3rd JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ရာဇ၀တ်မှုတွေ ကျူးလွန်နေလျက်နဲ့ အပြစ်ပေးမခံရတဲ့ ကမ္ဘာမှာ မနေထိုင်ချင်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သတင်းစကားပါး

📌 ၂။ အဆုံးသတ်တိုက်ပွဲ အားလုံးတစ်ပြိုင်နက်ဆင်နွှဲကြစို့လို့ ပြည်ထောင်စုကြီးဒေါက်တာဇော်ဝေစိုးပြောကြားလိုက်

📌 ၃။ ဥကရစ်ထ တိုက်ပွဲဝင် PDF ရဲဘော်တွေအတွက် ထောက်ပံ့ဖို့ သိန်း ၄၀ ကျော်ရပြီလို့ ဒုဝန်ကြီး မင်းဇေယျာဦးဆို

📌 ၄။ NUG Pay ကိုလုံခြုံစွာသုံးနိုင်ဖို့ Log In Key ၁၂ လုံးကို အထူးဂရုပြုရန် NUG Pay ကသတိပေး

📌 ၅။ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၁၄/အင်းလျားလမ်းက နေအိမ်အစုရှယ်ယာ၂၀ ရာခိုင်နှုန်းသာကျန်တော့လို့ အမြန်ဆုံးဝယ်ယူရန် EOD တိုက်တွန်း

📌 ၆။ မုံရွာ MPDF သံမဏိတပ်ဖွဲ့သို့ မှာယူထားသော သေနတ်များရောက်ရှိ

📌 ၇။ သထုံမြို့ ကြာပန်း-ဝီယော် ခရိုင်ချင်းဆက်လမ်းရှိ ၄၀၂ အမြှောက်တပ်ရင်းမှ တပ်သားတစ်ဦး သေနတ်နဲ့ လက်ပစ်ဗုံးပါယူဆောင်လာ၍ အလင်းဝင်

📌 ၈။ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်ခွဲရဲ့ အောင်းလောင်းစိန် စစ်ကောင်စီတပ်စခန်းငယ်ကို KNLA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ခုနှစ် ဦး လက်နက်ချအညံ့ခံ

📌 ၉။ ရေစကြိုမြို့နယ် ဗြိဘ(အရှေ့) ရွာအား မီးရှို့ပြီးထွက်လာသော စစ်ကြောင်းကို ရေစကြို PDF နဲ့ မဟာမိတ်များတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ငါးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရာဇ၀တ်မှုတွေ ကျူးလွန်နေလျက်နဲ့ အပြစ်ပေးမခံရတဲ့ ကမ္ဘာမှာ မနေထိုင်ချင်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သတင်းစကားပါး


ရာဇ၀တ်မှုတွေ ကျူးလွန်နေလျက်နဲ့ အပြစ်ပေးမခံရတဲ့ ကမ္ဘာမှာ မနေထိုင်ချင်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သတင်းစကားပါးလိုက်ပါတယ်။ CNN သတင်းဌာနက ဇူလိုင်၁ရက်နေ့ဖော်ပြတဲ့ သတင်းစကားမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြားထားတာပါ။


"ဒီလို ရာဇ၀တ်မှုတွေ ကျူးလွန်နေလျက်နဲ့ အပြစ်ပေးမခံရတဲ့ ကမ္ဘာမှာ ကျွန်မတို့ မနေထိုင်ချင်ပါဘူး။  ယူကရိန်းဟာ လွတ်လပ်သင့်တယ် လို့ လူတွေက ယုံကြည်ကြတယ်။ ကျွန်မတို့ တိုင်းပြည်၊ ကျွန်မတို့ပြည်သူတွေနဲ့ ကျွန်မသူငယ်ချင်းတွေဖြစ်တဲ့ ဇေယျာသော်နဲ့ ကိုဂျင်မီတို့ အသတ်ခံရတော့မယ့် မြန်မာနိုင်ငံဟာလည်း လွတ်မြောက်နိုင်တယ်ဆိုတာကို ကမ္ဘာကယုံကြည်ဖို့ စောင့်ဆိုင်းနေကြပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ယနေ့အချိန် လူပေါင်းနှစ်ထောင်ကျော်ကို စစ်တပ်ကသတ်ဖြတ်ကာ လူပေါင်းတစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ထားပါတယ်။


========================


📌📌 ၂။ အဆုံးသတ်တိုက်ပွဲ အားလုံးတစ်ပြိုင်နက်ဆင်နွှဲကြစို့လို့ ပြည်ထောင်စုကြီးဒေါက်တာဇော်ဝေစိုးပြောကြားလိုက်


အဆုံးသတ်တိုက်ပွဲ အားလုံးတစ်ပြိုင်နက်ဆင်နွှဲကြစို့လို့ ပြည်ထောင်စုကြီးဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ ဇူလိုင် ရက်နေ့ လူမှုကွန်ရက်မှာ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကရေးသားပြောကြားခဲ့ပါတယ်။


"ငါတို့ အသက်ပေးထားပြီးသား၊ ငါတို့အသက်တွေပေးခဲ့ကြပြီးပြီ။ ဘာအကြောင်းနဲ့မှ တွေဝေမသွားပါ။ပြတ်သား ထင်ရှားပြီးသား။ ငါတို့နိုင်ငံကို ဒီလူယုတ်မာ၊လူလိမ်၊လူညစ် ၊အကြမ်းဖက် လူသတ်ကောင် လက်ထဲ ဘယ်လိုမှ မထားခဲ့ဘူး။အဆုံးထိတိုက်ပွဲ၊အဆုံးသတ်တိုက်ပွဲ အားလုံးတစ်ပြိုက်နက်တည်းဆင်နွှဲ​ြကစို့"လို့ ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်ကိုအာဏာကိုသိမ်းယူခဲ့ပါတယ်။ ယင်းနောက်၂၀၂၁ ခုနှစ် မေလ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကာ စက်တင်ဘာ၇ရက်နေ့မှာ NUG အစိုးရက ခုခံတွန်းလှန်စစ်များစတင်ဖို့ကြေညာခဲ့ပါတယ်။


========================


📌📌 ၃။ ဥကရစ်ထ တိုက်ပွဲဝင် PDF ရဲဘော်တွေအတွက် ထောက်ပံ့ဖို့ သိန်း ၄၀ ကျော်ရပြီလို့ ဒုဝန်ကြီး မင်းဇေယျာဦးဆို


ဥကရစ်ထ တိုက်ပွဲဝင် PDF ရဲဘော်တွေအတွက် ထောက်ပံ့ဖို့ သိန်း ၄၀ ကျော်ရပြီလို့ ဒုဝန်ကြီး မင်းဇေယျာဦးကပြောပါတယ်။ ဇူလိုင် ရက်နေ့မှာ စီမံကိန်း၊ဘဏ္ဍားရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီးက လူမှုကွန်ရက်မှာရေးသားပြောကြားပါတယ်။


"ဥကရစ်ထ တိုက်ပွဲဝင် PDF ရဲဘော်တွေကို ထောက်ပံ့ဖို့ နတ်ပေးနဲ့ စမ်းသပ် လက်ခံနေတာ ဖြစ်ပါတယ်။ အခု အချိန်ထိ DMMK  သိန်း ၄၀ ကျော် ရရှိပြီး ဖြစ်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။


ကရင်ပြည်နယ် မှာဖြစ်ပွားနေတဲ့ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဟာ စကစတပ်များအကျအဆုံးများပြားလျက်ရှိသလို တပ်ရင်းတစ်ခုလုံး စကစဘက်က ပျောက်ဆုံးကျရှုံးခဲ့ပါတယ်။ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေပြီးတော့ စကစတပ်ကလေကြောင်းပစ်ကူများလည်း အလွန်အကျွံအသုံးပြုခဲ့ပါတယ်။ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွက် ကာကွယ်ရေးရဲဘော်များဆီ ၄၈ နာရီပြည့်တဲ့ အခါ NUG pay မှရရှိသောငွေများကို ထောက်ပို့သွားမှာဖြစ်ပါတယ်။


========================


📌📌 ၄။ NUG Pay ကိုလုံခြုံစွာသုံးနိုင်ဖို့ Log In Key ၁၂ လုံးကို အထူးဂရုပြုရန် NUG Pay ကသတိပေး


NUG Pay ကိုလုံခြုံစွာသုံးနိုင်ဖို့ Log In Key ၁၂ လုံးကို အထူးဂရုပြုရန် NUG Pay ကသတိပေးလိုက်ပါတယ်။ NUG Pay ကိုလုံခြုံစွာသုံးနိုင်ဖို့ Log In Key ၁၂ လုံးကို အထူးဂရုပြုပြီး စာရွက်ပေါ်မှာ ရေးချကာ မည်သူ့ကိုမှ ပြသမျှဝေ ခြင်းမပြုပဲ သိမ်းဆည်းထားသင့်ပါတယ်လို့ NUG Pay ကအကြံပြုထားပါတယ်။


NUGPay ကို စတင်အသုံးပြုနိုင်ဖို့ သုံးစွဲသူတွေ အနေနဲ့ NUGPay Agent ထံမှာ မဖြစ်မနေ Activate လုပ်ရမှာ ဖြစ်ပါတယ်။ NUGPay ရဲ့ Pilot Project ဟာ Wallet ပေါင်းတစ်သောင်းဖြင့်သာ စတင်လည်ပတ်မှာ ဖြစ်ပြီး  NUGPay အား တဆင့်ချင်းစီ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၁၄/အင်းလျားလမ်းက နေအိမ်အစုရှယ်ယာ၂၀ ရာခိုင်နှုန်းသာကျန်တော့လို့ အမြန်ဆုံးဝယ်ယူရန် EOD တိုက်တွန်း


အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၁၄/အင်းလျားလမ်းက နေအိမ်အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းသာကျန်တော့လို့ အမြန်ဆုံးဝယ်ယူရန် EOD ကတိုက်တွန်းလိုက်ပါတယ်။ ဇူလိုင် ရက်နေ့မှာ ၁၄/အင်းလျားလမ်းနေအိမ်နဲ့ပတ်သတ်လို့ End of Dictator Ship ကဆိုပါတယ်။


"အခုဆိုရင် EOD Program စပြီးနှစ်လ အတွင်းမှာပဲ အစုရှယ်ယာတွေရဲ့ ၈၀ ရာနှုန်းဖြစ်တဲ့ ဒေါ်လာ သန်းဖိုး ရောင်းချ ပြီးသွားပါပြီ။ တစ်စုကို ဒေါ်လာ ၁၀၀ တန် အစုရှယ်ယာ တစ်သိန်းမှာ အစုရှယ်ယာ ရှစ်သောင်းကျော် ရောင်းချ ပြီးသွားတာလို့ပြောလို့ ရပါတယ်။ ၂၀ ရာနှုန်းပဲကျန်တော့တာ ဖြစ်လို့ ဝယ်ဖို့စိတ်ကူးထားသူများလည်း လက်မြန်ခြေမြန် ဝယ်ထားကြဖို့ တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄) ရှိ မြေနှင့်အဆောက်အအုံအားကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိသော်လည်း ယခုအခါ ဒေါ်လာ ၁၀ သန်းတန်ကြေးသတ်မှတ်၍ တစ်စုလျှင် ဒေါ်လာ ၁၀၀ နဲ့ရောင်းချပေးလျက်ရှိပါတယ်။


========================


📌📌 ၆။ မုံရွာ MPDF သံမဏိတပ်ဖွဲ့သို့ မှာယူထားသော သေနတ်များရောက်ရှိ


မုံရွာ MPDF သံမဏိတပ်ဖွဲ့သို့ မှာယူထားသော သေနတ်များရောက်ရှိတယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ရက်နေ့မှာ ဗိုလ်သံမဏိက လက်နက်များရောက်ရှိကြောင်းဆိုပါတယ်။


"ကျွန်တော်တို့ မိဘပြည်သူများရဲ့ ချွေးနည်းစာများဖြင့် ကူညီပေးအပ်ထားတဲ့ ငွေများကို စုစောင်းဝယ်ယူပြီး အခုရောက်ရှိလာတဲ့ ပစ္စည်းတွေကို မိဘပြည်သူများ ဝမ်းသာပီတိ ဖြစ်ရအောင် ချပြလိုက်ပါတယ်ဗျ။ အရင်ကရောက်ခဲ့တာတွေတော့ လုံခြုံရေးအရ ချမပြတော့ပါဘူးခင်ဗျာ  ငှက်ပျောပင် ငှက်ပျောဖူးတွေအတွက်လည်း လိုအပ်နေသေးလို့ ဆက်ပြီးကူညီပေးကြပါလို့ ပြောပါရစေဗျ"လို့ ဆိုထားပါတယ်။ သံမဏိတပ်ဖွဲ့ဟာ စကစတပ်များကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


========================


📌📌 ၇။ သထုံမြို့ ကြာပန်း-ဝီယော် ခရိုင်ချင်းဆက်လမ်းရှိ ၄၀၂ အမြှောက်တပ်ရင်းမှ တပ်သားတစ်ဦး သေနတ်နဲ့ လက်ပစ်ဗုံးပါယူဆောင်လာ၍ အလင်းဝင်


သထုံမြို့ ကြာပန်း-ဝီယော် ခရိုင်ချင်းဆက်လမ်းရှိ ၄၀၂ အမြှောက်တပ်ရင်းမှ တပ်သားတစ်ဦး သေနတ်နဲ့လက်ပစ်ဗုံးပါယူဆောင်လာ၍ အလင်းဝင်လာခဲ့ပါတယ်။ သထုံမြို့ ကြာပန်း-ဝီယော် ခရိုင်ချင်းဆက်လမ်းရှိ ၄၀၂ အမြှောက်တပ်ရင်းမှ တပ်သားမောင်ထွန်းထွန်းဟာ အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူတွေအပေါ် မတရားနှိပ်စက်အနိုင်ကျင့်နေမှု့များအား မနှစ်မြိုတော့သဖြင့် အကြမ်းဖက်စစ်တပ်အား စွန့်ခွာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သထုံ ပကဖ) ထံသို့ လက်နက်နှင့်အတူ CDM ပြုလုပ်၍ အလင်းဝင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

 

၎င်း တပ်သားအား သထုံ ပကဖ အဖွဲ့မှ နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ၎င်းနှင့်အတူပါလာသော MA1 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည် ၁၂၀၊ လက်ပစ်ဗုံး တစ်လုံးတို့အား KNU တပ်မဟာ တပ်ရင်း တပ်ရင်းမှူးထံသို့ သွားရောက် အပ်နှံပေးခဲ့ပါတယ်။ တပ်ရင်းမှူးမှ တစ်ဆင့် တပ်မဟာမှူးထံသို့ အဆင့်ဆင့် ၎င်းရသင့်ရထိုက်သော အခွင့်ရေးများအား စီစဉ်ပေးလျက်ရှိတယ်လို့သိရပါတယ်။ သထုံမြို့အနေဖြင့် လက်နက်နှင့် CDM ပြုလုပ်ခြင်းမှာ ၎င်းက ပထမဦးဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။


========================


📌📌 ၈။ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်ခွဲရဲ့ အောင်းလောင်းစိန် စစ်ကောင်စီတပ်စခန်းငယ်ကို KNLA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ခုနှစ် ဦး လက်နက်ချအညံ့ခံ


ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်ခွဲရဲ့ အောင်းလောင်းစိန် စစ်ကောင်စီတပ်စခန်းငယ်ကို KNLA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ခုနစ် ဦး လက်နက်ချအညံ့ခံခဲ့ပါတယ်။


ဇူလိုင် ရက်နေ့တပ်မဟာ နယ်မြေထဲက ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်ခွဲရဲ့ အောင်းလောင်းစိန် စစ်ကောင်စီတပ်စခန်းငယ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ တပ်စခန်းထဲက ဦးက လက်နက်ချ အညံခံခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံးရဲ့ ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းဒေသမှာ စစ်ကောင်စီတပ်တွေနဲ့  နယ်မြေခံ KNU တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။


========================


📌📌 ၉။ ရေစကြိုမြို့နယ် ဗြိဘ(အရှေ့) ရွာအား မီးရှို့ပြီးထွက်လာသော စစ်ကြောင်းကို ရေစကြို PDF နဲ့ မဟာမိတ်များတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ငါးဦးသေဆုံး


ရေစကြိုမြို့နယ် ဗြိဘ(အရှေ့) ရွာအား မီးရှို့ပြီးထွက်လာသော စစ်ကြောင်းကို ရေစကြို PDF နဲ့ မဟာမိတ်များတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင် ရက် နံနက် ( ၁၀) နာရီဝန်းကျင်ရေစကြိုမြို့နယ် ဗြိဘ(အရှေ့)ရွာအား မီးရှို့ပြီးထွက်လာသော စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို PDF ကဆိုပါတယ်။


"ယနေ့နံနက် (၁၀) နာရီဝန်းကျင်ခန့်က ရေစကြိုမြို့နယ် ဗြိဘ(အရှေ့)ရွာအား မီးရှို့ထွက်လာသော စခ စစ်ကြောင်းတို့ ဗြိဘ(အနောက်)ရွာအရောက်တွင် နာရီဝက်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task Force) ညီနောင်မဟာမိတ် ( ) မြို့နယ် ပူးပေါင်းတပ်ဖွဲ့တို့ပါဝင်ခဲ့ပါတယ်။ စကစတပ်ဖွဲ့ဝင် () ဦး နေရာတွင်သေဆုံးပီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပြည်သူကာကွယ်ရေးရဲဘော် () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရဘူးလို့သိရပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment