် ကျည်ထိမှန်ခဲ့တယ်လို့ AAPPကဖော်ပြပါတယ်။


ဒဏ်ရာပြင်းထန်သောကြောင့် ဒေသခံရွာသား ဦးဌေးဟာ မောင်ခန့်ခန့်ငြိမ်းနှင့် ၎င်း၏မိခင်ဖြစ်သူကို လူနာတင်ကားပေါ်တင်၍ ဆေးရုံသို့သွားရန် ရွာမြောက်ပိုင်းမှ ထွက်ခွာစဉ် စစ်သားများနှင့် ထိပ်တိုက်တိုး၍ ပစ်ခတ်ခြင်းခံခဲ့ရပြီး ဦးဌေးမှာ ရင်ဘတ်၊ ပေါင်နှင့် တင်ပါးဆုံတို့တွင် ကျည်ဒဏ်ရာ အများအပြားရရှိကာ နေရာတွင်ပင် သေဆုံးသွားခဲ့ပါတယ်။


မောင်ခန့်ခန့်ငြိမ်းမှာလည်း ၁၅ မိနစ်အခန့်အကြာတွင် သေဆုံးသွားခဲ့ပါတယ်။ ထို့ပြင် စစ်သားများမှ မောင်ခန့်ခန့်ငြိမ်း၏မိခင်ဖြစ်သူကို ကားပေါ်မှ ဆင်းခိုင်းကာ မြေပြင်တွင် ဝမ်းလျားမှောက်စေပြီး မျက်နှာကို ကန်ကျောက်ခဲ့တယ်လို့ဆိုပါတယ်။ လူနာတင်ကားကိုလည်းစကစတပ်များက ယူဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







Share:

No comments:

Post a Comment