၂၀၂၂ ဇူလိုင်လ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးလက်နက်ကိုင်အင်အားစုအချင်းချင်း ညီညွတ်ကြဖို့နဲ့ အမိန့်ပေးကွပ်ကဲမှုကို အထူးလေ့ကျင်ဖို့ ယာယီသမ္မတ ပြောကြား
📌 ၂။ အဆုံးသတ်ကာလရောက်လာတော့မှာဖြစ်လို့ တော်လှန်ရေးကာလတွင်သာမက တော်လှန်ရေးပြီးအတွက်ပါ ကြိုတင်ပြင်ဆင်ထားရန် ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
📌 ၃။ Free Online Educational Institution Myanmara-FOEIM မှ သြဂုတ်လ ၁၅ ရက်နေ့ မှာစတင်ကျောင်းအပ်လက်ခံမယ်
📌 ၄။ YDF အနေနှင့် 'ဇေယျာသော် စစ်ဆင်ရေး' များကိုလည်း ဆက်တိုက်လုပ်ဆောင်သွားမယ်လို့အသိပေး
📌 ၅။ WPC ၊ LPP Commanders လက်တွဲဆောင်ရွက်နေကြတဲ့ LPP (Loyal Pledger Program) ရဲ့ရောင်းချပေးခဲ့တဲ့ဘွန်းအရောင်း ၄ သန်းပြည့်
📌 ၆။ ရေးမြို့နယ် ရဲစခန်းကို ကာကွယ်ရေးတပ်များဝင်ရောက်ပစ်ခတ်ခဲ့
📌 ၇။ စစ်တပ်ထောက်ခံသူများ၏ မြို့တော်ခန်းမရှေ့ ဟောပြောပွဲကြောင့် ခရီးသွားပြည်သူများ ခရီးဆုံးသည့်အထိ စီးနင်းခြင်းမပြုရဘဲ လမ်းဆင်းလျှောက်ရ
📌 ၈။ “14 Inya Final Call ဒုတိယနေ့” ရှယ်ယာပေါင်း ၂,၆၀၀၀ ကျော် ဒေါ်လာ ၂၆၂,၇၀၀ ဖိုး ရောင်းချခဲ့ရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးလက်နက်ကိုင်အင်အားစုအချင်းချင်း ညီညွတ်ကြဖို့နဲ့ အမိန့်ပေးကွပ်ကဲမှုကို အထူးလေ့ကျင်ဖို့ ယာယီသမ္မတ ပြောကြား
တော်လှန်ရေးလက်နက်ကိုင်အင်အားစုအချင်းချင်း ညီညွတ်ကြဖို့နဲ့ အမိန့်ပေးကွပ်ကဲမှုကို အထူးလေ့ကျင်ဖို့ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။ ဇူလိုင် ၂၈ ရက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက အရေးပေါ် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"တော်လှန်ရေး လက်နက်ကိုင်အင်အားစုအချင်းချင်း ညီညွတ်ကြဖို့လိုပါတယ်။အနာဂါတ် ဖက်ဒရယ် တပ်မတော်အတွက် ရည်မှန်းချက်ထားပြီး တသွေးတသံတစ်မိန့် အမိန့်နာခံတတ်မှုကို အထူးလေ့ကျင့်ကြပါ။စုစည်းကြပါ"လို့ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုရဲ့ချိန်းခြောက်မှုများကိုတုန်လှုပ် ကြောက်ရွံမှုမရှိဘဲ စစ်အုပ်စုနဲ့ အကြမ်းဖက် ရာဇဝတ်ကောင် မင်းအောင်လှိုင် ကတို့တစ်ဦးချင်းစီတိုင်းကိုတုံပြန်အရေးယူနိုင်ဖို့ ကြိုးစားကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ အဆုံးသတ်ကာလရောက်လာတော့မှာဖြစ်လို့ တော်လှန်ရေးကာလတွင်သာမက တော်လှန်ရေးပြီးအတွက်ပါ ကြိုတင်ပြင်ဆင်ထားရန် ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
အဆုံးသတ်ကာလရောက်လာတော့မှာဖြစ်လို့ တော်လှန်ရေးကာလတွင်သာမက တော်လှန်ရေးပြီးအတွက်ပါ ကြိုတင်ပြင်ဆင်ထားရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှာကြားလိုက်ပါတယ်။ ဇူလိုင် ၂၈ ရက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ကျင်းပရာမှာ ဝန်ကြီးချုပ်ကပြောကြားခဲ့တာပါ။
"စကစမှမြေပြင်အနေထားရှုံးနိမ့်လေ လူမဆန်မှုများတောက်လျောက်လုပ်နေတာတွေ့ရကြောင်း၊ မိမိတို့ဘက်မှ ပြည်သူများ စစ်ကျွန်ဘဝမှ အမြန်ဆုံးလွတ်မြောက်ဖို့တော်လှန်ရေးအမြန်ပြီးရန် လိုအပ်ကြောင်း၊အဆုံးသတ်ကာလရောက်လာတော့မည်ဖြစ်သဖြင့် တော်လှန်ရေးကာလတွင်သာမက တော်လှန်ရေးပြီးအတွက်ပါ ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ဘုံဦးတည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲရင်း စည်းလုံးညီညွတ်စွာ တော်လှန်ရေးကို အဆုံးသတ်ကြဖို့လိုမည်ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၁/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ကြပါတယ်။
========================
📌📌 ၃။ Free Online Educational Institution Myanmara-FOEIM မှ သြဂုတ်လ ၁၅ ရက်နေ့ မှာစတင်ကျောင်းအပ်လက်ခံမယ်
Free Online Educational Institution Myanmara-FOEIM ၏ မူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် များကို ဩဂုတ်လ ၁၅ ရက်နေ့က စတင်ကာ ကျောင်းအပ်လက်ခံမယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မှာ Free Online Educational Institution Myanmara-FOEIM က မူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ကျောင်းအပ်လက်ခံမယ့်ရက်အားကြေညာပါတယ်။
"မူလတန်းဆင့် (Grade 1- Grade 4) ကျောင်းအပ်လက်ခံမည့်နေ့- ဩဂုတ်လ ၁၅၊ ၂၀၂၂။ အလယ်တန်းဆင့် (Grade 6- Grade 9) ကျောင်းအပ်လက်ခံမည့်နေ့- ဩဂုတ်လ ၁၅၊ ၂၀၂၂။အထက်တန်းဆင့် (Grade 10- Grade 11) ကျောင်းအပ်လက်ခံမည့်နေ့- မကြာခင်တွင် ပြန်လည်ကြေညာမယ်"လို့ဆိုပါတယ်။
အတန်း ၁ တန်းလျှင် ကျောင်းသား ဦးရေ ၁၀၀၀ စီသာ လက်ခံသွားပါမှာဖြစ်ပါတယ်။ ကျောင်းအပ် form ကိုအပ်မယ့်ရက် မနက် ၉ နာရီတွင် စတင်ပေးသွားမည်ဖြစ်ပြီး၊ လူပြည့်လျှင် form ပိတ်သွားမှာဖြစ်ကာကျောင်းအပ်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Email အကောင့် ၁ ခုနှင့် Telegram account ၁ ခုရှိထားရမယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ YDF အနေနှင့် 'ဇေယျာသော် စစ်ဆင်ရေး' များကိုလည်း ဆက်တိုက်လုပ်ဆောင်သွားမယ်လို့အသိပေး
YDF အနေနှင့် 'ဇေယျာသော် စစ်ဆင်ရေး' များကိုလည်း ဆက်တိုက်လုပ်ဆောင်သွားမယ်လို့အသိပေးလိုက်ပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မှာ ယောကာကွယ်ရေးတပ် - YDF က ဆိုပါတယ်။
"YDF အနေနှင့် 'ဇေယျာသော် စစ်ဆင်ရေး' များကိုလည်း ဆက်တိုက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို အရေးကြီးဆုံးဖြစ်တဲ့ စစ်အာဏာရှင်များ ကျဆုံးရေး စိုးမိုးနယ်မြေများဖြစ်တဲ့ အလယ်ပိုင်း အနောက်မြောက်ပိုင်းကို လွတ်မြောက်နယ်မြေအဖြစ် သိမ်းယူနိုင်ရေး မဟာမိတ်များနဲ့ ပူးပေါင်းပြီး အလျင်အမြန် လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ YDF နှင့် မဟာမိတ်များ ပူးပေါင်းပြီး 'ဇေယျာသော် စစ်ဆင်ရေး' အနေနဲ့ ပွဲဦးထွက်ကာ စစ်အာဏာရှင်လက်ကိုင်တုတ်နှင့် လက်ပါးစေများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ရန်သူ့ဘက်က (၈)ယောက်အထိ အသေအပျောက်ရှိပြီး ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
========================
📌📌 ၅။ WPC ၊ LPP Commanders လက်တွဲဆောင်ရွက်နေကြတဲ့ LPP (Loyal Pledger Program) ရဲ့ရောင်းချပေးခဲ့တဲ့ဘွန်းအရောင်း ၄ သန်းပြည့်
WPC ၊ LPP Commanders လက်တွဲဆောင်ရွက်နေကြတဲ့ LPP (Loyal Pledger Program) ရဲ့ရောင်းချပေးခဲ့တဲ့ဘွန်းအရောင်း ၄ သန်းပြည့်ပြီလို့သတင်းရရှိပါတယ်။
"WPC ရယ်၊ WPC နဲ့ လက်တွဲဆောင်ရွက်နေကြတဲ့ LPP (Loyal Pledger Program) ရဲ့ Commander တွေရယ် ရောင်းချပေးခဲ့တဲ့ ငွေတိုက်စာချုပ် စုစုပေါင်းဟာ ၄ သန်း ရှိသွားပါပြီ။ ဒီနှစ် မတ်လ တုန်းက ၃ သန်းပြည့်ခဲ့တာ ဆိုတော့၊ ကြားထဲမှာ အတော်ခြားသွားတာပါ။ ထောက်ပို့ရတဲ့ နေရာတွေ၊ လိုအပ်နေတဲ့ နေရာတွေက များတာကိုး။ ဒါပေမဲ့ ဘွန်းအဝယ် လုံးဝ ရပ်သွားတာမျိုးတော့ မရှိခဲ့ပါဘူး"လို့ WPC ကဖော်ပြပါတယ်။
United Bonds official page က “ဘွန်းအဝယ် ၄ ဆ တက်သွားတယ်” လို့ ဇူလိုင် ၂၆ ရက်နေ့ကကြေညာခဲ့ပါတယ်။ အထူးငွေတိုက်စာချုပ်များကို အမေရိကန်ဒေါ်လာ တစ်ရာတန်၊ငါးရာတန်၊ တစ်ထောင်တန်မှ အစပြုလို့ ၂၀၂၁ နိုဝင်ဘာလမှာ NUG အစိုးရကစတင်ရောင်းချခဲ့ရာ လက်ရှိမှာ ၉၉၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၃၈ သန်းဖိုးအထိရရှိပြီးဖြစ်ပါတယ်။
========================
📌📌 ၆။ ရေးမြို့နယ် ရဲစခန်းကို ကာကွယ်ရေးတပ်များဝင်ရောက်ပစ်ခတ်ခဲ့
မွန်ပြည်နယ် ရေးမြို့နယ် ရဲစခန်းကို ကာကွယ်ရေးတပ်များဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ဇူလိုင် ၂၉ ရက်မှာ စစ်ရေးသတင်းကို မွန်ပြည်နယ်အခြေစိုက် ရေးဘီလူးအဖွဲ့ကဆိုပါတယ်။
"မွန်ပြည်နယ် (ရေးမြို့နယ်) ဇူလိုင်လ ၂၈ ရက်နေ့ကျွန်ုပ်တို့ ရေးဘီလူးအဖွဲ့မှ တနေ့ထဲမှာမစ်ရှင်နှစ်ကြောင်းကိုပြုလုပ်ခဲ့ပါတယ်။ ရေးမြို့အလည် ရဲစခန်းဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ ရေးဘီလူးအဖွဲ့သားများထိခိုက်မှုမရှိဘဲ စကစတပ်ဖွဲ့များထိခိုက်နိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ စစ်တပ်ထောက်ခံသူများ၏ မြို့တော်ခန်းမရှေ့ ဟောပြောပွဲကြောင့် ခရီးသွားပြည်သူများ ခရီးဆုံးသည့်အထိ စီးနင်းခြင်းမပြုရဘဲ လမ်းဆင်းလျှောက်ရ
စစ်တပ်ထောက်ခံသူများ၏ မြို့တော်ခန်းမရှေ့ ဟောပြောပွဲကြောင့် ခရီးသွားပြည်သူများ ခရီးဆုံးသည့်အထိ စီးနင်းခြင်းမပြုရဘဲ လမ်းဆင်းလျှောက်ခဲ့ရပါတယ်။ ယနေ့ဇူလိုင်လ၂၉ ရက် မနက် ၉ နာရီက စစ်တပ်ထောက်ခံသူများ၏ မြို့တော်ခန်းမရှေ့ ဟောပြောပွဲကြောင့်ဆူးလေအထိ ကားများသွားမရဖြစ်နေသဖြင့် ခရီးသွားပြည်သူများအခက်ကြုံခဲ့ရတာလို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြောပါတယ်။
အဆိုပါ အကြမ်းဖက် စစ်တပ်ထောက်ခံပွဲကို အရပ်သားပြည်သူ မည်သူကမှ စိတ်ဝင်စားခြင်းမရှိဘဲ ၄င်းတို့ဘာသာ လုံခြုံရေးတင်းကြပ်စွာကျင်းပခဲ့ကြပါတယ်။ အကြမ်းဖက် စကစဟာ လူပေါင်းထောင်နဲ့ချီကိုသတ်ဖြတ်ကာ တစ်သောင်းကျော်ကိုဖမ်းဆီးထားပါတယ်။
========================
📌📌 ၈။ “14 Inya Final Call ဒုတိယနေ့” ရှယ်ယာပေါင်း ၂,၆၀၀၀ ကျော် ဒေါ်လာ ၂၆၂,၇၀၀ ဖိုး ရောင်းချခဲ့ရ
“14 Inya Final Call ဒုတိယနေ့” ရှယ်ယာပေါင်း ၂,၆၂၇ စု ဒေါ်လာ ၂၆၂,၇၀၀ ဖိုး ရောင်းချခဲ့ပြီးဖြစ်တယ်လို့ ဇူလိုင် ၂၉ ရက်နေ့မှာ End of Dictator Ship ကသတင်းထုတ်ပြန်ပါတယ်။
"EOD ရဲ့ ၁၄ အင်းလျား ပရောဂျက်မှာ ကျန်ရှိတဲ့ ရှယ်ယာ ၁၂,၂၀၀ စု (ဒေါ်လာ ၁,၂၂၀,၀၀၀ ဖိုး) ကို Final Call အဖြစ် ၁၀ ရက် ရောင်းချနေရာမှာ မနေ့က ဒုတိယနေ့ပါ။ ဒုတိယနေ့ ၂၈ ဇူလိုင်မှာတော့ ပထမနေ့ရဲ့ ၂ ဆ နီးပါး ဖြစ်တဲ့ ရှယ်ယာပေါင်း ၂,၆၂၇ စု (ဒေါ်လာ ၂၆၂,၇၀၀ ဖိုး) ရောင်းချခဲ့ရပါတယ်"လို့ဆိုပါတယ်။
ယခုလိုရှယ်များ အများအပြားရောင်းချရခြင်းဟာ ပြည်သူရဲ့ “ငါတို့ခေတ်မှာ အာဏာရှင်နိဂုံး အဆုံးသတ်ကို သတ်ရမယ်” ဆိုတဲ့ သန္နိဌာန်ကို ထင်ဟပ်ပြလိုက်တာလို့လည်းဆိုပါတယ်။ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ အရေးကြီးတဲ့ ဘဏ္ဍာငွေအတွက် ပါဝင်ထောက်ပို့ကြတဲ့ ဝယ်ယူသူများ၊ EOD ကိုယ်စားလှယ်များကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်လို့ EOD ကဖော်ပြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment