12th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၁၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူလူထုရဲ့ ခံစားနေရသော ဒုက္ခများ လျော့ပါး ပျောက်ကွယ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဦးစားပေး ဆောင်ရွက်ကြရမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ တော်လှန်ရေးအင်အားစုများအကြား စစ်ကောင်စီရဲ့ သွေးခွဲသပ်လျှိုမှုများကိုလည်း သတိထားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား

📌 ၃။ စစ်ကောင်စီဟာ သူတို့နဲ့မတူတဲ့သူ ပြည်သူလူထုအားလုံးကို ရန်သူလို့သတ်မှတ်ပြီးတော့ အကြမ်းဖက် နှိမ်နှင်းနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၄။ ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်တိုင်တိုက်ယူမှ ရမယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြားလိုက်

📌 ၅။ အကြမ်းဖက်စစ်သားများ ခိုးယူခဲ့သော ကျောက်နားကပ်တစ်ရံအရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကောက်ယူ တွေ့ရှိ၍ ပျောက်ဆုံးပြည်သူအနေနဲ့ထုတ်ယူနိုင်တယ်လို့ဆို

📌 ၆။ ချင်းပြည်နယ် (ကန်ပက်လက်) အတွက် မောင်းပြန် လက်စာ ကျပ်သိန်း ၃၀၀ ကို ၁၀ ရက်အတွင်း ပြည့်မှီ‌ကျော်လွန်သွား

📌 ၇။ Federal Wings ဟာ ဒရုန်းတပ်ဖွဲ့တွေအပြင် Sniper နဲ့ Commando အထူးတပ်ဖွဲ့တွေကို ပါလက်နက်ကစပြီး အစအဆုံး ထောက်ပံ့လေ့ကျင့်ပေးနေတယ်လို့ဆို

📌 ၈။ မီတာ ၁၂၀၀ အထိရောက်တဲ့တာဝေးပစ် ရှော့တိုက်အမြှောက် ဒုံးပျံ Local PDF ကထုတ်လုပ်အောင်မြင်

📌 ၉။ TPC Taze people Comrades မှ AK သေနတ်တစ်လက် လက်ဝယ်ပိုင်ဆိုင်ရရှိ

📌 ၁၀။ ပေါက်မြို့နယ် ဇီးပြားရဲစခန်း ရဲ ယောက် G3 တလက်၊ G4 တစ်လက်နဲ့အလင်းဝင်လာ၍ တယောက်လျှင် သိန်း ၁၀၀ ကျပ် မြိုင် ပကဖပေးအပ်ဂုဏ်ပြု

📌 ၁၁။ ယင်းမာပင်မြို့နယ်ရင်ပေါင်တိုင်ကျေးရွာကို စစ်တပ်ကလေကြောင်းကပစ်ခတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူလူထုရဲ့ ခံစားနေရသော ဒုက္ခများ လျော့ပါး ပျောက်ကွယ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဦးစားပေး ဆောင်ရွက်ကြရမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


ပြည်သူလူထုရဲ့ ခံစားနေရသော ဒုက္ခများ လျော့ပါး ပျောက်ကွယ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဦးစားပေး ဆောင်ရွက်ကြရမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သြဂုတ်လ ၁၁ ရက်မှာ ကျင်းပတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။


"ပြည်သူလူထု၏ ခံစားနေရသော ဒုက္ခများ လျော့ပါး ပျောက်ကွယ်စေရန် မိမိတို့ အစိုးရအနေဖြင့် ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တော်လှန်ရေး အောင်မြင်စေရန် ကြိုးစားဆောင်ရွက်ရာတွင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် မပြတ်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်းမှာ သာလွန်အင်အားနဲ့ ဒီပဲယင်းမြို့နယ်၊ရေဦးမြို့နယ်၊ခင်ဦးမြို့နယ်များကို စစ်ကြောင်းထိုးလျက်ရှိပြီးတော့ ဒီပဲယင်းမြို့နယ်မှာတင်စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်ရှိနေပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးအင်အားစုများအကြား စစ်ကောင်စီရဲ့ သွေးခွဲသပ်လျှိုမှုများကိုလည်း သတိထားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား


တော်လှန်ရေးအင်အားစုများအကြား စစ်ကောင်စီရဲ့ သွေးခွဲသပ်လျှိုမှုများကိုလည်း သတိထားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားပါတယ်။ သြဂုတ်လ ၁၁ ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၂၄/၂၀၂၂) မှာ ဝန်ကြီးချုပ်ကပြောပါတယ်။


"တက်ရောက်လာကြသော အစိုးရအဖွဲ့ဝင်များ ဘေးကင်းရန်ကွာရှိကြပါစေကြောင်း၊ ကော်မတီအနေဖြင့် ပုံမှန် အထူးအုပ်ချုပ်ရေးဒေသအစည်းအဝေးများအပြင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီများနှင့်ပါ အစည်းအဝေးများ ပြုလုပ်နေကြရပါကြောင်း၊ ထို့အပြင် အထူးအုပ်ချုပ်ရေးဒေသအစည်းအဝေးတွင် အမှတ် () စစ်ဒေသ ကွပ်ကဲရေးမှူးပါ တက်ရောက်သည့်အတွက် ပိုမိုအင်အား ဖြစ်ထွန်းရပါကြောင်း၊ တော်လှန်ရေးကာလ တစ်နှစ်ကျော်ကြာလာသည်နှင့်အမျှ တော်လှန်ရေးအင်အားစုများအကြား စစ်ကောင်စီ၏ သွေးခွဲသပ်လျှိုမှုများကိုလည်း သတိထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း" ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ‌်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၃/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး အထူးဒေသအတွင်း ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိသည့်ကိစ္စရပ်များအပေါ်  တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီဟာ သူတို့နဲ့မတူတဲ့သူ ပြည်သူလူထုအားလုံးကို ရန်သူလို့သတ်မှတ်ပြီးတော့ အကြမ်းဖက် နှိမ်နှင်းနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


စစ်ကောင်စီဟာ သူတို့နဲ့မတူတဲ့သူ ပြည်သူလူထုအားလုံးကို ရန်သူလို့သတ်မှတ်ပြီးတော့ အကြမ်းဖက် နှိမ်နှင်းနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။ သြဂုတ်လအတွင်း သတင်းဌာနတစ်ခုနဲ့ မေးမြန်းရာမှာ လူ့အခွင့်အရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုခဲ့ပါတယ်။


"အခု နွေဦး တော်လှန်ရေးမှာတော့ ဒီအကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်က ပိုပြီးတော့ လူမဆန်တဲ့ဟာမျိုးဖြစ်လာတယ်။ ဆန္ဒပြတဲ့သူတွေကို ဖြိုခွဲနှိမ်နင်းပြီးတော့၊ တားဆီးရုံမကဘူး၊ ကျနော်တို့ အခုဆိုရင် ဆန္ဒပြပွဲထဲ အဓိကဆန့်ကျင်တဲ့သူတွေမဟုတ်တဲ့ အရပ်သားတွေကိုတောင်မှ ပိုပြီးတော့ အကြမ်းဖက်တာမျိုး တွေ့လာရတယ်။ အရင်တုန်းက ပင်နီဝတ်တာ၊ အဖြူ၊ အစိမ်းဝတ်တာလုပ်တဲ့သူကို ရန်သူလို့ သတ်မှတ်ပြီးတော့ နှိမ်နင်းခဲ့တာ၊ ဒါနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်ပြီးတော့၊ ရက်စက်ခဲ့တာ ရှိပေမယ့် အခုကျတော့ ဒီစစ်ကောင်စီက သူတို့နဲ့မတူတဲ့သူ ပြည်သူလူထုအားလုံးကို ရန်သူလို့သတ်မှတ်ပြီးတော့ လုပ်ဆောင်ခဲ့ တယ်ပုံစံမျိုး ဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ လတ်တလောမှာပြည်သူလူထုတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး နှစ်ထောင်ကျော်ကို ညှင်းပန်းသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၄။ ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်တိုင်တိုက်ယူမှ ရမယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြားလိုက်


ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်တိုင်တိုက်ယူမှ ရမယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၁၁ ရက်ကျရောက်တဲ့ ၇၅ နှစ်ပြည့် စိန်ရတု "မွန်တော်လှန်ရေးနေ့"မှာ ဝန်ကြီးက လူမှုကွန်ရက်မှာရေးသားပြောကြားပါတယ်။


"ရဲမွန်အပေါင်းတို့ ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်တိုင်တိုက်ယူမှ ရမယ်"လို့ဆိုပါတယ်။ မွန်အမျိုးသားတို့ လက်နက်စွဲကိုင်တော်လှန်ရတဲ့ အနေအထားကို ကြည့်မည်ဆိုလျှင် တော်လှန်ရေးတို့မည်သည် သူ့အလိုအလျောက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ဖိနှိပ်မှုများကြောင့် တော်လှန်ရေးပေါ်ပေါက်လာရခြင်းဖြစ်တယ်လို့ မွန် တော်လှန်ရေးနေ့မှာ အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်သားများ ခိုးယူခဲ့သော ကျောက်နားကပ်တစ်ရံအရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကောက်ယူ တွေ့ရှိ၍ ပျောက်ဆုံးပြည်သူအနေနဲ့ထုတ်ယူနိုင်တယ်လို့ဆို


အကြမ်းဖက်စစ်သားများ ခိုးယူခဲ့သော ကျောက်နားကပ်တစ်ရံအရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကောက်ယူ တွေ့ရှိ၍ ပျောက်ဆုံးပြည်သူအနေနဲ့ထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။ သြဂုတ်လ ၁၁ ရက်မှာ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာပါတယ်။


"အရာတော်မြို့နယ် မင်းရွာကြီးကျေးရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်သားများသည် ဇီးပင်ဝိုင်းကျေးရွာတွင် တပ်စွဲခဲ့‌ပြီး‌နောက် ယမန်နေ့ မနက်က လေကြောင်းဖြင့် ပြန်လည်ထွက်ခွာရာ ဆုတ်လမ်းအား အရာတော်မြို့နယ်တော်လှန်ရေးတပ်‌ပေါင်းစု ရဲဘော်များမှ နယ်မြေရှင်းလင်းလုံခြုံရေးဆောင်ရွက်စဉ်  လက်ဝတ်ရတနာပစ္စည်းကို  ကောက်ယူ တွေ့ရှိ၍ အခြားတွေ့ရှိသော ပစ္စည်းများနှင့်အတူ ကောင်းမွန်စွာ မှတ်တမ်းတင်သိမ်းဆည်းထားရှိပါတယ်"လို့ ဆိုပါတယ်။


သို့ဖြစ်၍အကြမ်းဖက်စစ်သားများ ခိုးယူလာခဲ့သော ၎င်း လက်ဝတ်ရတနာပစ္စည်းအား ပြည်သူ့ထံ ပြန်လည်အပ်နှံလိုပါသဖြင့် ပိုင်ဆိုင်ခဲ့သော အထောက်အထားပြနိုင်ပါက အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Facebook စာမျက်နှာသို့လည်းကောင်း၊ အရာတော် ဒေသခံတော်လှန်ရေး အဖွဲ့အစည်းများသို့လည်းကောင်း ဆက်သွယ်ပေးပါရန် အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၆။ ချင်းပြည်နယ် (ကန်ပက်လက်) အတွက် မောင်းပြန် လက်စာ ကျပ်သိန်း ၃၀၀ ကို ၁၀ ရက်အတွင်း ပြည့်မှီ‌ကျော်လွန်သွား


ချင်းပြည်နယ် (ကန်ပက်လက်) အတွက် မောင်းပြန် လက်စာ ကျပ်သိန်း ၃၀၀ ကို ၁၀ ရက်အတွင်း ပြည့်မှီ‌ကျော်လွန်သွားခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ CDM ဗိုလ်ကြီး Captainzero ကအသိပေးဆိုပါတယ်။


"ချင်းပြည်နယ် (ကန်ပက်လက်) အတွက် မောင်းပြန် လက်စာ ကျပ်သိန်း ၃၀၀ ကို ၁၀ ရက်အတွင်းပြည့်မှီ‌ကျော်လွန်သွားခဲ့ပါပြီ ကန်ပက်လက် တပ်ဖွဲ့ဝင်များဆီ ပို့ဆောင်ဖို့ ဆက်လက်ဆောင်ရွက်ပေးပါမယ်"လို့ ဆိုပါတယ်။ ဒါ့အပြင်ပါဝင်အားဖြည့်ပေးကြတဲ့ မိဘပြည်သူများကို ကန်ပက်လက်တပ်ဖွဲ့ဝင်များနဲ့ထပ်တူ ကျေးဇူးတင်ရှိကြောင်းဆိုထားပါတယ်။


========================


📌📌 ၇။ Federal Wings ဟာ ဒရုန်းတပ်ဖွဲ့တွေအပြင် Sniper နဲ့ Commando အထူးတပ်ဖွဲ့တွေကို ပါလက်နက်ကစပြီး အစအဆုံး ထောက်ပံ့လေ့ကျင့်ပေးနေတယ်လို့ဆို


Federal Wings ဟာ ဒရုန်းတပ်ဖွဲ့တွေအပြင် Sniper နဲ့ Commando အထူးတပ်ဖွဲ့တွေကို ပါလက်နက်ကစပြီး အစအဆုံး ထောက်ပံ့လေ့ကျင့်ပေးနေတယ်လို့ဆိုပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့မှာ Federal Wings ဒရုန်းတပ်ဖွဲ့ကဆိုပါတယ်။


"Federal Wings ဟာ ပိတုန်းတပ်ဖွဲ့တွေအပြင် Sniper နဲ့ Commando အထူးတပ်ဖွဲ့တွေကို လက်နက်ကစပြီး Training အဆုံး အုပ်စုံထောက်ပံ့လေ့ကျင့်ပေးနေတာအထိ အင်တိုက်အားတိုက်နဲ့လှုပ်ရှားနေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်"လို့ ဆိုပါတယ်။ Federal Wings ဟာ ယခုအချိန်အထိ Drone Mission ပေါင်း 100 ခန့်နဲ့ Sniper Mission ပေါင်း ရာနဲ့ချီပြီးဖော်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။


"ဒေသခံမြေပြင်တပ်ဖွဲ့ + FW Commando တပ်ဖွဲ့ + FW Sniper တပ်ဖွဲ့ + FW Drone တပ်ဖွဲ့ တွေ စည်းချက်ညီညီ ပူးပေါင်းလှုပ်ရှားပြီး စစ်အာဏာရှင်အုပ်စုကို ထိထိရောက်ရောက်တော်လှန်တိုက်ထုတ်ဖို့အတွက် ရည်ရွယ်ရင်းဖြစ်ပါတယ်" လို့ FederalWings ကဆိုပါတယ်။


========================


📌📌 ၈။ မီတာ ၁၂၀၀ အထိရောက်တဲ့တာဝေးပစ် ရှော့တိုက်အမြှောက် ဒုံးပျံ Local PDF ကထုတ်လုပ်အောင်မြင်


မီတာ ၁၂၀၀ အထိရောက်တဲ့တာဝေးပစ် ရှော့တိုက်အမြှောက် ဒုံးပျံ Local PDF ကထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့မှာ ဒုံးပျံ Local PDF ကအသိပေးဖော်ပြခဲ့ပါတယ်။


"ကျွန်တော်တို့ ဒုံးပျံ Local pdf မှ Update ပြုလုပ်ထားတဲ့အတွဲလိုက်တာဝေးပစ်ရှော့တိုက်အမြှောက်ကို သြဂုတ်လ ရက်နေ့မှာ ပြီးစီးအောင်မြင်ခဲ့ပါတယ်။ တစ်ချက်ခြင်းဖြစ်စေအတွဲလိုက်ဖြစ်စေလိုသလောက် ပစ်ခတ်နိုင်ရန်အတွက် A.B.C.D.E.F ဆိုပြီး ခလုတ်ခြောက်ခု တပ်ဆင်ထားရှိတဲ့အတွက်လိုအပ်သလိုအသုံးပြုနိုင်ပြီဖြစ်ပါတယ်"လို့ ဆိုပါတယ်။ အဝေးပြေးအနေနဲ့ကတော့ မီတာ ၁၂၀၀ ထိရောက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၉။ TPC Taze people Comrades မှ AK သေနတ်တစ်လက် လက်ဝယ်ပိုင်ဆိုင်ရရှိ


TPC Taze people Comrades မှ AK သေနတ်တစ်လက် လက်ဝယ်ပိုင်ဆိုင်ရရှိခဲ့ပါတယ်။ သြဂုတ်လ ၁၁ ရက်မှာ သေနတ်လက်ဝယ်ရောက်ရှိကြောင်း TPC ကဆိုပါတယ်။


"Japan ရောက်ရွှေမြန်မာများမှ AK တစ်လက် ထောက်ပံ့မှု အတွက် ကျေးဇူးအရမ်းတင်ပါတယ်ဗျ"လို့ ဆိုထားပါတယ်။ TPC Taze people Comradesဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တန်ဆည်မြို့နယ် အတွင်း စစ်ဆင်ရေးဆင်နွှဲရာတွင် စကစတပ်များထံမှ ဂျီသရီး လက် ဂျီဖိုး တစ်လက် သိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၁၀။ ပေါက်မြို့နယ် ဇီးပြားရဲစခန်း ရဲ ယောက် G3 တလက်၊ G4 တစ်လက်နဲ့အလင်းဝင်လာ၍ တယောက်လျှင် သိန်း ၁၀၀ ကျပ် မြိုင် ပကဖပေးအပ်ဂုဏ်ပြု


ပေါက်မြို့နယ် ဇီးပြားရဲစခန်း ရဲ ယောက် G3 တလက်၊ G4 တစ်လက်နဲ့ အလင်းဝင်လာ၍ တယောက်လျှင် သိန်း ၁၀၀ ကျပ် မြိုင် ပကဖပေးအပ်ဂုဏ်ပြုခဲ့ပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့မှာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။


"မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပေါက်မြို့နယ် ဇီးပြားရဲစခန်းမှ ရဲ ယောက်ဟာ G3 တလက်နှင့် ကျည်ဘောက်၂ ခု, G4 တလက်နှင့် ကျည်ဘောက် ခု, ကျည် ၄၇၀ , လက်ပစ်ဗုံး လုံးနှင့်  အမြင်မှန်ရကာ ယမန်နေ့ နာရီခန့်က ပူးပေါင်းလာပါတယ်"လို့ ဆိုပါတယ်။ အဆိုပါ ရဲ CDM ယောက်အား တယောက်လျှင် သိန်း ၁၀၀ ကျပ် ပေးအပ်ဂုဏ်ပြုခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပြီး ဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၁၁။ ယင်းမာပင်မြို့နယ်ရင်ပေါင်တိုင်ကျေးရွာကို စစ်တပ်ကလေကြောင်းကပစ်ခတ်


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို စစ်တပ်က လေကြောင်းက ပစ်ခတ်နေတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၁ ရက် ညနေပိုင်းမှာ ယင်းမာပင် LPDF က လေကြောင်းတိုက်ခိုက်မှုကို ဖော်ပြပြောဆိုပါတယ်။


"ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာ လေယာဥ်နဲ့ အပစ်ခံနေရပါတယ် ပြည်သူများ ဘေးကင်းကြပါစေ"လို့ဆိုပါတယ်။ စကစတပ်များဟာ ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်များမှာလည်း ရဟတ်ယာဥ်များနဲ့ ရက်ပိုင်းအတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment